ဆိုရှယ်မီဒီယာဖြစ်တဲ့ X မှာ Disney၊ Warner Bros တို့က ကြော်ငြာထည့်သွင်းခြင်း ရပ်ဆိုင်း

853
ရောင်နီ (NP News) - နိုဝင်ဘာ ၁၈
ကမ္ဘာကျော် သူဋ္ဌေးကြီး အီလွန်မက်ခ်ပိုင်ဆိုင်တဲ့ ဆိုရှယ်မီဒီယာ X (ယခင် Twitter) မှာ အဓိကကြော်ငြာရှင်အချို့က သောကြာနေ့(နိုဝင်ဘာလ ၁၈ ရက်)မှ စတင်ပြီး ၎င်းတို့ ကြော်ငြာတွေ ထည့်သွင်းခြင်းကို ရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။ ဒါဟာ White supremacists ကို လက်ခံခြင်းပြသခဲ့တဲ့ အီလွန်မက်ခ်အတွက် ဂုဏ်သိက္ခာဆိုင်ရာ ထိုးနှက်ချက်တစ်ရပ် ဖြစ်ပါတယ်။
အဆိုပါ လှုပ်ရှားမှုမှာ ထင်ရှားတဲ့ ကုန်အမှတ်တံဆိပ်တွေအပါအဝင် ကြော်ငြာရှင်တွေက ၎င်းတို့ရဲ့ ကြော်ငြာတွေကို သောကြာနေ့ (နိုဝင်ဘာလ ၁၇ ရက်)ကစပြီး X ဆိုရှယ်မီဒီယာမှာ တင်ခြင်းကို ရပ်ဆိုင်းခဲ့ပါတယ်။ ဒါဟာ အီလွန်မက်ခ်ရဲ့ဆိုရှယ်မီဒီယာကုမ္ပဏီအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့ပါတယ်။
ရပ်ဆိုင်းလိုက်တဲ့ ကြော်ငြာရှင်တွေထဲမှာ Disney၊ Paramount၊ NBCUniversal၊ Comcast၊ Lionsgate နဲ့ Warner Bros. Discovery စတဲ့ ကမ္ဘာ့အကြီးဆုံး မီဒီယာကုမ္ပဏီတွေလည်း ပါဝင်ခဲ့ပါတယ်။
ယခင် Twitter လို့ လူသိများတဲ့ X ပလပ်ဖောင်းမှ ကြော်ငြာရှင်တွေ နုတ်ထွက်ခြင်းဟာ အစွန်းရောက် ယုံကြည်မှုတွေကို ထောက်ခံအားပေးမှုအတွက် မက်ခ်ကို ဆန့်ကျင်ကန့်ကွက်မှုများကြား ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ ၎င်းဟာ မက်ခ်နဲ့ X ရဲ့ CEO လင်ဒါရာကာရီနိုရဲ့ လာမယ်နှစ်အစောပိုင်းမှာ အမြတ်အစွန်းပိုမိုရရှိအောင် လုပ်ဆောင်မယ်ဆိုတဲ့ ကတိစကားနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပြီး X ရဲ့အနာဂါတ်အတွက် စိုးရိမ်စရာဖြစ်နေပါတယ်။

zawgyi version
ဆိုရွယ္မီဒီယာျဖစ္တဲ့ X မွာ Disney၊ Warner Bros တို႔က ေၾကာ္ျငာထည့္သြင္းျခင္း ရပ္ဆိုင္း
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၁၈
ကမာၻေက်ာ္ သူေ႒းႀကီး အီလြန္မက္ခ္ပိုင္ဆိုင္တဲ့ ဆိုရွယ္မီဒီယာ X (ယခင္ Twitter) မွာ အဓိကေၾကာ္ျငာရွင္အခ်ိဳ႕က ေသာၾကာေန႔(ႏိုဝင္ဘာလ ၁၈ ရက္)မွ စတင္ၿပီး ၎တို႔ ေၾကာ္ျငာေတြ ထည့္သြင္းျခင္းကို ရပ္ဆိုင္းလိုက္တယ္လို႔ သိရပါတယ္။ ဒါဟာ White supremacists ကို လက္ခံျခင္းျပသခဲ့တဲ့ အီလြန္မက္ခ္အတြက္ ဂုဏ္သိကၡာဆိုင္ရာ ထိုးႏွက္ခ်က္တစ္ရပ္ ျဖစ္ပါတယ္။
အဆိုပါ လႈပ္ရွားမႈမွာ ထင္ရွားတဲ့ ကုန္အမွတ္တံဆိပ္ေတြအပါအဝင္ ေၾကာ္ျငာရွင္ေတြက ၎တို႔ရဲ႕ ေၾကာ္ျငာေတြကို ေသာၾကာေန႔ (ႏိုဝင္ဘာလ ၁၇ ရက္)ကစၿပီး X ဆိုရွယ္မီဒီယာမွာ တင္ျခင္းကို ရပ္ဆိုင္းခဲ့ပါတယ္။ ဒါဟာ အီလြန္မက္ခ္ရဲ႕ဆိုရွယ္မီဒီယာကုမၸဏီအတြက္ ႀကီးမားတဲ့ ထိုးႏွက္ခ်က္တစ္ခု ျဖစ္ခဲ့ပါတယ္။
ရပ္ဆိုင္းလိုက္တဲ့ ေၾကာ္ျငာရွင္ေတြထဲမွာ Disney၊ Paramount၊ NBCUniversal၊ Comcast၊ Lionsgate နဲ႔ Warner Bros. Discovery စတဲ့ ကမာၻ႔အႀကီးဆုံး မီဒီယာကုမၸဏီေတြလည္း ပါဝင္ခဲ့ပါတယ္။
ယခင္ Twitter လို႔ လူသိမ်ားတဲ့ X ပလပ္ေဖာင္းမွ ေၾကာ္ျငာရွင္ေတြ ႏုတ္ထြက္ျခင္းဟာ အစြန္းေရာက္ ယုံၾကည္မႈေတြကို ေထာက္ခံအားေပးမႈအတြက္ မက္ခ္ကို ဆန႔္က်င္ကန႔္ကြက္မႈမ်ားၾကား ထြက္ေပၚလာျခင္းျဖစ္ပါတယ္။ ၎ဟာ မက္ခ္နဲ႔ X ရဲ႕ CEO လင္ဒါရာကာရီႏိုရဲ႕ လာမယ္ႏွစ္အေစာပိုင္းမွာ အျမတ္အစြန္းပိုမိုရရွိေအာင္ လုပ္ေဆာင္မယ္ဆိုတဲ့ ကတိစကားနဲ႔ ဆန႔္က်င္ဘက္ျဖစ္ေနၿပီး X ရဲ႕အနာဂါတ္အတြက္ စိုးရိမ္စရာျဖစ္ေနပါတယ္။