ပစ်ကပ်ကားပေါ်ပုန်းအောင်းလိုက်ပါလာသည့် မြန်မာနိုင်ငံသား ၁၂ ဦး ထိုင်းနိုင်ငံ ပထုန်ဌာနီခရိုင်တွင် ဖမ်းဆီးခံရ

 793

ကျော် (NP News) - နိုဝင်ဘာ ၄

ထိုင်းနိုင်ငံ၊ ပထုန်ဌာနီခရိုင်၊ နောင်စီယာမြို့နယ်၊ ဘိင်ကာစမ်ကျေးရွာအနီးတွင် ပစ်ကပ်ကားပေါ်၌ ပုန်းအောင်း လိုက်ပါလာသည့် မြန်မာနိုင်ငံသား ၁၂ ဦး နိုဝင်ဘာလ ၃ ရက်က ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ပထုန်ဌာနီခရိုင်မှတာဝန်ရှိသူများသည့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသူများ မရှိစေရေးအတွက် ဘိင်ကာစမ်ကျေးရွာရှိ ဘိင်ကာစမ်မီးပွိုင့်အနီး၌ စစ်ဆေးမှုများပြုလုပ်စဥ် အသက်(၁၉)နှစ်အရွယ်ရှိ ထိုင်းနိုင်ငံသား တစ်ဦး မောင်းနှင်လာသည့် ပစ်ကပ်ကားကိုတားဆီးစစ်ဆေးခဲ့ကြသည်။

ထိုသို့စစ်ဆေးရာ ထိုင်းနိုင်ငံသားကားမောင်းသူနှင့်အတူ ပစ်ကပ်ကားပေါ်၌ ပုန်းအောင်းလိုက်ပါလာသည့် ထိုင်းနိုင်ငံ တွင် အလုပ်လုပ်ကိုင်ရန် တရားမဝင်ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၂ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်များအရ ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် ပွဲစားခအဖြစ် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၂ဝဝဝဝ မှ ၂၅ဝဝဝ အထိပေးချေခဲ့ရကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိခဲ့သည့် ထိုင်းနိုင်ငံသား ကားမောင်းသူနှင့်အတူ မြန်မာနိုင်ငံသား ၁၂ ဦးတို့အား ထိုင်းနိုင်ငံ ဥပဒေအရအရေးယူရန် နောင်စီယာရဲစခန်းသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Zawgyi Version;
ပစ္ကပ္ကားေပၚပုန္းေအာင္းလိုက္ပါလာသည့္ ျမန္မာႏိုင္ငံသား ၁၂ ဦး ထိုင္းႏိုင္ငံ ပထုန္ဌာနီခ႐ိုင္တြင္ ဖမ္းဆီးခံရ
ေက်ာ္ (NP News) - ႏိုဝင္ဘာ ၄

ထိုင္းႏိုင္ငံ၊ ပထုန္ဌာနီခ႐ိုင္၊ ေနာင္စီယာၿမိဳ႕နယ္၊ ဘိင္ကာစမ္ေက်း႐ြာအနီးတြင္ ပစ္ကပ္ကားေပၚ၌ ပုန္းေအာင္း လိုက္ပါလာသည့္ ျမန္မာႏိုင္ငံသား ၁၂ ဦး ႏိုဝင္ဘာလ ၃ ရက္က ဖမ္းဆီးခံခဲ့ရေၾကာင္း သိရသည္။

ပထုန္ဌာနီခ႐ိုင္မွတာဝန္ရွိသူမ်ားသည့္ ထိုင္းႏိုင္ငံအတြင္းသို႔ တရားမဝင္ဝင္ေရာက္လာသူမ်ား မရွိေစေရးအတြက္ ဘိင္ကာစမ္ေက်း႐ြာရွိ ဘိင္ကာစမ္မီးပြိဳင့္အနီး၌ စစ္ေဆးမႈမ်ားျပဳလုပ္စဥ္ အသက္(၁၉)ႏွစ္အ႐ြယ္ရွိ ထိုင္းႏိုင္ငံသား တစ္ဦး ေမာင္းႏွင္လာသည့္ ပစ္ကပ္ကားကိုတားဆီးစစ္ေဆးခဲ့ၾကသည္။

ထိုသို႔စစ္ေဆးရာ ထိုင္းႏိုင္ငံသားကားေမာင္းသူႏွင့္အတူ ပစ္ကပ္ကားေပၚ၌ ပုန္းေအာင္းလိုက္ပါလာသည့္ ထိုင္းႏိုင္ငံ တြင္ အလုပ္လုပ္ကိုင္ရန္ တရားမဝင္ဝင္ေရာက္လာေသာ ျမန္မာႏိုင္ငံသား ၁၂ ဦးအား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

စစ္ေဆးခ်က္မ်ားအရ ထိုင္းႏိုင္ငံ၌ အလုပ္လုပ္ကိုင္ရန္ ပြဲစားခအျဖစ္ တစ္ဦးလွ်င္ ထိုင္းဘတ္ေငြ ၂ဝဝဝဝ မွ ၂၅ဝဝဝ အထိေပးေခ်ခဲ့ရေၾကာင္း ေဖာ္ထုတ္သိရွိခဲ့ရသည္။

ထို႔ေၾကာင့္ ဖမ္းဆီးရမိခဲ့သည့္ ထိုင္းႏိုင္ငံသား ကားေမာင္းသူႏွင့္အတူ ျမန္မာႏိုင္ငံသား ၁၂ ဦးတို႔အား ထိုင္းႏိုင္ငံ ဥပေဒအရအေရးယူရန္ ေနာင္စီယာရဲစခန္းသို႔ ပို႔ေဆာင္ေပးခဲ့ၾကေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.