ပုသိမ်မြို့တွင် လူနေစျေးဆိုင်ခန်းမီးလောင်၍ အသက် ၁၅ နှစ်အရွယ် ပိုလီယိုရောဂါသည် မိန်းကလေးတစ်ဦး သေဆုံး

610
NP News - အောက်တိုဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ဘူတာစျေးအနီးရှိ ဘောလုံးကွင်းရှေ့၊ ဝဏ္ဏသိင်္ဂီလမ်းတွင် ဖွင့်လှစ်ထားသော လူနေစျေးဆိုင်ခန်း၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုသည် ယမန်နေ့ (အောက်တိုဘာလ ၂၅ ရက်) က ဖြစ်ပွားခဲ့ပြီး အသက် ၁၅ နှစ်အရွယ် ပိုလီယို ရောဂါ ဝေဒနာသည် မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း ပုသိမ်မြို့နယ် မီးသတ်တပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ ပုသိမ်မြို့နယ် မီးသတ်တပ်ဖွဲ့က မီးသတ်ယာဥ်၊ ရေသယ်ယာဥ်တို့ဖြင့် လာရောက်ငြှိမ်းသတ်ခဲ့ရာ အခြားနေရာများအား ကူးစက်ခြင်းမရှိဘဲ အချိန်မီငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
"လူနေစျေးဆိုင်ခန်းတစ်ခန်း မီးလောင်မှုဖြစ်သွားတယ်။ ဘေးဘယ်ဝဲယာ ကူးစက်ခြင်းမရှိခဲ့ပါဘူး။ အချိန်မီ ငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ မီးလောင်ကျွမ်းတဲ့အထဲမှာ အသက် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦး မီးတွင်းထဲ သေဆုံးလျက်တွေ့ရှိပါတယ်။ စတင်လောင်ကျွမ်းမှုကို စစ်ဆေးနေဆဲဖြစ်ပါတယ်"ဟု ၎င်းက ဆက်လက်ပြောသည်။
မီးလောင်ကျွမ်းမှုကြောင့် ကာလတန်ဖိုး ငွေကျပ် သိန်း ၅၀ ခန့်ဆုံးရှုံးခဲ့ပြီး အသက် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦး မီးလောင်သေဆုံးသွားခဲ့ကြောင်း ပုသိမ်မြို့နယ် မီးသတ်တပ်ဖွဲ့မှသိရသည်။

zawgyi version
ပုသိမ္ၿမိဳ႕တြင္ လူေနေစ်းဆိုင္ခန္းမီးေလာင္၍ အသက္ ၁၅ ႏွစ္အ႐ြယ္ ပိုလီယိုေရာဂါသည္ မိန္းကေလးတစ္ဦး ေသဆုံး
NP News - ေအာက္တိုဘာ ၂၆
ဧရာဝတီတိုင္းေဒသႀကီး၊ ပုသိမ္ၿမိဳ႕နယ္၊ ဘူတာေစ်းအနီးရွိ ေဘာလုံးကြင္းေရွ႕၊ ဝဏၰသိဂႌလမ္းတြင္ ဖြင့္လွစ္ထားေသာ လူေနေစ်းဆိုင္ခန္း၌ မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
မီးေလာင္မႈသည္ ယမန္ေန႔ (ေအာက္တိုဘာလ ၂၅ ရက္) က ျဖစ္ပြားခဲ့ၿပီး အသက္ ၁၅ ႏွစ္အ႐ြယ္ ပိုလီယို ေရာဂါ ေဝဒနာသည္ မိန္းကေလးငယ္တစ္ဦး ေသဆုံးခဲ့ေၾကာင္း ပုသိမ္ၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႕၏ တာဝန္ရွိသူတစ္ဦးထံမွသိရသည္။
မီးေလာင္မႈျဖစ္ပြားရာသို႔ ပုသိမ္ၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႕က မီးသတ္ယာဥ္၊ ေရသယ္ယာဥ္တို႔ျဖင့္ လာေရာက္ျငႇိမ္းသတ္ခဲ့ရာ အျခားေနရာမ်ားအား ကူးစက္ျခင္းမရွိဘဲ အခ်ိန္မီျငႇိမ္းသတ္ႏိုင္ခဲ့ေၾကာင္း သိရသည္။
"လူေနေစ်းဆိုင္ခန္းတစ္ခန္း မီးေလာင္မႈျဖစ္သြားတယ္။ ေဘးဘယ္ဝဲယာ ကူးစက္ျခင္းမရွိခဲ့ပါဘူး။ အခ်ိန္မီ ျငႇိမ္းသတ္ႏိုင္ခဲ့ပါတယ္။ မီးေလာင္ကြၽမ္းတဲ့အထဲမွာ အသက္ ၁၅ ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦး မီးတြင္းထဲ ေသဆုံးလ်က္ေတြ႕ရွိပါတယ္။ စတင္ေလာင္ကြၽမ္းမႈကို စစ္ေဆးေနဆဲျဖစ္ပါတယ္"ဟု ၎က ဆက္လက္ေျပာသည္။
မီးေလာင္ကြၽမ္းမႈေၾကာင့္ ကာလတန္ဖိုး ေငြက်ပ္ သိန္း ၅၀ ခန္႔ဆုံးရႈံးခဲ့ၿပီး အသက္ ၁၅ ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦး မီးေလာင္ေသဆုံးသြားခဲ့ေၾကာင္း ပုသိမ္ၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႕မွသိရသည္။