ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲနေသည့် ရွှေပြည်တန် အမြန်ရေယာဉ် ခရီးစဉ်များကို ယာယီရပ်နားကြောင်း ကြေညာ

 1059

စော (NP News) - နိုဝင်ဘာ ၁၃

ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲနေသည့် ရွှေပြည်တန် အမြန်ရေယာဉ် ခရီးစဉ်များကို ယာယီရပ်နားကြောင်း ကြေညာလိုက်သည်။

ယနေ့ (နိုဝင်ဘာလ ၁၃ ရက်)၊ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၌ တစ်ကျော့ပြန်စစ်ပွဲများ စတင်ဖြစ်ပွားလာ မှုနှင့်အတူ ရွှေပြည်တန်အမြန်ရေယာဉ်က ခရီးစဉ်များကို ယာယီရပ်နားကြောင်း အသိပေးကြေညာခြင်းဖြစ်သည်။

ရွှေပြည်တန်အမြန်ရေယာဉ်သည် စစ်တွေ -ကျောက်ဖြူ -ရမ်းဗြဲ -ကျောက်နီမော် -တောင်ကုတ် ခရီးစဉ်၊
စစ်တွေ-ရသေ့တောင်-ဘူးသီးတောင်ခရီးစဉ်၊ စစ်တွေ- ပေါက်တော- မင်းပြားခရီးစဉ်နှင့်
စစ်တွေ- မြောက်ဦး ခရီးစဉ်များကို ပြေးဆွဲမှု ယာယီရပ်နားမည်ဖြစ်ကြောင်း ကြေညာထားသည်။

“အဲဒါက အတိအကျတော့ မသိသေးဘူး။ ကျွန်တော်တို့ဆီမှာ အမြဲတမ်းစစ်ဆေးနေတဲ့အဖွဲ့တွေက ထွက်ခွင့်မရှိဘူးလို့ အကြောင်းကြားလို့ ရပ်လိုက်တာပါ။ အကုန်လုံး ပိတ်လိုက်တာမဟုတ်ပါဘူး။ စစ်တွေကနေ အထွက်ကိုပဲ ပိတ်လိုက်တာပါ။ ဟိုဘက်က လာနေတဲ့ လမ်းခရီးပေါ်က သင်္ဘောကိုတော့ ဝင်ခွင့်ပေးပါတယ်”ဟု ရွှေပြည်တန် အမြန်ရေယာဉ်မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါ ခရီးစဉ်များ ပြန်လည်ပြေးဆွဲမည့်ရက်ကို ကြိုတင်အသိပေးကြေညာသွားမည်ဖြစ်ပြီး ဝယ်ယူထားသော လက်မှတ်များကို ငွေပြန်လည်ထုတ်ယူနိုင်ကြောင်း ရွှေယာဉ်တန်အမြန်ရေယာဉ်က ထုတ်ပြန်ထားသည်။

ငွေပြန်လည်မထုတ်ယူလိုပါကလည်း ဝယ်ယူထားသည့် လက်မှတ်များဖြင့် ခရီးစဉ်ပြန်လည်ပြေးဆွဲမည့်ရက်တွင် လိုက်ပါနိုင်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသောတိုက်ပွဲများကြောင့် ကုန်းလမ်းနှင့် ရေကြောင်းများကို ဝင်ခွင့်/ထွက်ခွင့် ပိတ်ထားကြောင်း သိရသည်။

“လက်ရှိတော့ အထွက်ကိုရော၊ အဝင်ကိုရော ပိတ်ထားတယ်။ စစ်တွေမြို့ကနေ အမ်းမြို့ထိ ပိတ်ထားပါတယ်”ဟု စစ်တွေမြို့ခံတစ်ဦးက NP News ကိုပြောသည်။

AA အဖွဲ့သည် ယနေ့(နိုဝင်ဘာလ ၁၃ရက်)၊ နံနက်အစောပိုင်းတွင် ရခိုင်ပြည်နယ်၊ ရသေ့တောင် နှင့် မင်းပြားမြို့နယ်အတွင်းရှိ ရဲကင်းစခန်းများကို စတင်တိုက်ခိုက်လျက်ရှိသည်။

zawgyi version
ရခိုင္ျပည္နယ္အတြင္း ေျပးဆြဲေနသည့္ ေ႐ႊျပည္တန္ အျမန္ေရယာဥ္ ခရီးစဥ္မ်ားကို ယာယီရပ္နားေၾကာင္း ေၾကညာ
ေစာ (NP News) - ႏိုဝင္ဘာ ၁၃

ရခိုင္ျပည္နယ္အတြင္း ေျပးဆြဲေနသည့္ ေ႐ႊျပည္တန္ အျမန္ေရယာဥ္ ခရီးစဥ္မ်ားကို ယာယီရပ္နားေၾကာင္း ေၾကညာလိုက္သည္။

ယေန႔ (ႏိုဝင္ဘာလ ၁၃ ရက္)၊ နံနက္ပိုင္းတြင္ ရခိုင္ျပည္နယ္၌ တစ္ေက်ာ့ျပန္စစ္ပြဲမ်ား စတင္ျဖစ္ပြားလာ မႈႏွင့္အတူ ေ႐ႊျပည္တန္အျမန္ေရယာဥ္က ခရီးစဥ္မ်ားကို ယာယီရပ္နားေၾကာင္း အသိေပးေၾကညာျခင္းျဖစ္သည္။

ေ႐ႊျပည္တန္အျမန္ေရယာဥ္သည္ စစ္ေတြ -ေက်ာက္ျဖဴ -ရမ္းၿဗဲ -ေက်ာက္နီေမာ္ -ေတာင္ကုတ္ ခရီးစဥ္၊
စစ္ေတြ-ရေသ့ေတာင္-ဘူးသီးေတာင္ခရီးစဥ္၊ စစ္ေတြ- ေပါက္ေတာ- မင္းျပားခရီးစဥ္ႏွင့္
စစ္ေတြ- ေျမာက္ဦး ခရီးစဥ္မ်ားကို ေျပးဆြဲမႈ ယာယီရပ္နားမည္ျဖစ္ေၾကာင္း ေၾကညာထားသည္။

“အဲဒါက အတိအက်ေတာ့ မသိေသးဘူး။ ကြၽန္ေတာ္တို႔ဆီမွာ အၿမဲတမ္းစစ္ေဆးေနတဲ့အဖြဲ႕ေတြက ထြက္ခြင့္မရွိဘူးလို႔ အေၾကာင္းၾကားလို႔ ရပ္လိုက္တာပါ။ အကုန္လုံး ပိတ္လိုက္တာမဟုတ္ပါဘူး။ စစ္ေတြကေန အထြက္ကိုပဲ ပိတ္လိုက္တာပါ။ ဟိုဘက္က လာေနတဲ့ လမ္းခရီးေပၚက သေဘၤာကိုေတာ့ ဝင္ခြင့္ေပးပါတယ္”ဟု ေ႐ႊျပည္တန္ အျမန္ေရယာဥ္မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါ ခရီးစဥ္မ်ား ျပန္လည္ေျပးဆြဲမည့္ရက္ကို ႀကိဳတင္အသိေပးေၾကညာသြားမည္ျဖစ္ၿပီး ဝယ္ယူထားေသာ လက္မွတ္မ်ားကို ေငြျပန္လည္ထုတ္ယူႏိုင္ေၾကာင္း ေ႐ႊယာဥ္တန္အျမန္ေရယာဥ္က ထုတ္ျပန္ထားသည္။

ေငြျပန္လည္မထုတ္ယူလိုပါကလည္း ဝယ္ယူထားသည့္ လက္မွတ္မ်ားျဖင့္ ခရီးစဥ္ျပန္လည္ေျပးဆြဲမည့္ရက္တြင္ လိုက္ပါႏိုင္ေၾကာင္း သိရသည္။

ရခိုင္ျပည္နယ္အတြင္း ျဖစ္ပြားေနေသာတိုက္ပြဲမ်ားေၾကာင့္ ကုန္းလမ္းႏွင့္ ေရေၾကာင္းမ်ားကို ဝင္ခြင့္/ထြက္ခြင့္ ပိတ္ထားေၾကာင္း သိရသည္။

“လက္ရွိေတာ့ အထြက္ကိုေရာ၊ အဝင္ကိုေရာ ပိတ္ထားတယ္။ စစ္ေတြၿမိဳ႕ကေန အမ္းၿမိဳ႕ထိ ပိတ္ထားပါတယ္”ဟု စစ္ေတြၿမိဳ႕ခံတစ္ဦးက NP News ကိုေျပာသည္။

AA အဖြဲ႕သည္ ယေန႔(ႏိုဝင္ဘာလ ၁၃ရက္)၊ နံနက္အေစာပိုင္းတြင္ ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ ႏွင့္ မင္းျပားၿမိဳ႕နယ္အတြင္းရွိ ရဲကင္းစခန္းမ်ားကို စတင္တိုက္ခိုက္လ်က္ရွိသည္။

Related news

© 2021. All rights reserved.