ထိုင်းနိုင်ငံ အာရှအမြန်လမ်းပေါ်တွင် မြန်မာနိုင်ငံသား (၁၀) ဦးဖမ်းဆီးခံရ

 4737

ကျော် (NP News) - နိုဝင်ဘာ ၉

ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်ရှိ အာရှအမြန်လမ်းပေါ်တွင် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသား (၁၀) ဦး ဖမ်းဆီးခံခဲ့ရကြောင်း အလုပ်သမားအရေးကူညီပေးနေသည့်အဖွဲ့ထံမှ သိရသည်။

အယုဒ္ဓယခရိုင်မှတာဝန်ရှိသူများသည် ယမန်နေ့ (နိုဝင်ဘာလ ၈ ရက်)၊ နေ့လည် ၁ နာရီခန့်က မဟာရာချ်မြို့၊ ထမ်သောကျေးရွာအုပ်စုရှိ အာရှအမြန်လမ်းပေါ်တွင် ပစ်ကပ်ကားတစ်စီးအား တားဆီးစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာ အသက်(၂၄)နှစ်အရွယ်ရှိ ထိုင်းနိုင်ငံသား ကားမောင်းသူနှင့်အတူ ကားပေါ်၌ ပုန်း အောင်းလိုက်ပါလာသည့် မြန်မာနိုင်ငံသား အမျိုးသား/အမျိုးသမီး ၁၀ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်များအရ ကားပေါ်၌ ပုန်းအောင်းလိုက်ပါလာသည့် မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံ၊ ဖရာ့နခေါစီအယုဒ္ဓမြို့တွင် အလုပ်လုပ်ကိုင်ရန် တရားမဝင်ဝင်ရောက်လာခြင်းဖြစ်ပြီး ပွဲစားခအဖြစ် တစ်ဦးလျှင် ဘတ် ၂၈၀၀၀ မှ ၃၀၀၀၀ အထိပေးချေခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိခဲ့သည့် ထိုင်းနိုင်ငံသားကားမောင်းသူနှင့်အတူ မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံဥပဒေအရအရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာရဲစခန်းသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

zawgyi version
ထိုင္းႏိုင္ငံ အာရွအျမန္လမ္းေပၚတြင္ ျမန္မာႏိုင္ငံသား (၁၀)ဦးဖမ္းဆီးခံရ

ေက်ာ္ (NP News) - ႏိုဝင္ဘာ ၉

ထိုင္းႏိုင္ငံ၊ အယုဒၶယခ႐ိုင္ရွိ အာရွအျမန္လမ္းေပၚတြင္ ထိုင္းႏိုင္ငံအတြင္းသို႔ တရားမဝင္ဝင္ေရာက္ခဲ့သည့္ ျမန္မာႏိုင္ငံသား (၁၀) ဦး ဖမ္းဆီးခံခဲ့ရေၾကာင္း အလုပ္သမားအေရး ကူညီေပးေနသည့္အဖြဲ႕ထံမွ သိရသည္။

အယုဒၶယခ႐ိုင္မွတာဝန္ရွိသူမ်ားသည္ ယမန္ေန႔ (ႏိုဝင္ဘာလ ၈ ရက္)၊ ေန႔လည္ ၁ နာရီခန္႔က မဟာရာခ်္ၿမိဳ႕၊ ထမ္ေသာေက်း႐ြာအုပ္စုရွိ အာရွအျမန္လမ္းေပၚတြင္ ပစ္ကပ္ကားတစ္စီးအား တားဆီးစစ္ေဆးခဲ့ၾကေၾကာင္း သိရသည္။

ထိုသို႔ စစ္ေဆးရာ အသက္(၂၄)ႏွစ္အ႐ြယ္ရွိ ထိုင္းႏိုင္ငံသား ကားေမာင္းသူႏွင့္အတူ ကားေပၚ၌ ပုန္း ေအာင္းလိုက္ပါလာသည့္ ျမန္မာႏိုင္ငံသား အမ်ိဳးသား/အမ်ိဳးသမီး ၁၀ ဦးအား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

စစ္ေဆးခ်က္မ်ားအရ ကားေပၚ၌ ပုန္းေအာင္းလိုက္ပါလာသည့္ ျမန္မာႏိုင္ငံသားမ်ားသည္ ထိုင္းႏိုင္ငံ၊ ဖရာ့နေခါစီအယုဒၶၿမိဳ႕တြင္ အလုပ္လုပ္ကိုင္ရန္ တရားမဝင္ဝင္ေရာက္လာျခင္းျဖစ္ၿပီး ပြဲစားခအျဖစ္ တစ္ဦးလွ်င္ ဘတ္ ၂၈၀၀၀ မွ ၃၀၀၀၀ အထိေပးေခ်ခဲ့ရေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ဖမ္းဆီးရမိခဲ့သည့္ ထိုင္းႏိုင္ငံသားကားေမာင္းသူႏွင့္အတူ ျမန္မာႏိုင္ငံသားမ်ားအား ထိုင္းႏိုင္ငံဥပေဒအရအေရးယူႏိုင္ေရးအတြက္ သက္ဆိုင္ရာရဲစခန္းသို႔ ပို႔ေဆာင္ေပးခဲ့ၾကေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.