ရှမ်းပြည်(မြောက်ပိုင်း)ရှိ စစ်ရေးပဋိပက္ခဒဏ်ခံစားနေရသော ဒေသခံတိုင်းရင်းသားများသည် စစ်သုံ့ပန်းများလောက်မျှ အရေးမပါလားဟု SNUA မေးခွန်းထုတ်

4671

NP News - နိုဝင်ဘာ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် အောက်တိုဘာ ၂၇ ရက်မှစတင်ကာ ဖြစ်ပေါ်လျက်ရှိသော စစ်ရေးပဋိပက္ခဒဏ်ကို ခံစားနေရသောဒေသခံတိုင်းရင်းသားများသည် စစ်သုံ့ပန်းများလောက်မျှအရေးမပါလားဟု ရှမ်းနီတိုင်းရင်းသားများ ညီညွတ်ရေးအစည်းအရုံး (SNUA) က ထုတ်ပြန်မေးခွန်းထုတ်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်အား SNUA ၏ အလုပ်အမှုဆောင်အဖွဲ့မှ နိုဝင်ဘာ ၄ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
စစ်ရေးပဋိပက္ခကြားတွင် ရှမ်းပြည်မြောက်ပိုင်းတွင်နေထိုင်သည့် တိုင်းရင်းသားများမှာ စစ်ဘေးရှောင်များအဖြစ် တိမ်းရှောင်နေရခြင်းအပြင် အိုးအိမ်များ ပျက်စီးခြင်း၊ ခြေလက်အင်္ဂါများ ဆုံးရှုံးခြင်း၊ သေဆုံးခြင်းများ နေ့စဉ်နှင့်အမျှ ရှိနေသည်ဟု ထုတ်ပြန်ချက်၌ ရေးသားထားသည်။
ရှမ်းပြည်မြောက်ပိုင်းရှိ မြို့၊ ရွာများအတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များဦးဆောင်သည့် BPLA, PLA တပ်ဖွဲ့များ နှင့် နစက၏ လုံခြုံရေးတပ်ဖွဲ့တို့၏ တိုက်ပွဲများဖော်ဆောင်ခြင်းသည် အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာ ထောက်ထားမှု ဥပဒေ(IHL)၊ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးဥပဒေ(IRHL) တို့ကို ချိုးဖောက်ခြင်းဖြစ်၍ အ ပြင်းအထန် ကန့်ကွက်ရှုတ်ချသည်ဟုလည်း ရေးသားထားသည်။
စစ်ပွဲအတွင်းဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကို ဆေးကုပေးခြင်းများ၊ ထိုက်သင့်သည့်ခံစားခွင့်များ ပေးအပ်ခြင်း ရှိသည်ဟု ဖော်ပြထားကြသော်လည်း နေ့စဉ်နှင့်အမျှ ထိခိုက်သေဆုံးလျက်ရှိသည့် ဒေသခံတိုင်းရင်းသားများကိုမူ မည်သည့်အကာအကွယ် နှင့် အကူအညီများမပေး၍ ပြည်သူများသည် စစ်သုံ့ပန်းလောက်မျှ အရေးမပါလားဟု SNUA က မေးခွန်းထုတ်ခဲ့သည်။
လက်ရှိအချိန်၌ မြို့ရွာများတွင် စစ်ဘေးရှောင်ဦးရေ ၅ဝဝဝ ကျော်အထိ ရှိလာခြင်း၊ ကုန်စည်စီးဆင်းမှုလမ်းကြောင်း များ ပြတ်တောက်နေ၍ ကုန်ဈေးနှုန်းများမြင့်တက်ပြီး ဆေးဝါးနှင့်စားနပ် ရိက္ခာများရှားပါးလာနေခြင်းများ ဖြစ်ပွား နေသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
ထို့ကြောင့် စစ်ရေးနှင့်မသက်ဆိုင်သော ဆေးဝါးနှင့်စားနပ်ရိက္ခာလှူဒါန်းခြင်းများရရှိရန် ကူညီကယ်ဆယ်ရေး လမ်းကြောင်းများကို ဖွင့်ပေးကြရန်လည်း SNUA က တောင်းဆိုခဲ့သည်။
ထို့ပြင် စစ်ရေးပဋိပက္ခဖြစ်ပွားရာဒေသများသည် တရုတ်နိုင်ငံမှ ဆောင်ရွက်မည့် BIR လမ်းကြောင်းပေါ်တွင် ဖြစ်ပွား နေခြင်းဖြစ်၍ တရုတ်နိုင်ငံမှ ထိန်းကြောင်းပေးရန်လည်း တောင်းဆိုခဲ့သည်။
ထို့အတူ ရှမ်းပြည်မြောက်ပိုင်းသည် ဂါဇာအသွင်ဖြစ်လာနေ၍ ကုလသမဂ္ဂဆိုင်ရာအဖွဲ့အစည်းများနှင့် ကမ္ဘာ့ ကြက်ခြေနီအဖွဲ့အစည်းများသည် ဂါဇာအရေးအခင်းတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းမှုများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ဆေးဝါး နှင့် စားနပ်ရိက္ခာထောက်ပံ့မှုများ ပေးသကဲ့သို့ ရှမ်းပြည်မြောက်ပိုင်းကို လည်း အလားတူကူညီမှုများ လျင်မြန်စွာပေးအပ်ပေးပါရန်လည်း ရှမ်းနီတိုင်းရင်းသားများညီညွတ်ရေးအ စည်းအရုံး (SNUA) က တောင်းဆိုခဲ့သည်။

Zawgyi Version;
ရွမ္းျပည္(ေျမာက္ပိုင္း)ရွိ စစ္ေရးပဋိပကၡဒဏ္ခံစားေနရေသာ ေဒသခံတိုင္းရင္းသားမ်ားသည္ စစ္သုံ႔ပန္းမ်ား ေလာက္မွ် အေရးမပါလားဟု SNUA ေမးခြန္းထုတ္
NP News - ႏိုဝင္ဘာ ၅
ရွမ္းျပည္နယ္(ေျမာက္ပိုင္း)တြင္ ေအာက္တိုဘာ ၂၇ ရက္မွစတင္ကာ ျဖစ္ေပၚလ်က္ရွိေသာ စစ္ေရးပဋိပကၡဒဏ္ကို ခံစားေနရေသာေဒသခံတိုင္းရင္းသားမ်ားသည္ စစ္သုံ႔ပန္းမ်ားေလာက္မွ်အေရးမပါလားဟု ရွမ္းနီတိုင္းရင္းသားမ်ား ညီၫြတ္ေရးအစည္းအ႐ုံး (SNUA) က ထုတ္ျပန္ေမးခြန္းထုတ္ခဲ့သည္။
အဆိုပါ ထုတ္ျပန္ခ်က္အား SNUA ၏ အလုပ္အမႈေဆာင္အဖြဲ႕မွ ႏိုဝင္ဘာ ၄ ရက္က ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။
စစ္ေရးပဋိပကၡၾကားတြင္ ရွမ္းျပည္ေျမာက္ပိုင္းတြင္ေနထိုင္သည့္ တိုင္းရင္းသားမ်ားမွာ စစ္ေဘးေရွာင္မ်ားအျဖစ္ တိမ္းေရွာင္ေနရျခင္းအျပင္ အိုးအိမ္မ်ား ပ်က္စီးျခင္း၊ ေျခလက္အဂၤါမ်ား ဆုံးရႈံးျခင္း၊ ေသဆုံးျခင္းမ်ား ေန႔စဥ္ႏွင့္အမွ် ရွိေနသည္ဟု ထုတ္ျပန္ခ်က္၌ ေရးသားထားသည္။
ရွမ္းျပည္ေျမာက္ပိုင္းရွိ ၿမိဳ႕၊ ႐ြာမ်ားအတြင္း ေျမာက္ပိုင္းမဟာမိတ္တပ္ဖြဲ႕မ်ားဦးေဆာင္သည့္ BPLA, PLA တပ္ဖြဲ႕မ်ား ႏွင့္ နစက၏ လုံၿခဳံေရးတပ္ဖြဲ႕တို႔၏ တိုက္ပြဲမ်ားေဖာ္ေဆာင္ျခင္းသည္ အျပည္ျပည္ဆိုင္ရာလူသားခ်င္းစာနာ ေထာက္ထားမႈ ဥပေဒ(IHL)၊ အျပည္ျပည္ဆိုင္ရာလူ႔အခြင့္အေရးဥပေဒ(IRHL) တို႔ကို ခ်ိဳးေဖာက္ျခင္းျဖစ္၍ အ ျပင္းအထန္ ကန႔္ကြက္ရႈတ္ခ်သည္ဟုလည္း ေရးသားထားသည္။
စစ္ပြဲအတြင္းဖမ္းဆီးရမိသည့္ စစ္သုံ႔ပန္းမ်ားကို ေဆးကုေပးျခင္းမ်ား၊ ထိုက္သင့္သည့္ခံစားခြင့္မ်ား ေပးအပ္ျခင္း ရွိသည္ဟု ေဖာ္ျပထားၾကေသာ္လည္း ေန႔စဥ္ႏွင့္အမွ် ထိခိုက္ေသဆုံးလ်က္ရွိသည့္ ေဒသခံတိုင္းရင္းသားမ်ားကိုမူ မည္သည့္အကာအကြယ္ ႏွင့္ အကူအညီမ်ားမေပး၍ ျပည္သူမ်ားသည္ စစ္သုံ႔ပန္းေလာက္မွ် အေရးမပါလားဟု SNUA က ေမးခြန္းထုတ္ခဲ့သည္။
လက္ရွိအခ်ိန္၌ ၿမိဳ႕႐ြာမ်ားတြင္ စစ္ေဘးေရွာင္ဦးေရ ၅ဝဝဝ ေက်ာ္အထိ ရွိလာျခင္း၊ ကုန္စည္စီးဆင္းမႈလမ္းေၾကာင္း မ်ား ျပတ္ေတာက္ေန၍ ကုန္ေဈးႏႈန္းမ်ားျမင့္တက္ၿပီး ေဆးဝါးႏွင့္စားနပ္ ရိကၡာမ်ားရွားပါးလာေနျခင္းမ်ား ျဖစ္ပြား ေနသည္ဟု ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ေၾကာင့္ စစ္ေရးႏွင့္မသက္ဆိုင္ေသာ ေဆးဝါးႏွင့္စားနပ္ရိကၡာလႉဒါန္းျခင္းမ်ားရရွိရန္ ကူညီကယ္ဆယ္ေရး လမ္းေၾကာင္းမ်ားကို ဖြင့္ေပးၾကရန္လည္း SNUA က ေတာင္းဆိုခဲ့သည္။
ထို႔ျပင္ စစ္ေရးပဋိပကၡျဖစ္ပြားရာေဒသမ်ားသည္ တ႐ုတ္ႏိုင္ငံမွ ေဆာင္႐ြက္မည့္ BIR လမ္းေၾကာင္းေပၚတြင္ ျဖစ္ပြား ေနျခင္းျဖစ္၍ တ႐ုတ္ႏိုင္ငံမွ ထိန္းေၾကာင္းေပးရန္လည္း ေတာင္းဆိုခဲ့သည္။
ထို႔အတူ ရွမ္းျပည္ေျမာက္ပိုင္းသည္ ဂါဇာအသြင္ျဖစ္လာေန၍ ကုလသမဂၢဆိုင္ရာအဖြဲ႕အစည္းမ်ားႏွင့္ ကမာၻ႔ ၾကက္ေျခနီအဖြဲ႕အစည္းမ်ားသည္ ဂါဇာအေရးအခင္းတြင္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ညႇိႏႈိင္းမႈမ်ား၊ ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ား၊ ေဆးဝါး ႏွင့္ စားနပ္ရိကၡာေထာက္ပံ့မႈမ်ား ေပးသကဲ့သို႔ ရွမ္းျပည္ေျမာက္ပိုင္းကို လည္း အလားတူကူညီမႈမ်ား လ်င္ျမန္စြာေပးအပ္ေပးပါရန္လည္း ရွမ္းနီတိုင္းရင္းသားမ်ားညီၫြတ္ေရးအ စည္းအ႐ုံး (SNUA) က ေတာင္းဆိုခဲ့သည္။