ကမ္ဘာ့စီးပွားရေးက ပြိုင်ဖက်အစုအဖွဲ့များအဖြစ် ပြိုကွဲသွားနိုင်ကြောင်း ဥရောပဗဟိုဘဏ်ဥက္ကဋ္ဌ သတိပေး

 970

Pika (NP News) - နိုဝင်ဘာ ၁၈

ပထဝီဝင်နိုင်ငံရေးတင်းမာမှုများ ကြီးထွားလာခြင်းသည် ကမ္ဘာ့စီးပွားရေး၏ deglobalization လုပ်ငန်းစဉ်ကို ပိုမိုအရှိန်မြင့်စေနိုင်ပြီး နိုင်ငံများအားလုံးအတွက် အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်လာစေနိုင်ကြောင်း ဥရောပဗဟိုဘဏ်(ECB) ဥက္ကဋ္ဌ Christine Lagarde က သတိပေးပြောဆိုခဲ့သည်။

ဥရောပသည် လက်ရှိအချိန်တွင် အရေးကြီးသောအဆင့်တွင်ရောက်ရှိနေပြီး deglobalization နှင့် decarbonization လုပ်ငန်းစဉ်များအပါအဝင် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရကြောင်း Christine Lagarde ၏အဆိုအရသိရသည်။

Christine Lagarde က"ကမ္ဘာ့စီးပွားရေးဟာ ပြိုင်ဖက်အစုအဖွဲ့တွေအဖြစ် ပြိုကွဲသွားနိုင်တဲ့ လက္ခဏာတွေ တိုးလာနေပါတယ်။"ဟု ပြောဆိုခဲ့သည်။

ထို့ပြင် Christine Lagarde သည် ဥရောပတွင် ၂၀၂၅ ခုနှစ်အစောပိုင်းမှာ စတင်နိုင်သည့် အလုပ်လုပ်ကိုင်နိုင်သောအသက်အရွယ်ရှိသည့်လူဦးရေ အဆက်မပြတ်ကျဆင်းမှုများကို ထောက်ပြပြောဆိုခဲ့ကြောင်းလည်းသိရသည်။

၎င်းက "ကုန်သွယ်မှုဆိုင်ရာ အတားအဆီးအသစ်တွေပေါ်လာမှုနဲ့အတူ ကျွန်မတို့ဟာ ထောက်ပံ့ရေးကွင်းဆက်တွေကို ပြန်လည်အကဲဖြတ်ပြီးတော့ ပိုမိုဘေးကင်းပြီး ထိရောက်မှုရှိတဲ့ နေရာသစ်တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ကျွန်မတို့လူ့အဖွဲ့အစည်းတွေ ပိုမိုအသက်ကြီးလာမှုတွေနဲ့အတူ လုပ်သားအသုံးပြုမှု နည်းပါးတဲ့ ထုတ်ကုန်တွေ ထုတ်လုပ်နိုင်ဖို့ နည်းပညာအသစ်တွေကို အသုံးချဖို့ လိုအပ်ပါတယ်။"ဟု ပြောဆိုခဲ့သည်။

zawgyi version
ကမာၻ႔စီးပြားေရးက ၿပိဳင္ဖက္အစုအဖြဲ႕မ်ားအျဖစ္ ၿပိဳကြဲသြားႏိုင္ေၾကာင္း ဥေရာပဗဟိုဘဏ္ဥကၠ႒ သတိေပး
Pika (NP News) - ႏိုဝင္ဘာ ၁၈

ပထဝီဝင္ႏိုင္ငံေရးတင္းမာမႈမ်ား ႀကီးထြားလာျခင္းသည္ ကမာၻ႔စီးပြားေရး၏ deglobalization လုပ္ငန္းစဥ္ကို ပိုမိုအရွိန္ျမင့္ေစႏိုင္ၿပီး ႏိုင္ငံမ်ားအားလုံးအတြက္ အက်ိဳးသက္ေရာက္မႈမ်ားကို ျဖစ္ေပၚလာေစႏိုင္ေၾကာင္း ဥေရာပဗဟိုဘဏ္(ECB) ဥကၠ႒ Christine Lagarde က သတိေပးေျပာဆိုခဲ့သည္။

ဥေရာပသည္ လက္ရွိအခ်ိန္တြင္ အေရးႀကီးေသာအဆင့္တြင္ေရာက္ရွိေနၿပီး deglobalization ႏွင့္ decarbonization လုပ္ငန္းစဥ္မ်ားအပါအဝင္ စိန္ေခၚမႈမ်ားစြာကို ရင္ဆိုင္ေနရေၾကာင္း Christine Lagarde ၏အဆိုအရသိရသည္။

Christine Lagarde က"ကမာၻ႔စီးပြားေရးဟာ ၿပိဳင္ဖက္အစုအဖြဲ႕ေတြအျဖစ္ ၿပိဳကြဲသြားႏိုင္တဲ့ လကၡဏာေတြ တိုးလာေနပါတယ္။"ဟု ေျပာဆိုခဲ့သည္။

ထို႔ျပင္ Christine Lagarde သည္ ဥေရာပတြင္ ၂၀၂၅ ခုႏွစ္အေစာပိုင္းမွာ စတင္ႏိုင္သည့္ အလုပ္လုပ္ကိုင္ႏိုင္ေသာအသက္အ႐ြယ္ရွိသည့္လူဦးေရ အဆက္မျပတ္က်ဆင္းမႈမ်ားကို ေထာက္ျပေျပာဆိုခဲ့ေၾကာင္းလည္းသိရသည္။

၎က "ကုန္သြယ္မႈဆိုင္ရာ အတားအဆီးအသစ္ေတြေပၚလာမႈနဲ႔အတူ ကြၽန္မတို႔ဟာ ေထာက္ပံ့ေရးကြင္းဆက္ေတြကို ျပန္လည္အကဲျဖတ္ၿပီးေတာ့ ပိုမိုေဘးကင္းၿပီး ထိေရာက္မႈရွိတဲ့ ေနရာသစ္ေတြမွာ ရင္းႏွီးျမႇဳပ္ႏွံမႈေတြလုပ္ေဆာင္ဖို႔ လိုအပ္ပါတယ္။ ကြၽန္မတို႔လူ႔အဖြဲ႕အစည္းေတြ ပိုမိုအသက္ႀကီးလာမႈေတြနဲ႔အတူ လုပ္သားအသုံးျပဳမႈ နည္းပါးတဲ့ ထုတ္ကုန္ေတြ ထုတ္လုပ္ႏိုင္ဖို႔ နည္းပညာအသစ္ေတြကို အသုံးခ်ဖို႔ လိုအပ္ပါတယ္။"ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.