အမေရိကန်အစိုးရအရာရှိတွေကို အီရန်နိုင်ငံ လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်နေဟု အက်ဖ်ဘီအိုင်ထောက်လှမ်းရေးအဖွဲ့ပြော

663

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂
အီရန်နိုင်ငံဟာ အမေရိကန်အစိုးရအရာရှိတွေနဲ့ အရာရှိဟောင်းတွေကို လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်ဖွယ်ရှိနေ ကြောင်း အက်ဖ်ဘီအိုင်အဖွဲ့ညွှန်ကြားရေးမှူးခရစ်တိုဖာဝါရေးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့စစ်ပွဲနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်ရေး မြင့်တက်လာနေကြောင်း ၎င်းက ပြောပါတယ်။ အောက်တိုဘာ ၇ ရက်မှာ စတင်ခဲ့တဲ့ အစ္စရေးနိုင်ငံအပေါ် ဟားမက်စ်အဖွဲ့ရဲ့တိုက်ခိုက်မှုတွေဟာ အမေရိကန်နိုင်ငံအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေ ပိုမိုဖြစ်လာအောင် လှုံ့ဆော်လိုက်သလိုမျိုးဖြစ်ခဲ့ကြောင်း အက်ဖ်ဘီအိုင်အကြီးအကဲ က ပြောပါတယ်။
ဟားမက်စ်လက်နက်ကိုင်အဖွဲ့ဟာ အမေရိကန်နိုင်ငံ မြေပေါ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ ကြိုးပမ်းလာဖွယ်ရှိနေကြောင်း ဆိုပါတယ်။ ၎င်းက "အကြမ်းဖက်အုပ်စုတွေကို ကူညီထောက်ပံ့ပေးနေတဲ့ အီရန်ဟာ အမေရိကန်အစိုးရအရာရှိတွေ၊ အရာရှိဟောင်းတွေကို ပစ်မှတ်ထားလုပ်ကြံမှုတွေမှာ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပြီး ပါဝင်လာဖွယ်ရှိနေပါတယ်" လို့ ပြောပါတယ်။
အက်ဖ်ဘီအိုင်အဖွဲ့အနေနဲ့ အီရန်နိုင်ငံအထောက်ပံ့ရထားတဲ့ လက်နက်ကိုင်အဖွဲ့တွေကိုစောင့်ကြည့်နေပြီး အမေရိကန်နိုင်ငံမြေအပေါ်မှာ လာရောက်လုပ်ဆောင်မယ့် ၎င်းတို့ရဲ့ရည်ရွယ်ချက်ကို စောင့်ကြည့်နေကြောင်း ၎င်းက ပြောပါတယ်။ အီရန်နိုင်ငံအထောက်ပံ့ရထားတဲ့ ဟစ်ဘိုလာအဖွဲ့ဟာ အမေရိကန်မြေပေါ်မှာ ၎င်းတို့ရဲ့အကြမ်းဖက်လုပ်ငန်းတွေလုပ်ကိုင်ဖို့ စီစဉ်ခဲ့ဖူးကြောင်း၊ ဟစ်ဘိုလာအုပ်စုဟာ အမေရိကန်နိုင်ငံမြေပေါ်မှာ သူလျိုလုပ်ခြင်း၊ လက်နက်နဲ့ငွေကြေးရယူနိုင်ဖို့ ကြိုးပမ်းခြင်းများ ရှိခဲ့ဖူးကြောင်း အက်ဖ်ဘီအိုင်ညွှန်ကြားရေးမှူး က ပြောပါတယ်။ အမေရိကန်နိုင်ငံအပေါ် အကြမ်းဖက်သမားတွေရဲ့ခြိမ်းခြောက်မှုတွေဟာ ၂ဝ၂၃ ခုနှစ် တစ်နှစ်လုံး မြင့်တက်လာနေကြောင်း ခရစ်တိုဖာဝါရေးက ထပ်မံပြောထားပါတယ်။

Zawgyi Version;
အေမရိကန္အစိုးရအရာရွိေတြကို အီရန္ႏိုင္ငံ လုပ္ႀကံသတ္ျဖတ္ဖို႔ ႀကံစည္ေနဟု အက္ဖ္ဘီအိုင္ေထာက္လွမ္းေရးအဖြဲ႕ေျပာ
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂
အီရန္ႏိုင္ငံဟာ အေမရိကန္အစိုးရအရာရွိေတြနဲ႔ အရာရွိေဟာင္းေတြကို လုပ္ႀကံသတ္ျဖတ္ဖို႔ ႀကံစည္ဖြယ္ရွိေန ေၾကာင္း အက္ဖ္ဘီအိုင္အဖြဲ႕ၫႊန္ၾကားေရးမႉးခရစ္တိုဖာဝါေရးက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
အစၥေရးနဲ႔ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကားျဖစ္ပြားေနတဲ့စစ္ပြဲနဲ႔ပတ္သက္ၿပီး အေမရိကန္ႏိုင္ငံအေပၚ အၾကမ္းဖက္တိုက္ခိုက္မႈေတြ လုပ္ေဆာင္ေရး ျမင့္တက္လာေနေၾကာင္း ၎က ေျပာပါတယ္။ ေအာက္တိုဘာ ၇ ရက္မွာ စတင္ခဲ့တဲ့ အစၥေရးႏိုင္ငံအေပၚ ဟားမက္စ္အဖြဲ႕ရဲ႕တိုက္ခိုက္မႈေတြဟာ အေမရိကန္ႏိုင္ငံအေပၚ အၾကမ္းဖက္တိုက္ခိုက္မႈေတြ ပိုမိုျဖစ္လာေအာင္ လႈံ႕ေဆာ္လိုက္သလိုမ်ိဳးျဖစ္ခဲ့ေၾကာင္း အက္ဖ္ဘီအိုင္အႀကီးအကဲ က ေျပာပါတယ္။
ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ဟာ အေမရိကန္ႏိုင္ငံ ေျမေပၚမွာ အၾကမ္းဖက္တိုက္ခိုက္မႈေတြ လုပ္ေဆာင္ဖို႔ ႀကိဳးပမ္းလာဖြယ္ရွိေနေၾကာင္း ဆိုပါတယ္။ ၎က "အၾကမ္းဖက္အုပ္စုေတြကို ကူညီေထာက္ပံ့ေပးေနတဲ့ အီရန္ဟာ အေမရိကန္အစိုးရအရာရွိေတြ၊ အရာရွိေဟာင္းေတြကို ပစ္မွတ္ထားလုပ္ႀကံမႈေတြမွာ တိုက္႐ိုက္ ဒါမွမဟုတ္ သြယ္ဝိုက္ၿပီး ပါဝင္လာဖြယ္ရွိေနပါတယ္" လို႔ ေျပာပါတယ္။
အက္ဖ္ဘီအိုင္အဖြဲ႕အေနနဲ႔ အီရန္ႏိုင္ငံအေထာက္ပံ့ရထားတဲ့ လက္နက္ကိုင္အဖြဲ႕ေတြကိုေစာင့္ၾကည့္ေနၿပီး အေမရိကန္ႏိုင္ငံေျမအေပၚမွာ လာေရာက္လုပ္ေဆာင္မယ့္ ၎တို႔ရဲ႕ရည္႐ြယ္ခ်က္ကို ေစာင့္ၾကည့္ေနေၾကာင္း ၎က ေျပာပါတယ္။ အီရန္ႏိုင္ငံအေထာက္ပံ့ရထားတဲ့ ဟစ္ဘိုလာအဖြဲ႕ဟာ အေမရိကန္ေျမေပၚမွာ ၎တို႔ရဲ႕အၾကမ္းဖက္လုပ္ငန္းေတြလုပ္ကိုင္ဖို႔ စီစဥ္ခဲ့ဖူးေၾကာင္း၊ ဟစ္ဘိုလာအုပ္စုဟာ အေမရိကန္ႏိုင္ငံေျမေပၚမွာ သူလ်ိဳလုပ္ျခင္း၊ လက္နက္နဲ႔ေငြေၾကးရယူႏိုင္ဖို႔ ႀကိဳးပမ္းျခင္းမ်ား ရွိခဲ့ဖူးေၾကာင္း အက္ဖ္ဘီအိုင္ၫႊန္ၾကားေရးမႉး က ေျပာပါတယ္။ အေမရိကန္ႏိုင္ငံအေပၚ အၾကမ္းဖက္သမားေတြရဲ႕ၿခိမ္းေျခာက္မႈေတြဟာ ၂ဝ၂၃ ခုႏွစ္ တစ္ႏွစ္လုံး ျမင့္တက္လာေနေၾကာင္း ခရစ္တိုဖာဝါေရးက ထပ္မံေျပာထားပါတယ္။