သီရိလင်္ကာနိုင်ငံက နျူကလီးယား ဓာတ်အားပေးစက်ရုံတွေ တည်ထောင်ဖို့အတွက် ရင်းနှီးမြှုပ်နှံလိုသူများ ရှာဖွေနေ

1319
ရောင်နီ (NP News) - နိုဝင်ဘာ ၁၈
သီရိလင်္ကာနိုင်ငံဟာ ၎င်းရဲ့ စီးပွားရေး ပြန်လည်ဦးမော့လာစေဖို့ နိုင်ငံမှာ နျူကလီးယား ဓာတ် အားပေးစက်ရုံများ တည်ထောင်လိုတဲ့ ရင်းနှီးမြုပ်နှံလိုသူတွေအတွက် EOI ခေါ်ယူနေတယ်လို့ စွမ်းအင်ဝန်ကြီးက သောကြာနေ့(နိုဝင်ဘာလ ၁၇ ရက်) မှာ ပြောကြားခဲ့ပါတယ်။
နိုင်ငံရှိ စွမ်းအင်၏အဓိကအရင်းအမြစ်ဟာ ရေနံ၊ ကျောက်မီးသွေး နဲ့ ရေအားလျှပ်စစ်မှဖြစ်ပြီး အစိုးရဟာ ၂၀၃၀ ခုနှစ်မှာ ပြန်လည်ပြည့်ဖြိုးမြဲအရင်းအမြစ်များမှ လျှပ်စစ်ဓာတ်အား ၇၀ ရာခိုင်နှုန်း ထုတ်လုပ်ဖို့ ရည်မှန်းထားတာကြောင့် နျူကလီးယားစွမ်းအင်ကို ရွေးချယ်မှုတစ်ခုအဖြစ် ရှုမြင်ပါတယ်။
"အစိုးရဟာ ရေရှည် မျိုးဆက်သစ်စီမံကိန်းတွေရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် နျူကလီးယားစွမ်းအင်ကို ဘေးကင်းစွာ အသုံးပြုနိုင်ဖို့ ရည်ရွယ်တယ်"လို့ ကိုလံဘိုရှိ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီမှ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီးနောက် စွမ်းအင်ဝန်ကြီး ကန်ချာနာဝီဂျီစီကီရာက X ဆိုရှယ်မီဒီယာ ပလက်ဖောင်းပေါ်မှာ ပြောကြားခဲ့ပါတယ်။
"နျူကလီးယားဓာတ်အားပေးစက်ရုံတွေနဲ့ ခေတ်မီနည်းပညာတွေ ထူထောင်ဖို့အတွက် EOI တွေကို အစိုးရက တောင်းဆိုလိမ့်မယ်"လို့ ၎င်းက ဆိုပါတယ်။
လူဦးရေ ၂၂ သန်းရှိတဲ့ သီရိလင်္ကာနိုင်ငံဟာ မတ်လက အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ထံမှ ချေးငွေဒေါ်လာ ၂ ဒသမ ၉ ဘီလျံရယူခဲ့ရပြီး ကိုလိုနီနယ်ချဲ့အုပ်ချုပ်မှုအပြီး ၁၉၄၈ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးသော ကြွေးမြီဝန်ထုပ်ဝန်ပိုးနဲ့ စီးပွားရေးအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းနေရတာဖြစ်ပါတယ်။

zawgyi version
သီရိလကၤာႏိုင္ငံက န်ဴကလီးယား ဓာတ္အားေပးစက္႐ုံေတြ တည္ေထာင္ဖို႔အတြက္ ရင္းႏွီးျမႇဳပ္ႏွံလိုသူမ်ား ရွာေဖြေန
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၁၈
သီရိလကၤာႏိုင္ငံဟာ ၎ရဲ႕ စီးပြားေရး ျပန္လည္ဦးေမာ့လာေစဖို႔ ႏိုင္ငံမွာ န်ဴကလီးယား ဓာတ္ အားေပးစက္႐ုံမ်ား တည္ေထာင္လိုတဲ့ ရင္းႏွီးျမဳပ္ႏွံလိုသူေတြအတြက္ EOI ေခၚယူေနတယ္လို႔ စြမ္းအင္ဝန္ႀကီးက ေသာၾကာေန႔(ႏိုဝင္ဘာလ ၁၇ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။
ႏိုင္ငံရွိ စြမ္းအင္၏အဓိကအရင္းအျမစ္ဟာ ေရနံ၊ ေက်ာက္မီးေသြး နဲ႔ ေရအားလွ်ပ္စစ္မွျဖစ္ၿပီး အစိုးရဟာ ၂၀၃၀ ခုႏွစ္မွာ ျပန္လည္ျပည့္ၿဖိဳးၿမဲအရင္းအျမစ္မ်ားမွ လွ်ပ္စစ္ဓာတ္အား ၇၀ ရာခိုင္ႏႈန္း ထုတ္လုပ္ဖို႔ ရည္မွန္းထားတာေၾကာင့္ န်ဴကလီးယားစြမ္းအင္ကို ေ႐ြးခ်ယ္မႈတစ္ခုအျဖစ္ ရႈျမင္ပါတယ္။
"အစိုးရဟာ ေရရွည္ မ်ိဳးဆက္သစ္စီမံကိန္းေတြရဲ႕ တစ္စိတ္တစ္ပိုင္းအျဖစ္ န်ဴကလီးယားစြမ္းအင္ကို ေဘးကင္းစြာ အသုံးျပဳႏိုင္ဖို႔ ရည္႐ြယ္တယ္"လို႔ ကိုလံဘိုရွိ ႏိုင္ငံတကာ အႏုျမဴစြမ္းအင္ေအဂ်င္စီမွ တာဝန္ရွိသူေတြနဲ႔ ေတြ႕ဆုံၿပီးေနာက္ စြမ္းအင္ဝန္ႀကီး ကန္ခ်ာနာဝီဂ်ီစီကီရာက X ဆိုရွယ္မီဒီယာ ပလက္ေဖာင္းေပၚမွာ ေျပာၾကားခဲ့ပါတယ္။
"န်ဴကလီးယားဓာတ္အားေပးစက္႐ုံေတြနဲ႔ ေခတ္မီနည္းပညာေတြ ထူေထာင္ဖို႔အတြက္ EOI ေတြကို အစိုးရက ေတာင္းဆိုလိမ့္မယ္"လို႔ ၎က ဆိုပါတယ္။
လူဦးေရ ၂၂ သန္းရွိတဲ့ သီရိလကၤာႏိုင္ငံဟာ မတ္လက အျပည္ျပည္ဆိုင္ရာ ေငြေၾကးရန္ပုံေငြအဖြဲ႕ထံမွ ေခ်းေငြေဒၚလာ ၂ ဒသမ ၉ ဘီလ်ံရယူခဲ့ရၿပီး ကိုလိုနီနယ္ခ်ဲ႕အုပ္ခ်ဳပ္မႈအၿပီး ၁၉၄၈ ခုႏွစ္ေနာက္ပိုင္း အဆိုး႐ြားဆုံးေသာ ေႂကြးၿမီဝန္ထုပ္ဝန္ပိုးနဲ႔ စီးပြားေရးအက်ပ္အတည္းကို ကိုင္တြယ္ေျဖရွင္းေနရတာျဖစ္ပါတယ္။