ချင်းရွှေဟော်၊ ဖောင်းဆိုင် နှင့် ကြူကုတ် နေရာ(၃)ခုကို လက်လွှတ်ခဲ့ရကြောင်း နစက ထုတ်ဖော်အသိပေး

 2783

မြူနစ် (NP News) - နိုဝင်ဘာ ၂

ရှမ်းပြည်နယ်အတွင်းရှိ ချင်းရွှေဟော်၊ ဖောင်းဆိုင်နှင့် ကြူကုတ် နေရာ(၃)ခုကို လက်လွှတ်ခဲ့ရကြောင်း နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့(နိုဝင်ဘာလ ၁ ရက်)တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားနေသော တိုက်ပွဲများနှင့်ပတ်သက်၍ မီဒီယာများကို ပြောဆိုရှင်းလင်းရာ၌ အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

MNDAA ဦးဆောင်သော မဟာမိတ်(၃)ဖွဲ့သည် အောက်တိုဘာလ ၂၇ ရက်မှစတင်ကာ (၁၀၂၇ စစ်ဆင်ရေး)အမည်ဖြင့် ချင်းရွှေဟော်၊ သိန္နီ၊ လောက်ကိုင်၊ လားရှိုး၊ နမ့်ခမ်း၊ ကွမ်လုံ၊ မုံးကိုး၊ ဖောင်းဆိုင်နှင့် ကြူကုတ်ဒေသများကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက် ခိုက်ခဲ့ကြောင်း သိရသည်။

“ဒီအချိန်မှာတော့ အစိုးရ နဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ၊ လုံခြုံရေးအဖွဲ့အစည်းတွေ လက် လွှတ်ခဲ့ရတဲ့ နေရာတွေရှိပါတယ်။ ဒါကတော့ ချင်းရွှေဟော်ရယ်၊ ဖောင်းဆိုင်ရယ်၊ ကြူကုတ်ရယ် (၃)ခုလောက်ရှိပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

သို့သော် ယနေ့(နိုဝင်ဘာလ ၂ ရက်) တွင် ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီ နှင့် ကြူကုတ်မြို့များကို အလုံးစုံထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း မဟာမိတ်(၃)ဖွဲ့က ကြေညာထားသည်ကို တွေ့ရှိရသည်။

“မြန်မာနိုင်ငံသည် လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံဖြစ်တယ်။ ကျွန်တော်တို့ရဲ့ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊ နယ်မြေဒေသကို ကျွန်တော်တို့ အစွမ်းကုန်ကြိုးပမ်းကာကွယ်သွားမှာဖြစ်တယ်”ဟု နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း မဟာမိတ်(၃)ဖွဲ့ နှင့် တပ်မတော်တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာစစ်ဘေးရှောင်နေရသည့် လူဦးရေသည် (၆၂၀၀) ကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။

zawgyi version
ခ်င္းေ႐ႊေဟာ္၊ ေဖာင္းဆိုင္ ႏွင့္ ၾကဴကုတ္ ေနရာ(၃)ခုကို လက္လႊတ္ခဲ့ရေၾကာင္း နစက ထုတ္ေဖာ္အသိေပး
ျမဴနစ္ (NP News) - ႏိုဝင္ဘာ ၂

ရွမ္းျပည္နယ္အတြင္းရွိ ခ်င္းေ႐ႊေဟာ္၊ ေဖာင္းဆိုင္ႏွင့္ ၾကဴကုတ္ ေနရာ(၃)ခုကို လက္လႊတ္ခဲ့ရေၾကာင္း နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ယမန္ေန႔(ႏိုဝင္ဘာလ ၁ ရက္)တြင္ ရွမ္းျပည္နယ္ေျမာက္ပိုင္း၌ ျဖစ္ပြားေနေသာ တိုက္ပြဲမ်ားႏွင့္ပတ္သက္၍ မီဒီယာမ်ားကို ေျပာဆိုရွင္းလင္းရာ၌ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

MNDAA ဦးေဆာင္ေသာ မဟာမိတ္(၃)ဖြဲ႕သည္ ေအာက္တိုဘာလ ၂၇ ရက္မွစတင္ကာ (၁၀၂၇ စစ္ဆင္ေရး)အမည္ျဖင့္ ခ်င္းေ႐ႊေဟာ္၊ သိႏၷီ၊ ေလာက္ကိုင္၊ လားရႈိး၊ နမ့္ခမ္း၊ ကြမ္လုံ၊ မုံးကိုး၊ ေဖာင္းဆိုင္ႏွင့္ ၾကဴကုတ္ေဒသမ်ားကို အင္အားအလုံးအရင္းျဖင့္ ဝင္ေရာက္တိုက္ ခိုက္ခဲ့ေၾကာင္း သိရသည္။

“ဒီအခ်ိန္မွာေတာ့ အစိုးရ နဲ႔ အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းေတြ၊ လုံၿခဳံေရးအဖြဲ႕အစည္းေတြ လက္ လႊတ္ခဲ့ရတဲ့ ေနရာေတြရွိပါတယ္။ ဒါကေတာ့ ခ်င္းေ႐ႊေဟာ္ရယ္၊ ေဖာင္းဆိုင္ရယ္၊ ၾကဴကုတ္ရယ္ (၃)ခုေလာက္ရွိပါတယ္”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

သို႔ေသာ္ ယေန႔(ႏိုဝင္ဘာလ ၂ ရက္) တြင္ ခ်င္းေ႐ႊေဟာ္၊ ေဖာင္းဆိုင္၊ သိႏၷီ ႏွင့္ ၾကဴကုတ္ၿမိဳ႕မ်ားကို အလုံးစုံထိန္းခ်ဳပ္ႏိုင္ၿပီျဖစ္ေၾကာင္း မဟာမိတ္(၃)ဖြဲ႕က ေၾကညာထားသည္ကို ေတြ႕ရွိရသည္။

“ျမန္မာႏိုင္ငံသည္ လြတ္လပ္ၿပီး အခ်ဳပ္အျခာအာဏာပိုင္တဲ့ ႏိုင္ငံျဖစ္တယ္။ ကြၽန္ေတာ္တို႔ရဲ႕ လြတ္လပ္ေရး၊ အခ်ဳပ္အျခာအာဏာ၊ နယ္ေျမေဒသကို ကြၽန္ေတာ္တို႔ အစြမ္းကုန္ႀကိဳးပမ္းကာကြယ္သြားမွာျဖစ္တယ္”ဟု နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းအတြင္း မဟာမိတ္(၃)ဖြဲ႕ ႏွင့္ တပ္မေတာ္တို႔အၾကား ျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားေၾကာင့္ ေနရပ္စြန႔္ခြာစစ္ေဘးေရွာင္ေနရသည့္ လူဦးေရသည္ (၆၂၀၀) ေက်ာ္ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.