ယခုတစ်ကြိမ် ကုန်သွယ်ရေးစစ်ပွဲမှာ တရုတ်သာ နိုင်သွားခဲ့ရင် ...

 512

တင်ဇာ (NP News) ဧပြီလ - ၂၉

ဒေါ်နယ်ထရမ့်ဟာ တရုတ်နဲ့ကုန်သွယ်ရေး စစ်ပွဲမှာရှုံးနိမ့်သွားမယ်ဆိုရင် သူဘာတွေလုပ်မလဲဆို တာတော့ မသိသေးပါဘူး။ သမ္မတ ထရမ့်ရဲ့လောင်းကြေးဟာ တရုတ်ရဲ့ ပထဝီနိုင်ငံရေးအနေအထားကို အားကောင်းလာစေသလို ပေကျင်းကို စစ်ရေးအရ ရဲရင့်လာစေနိုင်ပါတယ်။ ယခုလအစောပိုင်းမှာ ထရမ့် ဟာ တရုတ်ကုန်ပစ္စည်းအားလုံးအပေါ် အခွန်ကို (၁၄၅) ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့ပါတယ်။ တရုတ်ကလည်း အမေရိကန်ကုန်ပစ္စည်းတွေအပေါ် (၁၂၅) ရာခိုင်နှုန်း အခွန်အပြင် ပိုမိုပစ်မှတ်ထားတဲ့အစီအမံတွေနဲ့တုံ့ ပြန်ခဲ့ပါတယ်။ ဒါဟာ ဂန္ထဝင်မြောက်လွန်းတဲ့ကုန်သွယ် ရေးစစ်ပွဲတစ်ခုပါ။ နိုင်ငံနှစ်ခုဟာ ပါးရိုက်ရင် နားပြန် ကိုက်သလိုမူဝါဒကို ကျင့်သုံးနေကြပြီး ကုန်သွယ်ရေး အတားအဆီးတွေကို တစ်လှည့်စီတိုးမြှင့်ဖို့ လုပ်နေ ကြပါတယ်။
ထရမ့်အစိုးရအဖွဲ့ဟာ ဒီတိုက်ပွဲမှာ သူတို့ အသာစီးရထားတယ်လို့ယုံကြည်နေပါတယ်။ " သူတို့ က ကျွန်တော်တို့ဆီ တင်ပို့တဲ့အရာရဲ့ ငါးပုံတစ်ပုံကိုပဲ ကျွန်တော်တို့က သူတို့ဆီတင်ပို့ပါတယ်" လို့ ဘဏ္ဍာ ရေးဝန်ကြီး စကော့ဘက်ဆန့်က မကြာသေးမီက မှတ် ချက်ပေးခဲ့ပါတယ်။ " ဒါကြောင့် ဒါဟာ သူတို့အတွက် အရှုံးချည်းပဲ"လို့ဆိုပါတယ်။ အမှန်တော့ အဲဒီအမြင် မှာ လွဲချော်ချက်တွေရှိနေပါတယ်။ အမေရိကန်စီး ပွားရေးဟာ တရုတ်ကုန်ပစ္စည်းတွေအပေါ် မှီခိုနေရ တယ်ဆိုတဲ့အချက်ဟာ အမေရိကန်အတွက် အားသာ ချက်မဟုတ်ဘဲ ကြီးမားတဲ့ အားနည်းချက်တစ်ခုဖြစ် ပါတယ်။ ကုန်ပစ္စည်းအမျိုးအစားအများအပြားအ တွက် တရုတ်ဟာ အမေရိကန်ရဲ့ ထိပ်တန်းတင်သွင်း သူသာမက ကမ္ဘာ့လွှမ်းမိုးတင်သွင်းသူလည်း ဖြစ်နေပါ တယ်။ ဆိုလိုတာက အမေရိကန်ဟာ အဲဒီပစ္စည်းတွေ ကို တခြားနိုင်ငံတွေဆီက လွယ်လင့်တကူမရနိုင်ပါဘူး။ ထောက်ပံ့ရေးကွင်းဆက်စီမံခန့်ခွဲမှုအထူးပြုတဲ့ မီချီဂန် ပြည်နယ်တက္ကသိုလ်က ပါမောက္ခ ဂျေဆင်မီလာ စု ဆောင်းထားတဲ့ အချက်အလက်တွေအရ တရုတ်ဟာ ကမ္ဘာ့လီသီယမ်အိုင်းယွန်းဘက်ထရီ၊ လေအေးပေး စက်နဲ့ မီးဖိုချောင်သုံးပစ္စည်းတွေရဲ့ (၇၀) ရာခိုင်နှုန်း ကျော်၊ ကမ္ဘာ့စမတ်ဖုန်း၊ မီးဖိုချောင်သုံး တိုလီမုတ်စ ပစ္စည်းနဲ့ ကစားစရာတွေရဲ့ (၈၀)ရာခိုင်နှုန်းကျော်၊ ကမ္ဘာ့ဆိုလာပြားနဲ့ ပြုပြင်ထားတဲ့ မြေရှားဓာတ်သတ္တု တွေရဲ့ (၉၀)ရာခိုင်နှုန်းခန့်ကို ထုတ်လုပ်ပါတယ်။ ဒီသတ္တုပစ္စည်းတွေဟာ ကားတွေ၊ ဖုန်းတွေနဲ့ စစ်ရေး နည်းပညာအတော်များများမှာ အရေးကြီးတဲ့ ထည့် သွင်းပစ္စည်းတွေဖြစ်ပါတယ်။
ဒီပစ္စည်းတွေကို ပြည်တွင်းမှာ ပြန်လည် ထုတ်လုပ်ဖို့ဆိုရင် နှစ်ပေါင်းများစွာ၊ ဆယ်စုနှစ်ပေါင်း များစွာ ကြာနိုင်ပါတယ်။ ကုမ္ပဏီအသစ်တွေ တည် ထောင်ရမယ်။ စက်ရုံအသစ်တွေဆောက်ရမယ်။ ထောက်ပံ့ရေးလမ်းကြောင်းတွေကို အစကနေပြန်ဖန် တီးရမယ်။ ပြီးတော့ လုပ်သားအများအပြားကို လေ့ ကျင့်ပေးရမယ်။ တစ်ဖက်မှာ တရုတ်နိုင်ငံဟာ အမေရိ ကန်တင်သွင်းကုန်အနည်းငယ်လောက်အပေါ်ပဲ မှီခို နေပါတယ်။
တရုတ်စီးပွားရေးလုပ်ငန်းတွေဟာ အမေရိ ကန်ဈေးကွက်ကို ဝင်ရောက်ခွင့်ဆုံးရှုံးတာကြောင့် အနည်းငယ်တော့ ထိခိုက်မှာမှန်ပေမယ့် အဲဒါဟာ ဖြေရှင်းဖို့ပိုလွယ်ကူတဲ့ ပြဿနာတစ်ခုဖြစ်နေပါတယ်။ တရုတ်ဟာ သူရဲ့ပို့ကုန်တချို့ကို ဥရောပနဲ့ အရှေ့အာ ရှကနိုင်ငံတွေဆီ လွှဲပြောင်းပေးပို့လာနိုင်ပါတယ်။ အဲဒီနိုင်ငံသားတွေဟာလည်း ဖုန်းတွေ၊ ကစားစရာ တွေနဲ့ အိမ်သုံးစက်ပစ္စည်းတွေ လိုအပ်နေပါတယ်။ စီးပွားရေးပညာရှင် အဒမ်ပိုဆန်ရဲ့အဆိုအရ ဒီလို အခြေအနေတွေကြောင့် တရုတ်အဖို့ ဩဇာတိက္ကမ ကြီးလာနိုင်ပါတယ်။
ဒီလိုအားသာချက်တွေနဲ့အတူ တရုတ်ရဲ့ နှစ်ပေါင်းများစွာ အသေးစိတ်ပြင်ဆင်ခဲ့မှုတွေက သူ့ ကိုအသာစီးရစေခဲ့ပါတယ်။ တရုတ်နိုင်ငံအကြောင်း စောင့်ကြည့်လေ့လာသူအများအပြားပြောပြတာ ကတော့ ထရမ့်ရဲ့ (၂၀၁၈) ခုနှစ် ကုန်သွယ်ရေးစစ်ပွဲ (အမေရိကန်က တရုတ်ကုန်ပစ္စည်းတွေအပေါ် ပျမ်း မျှ (၂၀)ရာခိုင်နှုန်းခန့် အခွန်ကောက်ခံခဲ့တဲ့စစ်ပွဲ) ဟာ ပေကျင်းကိုဘယ်အချိန်မဆို စီးပွားရေးတိုက်ပွဲ မှာပါဝင်ဖို့ အဆင်သင့်ဖြစ်နေရမယ်ဆိုတာမျိုး ပြင် ဆင်ခိုင်းလိုက်သလိုပါပဲတဲ့။ အဲဒီအချိန်ကစပြီး တရုတ်ဟာ အမေရိကန်တင်သွင်းမှုအပေါ်မှီခိုမှုကို လျှော့ချဖို့ စွမ်းအင်၊ စိုက်ပျိုးရေးနဲ့ ဆီမီးကွန်ဒက်တာ ထုတ်လုပ်မှု စတဲ့ စက်မှုလုပ်ငန်းတွေမှာ အကြီးအ ကျယ်ရင်းနှီးမြှုပ်နှံခဲ့ပြီး ပြည်တွင်းမှာ ကုန်ပစ္စည်း ပိုမို သုံးစွဲဖို့နဲ့ အမေရိကန်မဟုတ်တဲ့ပို့ကုန်ဈေးကွက် အသစ်တွေကို ရှာဖွေဖို့ မဟာဗျူဟာတွေ ဆက်လက် လုပ်ဆောင်ခဲ့ပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ စကားအရ ဒီကြိုးပမ်းမှုတွေရဲ့ ရည်ရွယ်ချက်ကတော့ ]အလွန်အမင်းခက်ခဲတဲ့အခြေအနေတွေမှာလည်း နိုင်ငံ့စီးပွားရေး ပုံမှန်လည်ပတ်မှုသေချာစေဖို့}ဖြစ်ပါ တယ်။
နောက်ပြီး တရုတ်ဟာ ထိုးစစ်ဆင်နိုင်တဲ့ စီးပွားရေးလက်နက်တွေကိုလည်း တည်ဆောက် ထားခဲ့ပါသေးတယ်။ အခုဆိုရင်ပဲ တရုတ်နိုင်ငံဟာ ထရမ့်ရဲ့ကုန်သွယ်ရေးစစ်ပွဲကို တုံ့ပြန်တဲ့အနေနဲ့ ရှား ပါးသတ္တုတွင်းထွက်ပစ္စည်းအချို့ တင်ပို့မှုကို ပိတ်ပင် ခဲ့ပါတယ်။ အဲဒီလိုလုပ်တာဟာ အဓိကလူသုံးကုန် ပစ္စည်းတွေ (ဥပမာ- ကားတွေနဲ့ဖုန်းတွေ)နဲ့ စစ်ဘက် ဆိုင်ရာပစ္စည်းတွေ (ဥပမာ- ရေငုပ်သင်္ဘောတွေနဲ့ တိုက်လေယာဉ်တွေ) ရှားပါးသွားအောင် ရည်ရွယ်တာ ဖြစ်တယ်။ ဒါ့ပြင် DuPont နဲ့ Google တို့ကိုလည်း စုံစမ်းစစ်ဆေးမှုတွေစတင်ခဲ့ပြီး အမေရိကန်ရဲ့ ထိပ် တန်းလေယာဉ်ထုတ်ကုမ္ပဏီဖြစ်တဲ့ Boeing နဲ့ လုပ်ငန်းအားလုံးကို ရပ်ဆိုင်းခဲ့ပါတယ်။ အခြေအနေတွေ ပိုဆိုးလာမယ်ဆိုရင် ပေကျင်းဟာ နာမည်ကြီး အမေရိ ကန်ကုမ္ပဏီတွေဖြစ်တဲ့ Apple နဲ့ Tesla တို့ကို တရုတ်နိုင်ငံမှာ ဘာလုပ်ငန်းမှမလုပ်ကိုင်နိုင်အောင် ပိတ်ပင်လာနိုင်ပါတယ်။ နောက်ပြီး အပြင်းထန်ဆုံး လက်နက်တစ်ခုလည်းရှိပါသေးတယ်။ အမေရိကန်ရဲ့ ေြွကးမြီကို ဒုတိယအများဆုံးကိုင်ထားတဲ့ တရုတ်နိုင်ငံ ဟာ သူရဲ့အမေရိကန်ဒေါ်လာ (၇၆၀)ဘီလီယံတန် ဖိုးရှိတဲ့ အစိုးရငွေတိုက်ချေးငွေစာချုပ်တွေကို အလျင် အမြန်ရောင်းချတာမျိုး လုပ်နိုင်ပါတယ်။ အဲဒီလိုလုပ် လိုက်ရင် အတိုးနှုန်းတွေ အဆမတန်မြင့်တက်သွားပြီး ရင်းနှီးမြှုပ်နှံသူတွေကို ထိတ်လန့်သွားစေနိုင်သလို ဘဏ္ဍာရေးအကျပ်အတည်းကိုတောင် ဖြစ်ပေါ်စေ နိုင်ပါတယ်။
" တရုတ်ဟာ ဒီတိုက်ပွဲအတွက် အဆင် သင့်ဖြစ်နေပါပြီ" လို့ တရုတ်နိုင်ငံရဲ့စီးပွားရေးကို အဓိ ကထားလေ့လာတဲ့ အောက်စဖို့ဒ်တက္ကသိုလ်မှ ပါမောက္ခယဲလင်းတန်ကဆိုပါတယ်။ " သူတို့ဟာ အမေရိကန်နဲ့ ရေရှည်တိုက်ရမယ့် စီးပွားရေးပဋိပက္ခ အတွက် အချိန်အတော်ကြာကတည်းက ပြင်ဆင်နေခဲ့ တာပါ" တဲ့။
ဒါတွေအားလုံးဟာ စိန်ခေါ်မှုတွေဖြစ်ပေ မယ့် ကျွမ်းကျင်သူတွေကတော့ အမေရိကန်ဟာ အရာရာကို မှန်မှန်ကန်ကန်လုပ်ဆောင်မယ်ဆိုရင် ကုန်သွယ်ရေးစစ်ပွဲမှာ တရုတ်ကို အနိုင်ယူနိုင်သေး တယ်ဆိုတာမျိုးပြောလာကြပါတယ်။ ပြဿနာက တော့ ထရမ့်အစိုးရဟာ အရာရာကို ကသောင်းကနင်း လုပ်ဆောင်နေတာပဲဖြစ်တယ်။
တရုတ်နိုင်ငံဟာ အမေရိကန်နဲ့ တိုက်ရိုက် စီးပွားရေးပြိုင်ဆိုင်မှုမှာ အားသာချက်တချို့ရှိပေမယ့် အမေရိကန်မှာ လျှို့ဝှက်လက်နက်တစ်ခုရှိနေပါသေး တယ်။ အဲဒါကတော့ သူရဲ့မဟာမိတ်တွေပဲ ဖြစ်တယ်။ အကယ်၍ အမေရိကန်ဟာ ဥရောပ၊ မြောက်အမေရိ ကနဲ့ အရှေ့အာရှက သူ့ရဲ့အစဉ်အလာ မဟာမိတ်တွေ နဲ့ပူးပေါင်းပြီး တရုတ်ကို စုပေါင်းအဆက်ဖြတ်တာမျိုး၊ ပြီးတော့ သူတို့ မဟာမိတ်နိုင်ငံအချင်းချင်း ကုန်သွယ် ဆက်ဆံရေးတွေကို ပိုမိုနက်ရှိုင်းစေမယ်ဆိုရင် ဒီအင် အားစုဟာ တရုတ်နိုင်ငံအပေါ် ပိုပြီးထိခိုက်မှုကြီးမား စေနိုင်မယ်။ တစ်ချိန်တည်းမှာ အမေရိကန်အတွက် ထိခိုက်နစ်နာမှုကို အနည်းဆုံးဖြစ်အောင်လည်း လုပ် နိုင်တယ်။ ဒါပေမဲ့ ဒီလိုလုပ်ဖို့က စီစဉ်ပြင်ဆင်မှုတွေ အများကြီးလိုအပ်တယ်။ အမေရိကန်နဲ့ သူရဲ့မဟာ မိတ်တွေဟာ လုပ်ငန်းသစ်တွေကို အလျင်အမြန် တီ ထွင်ထုတ်လုပ်ဖို့၊ ကမ္ဘာ့ကုန်သွယ်မှုကွင်းဆက်ကို စောင့်ကြည့်ဖို့ စနစ်တစ်ခုတည်ထောင်ဖို့၊ ရင်းနှီးမြှုပ် နှံသူတွေအသားကျဖို့အတွက် ကုန်သွယ်မှုကန့်သတ် ချက်တွေကို တဖြည်းဖြည်း အကောင်အထည်ဖော်ဖို့၊ နောက်ပြီး ကုန်သွယ်ရေးစစ်ပွဲကို ဘယ်လိုအခြေအနေ တွေနဲ့ အဆုံးသတ်မယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သတ်မှတ်ဖို့အတွက် ကြီးမားတဲ့ ညှိနှိုင်းစီးပွားရေးလှုပ် ရှားမှုကို လုပ်ဆောင်ရပါလိမ့်မယ်။ ဒါတွေက အပြည့် အစုံတော့ မဟုတ်သေးပါဘူး။
ကုန်သွယ်ရေးစစ်ပွဲရဲ့ရလဒ်ဟာ ထိခိုက်နစ်နာမှုပမာဏအပေါ်မှာတင် မူတည်တာမဟုတ်ဘဲ တစ်နိုင်ငံစီရဲ့ထိခိုက်မှုကို ခံနိုင်ရည်ရှိမှုအပေါ်မှာ လည်းမူတည်ပါတယ်။ အဲဒီရှုထောင့်မှာ အမေရိကန် ပြည်ထောင်စုက အားသာချက်တစ်ခုရှိနေတယ်။ အဲဒါကတော့ မဲဆန္ဒရှင်တွေဟာ တရုတ်ကို တိုက်ခိုက် ဖို့အတွက် အများစုထောက်ခံကြတာပဲဖြစ်တယ်။ ထရမ့်ရဲ့ တရုတ်နဲ့ ပထမသက်တမ်းကုန်သွယ်ရေး စစ်ပွဲနဲ့ပတ်သက်တဲ့လေ့လာမှုတစ်ခုအရ သွင်းကုန် အခွန်ရဲ့သက်ရောက်မှုတွေကို အများဆုံးခံစားရတဲ့ ပြည်နယ်တွေက မဲဆန္ဒရှင်တွေဟာ (၂၀၂၀) ပြည့်နှစ် မှာ ထရမ့်ကိုမဲပေးဖို့ ပိုပြီးဖြစ်နိုင်ခြေရှိလာတာကို တွေ့ ရပါတယ်။ ဖေဖော်ဝါရီလက CBS ရဲ့ စစ်တမ်းတစ်ခု အရ မဲဆန္ဒရှင် (၅၆)ရာခိုင်နှုန်းဟာ မက္ကဆီကို၊ ကနေဒါနဲ့ ဥရောပတို့အပေါ် အခွန်ကောက်ခံမှုကို အများစုကကန့်ကွက်နေပေမယ့် တရုတ်အပေါ် အခွန်အသစ် တွေကောက်ခံဖို့ကို ထောက်ခံတယ်လို့တွေ့ရပါတယ်။
ဒီနေရာမှာ တစ်ခုစောင့်ကြည့်ရမှာက တရုတ်ကိုပြန်လည်တုံ့ပြန်ဖို့ အမေရိကန်မဲဆန္ဒရှင် တွေရဲ့ဆန္ဒဟာ အမြဲတမ်းပြတ်လပ်မှုနဲ့ ဈေးနှုန်းရဲ့ ရိုက်ခတ်မှုတွေကို ကျော်လွန်သွားနိုင်မလားဆိုတာပဲ ဖြစ်တယ်။ ထရမ့်ရဲ့ တရုတ်အပေါ် ပထမသက်တမ်း အခွန်ကောက်ခံမှုတွေဟာ အတော်လေးလျော့နည်း တာကြောင့် ဈေးနှုန်းကြီးကြီးမားမား မြင့်တက်တာကို မဖြစ်ပေါ်စေခဲ့ပါဘူး။ ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ ကပ်ထားတဲ့ဈေးနှုန်းကို လျစ်လျူရှုဖို့မဖြစ်နိုင်တော့ပါ ဘူး။ မဲဆန္ဒရှင်တွေဟာ (၂၀၂၄) ရွေးကောက်ပွဲမှာ ငွေကြေးဖောင်းပွမှုကို အရေးအကြီးဆုံးကိစ္စအဖြစ် အမြဲတမ်းဖော်ပြခဲ့ကြတယ်။ ဈေးနှုန်းလျှော့ချပေးမယ် လို့ကတိပေးခဲ့တဲ့ထရမ့်ဟာ ဆန့်ကျင်ဘက်ကိုပဲဦး တည်တဲ့အခါ သူတို့ ဘယ်လိုတုံ့ပြန်ကြမလဲ။ မကြာသေးမီက စစ်တမ်းတချို့အရ မဲဆန္ဒရှင်အများစုဟာ ထရမ့်ရဲ့အခွန်ကောက်ခံမှုတွေ မစတင်ခင်ကတည်း ကစိတ်ပျက်နေခဲ့ကြတယ်။ အခြေအနေကို ပိုဆိုးစေတာကတော့ အမေရိကန်ပို့ကုန်လုပ်ငန်းတွေဟာ တရုတ်ရဲ့တုံ့ပြန်အခွန်တွေကြောင့် မရေမရာစိုးရိမ် စိတ်တွေဖြစ်လာပြီး စီးပွားရေးနှေးကွေးမှုတွေ ဖြစ်လာ နိုင်ပါတယ်။ စီးပွားရေးပညာရှင်အများအပြားက (၁၉၇၀) ပြည့်လွန်နှစ်တွေကလို ငွေကြေးဖောင်းပွမှုနဲ့ အလုပ်လက်မဲ့နှုန်းမြင့်တက်မှုပေါင်းစပ်ထားတဲ့ stag­flation ဆီ ပြန်ရောက်သွားမှာကို သတိပေးကြတယ်။
ဖြစ်နိုင်ခြေအားလုံးအရ ထရမ့်ဟာ နောက် ဆုံးမှာ ဒီကုန်သွယ်ရေးစစ်ပွဲကနေဆုတ်ခွာဖို့ အတင်း အကျပ်ဖိအားပေးခံရလိမ့်မယ်။ ဒီနေရာမှာ ထရမ့် မျက်နှာမပျက်အောင် တရုတ်က အလျှော့ပေးထားတဲ့ သဘောတူညီချက်ပုံစံနဲ့ ရပ်တန့်သွားတာမျိုးဖြစ်နိုင် တယ်။ ဒါဟာ ပထမ ထရမ့်-တရုတ် ကုန်သွယ်ရေး စစ်ပွဲပြေငြိမ်းသွားပုံပါပဲ။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ တရုတ်က ထရမ့်ကို လွယ်လွယ်ကူကူ ထွက်ပေါက်ပေး ဖို့ အလျင်စလိုလုပ်မှာမဟုတ်ဘူး။ အဲဒီလိုအခြေအနေ မှာ ထရမ့်ဘက်ကနေ တချို့သော တရုတ်စက်မှုလုပ် ငန်းအမျိုးမျိုးအတွက် အခွန်ကင်းလွတ်ခွင့်တွေ ဆက် တိုက်ပေးလာတာမျိုးဖြစ်လာနိုင်တယ်။ ဘယ်လိုအခြေ အနေမှာပဲဖြစ်ဖြစ် ရလဒ်ကတော့အတူတူပါပဲ။ အမေ ရိကန်ဟာ ပြန်ရတာအနည်းငယ်သာရှိပေမယ့် သူ့ကိုယ်သူ စီးပွားရေးထိခိုက်ဆုံးရှုံးမှုတွေ အတော် လေးပေးခဲ့တာမျိုး ဖြစ်လာလိမ့်မယ်။
အခုကုန်သွယ်ရေးစစ်ပွဲမှာ တရုတ်အနိုင်ရတာဟာ စီးပွားရေးမဟုတ်တဲ့ကိစ္စရပ်တွေမှာလည်း သူ့ကို ပိုပြီးသတ္တိရှိလာစေနိုင်တယ်။ ဒီလိုနဲ့ တရုတ်ဟာ ပိုပြီးရန်လိုတဲ့လုပ်ရပ်တွေကို လုပ်ဆောင်ဖို့ဖြစ်နိုင်ခြေ ပိုများလာမှာဖြစ်ပြီး အမေရိကန်နိုင်ငံရေးသမားတွေ ဟာ အဲဒီလိုလုပ်ရပ်တွေကိုတားဆီးဖို့ စီးပွားရေးအ တင်းအကျပ်ပြုတာမျိုးတွေထပ်လုပ်ဖို့ ဆန္ဒမရှိ လောက်တော့ပါဘူး။ အဲဒီရှုထောင့်အတိုင်းသာဖြစ်မယ်ဆို ကျရှုံးသွားတဲ့ကုန်သွယ်ရေးစစ်ပွဲတစ်ခုဟာ အမှန်တကယ်စစ်ပွဲဖြစ်နိုင်ခြေကို ပိုပြီးမြင့်တက်လာ စေနိုင်ပါတယ်။ ဒီလိုသာဆို ထရမ့်ရဲ့အခွန်မူဝါဒဟာ အမေရိကန်အတွက် စစ်ရေးအရ စွန့်စားမှုလုပ်တာမျိုး နဲ့ အနည်းငယ်တူတယ်လို့ဆိုနိုင်ပါတယ်။ ဒီလို အကြီး အကျယ်ထိခိုက်မှုတွေ၊ နစ်နာမှုတွေ ဖြစ်မလာဖို့အ တွက် နှစ်နိုင်ငံစလုံးက ခုတစ်ကြိမ် ကုန်သွယ်ရေး စစ်ပွဲကို‌ကော ကျော်လွှားနိုင်မလားဆိုတာကိုတော့ ရေရေရာရာ သုံးသပ်လို့မရနိုင်သေးပါဘူး။

Zawgyi Version:
ယခုတစ္ႀကိမ္ ကုန္သြယ္ေရးစစ္ပြဲမွာ တ႐ုတ္သာ ႏိုင္သြားခဲ့ရင္ ...
တင္ဇာ (NP News) ဧၿပီလ - ၂၉

ေဒၚနယ္ထရမ့္ဟာ တ႐ုတ္နဲ႔ကုန္သြယ္ေရး စစ္ပြဲမွာရႈံးနိမ့္သြားမယ္ဆိုရင္ သူဘာေတြလုပ္မလဲဆို တာေတာ့ မသိေသးပါဘူး။ သမၼတ ထရမ့္ရဲ႕ေလာင္းေၾကးဟာ တ႐ုတ္ရဲ႕ ပထဝီႏိုင္ငံေရးအေနအထားကို အားေကာင္းလာေစသလို ေပက်င္းကို စစ္ေရးအရ ရဲရင့္လာေစႏိုင္ပါတယ္။ ယခုလအေစာပိုင္းမွာ ထရမ့္ ဟာ တ႐ုတ္ကုန္ပစၥည္းအားလုံးအေပၚ အခြန္ကို (၁၄၅) ရာခိုင္ႏႈန္းအထိ တိုးျမႇင့္ခဲ့ပါတယ္။ တ႐ုတ္ကလည္း အေမရိကန္ကုန္ပစၥည္းေတြအေပၚ (၁၂၅) ရာခိုင္ႏႈန္း အခြန္အျပင္ ပိုမိုပစ္မွတ္ထားတဲ့အစီအမံေတြနဲ႔တုံ႔ ျပန္ခဲ့ပါတယ္။ ဒါဟာ ဂႏၴဝင္ေျမာက္လြန္းတဲ့ကုန္သြယ္ ေရးစစ္ပြဲတစ္ခုပါ။ ႏိုင္ငံႏွစ္ခုဟာ ပါး႐ိုက္ရင္ နားျပန္ ကိုက္သလိုမူဝါဒကို က်င့္သုံးေနၾကၿပီး ကုန္သြယ္ေရး အတားအဆီးေတြကို တစ္လွည့္စီတိုးျမႇင့္ဖို႔ လုပ္ေန ၾကပါတယ္။
ထရမ့္အစိုးရအဖြဲ႕ဟာ ဒီတိုက္ပြဲမွာ သူတို႔ အသာစီးရထားတယ္လို႔ယုံၾကည္ေနပါတယ္။ " သူတို႔ က ကြၽန္ေတာ္တို႔ဆီ တင္ပို႔တဲ့အရာရဲ႕ ငါးပုံတစ္ပုံကိုပဲ ကြၽန္ေတာ္တို႔က သူတို႔ဆီတင္ပို႔ပါတယ္" လို႔ ဘ႑ာ ေရးဝန္ႀကီး စေကာ့ဘက္ဆန႔္က မၾကာေသးမီက မွတ္ ခ်က္ေပးခဲ့ပါတယ္။ " ဒါေၾကာင့္ ဒါဟာ သူတို႔အတြက္ အရႈံးခ်ည္းပဲ"လို႔ဆိုပါတယ္။ အမွန္ေတာ့ အဲဒီအျမင္ မွာ လြဲေခ်ာ္ခ်က္ေတြရွိေနပါတယ္။ အေမရိကန္စီး ပြားေရးဟာ တ႐ုတ္ကုန္ပစၥည္းေတြအေပၚ မွီခိုေနရ တယ္ဆိုတဲ့အခ်က္ဟာ အေမရိကန္အတြက္ အားသာ ခ်က္မဟုတ္ဘဲ ႀကီးမားတဲ့ အားနည္းခ်က္တစ္ခုျဖစ္ ပါတယ္။ ကုန္ပစၥည္းအမ်ိဳးအစားအမ်ားအျပားအ တြက္ တ႐ုတ္ဟာ အေမရိကန္ရဲ႕ ထိပ္တန္းတင္သြင္း သူသာမက ကမာၻ႔လႊမ္းမိုးတင္သြင္းသူလည္း ျဖစ္ေနပါ တယ္။ ဆိုလိုတာက အေမရိကန္ဟာ အဲဒီပစၥည္းေတြ ကို တျခားႏိုင္ငံေတြဆီက လြယ္လင့္တကူမရႏိုင္ပါဘူး။ ေထာက္ပံ့ေရးကြင္းဆက္စီမံခန႔္ခြဲမႈအထူးျပဳတဲ့ မီခ်ီဂန္ ျပည္နယ္တကၠသိုလ္က ပါေမာကၡ ေဂ်ဆင္မီလာ စု ေဆာင္းထားတဲ့ အခ်က္အလက္ေတြအရ တ႐ုတ္ဟာ ကမာၻ႔လီသီယမ္အိုင္းယြန္းဘက္ထရီ၊ ေလေအးေပး စက္နဲ႔ မီးဖိုေခ်ာင္သုံးပစၥည္းေတြရဲ႕ (၇၀) ရာခိုင္ႏႈန္း ေက်ာ္၊ ကမာၻ႔စမတ္ဖုန္း၊ မီးဖိုေခ်ာင္သုံး တိုလီမုတ္စ ပစၥည္းနဲ႔ ကစားစရာေတြရဲ႕ (၈၀)ရာခိုင္ႏႈန္းေက်ာ္၊ ကမာၻ႔ဆိုလာျပားနဲ႔ ျပဳျပင္ထားတဲ့ ေျမရွားဓာတ္သတၱဳ ေတြရဲ႕ (၉၀)ရာခိုင္ႏႈန္းခန႔္ကို ထုတ္လုပ္ပါတယ္။ ဒီသတၱဳပစၥည္းေတြဟာ ကားေတြ၊ ဖုန္းေတြနဲ႔ စစ္ေရး နည္းပညာအေတာ္မ်ားမ်ားမွာ အေရးႀကီးတဲ့ ထည့္ သြင္းပစၥည္းေတြျဖစ္ပါတယ္။
ဒီပစၥည္းေတြကို ျပည္တြင္းမွာ ျပန္လည္ ထုတ္လုပ္ဖို႔ဆိုရင္ ႏွစ္ေပါင္းမ်ားစြာ၊ ဆယ္စုႏွစ္ေပါင္း မ်ားစြာ ၾကာႏိုင္ပါတယ္။ ကုမၸဏီအသစ္ေတြ တည္ ေထာင္ရမယ္။ စက္႐ုံအသစ္ေတြေဆာက္ရမယ္။ ေထာက္ပံ့ေရးလမ္းေၾကာင္းေတြကို အစကေနျပန္ဖန္ တီးရမယ္။ ၿပီးေတာ့ လုပ္သားအမ်ားအျပားကို ေလ့ က်င့္ေပးရမယ္။ တစ္ဖက္မွာ တ႐ုတ္ႏိုင္ငံဟာ အေမရိ ကန္တင္သြင္းကုန္အနည္းငယ္ေလာက္အေပၚပဲ မွီခို ေနပါတယ္။
တ႐ုတ္စီးပြားေရးလုပ္ငန္းေတြဟာ အေမရိ ကန္ေဈးကြက္ကို ဝင္ေရာက္ခြင့္ဆုံးရႈံးတာေၾကာင့္ အနည္းငယ္ေတာ့ ထိခိုက္မွာမွန္ေပမယ့္ အဲဒါဟာ ေျဖရွင္းဖို႔ပိုလြယ္ကူတဲ့ ျပႆနာတစ္ခုျဖစ္ေနပါတယ္။ တ႐ုတ္ဟာ သူရဲ႕ပို႔ကုန္တခ်ိဳ႕ကို ဥေရာပနဲ႔ အေရွ႕အာ ရွကႏိုင္ငံေတြဆီ လႊဲေျပာင္းေပးပို႔လာႏိုင္ပါတယ္။ အဲဒီႏိုင္ငံသားေတြဟာလည္း ဖုန္းေတြ၊ ကစားစရာ ေတြနဲ႔ အိမ္သုံးစက္ပစၥည္းေတြ လိုအပ္ေနပါတယ္။ စီးပြားေရးပညာရွင္ အဒမ္ပိုဆန္ရဲ႕အဆိုအရ ဒီလို အေျခအေနေတြေၾကာင့္ တ႐ုတ္အဖို႔ ဩဇာတိကၠမ ႀကီးလာႏိုင္ပါတယ္။
ဒီလိုအားသာခ်က္ေတြနဲ႔အတူ တ႐ုတ္ရဲ႕ ႏွစ္ေပါင္းမ်ားစြာ အေသးစိတ္ျပင္ဆင္ခဲ့မႈေတြက သူ႔ ကိုအသာစီးရေစခဲ့ပါတယ္။ တ႐ုတ္ႏိုင္ငံအေၾကာင္း ေစာင့္ၾကည့္ေလ့လာသူအမ်ားအျပားေျပာျပတာ ကေတာ့ ထရမ့္ရဲ႕ (၂၀၁၈) ခုႏွစ္ ကုန္သြယ္ေရးစစ္ပြဲ (အေမရိကန္က တ႐ုတ္ကုန္ပစၥည္းေတြအေပၚ ပ်မ္း မွ် (၂၀)ရာခိုင္ႏႈန္းခန႔္ အခြန္ေကာက္ခံခဲ့တဲ့စစ္ပြဲ) ဟာ ေပက်င္းကိုဘယ္အခ်ိန္မဆို စီးပြားေရးတိုက္ပြဲ မွာပါဝင္ဖို႔ အဆင္သင့္ျဖစ္ေနရမယ္ဆိုတာမ်ိဳး ျပင္ ဆင္ခိုင္းလိုက္သလိုပါပဲတဲ့။ အဲဒီအခ်ိန္ကစၿပီး တ႐ုတ္ဟာ အေမရိကန္တင္သြင္းမႈအေပၚမွီခိုမႈကို ေလွ်ာ့ခ်ဖို႔ စြမ္းအင္၊ စိုက္ပ်ိဳးေရးနဲ႔ ဆီမီးကြန္ဒက္တာ ထုတ္လုပ္မႈ စတဲ့ စက္မႈလုပ္ငန္းေတြမွာ အႀကီးအ က်ယ္ရင္းႏွီးျမႇဳပ္ႏွံခဲ့ၿပီး ျပည္တြင္းမွာ ကုန္ပစၥည္း ပိုမို သုံးစြဲဖို႔နဲ႔ အေမရိကန္မဟုတ္တဲ့ပို႔ကုန္ေဈးကြက္ အသစ္ေတြကို ရွာေဖြဖို႔ မဟာဗ်ဴဟာေတြ ဆက္လက္ လုပ္ေဆာင္ခဲ့ပါတယ္။ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ရဲ႕ စကားအရ ဒီႀကိဳးပမ္းမႈေတြရဲ႕ ရည္႐ြယ္ခ်က္ကေတာ့ ]အလြန္အမင္းခက္ခဲတဲ့အေျခအေနေတြမွာလည္း ႏိုင္ငံ့စီးပြားေရး ပုံမွန္လည္ပတ္မႈေသခ်ာေစဖို႔}ျဖစ္ပါ တယ္။
ေနာက္ၿပီး တ႐ုတ္ဟာ ထိုးစစ္ဆင္ႏိုင္တဲ့ စီးပြားေရးလက္နက္ေတြကိုလည္း တည္ေဆာက္ ထားခဲ့ပါေသးတယ္။ အခုဆိုရင္ပဲ တ႐ုတ္ႏိုင္ငံဟာ ထရမ့္ရဲ႕ကုန္သြယ္ေရးစစ္ပြဲကို တုံ႔ျပန္တဲ့အေနနဲ႔ ရွား ပါးသတၱဳတြင္းထြက္ပစၥည္းအခ်ိဳ႕ တင္ပို႔မႈကို ပိတ္ပင္ ခဲ့ပါတယ္။ အဲဒီလိုလုပ္တာဟာ အဓိကလူသုံးကုန္ ပစၥည္းေတြ (ဥပမာ- ကားေတြနဲ႔ဖုန္းေတြ)နဲ႔ စစ္ဘက္ ဆိုင္ရာပစၥည္းေတြ (ဥပမာ- ေရငုပ္သေဘၤာေတြနဲ႔ တိုက္ေလယာဥ္ေတြ) ရွားပါးသြားေအာင္ ရည္႐ြယ္တာ ျဖစ္တယ္။ ဒါ့ျပင္ DuPont နဲ႔ Google တို႔ကိုလည္း စုံစမ္းစစ္ေဆးမႈေတြစတင္ခဲ့ၿပီး အေမရိကန္ရဲ႕ ထိပ္ တန္းေလယာဥ္ထုတ္ကုမၸဏီျဖစ္တဲ့ Boeing နဲ႔ လုပ္ငန္းအားလုံးကို ရပ္ဆိုင္းခဲ့ပါတယ္။ အေျခအေနေတြ ပိုဆိုးလာမယ္ဆိုရင္ ေပက်င္းဟာ နာမည္ႀကီး အေမရိ ကန္ကုမၸဏီေတြျဖစ္တဲ့ Apple နဲ႔ Tesla တို႔ကို တ႐ုတ္ႏိုင္ငံမွာ ဘာလုပ္ငန္းမွမလုပ္ကိုင္ႏိုင္ေအာင္ ပိတ္ပင္လာႏိုင္ပါတယ္။ ေနာက္ၿပီး အျပင္းထန္ဆုံး လက္နက္တစ္ခုလည္းရွိပါေသးတယ္။ အေမရိကန္ရဲ႕ ေျြကးၿမီကို ဒုတိယအမ်ားဆုံးကိုင္ထားတဲ့ တ႐ုတ္ႏိုင္ငံ ဟာ သူရဲ႕အေမရိကန္ေဒၚလာ (၇၆၀)ဘီလီယံတန္ ဖိုးရွိတဲ့ အစိုးရေငြတိုက္ေခ်းေငြစာခ်ဳပ္ေတြကို အလ်င္ အျမန္ေရာင္းခ်တာမ်ိဳး လုပ္ႏိုင္ပါတယ္။ အဲဒီလိုလုပ္ လိုက္ရင္ အတိုးႏႈန္းေတြ အဆမတန္ျမင့္တက္သြားၿပီး ရင္းႏွီးျမႇဳပ္ႏွံသူေတြကို ထိတ္လန႔္သြားေစႏိုင္သလို ဘ႑ာေရးအက်ပ္အတည္းကိုေတာင္ ျဖစ္ေပၚေစ ႏိုင္ပါတယ္။
" တ႐ုတ္ဟာ ဒီတိုက္ပြဲအတြက္ အဆင္ သင့္ျဖစ္ေနပါၿပီ" လို႔ တ႐ုတ္ႏိုင္ငံရဲ႕စီးပြားေရးကို အဓိ ကထားေလ့လာတဲ့ ေအာက္စဖို႔ဒ္တကၠသိုလ္မွ ပါေမာကၡယဲလင္းတန္ကဆိုပါတယ္။ " သူတို႔ဟာ အေမရိကန္နဲ႔ ေရရွည္တိုက္ရမယ့္ စီးပြားေရးပဋိပကၡ အတြက္ အခ်ိန္အေတာ္ၾကာကတည္းက ျပင္ဆင္ေနခဲ့ တာပါ" တဲ့။
ဒါေတြအားလုံးဟာ စိန္ေခၚမႈေတြျဖစ္ေပ မယ့္ ကြၽမ္းက်င္သူေတြကေတာ့ အေမရိကန္ဟာ အရာရာကို မွန္မွန္ကန္ကန္လုပ္ေဆာင္မယ္ဆိုရင္ ကုန္သြယ္ေရးစစ္ပြဲမွာ တ႐ုတ္ကို အႏိုင္ယူႏိုင္ေသး တယ္ဆိုတာမ်ိဳးေျပာလာၾကပါတယ္။ ျပႆနာက ေတာ့ ထရမ့္အစိုးရဟာ အရာရာကို ကေသာင္းကနင္း လုပ္ေဆာင္ေနတာပဲျဖစ္တယ္။
တ႐ုတ္ႏိုင္ငံဟာ အေမရိကန္နဲ႔ တိုက္႐ိုက္ စီးပြားေရးၿပိဳင္ဆိုင္မႈမွာ အားသာခ်က္တခ်ိဳ႕ရွိေပမယ့္ အေမရိကန္မွာ လွ်ိဳ႕ဝွက္လက္နက္တစ္ခုရွိေနပါေသး တယ္။ အဲဒါကေတာ့ သူရဲ႕မဟာမိတ္ေတြပဲ ျဖစ္တယ္။ အကယ္၍ အေမရိကန္ဟာ ဥေရာပ၊ ေျမာက္အေမရိ ကနဲ႔ အေရွ႕အာရွက သူ႔ရဲ႕အစဥ္အလာ မဟာမိတ္ေတြ နဲ႔ပူးေပါင္းၿပီး တ႐ုတ္ကို စုေပါင္းအဆက္ျဖတ္တာမ်ိဳး၊ ၿပီးေတာ့ သူတို႔ မဟာမိတ္ႏိုင္ငံအခ်င္းခ်င္း ကုန္သြယ္ ဆက္ဆံေရးေတြကို ပိုမိုနက္ရႈိင္းေစမယ္ဆိုရင္ ဒီအင္ အားစုဟာ တ႐ုတ္ႏိုင္ငံအေပၚ ပိုၿပီးထိခိုက္မႈႀကီးမား ေစႏိုင္မယ္။ တစ္ခ်ိန္တည္းမွာ အေမရိကန္အတြက္ ထိခိုက္နစ္နာမႈကို အနည္းဆုံးျဖစ္ေအာင္လည္း လုပ္ ႏိုင္တယ္။ ဒါေပမဲ့ ဒီလိုလုပ္ဖို႔က စီစဥ္ျပင္ဆင္မႈေတြ အမ်ားႀကီးလိုအပ္တယ္။ အေမရိကန္နဲ႔ သူရဲ႕မဟာ မိတ္ေတြဟာ လုပ္ငန္းသစ္ေတြကို အလ်င္အျမန္ တီ ထြင္ထုတ္လုပ္ဖို႔၊ ကမာၻ႔ကုန္သြယ္မႈကြင္းဆက္ကို ေစာင့္ၾကည့္ဖို႔ စနစ္တစ္ခုတည္ေထာင္ဖို႔၊ ရင္းႏွီးျမႇဳပ္ ႏွံသူေတြအသားက်ဖို႔အတြက္ ကုန္သြယ္မႈကန႔္သတ္ ခ်က္ေတြကို တျဖည္းျဖည္း အေကာင္အထည္ေဖာ္ဖို႔၊ ေနာက္ၿပီး ကုန္သြယ္ေရးစစ္ပြဲကို ဘယ္လိုအေျခအေန ေတြနဲ႔ အဆုံးသတ္မယ္ဆိုတာကို ရွင္းရွင္းလင္းလင္း သတ္မွတ္ဖို႔အတြက္ ႀကီးမားတဲ့ ညႇိႏႈိင္းစီးပြားေရးလႈပ္ ရွားမႈကို လုပ္ေဆာင္ရပါလိမ့္မယ္။ ဒါေတြက အျပည့္ အစုံေတာ့ မဟုတ္ေသးပါဘူး။
ကုန္သြယ္ေရးစစ္ပြဲရဲ႕ရလဒ္ဟာ ထိခိုက္နစ္နာမႈပမာဏအေပၚမွာတင္ မူတည္တာမဟုတ္ဘဲ တစ္ႏိုင္ငံစီရဲ႕ထိခိုက္မႈကို ခံႏိုင္ရည္ရွိမႈအေပၚမွာ လည္းမူတည္ပါတယ္။ အဲဒီရႈေထာင့္မွာ အေမရိကန္ ျပည္ေထာင္စုက အားသာခ်က္တစ္ခုရွိေနတယ္။ အဲဒါကေတာ့ မဲဆႏၵရွင္ေတြဟာ တ႐ုတ္ကို တိုက္ခိုက္ ဖို႔အတြက္ အမ်ားစုေထာက္ခံၾကတာပဲျဖစ္တယ္။ ထရမ့္ရဲ႕ တ႐ုတ္နဲ႔ ပထမသက္တမ္းကုန္သြယ္ေရး စစ္ပြဲနဲ႔ပတ္သက္တဲ့ေလ့လာမႈတစ္ခုအရ သြင္းကုန္ အခြန္ရဲ႕သက္ေရာက္မႈေတြကို အမ်ားဆုံးခံစားရတဲ့ ျပည္နယ္ေတြက မဲဆႏၵရွင္ေတြဟာ (၂၀၂၀) ျပည့္ႏွစ္ မွာ ထရမ့္ကိုမဲေပးဖို႔ ပိုၿပီးျဖစ္ႏိုင္ေျခရွိလာတာကို ေတြ႕ ရပါတယ္။ ေဖေဖာ္ဝါရီလက CBS ရဲ႕ စစ္တမ္းတစ္ခု အရ မဲဆႏၵရွင္ (၅၆)ရာခိုင္ႏႈန္းဟာ မကၠဆီကို၊ ကေနဒါနဲ႔ ဥေရာပတို႔အေပၚ အခြန္ေကာက္ခံမႈကို အမ်ားစုကကန႔္ကြက္ေနေပမယ့္ တ႐ုတ္အေပၚ အခြန္အသစ္ ေတြေကာက္ခံဖို႔ကို ေထာက္ခံတယ္လို႔ေတြ႕ရပါတယ္။
ဒီေနရာမွာ တစ္ခုေစာင့္ၾကည့္ရမွာက တ႐ုတ္ကိုျပန္လည္တုံ႔ျပန္ဖို႔ အေမရိကန္မဲဆႏၵရွင္ ေတြရဲ႕ဆႏၵဟာ အၿမဲတမ္းျပတ္လပ္မႈနဲ႔ ေဈးႏႈန္းရဲ႕ ႐ိုက္ခတ္မႈေတြကို ေက်ာ္လြန္သြားႏိုင္မလားဆိုတာပဲ ျဖစ္တယ္။ ထရမ့္ရဲ႕ တ႐ုတ္အေပၚ ပထမသက္တမ္း အခြန္ေကာက္ခံမႈေတြဟာ အေတာ္ေလးေလ်ာ့နည္း တာေၾကာင့္ ေဈးႏႈန္းႀကီးႀကီးမားမား ျမင့္တက္တာကို မျဖစ္ေပၚေစခဲ့ပါဘူး။ ဒါေပမဲ့ ဒီတစ္ေခါက္မွာေတာ့ ကပ္ထားတဲ့ေဈးႏႈန္းကို လ်စ္လ်ဴရႈဖို႔မျဖစ္ႏိုင္ေတာ့ပါ ဘူး။ မဲဆႏၵရွင္ေတြဟာ (၂၀၂၄) ေ႐ြးေကာက္ပြဲမွာ ေငြေၾကးေဖာင္းပြမႈကို အေရးအႀကီးဆုံးကိစၥအျဖစ္ အၿမဲတမ္းေဖာ္ျပခဲ့ၾကတယ္။ ေဈးႏႈန္းေလွ်ာ့ခ်ေပးမယ္ လို႔ကတိေပးခဲ့တဲ့ထရမ့္ဟာ ဆန႔္က်င္ဘက္ကိုပဲဦး တည္တဲ့အခါ သူတို႔ ဘယ္လိုတုံ႔ျပန္ၾကမလဲ။ မၾကာေသးမီက စစ္တမ္းတခ်ိဳ႕အရ မဲဆႏၵရွင္အမ်ားစုဟာ ထရမ့္ရဲ႕အခြန္ေကာက္ခံမႈေတြ မစတင္ခင္ကတည္း ကစိတ္ပ်က္ေနခဲ့ၾကတယ္။ အေျခအေနကို ပိုဆိုးေစတာကေတာ့ အေမရိကန္ပို႔ကုန္လုပ္ငန္းေတြဟာ တ႐ုတ္ရဲ႕တုံ႔ျပန္အခြန္ေတြေၾကာင့္ မေရမရာစိုးရိမ္ စိတ္ေတြျဖစ္လာၿပီး စီးပြားေရးေႏွးေကြးမႈေတြ ျဖစ္လာ ႏိုင္ပါတယ္။ စီးပြားေရးပညာရွင္အမ်ားအျပားက (၁၉၇၀) ျပည့္လြန္ႏွစ္ေတြကလို ေငြေၾကးေဖာင္းပြမႈနဲ႔ အလုပ္လက္မဲ့ႏႈန္းျမင့္တက္မႈေပါင္းစပ္ထားတဲ့ stag­flation ဆီ ျပန္ေရာက္သြားမွာကို သတိေပးၾကတယ္။
ျဖစ္ႏိုင္ေျခအားလုံးအရ ထရမ့္ဟာ ေနာက္ ဆုံးမွာ ဒီကုန္သြယ္ေရးစစ္ပြဲကေနဆုတ္ခြာဖို႔ အတင္း အက်ပ္ဖိအားေပးခံရလိမ့္မယ္။ ဒီေနရာမွာ ထရမ့္ မ်က္ႏွာမပ်က္ေအာင္ တ႐ုတ္က အေလွ်ာ့ေပးထားတဲ့ သေဘာတူညီခ်က္ပုံစံနဲ႔ ရပ္တန႔္သြားတာမ်ိဳးျဖစ္ႏိုင္ တယ္။ ဒါဟာ ပထမ ထရမ့္-တ႐ုတ္ ကုန္သြယ္ေရး စစ္ပြဲေျပၿငိမ္းသြားပုံပါပဲ။ ဒါေပမဲ့ ဒီတစ္ႀကိမ္မွာေတာ့ တ႐ုတ္က ထရမ့္ကို လြယ္လြယ္ကူကူ ထြက္ေပါက္ေပး ဖို႔ အလ်င္စလိုလုပ္မွာမဟုတ္ဘူး။ အဲဒီလိုအေျခအေန မွာ ထရမ့္ဘက္ကေန တခ်ိဳ႕ေသာ တ႐ုတ္စက္မႈလုပ္ ငန္းအမ်ိဳးမ်ိဳးအတြက္ အခြန္ကင္းလြတ္ခြင့္ေတြ ဆက္ တိုက္ေပးလာတာမ်ိဳးျဖစ္လာႏိုင္တယ္။ ဘယ္လိုအေျခ အေနမွာပဲျဖစ္ျဖစ္ ရလဒ္ကေတာ့အတူတူပါပဲ။ အေမ ရိကန္ဟာ ျပန္ရတာအနည္းငယ္သာရွိေပမယ့္ သူ႔ကိုယ္သူ စီးပြားေရးထိခိုက္ဆုံးရႈံးမႈေတြ အေတာ္ ေလးေပးခဲ့တာမ်ိဳး ျဖစ္လာလိမ့္မယ္။
အခုကုန္သြယ္ေရးစစ္ပြဲမွာ တ႐ုတ္အႏိုင္ရတာဟာ စီးပြားေရးမဟုတ္တဲ့ကိစၥရပ္ေတြမွာလည္း သူ႔ကို ပိုၿပီးသတၱိရွိလာေစႏိုင္တယ္။ ဒီလိုနဲ႔ တ႐ုတ္ဟာ ပိုၿပီးရန္လိုတဲ့လုပ္ရပ္ေတြကို လုပ္ေဆာင္ဖို႔ျဖစ္ႏိုင္ေျခ ပိုမ်ားလာမွာျဖစ္ၿပီး အေမရိကန္ႏိုင္ငံေရးသမားေတြ ဟာ အဲဒီလိုလုပ္ရပ္ေတြကိုတားဆီးဖို႔ စီးပြားေရးအ တင္းအက်ပ္ျပဳတာမ်ိဳးေတြထပ္လုပ္ဖို႔ ဆႏၵမရွိ ေလာက္ေတာ့ပါဘူး။ အဲဒီရႈေထာင့္အတိုင္းသာျဖစ္မယ္ဆို က်ရႈံးသြားတဲ့ကုန္သြယ္ေရးစစ္ပြဲတစ္ခုဟာ အမွန္တကယ္စစ္ပြဲျဖစ္ႏိုင္ေျခကို ပိုၿပီးျမင့္တက္လာ ေစႏိုင္ပါတယ္။ ဒီလိုသာဆို ထရမ့္ရဲ႕အခြန္မူဝါဒဟာ အေမရိကန္အတြက္ စစ္ေရးအရ စြန႔္စားမႈလုပ္တာမ်ိဳး နဲ႔ အနည္းငယ္တူတယ္လို႔ဆိုႏိုင္ပါတယ္။ ဒီလို အႀကီး အက်ယ္ထိခိုက္မႈေတြ၊ နစ္နာမႈေတြ ျဖစ္မလာဖို႔အ တြက္ ႏွစ္ႏိုင္ငံစလုံးက ခုတစ္ႀကိမ္ ကုန္သြယ္ေရး စစ္ပြဲကို‌ေကာ ေက်ာ္လႊားႏိုင္မလားဆိုတာကိုေတာ့ ေရေရရာရာ သုံးသပ္လို႔မရႏိုင္ေသးပါဘူး။

Related news

© 2021. All rights reserved.