နေပြည်တော်၌ ဆိုင်ကယ်မောင်းသူအမျိုးသမီးတစ်ဦး မြေသယ်ကားဘီးကျွတ်မှန်၍ ထိခိုက်ဒဏ်ရာရရှိ

 4087

သန့်ဇင် (NP News) - နိုဝင်ဘာ ၄

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် မြေသယ်ကား ရှေ့ဘီးကျွတ်၍ ဆိုင်ကယ်မောင်းသူအမျိုးသမီးအား ထိမှန်ခဲ့ရာ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့(နိုဝင်ဘာလ ၄ ရက်)၊ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် ပျဉ်းမနားမြို့နယ်၊ ACE Villa ရှေ့၊ ပျဉ်းမနား-တောင်ညိုလမ်းမကြီးပေါ်ရှိ၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မြေသည်ကားက စည်ပင်ဧည့်ရိပ်သာမီးပွိုင့်ကနေပြီးတော့ ဇီဇဝါလမ်းဘက်ကို လာတာပေါ့နော်။ အဲဒီကားနဲ့ လားရာတူမောင်းလာတာက အမျိုးသမီး(၂)ဦးစီးလာတဲ့ဆိုင်ကယ်က ဟင်းဝယ်ဖို့ ဘယ်ဘက်က လမ်းသွယ်ထဲကို ဝင်ဖိုလုပ်တဲ့အချိန်မှာပဲ ကားဘီးကကျွတ်ပြီး ဆိုင်ကယ်နောက်ကစီးတဲ့တစ်ယောက်ကိုကျော်ပြီး ရှေ့ကမောင်းနေ တဲ့ တစ်ယောက်ခေါင်းကို မှန်တာပေါ့” ဟု ပျဉ်းမနားအရန် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါ ကားဘီး ကျွတ်မှန်မှုကြောင့် ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသမီး(၂)ဦးအနက် အသက်(၂၅)နှစ်အရွယ် ဆိုင်ကယ်ယာဉ်မောင်း အမျိုးသမီးတစ်ဦးမှာ စိုးရိမ်ဖွယ် ဦးခေါင်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဆိုင်ကယ်နောက်ကနေ ထိုင်လိုက်တဲ့အမျိုးသမီးက ဘာမှမဖြစ်ဘူး။ ရှေ့ကမောင်းတဲ့ အမျိုးသမီးက ခေါင်းမှာ (၃)လက်မလောက် ကွဲသွားတာ။ ကျွန်တော်တို့ဆေးရုံပို့တော့ သတိက ရလိုက်မရလိုက်နဲ့။ စိုးရိမ်ရတယ်လို့ ပြောလို့ရပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ထို့နောက် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသမီးအား ပျဉ်မနားမြို့နယ် အရန်မီးသတ်တပ်ဖွဲ့က နေပြည်တော် ကုတင် (၁ဝဝဝ) ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
ေနျပည္ေတာ္၌ ဆိုင္ကယ္ေမာင္းသူအမ်ိဳးသမီးတစ္ဦး ေျမသယ္ကားဘီးကြၽတ္မွန္၍ ထိခိုက္ဒဏ္ရာရရွိ
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၄

ေနျပည္ေတာ္၊ ပ်ဥ္းမနားၿမိဳ႕နယ္တြင္ ေျမသယ္ကား ေရွ႕ဘီးကြၽတ္၍ ဆိုင္ကယ္ေမာင္းသူအမ်ိဳးသမီးအား ထိမွန္ခဲ့ရာ အမ်ိဳးသမီးတစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ယေန႔(ႏိုဝင္ဘာလ ၄ ရက္)၊ နံနက္ ၁၁ နာရီ ၄၅ မိနစ္အခ်ိန္တြင္ ပ်ဥ္းမနားၿမိဳ႕နယ္၊ ACE Villa ေရွ႕၊ ပ်ဥ္းမနား-ေတာင္ညိဳလမ္းမႀကီးေပၚရွိ၌ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

“ေျမသည္ကားက စည္ပင္ဧည့္ရိပ္သာမီးပြိဳင့္ကေနၿပီးေတာ့ ဇီဇဝါလမ္းဘက္ကို လာတာေပါ့ေနာ္။ အဲဒီကားနဲ႔ လားရာတူေမာင္းလာတာက အမ်ိဳးသမီး(၂)ဦးစီးလာတဲ့ဆိုင္ကယ္က ဟင္းဝယ္ဖို႔ ဘယ္ဘက္က လမ္းသြယ္ထဲကို ဝင္ဖိုလုပ္တဲ့အခ်ိန္မွာပဲ ကားဘီးကကြၽတ္ၿပီး ဆိုင္ကယ္ေနာက္ကစီးတဲ့တစ္ေယာက္ကိုေက်ာ္ၿပီး ေရွ႕ကေမာင္းေန တဲ့ တစ္ေယာက္ေခါင္းကို မွန္တာေပါ့” ဟု ပ်ဥ္းမနားအရန္ မီးသတ္တပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါ ကားဘီး ကြၽတ္မွန္မႈေၾကာင့္ ဆိုင္ကယ္စီးနင္းလာသည့္ အမ်ိဳးသမီး(၂)ဦးအနက္ အသက္(၂၅)ႏွစ္အ႐ြယ္ ဆိုင္ကယ္ယာဥ္ေမာင္း အမ်ိဳးသမီးတစ္ဦးမွာ စိုးရိမ္ဖြယ္ ဦးေခါင္း ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

“ဆိုင္ကယ္ေနာက္ကေန ထိုင္လိုက္တဲ့အမ်ိဳးသမီးက ဘာမွမျဖစ္ဘူး။ ေရွ႕ကေမာင္းတဲ့ အမ်ိဳးသမီးက ေခါင္းမွာ (၃)လက္မေလာက္ ကြဲသြားတာ။ ကြၽန္ေတာ္တို႔ေဆး႐ုံပို႔ေတာ့ သတိက ရလိုက္မရလိုက္နဲ႔။ စိုးရိမ္ရတယ္လို႔ ေျပာလို႔ရပါတယ္” ဟု ၎က ဆက္လက္ေျပာသည္။

ထို႔ေနာက္ ထိခိုက္ဒဏ္ရာရရွိသူ အမ်ိဳးသမီးအား ပ်ဥ္မနားၿမိဳ႕နယ္ အရန္မီးသတ္တပ္ဖြဲ႕က ေနျပည္ေတာ္ ကုတင္ (၁ဝဝဝ) ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.