ဝေါမြို့နယ်၌ Drop Bomb ဖြင့် ပစ်ချတိုက်ခိုက်မှုကြောင့် အရပ်သား (၄)ဦးသေဆုံးဟု နစကထုတ်ပြန်

1098
Pearl (NP News) - နိုဝင်ဘာ ၈
ဝေါမြို့နယ်၌ Drop Bomb ဖြင့် ပစ်ချတိုက်ခိုက်မှုကြောင့် အရပ်သား (၄)ဦးသေဆုံးခဲ့ကြောင်း နစကမှ ယမန်နေ့ (နိုဝင်ဘာ ၇ ရက်) တွင် သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ (၇) ရက်၊ နေ့လည် (၂) နာရီ၊ (၁၅) မိနစ်ခန့်တွင် ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ တနော်ကျွန်းကျေးရွာ အနီးတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါကျေးရွာအနီး စစ်တောင်းမြစ်ကမ်းဘေးရှိ သဲကွင်း၌ အလုပ်လုပ်နေသည့် ဒေသခံပြည်သူများကို အကြမ်းဖက်သမားများက Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ပစ်ချတိုက်ခိုက်မှုကြောင့် သဲကွင်းအနီး အလုပ်လုပ်ကိုင်လျက်ရှိသော ဒေသခံပြည်သူအမျိုးသား (၄) ဦး သေဆုံးခဲ့ပြီး အမျိုးသား (၅) ဦး နှင့် အမျိုးသမီး (၁) ဦး၊ စုစုပေါင်း (၆) ဦးတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရ သည်။
လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူများအား ဝေါမြို့နယ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးထားပြီး ကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version;
ေဝါၿမိဳ႕နယ္၌ Drop Bomb ျဖင့္ ပစ္ခ်တိုက္ခိုက္မႈေၾကာင့္ အရပ္သား (၄)ဦးေသဆုံးဟု နစကထုတ္ျပန္
Pearl (NP News) - ႏိုဝင္ဘာ ၈
ေဝါၿမိဳ႕နယ္၌ Drop Bomb ျဖင့္ ပစ္ခ်တိုက္ခိုက္မႈေၾကာင့္ အရပ္သား (၄)ဦးေသဆုံးခဲ့ေၾကာင္း နစကမွ ယမန္ေန႔ (ႏိုဝင္ဘာ ၇ ရက္) တြင္ သတင္းထုတ္ျပန္ထားသည္။
ျဖစ္စဥ္မွာ ႏိုဝင္ဘာ (၇) ရက္၊ ေန႔လည္ (၂) နာရီ၊ (၁၅) မိနစ္ခန႔္တြင္ ပဲခူးတိုင္း၊ ေဝါၿမိဳ႕နယ္၊ တေနာ္ကြၽန္းေက်း႐ြာ အနီးတြင္ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
အဆိုပါေက်း႐ြာအနီး စစ္ေတာင္းျမစ္ကမ္းေဘးရွိ သဲကြင္း၌ အလုပ္လုပ္ေနသည့္ ေဒသခံျပည္သူမ်ားကို အၾကမ္းဖက္သမားမ်ားက Drop Bomb မ်ားျဖင့္ ပစ္ခ်တိုက္ခိုက္ခဲ့ေၾကာင္း သိရွိရသည္။
ထိုသို႔ပစ္ခ်တိုက္ခိုက္မႈေၾကာင့္ သဲကြင္းအနီး အလုပ္လုပ္ကိုင္လ်က္ရွိေသာ ေဒသခံျပည္သူအမ်ိဳးသား (၄) ဦး ေသဆုံးခဲ့ၿပီး အမ်ိဳးသား (၅) ဦး ႏွင့္ အမ်ိဳးသမီး (၁) ဦး၊ စုစုေပါင္း (၆) ဦးတို႔ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရွိရ သည္။
လက္ရွိတြင္ ထိခိုက္ဒဏ္ရာရရွိသူမ်ားအား ေဝါၿမိဳ႕နယ္တိုက္နယ္ေဆး႐ုံသို႔ ပို႔ေဆာင္ေပးထားၿပီး က်ဴးလြန္သူမ်ားအား ဖမ္းဆီးရမိေရးအတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လိုအပ္ေသာ နယ္ေျမလုံၿခဳံေရးလုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။