အစ္စရေးက နျူကလီးယားလက်နက်ပိုင်ဆိုင်ခြင်း ရှိ/မရှိ ဆိုသည့်အချက်ကို ဖြေရှင်းရမည့်အချိန်ရောက်လာပြီဖြစ်ကြောင်း တူရကီသမ္မတပြော

 1502

Pika (NP News) - နိုဝင်ဘာ ၁၉

အစ္စရေးတွင် နျူကလီးယားလက်နက်များ ပိုင်ဆိုင်ခြင်း ရှိ/မရှိ ဆိုသည့်အချက်ကို ဆုံးဖြတ်ရန်အတွက် စုံစမ်း စစ်ဆေးမှုများ လုပ်ဆောင်ရန် နိုင်ငံတကာစစ်ဆေးရေးမှူးများကို တောင်းဆိုသွားမည်ဖြစ်ကြောင်း တူရကီသမ္မတ အာဒိုဂန်က ထုတ်ဖော်ပြောခဲ့သည်။

ထို့အပြင် အစ္စရေးသည် ၁၉၆၈ နျူကလီးယားလက်နက်မပြန့်ပွားရေး သဘောတူစာချုပ်တွင် ပါဝင်ခြင်း မရှိသည့် နိုင်ငံအနည်းငယ်ထဲမှ တစ်နိုင်ငံဖြစ်ကြောင်း အာဒိုဂန်က မှတ်ချက်ပြုပြောခဲ့သည်။ အစ္စရေးတွင် နျူကလီးယား လက်နက်များ ပိုင်ဆိုင်ခြင်း ရှိ/မရှိ စုံစမ်းစစ်ဆေးရန်အတွက် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ IAEA ကို တောင်းဆိုသွားမည်ဖြစ်ကြောင်း အာဒိုဂန်က ပြောခဲ့သည်။

အာဒိုဂန်က "ဒေသအတွင်းမှာ မဟာဗျူဟာမြောက် အကျိုးစီးပွားကို ဟန်ချက်ညီအောင် ဆက်လက်ထိန်းသိမ်းဖို့ အတွက် ဒီကိစ္စကို ရှေ့ဆက်လုပ်ဆောင်သွားဖို့က အလွန်အရေးကြီးပါတယ်။ အစ္စရေးကို ကျွန်တော်တို့ ဆက်လက် ဖိအားပေးသွားမှာပါ။ အစ္စရေးရဲ့နျူကလီးယားလက်နက်တွေကို စစ်ဆေးမှုတွေ လုပ်ဆောင်သွားမှာပါ။ ဒီလုပ်ဆောင်မှုတွေကနေတစ်ဆင့် ဆက်လက်လိုက်နာသွားမှာပါ။ ဒီကိစ္စကို လျစ်လျူမရှုကြဖို့ နိုင်ငံတကာအသိုင်း အဝိုင်းကိုလည်း တောင်းဆိုထားပါတယ်" ဟု ပြောခဲ့သည်။

အစ္စရေးအစိုးရသည် လျှို့ဝှက်နျူကလီးယားအစီအစဉ်များကို ထိန်းသိမ်းထားကြောင်း ကျွမ်းကျင်သူများက ယုံကြည်နေသော်လည်း အစ္စရေးနိုင်ငံသည် နျူကလီးယားလက်နက် ပိုင်ဆိုင်ခြင်း ရှိ/မရှိ ဆိုသည့်အချက်ကို အတည်ပြုခြင်း (သို့မဟုတ်) ငြင်းဆိုခြင်းများမရှိကြောင်းလည်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက အစ္စရေး၏ ရှေးဟောင်းယဥ်ကျေးမှုအမွေအနှစ်ဝန်ကြီး Amihai Eliyahu သည် ဂါဇာ ကမ်းမြောင်ဒေသကို နျူကလီးယားဗုံးကြဲချတိုက်ခိုက်ရန် အကြံပြုခဲ့ပြီး အဆိုပါအကြံကို ကမ္ဘာတစ်ဝန်းရှိ မွတ်စလင်များက စိတ်ဆိုးဒေါသဖြစ်ခဲ့ကြောင်းလည်း သိရသည်။

အဆိုပါအကြံပြုချက်ထွက်ပေါ်လာပြီးနောက် အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုသည် Amihai Eliyahu ကို ရာထူးမှ ဆိုင်းငံ့ခဲ့ကြောင်းလည်း သိရသည်။ အာဒိုဂန်သည် ဂါဇာကမ်းမြောင်ဒေသအပေါ် စစ်ဆင်ရေးများ လုပ်ဆောင်နေ သော အစ္စရေးနိုင်ငံကို အကြမ်းဖက်နိုင်ငံအဖြစ် ပြောဆိုခဲ့ပြီး အစ္စရေးစစ်တပ်သည် စစ်ရာဇဝတ်မှုများကို ကျူးလွန် နေခြင်းဖြစ်ကြောင်းလည်း ဝေဖန်ပြောခဲ့သည်။

တူရကီသမ္မတအာဒိုဂန်သည် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ကို ဟားမက်ကို ထောက်ခံသူဖြစ်ကြောင်း အစ္စရေး ဝန်ကြီးချုပ်နေတန်ရာဟုက ပြန်လည်တုံ့ပြန်ပြောခဲ့သည်။ ဟားမက်လက်နက်ကိုင်အဖွဲ့သည် အောက်တိုဘာ လ(၇)ရက်တွင် အစ္စရေးကို ဒုံးကျည်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အစ္စရေးဘက်မှ လူ(၁၄ဝဝ)ကျော် သေဆုံးခဲ့ကြောင်း သိရသည်။ ထို့နောက် အစ္စရေးဘက်မှ လက်တုံ့ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ ဂါဇာ ကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းနိုင်ငံသား အနည်းဆုံး(၁၂ဝဝဝ)ကျော် သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

Zawgyi Version;
အစၥေရးက န်ဴကလီးယားလက္နက္ပိုင္ဆိုင္ျခင္း ရွိ/မရွိ ဆိုသည့္အခ်က္ကို ေျဖရွင္းရမည့္အခ်ိန္ေရာက္လာၿပီျဖစ္ေၾကာင္း တူရကီသမၼတေျပာ
Pika (NP News) - ႏိုဝင္ဘာ ၁၉

အစၥေရးတြင္ န်ဴကလီးယားလက္နက္မ်ား ပိုင္ဆိုင္ျခင္း ရွိ/မရွိ ဆိုသည့္အခ်က္ကို ဆုံးျဖတ္ရန္အတြက္ စုံစမ္း စစ္ေဆးမႈမ်ား လုပ္ေဆာင္ရန္ ႏိုင္ငံတကာစစ္ေဆးေရးမႉးမ်ားကို ေတာင္းဆိုသြားမည္ျဖစ္ေၾကာင္း တူရကီသမၼတ အာဒိုဂန္က ထုတ္ေဖာ္ေျပာခဲ့သည္။

ထို႔အျပင္ အစၥေရးသည္ ၁၉၆၈ န်ဴကလီးယားလက္နက္မျပန႔္ပြားေရး သေဘာတူစာခ်ဳပ္တြင္ ပါဝင္ျခင္း မရွိသည့္ ႏိုင္ငံအနည္းငယ္ထဲမွ တစ္ႏိုင္ငံျဖစ္ေၾကာင္း အာဒိုဂန္က မွတ္ခ်က္ျပဳေျပာခဲ့သည္။ အစၥေရးတြင္ န်ဴကလီးယား လက္နက္မ်ား ပိုင္ဆိုင္ျခင္း ရွိ/မရွိ စုံစမ္းစစ္ေဆးရန္အတြက္ ႏိုင္ငံတကာအဏုျမဴစြမ္းအင္ေအဂ်င္စီ IAEA ကို ေတာင္းဆိုသြားမည္ျဖစ္ေၾကာင္း အာဒိုဂန္က ေျပာခဲ့သည္။

အာဒိုဂန္က "ေဒသအတြင္းမွာ မဟာဗ်ဴဟာေျမာက္ အက်ိဳးစီးပြားကို ဟန္ခ်က္ညီေအာင္ ဆက္လက္ထိန္းသိမ္းဖို႔ အတြက္ ဒီကိစၥကို ေရွ႕ဆက္လုပ္ေဆာင္သြားဖို႔က အလြန္အေရးႀကီးပါတယ္။ အစၥေရးကို ကြၽန္ေတာ္တို႔ ဆက္လက္ ဖိအားေပးသြားမွာပါ။ အစၥေရးရဲ႕န်ဴကလီးယားလက္နက္ေတြကို စစ္ေဆးမႈေတြ လုပ္ေဆာင္သြားမွာပါ။ ဒီလုပ္ေဆာင္မႈေတြကေနတစ္ဆင့္ ဆက္လက္လိုက္နာသြားမွာပါ။ ဒီကိစၥကို လ်စ္လ်ဴမရႈၾကဖို႔ ႏိုင္ငံတကာအသိုင္း အဝိုင္းကိုလည္း ေတာင္းဆိုထားပါတယ္" ဟု ေျပာခဲ့သည္။

အစၥေရးအစိုးရသည္ လွ်ိဳ႕ဝွက္န်ဴကလီးယားအစီအစဥ္မ်ားကို ထိန္းသိမ္းထားေၾကာင္း ကြၽမ္းက်င္သူမ်ားက ယုံၾကည္ေနေသာ္လည္း အစၥေရးႏိုင္ငံသည္ န်ဴကလီးယားလက္နက္ ပိုင္ဆိုင္ျခင္း ရွိ/မရွိ ဆိုသည့္အခ်က္ကို အတည္ျပဳျခင္း (သို႔မဟုတ္) ျငင္းဆိုျခင္းမ်ားမရွိေၾကာင္းလည္း သိရသည္။

ၿပီးခဲ့သည့္ရက္ပိုင္းက အစၥေရး၏ ေရွးေဟာင္းယဥ္ေက်းမႈအေမြအႏွစ္ဝန္ႀကီး Amihai Eliyahu သည္ ဂါဇာ ကမ္းေျမာင္ေဒသကို န်ဴကလီးယားဗုံးႀကဲခ်တိုက္ခိုက္ရန္ အႀကံျပဳခဲ့ၿပီး အဆိုပါအႀကံကို ကမာၻတစ္ဝန္းရွိ မြတ္စလင္မ်ားက စိတ္ဆိုးေဒါသျဖစ္ခဲ့ေၾကာင္းလည္း သိရသည္။

အဆိုပါအႀကံျပဳခ်က္ထြက္ေပၚလာၿပီးေနာက္ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုသည္ Amihai Eliyahu ကို ရာထူးမွ ဆိုင္းငံ့ခဲ့ေၾကာင္းလည္း သိရသည္။ အာဒိုဂန္သည္ ဂါဇာကမ္းေျမာင္ေဒသအေပၚ စစ္ဆင္ေရးမ်ား လုပ္ေဆာင္ေန ေသာ အစၥေရးႏိုင္ငံကို အၾကမ္းဖက္ႏိုင္ငံအျဖစ္ ေျပာဆိုခဲ့ၿပီး အစၥေရးစစ္တပ္သည္ စစ္ရာဇဝတ္မႈမ်ားကို က်ဴးလြန္ ေနျခင္းျဖစ္ေၾကာင္းလည္း ေဝဖန္ေျပာခဲ့သည္။

တူရကီသမၼတအာဒိုဂန္သည္ အၾကမ္းဖက္လက္နက္ကိုင္အဖြဲ႕ကို ဟားမက္ကို ေထာက္ခံသူျဖစ္ေၾကာင္း အစၥေရး ဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ျပန္လည္တုံ႔ျပန္ေျပာခဲ့သည္။ ဟားမက္လက္နက္ကိုင္အဖြဲ႕သည္ ေအာက္တိုဘာ လ(၇)ရက္တြင္ အစၥေရးကို ဒုံးက်ည္မ်ားျဖင့္ စတင္ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီး အစၥေရးဘက္မွ လူ(၁၄ဝဝ)ေက်ာ္ ေသဆုံးခဲ့ေၾကာင္း သိရသည္။ ထို႔ေနာက္ အစၥေရးဘက္မွ လက္တုံ႔ျပန္တိုက္ခိုက္မႈမ်ား လုပ္ေဆာင္ခဲ့ရာ ဂါဇာ ကမ္းေျမာင္ေဒသရွိ ပါလက္စတိုင္းႏိုင္ငံသား အနည္းဆုံး(၁၂ဝဝဝ)ေက်ာ္ ေသဆုံးခဲ့ေၾကာင္း တာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.