တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုများကိုလျှော့ချမည့် နည်းလမ်းများကိုရှာဖွေရန်အတွက် ဖိလစ်ပိုင် နှင့် တရုတ်သမ္မတတို့ တွေ့ဆုံခဲ့

748

Pika (NP News) - နိုဝင်ဘာ ၁၉
ဖိလစ်ပိုင်သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာသည် နိုဝင်ဘာလ(၁၇)ရက်တွင် တရုတ်သမ္မတရှီကျင့်ဖျင်နှင့်တွေ့ဆုံခဲ့ပြီး တောင်တရုတ်ပင်လယ်အတွင်းတင်းမာမှုများကို လျှော့ချရန်နှင့် ဖိလစ်ပိုင်ငါးဖမ်းသမားများ၏ ငါးဖမ်းဧရိယာများ ပြန်လည်ရရှိရေးအတွက် နည်းလမ်းများးကို ရှာဖွေခဲ့ကြောင်း သိရသည်။
ဖာဒီနန်မားကို့စ်ဂျူနီယာက "တရုတ်နဲ့ ဖိလစ်ပိုင်တို့ဟာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့လုပ်ငန်းစဉ် တစ်စိတ်တစ်ပိုင်း အနေနဲ့ ဆက်သွယ်မှုတွေ ဆက်လက်လုပ်ဆောင်နေဖို့ လိုအပ်ပါတယ်။ ပြီးတော့ တောင်တရုတ်ပင်လယ်ကို ဖြတ်ကျော်ပြီး ရေကြောင်းလမ်းနဲ့ လေကြောင်းလမ်းတွေ ထားရှိဖို့လည်း လိုအပ်ပါတယ်။ တောင်တရုတ်ပင်လယ် အတွင်းမှာ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ယန္တရားတွေ ဖန်တီးနိုင်ဖို့ ကျွန်တော်တို့ကြိုးပမ်းနေပါတယ်" ဟု ပြောခဲ့သည်။
ဖာဒီနန်မားကို့စ်ဂျူနီယာသည် ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စ္စကိုမြို့တွင် ကျင်းပသည့် APEC ထိပ်သီး အစည်းအဝေး ခေတ္တအနားယူချိန်အတွင်း သတင်းထောက်များကို ယခုကဲ့သို့ မှတ်ချက်ပေးပြောဆိုခဲ့ခြင်းဖြစ်သည်။
တောင်တရုတ်ပင်လယ်အတွင်း တရုတ် နှင့် ဖိလစ်ပိုင်သင်္ဘောတို့ တိုက်မိမှု အပါအဝင် အခြားဖြစ်ရပ်များနှင့် ပတ်သက်ပြီး စိုးရိမ်မိကြောင်း ဖာဒီနန်မားကို့စ်ဂျူနီယာက ပြောခဲ့သည်။
ထို့အပြင် ဖိလစ်ပိုင်ငါးဖမ်းသမားများ၏ အခက်အခဲများကိုလည်း ၎င်းက ထုတ်ဖော်ပြောဆိုခဲ့ကြောင်း သိရသည်။ ၎င်းက "ဒီရေပြင်ပေါ်မှာ ဖိလစ်ပိုင်နဲ့ တရုတ်ငါးဖမ်းသမားတို့ အတူတူငါးဖမ်းခဲ့ကြတဲ့အခြေအနေတွေကို ပြန်သွားဖို့ ကျွန်တော် တောင်းဆိုချင်ပါတယ်” ဟု ပြောခဲ့သည်။
တရုတ်၏ ကမ်းခြေစောင့်သင်္ဘောနှင့်စစ်သင်္ဘောများသည် ဖိလစ်ပိုင်နိုင်ငံ၏ မိုင်(၂ဝဝ) သီးသန့်စီးပွားရေးဇုန် အပိုင်းများတွင် ငါးဖမ်းခြင်းများကို တားမြစ်ထားကြောင်း ဖိလစ်ပိုင်ငါးဖမ်းသမားများက ပြောခဲ့သည်။
ဖာဒီနန်မားကို့စ်ဂျူနီယာသည် ၂ဝ၂၂ ခုနှစ်တွင် သမ္မတရာထူးကို လွှဲပြောင်းရယူပြီးနောက် တရုတ်၏ပြိုင်ဖက် အမေရိကန်နိုင်ငံနှင့်ဆက်ဆံရေးများကို ပိုမိုမြှင့်တင်ခဲ့ကြောင်းလည်း သိရသည်။ ထို့အပြင် ဖိလစ်ပိုင်အစိုးရသည် ၎င်း၏ စစ်အခြေစိုက်စခန်းများကို အမေရိကန်စစ်တပ်အား ဝင်ရောက်ခွင့်ပေးခဲ့ခြင်းအတွက် တရုတ်အစိုးရက စိတ်ဆိုးဒေါသဖြစ်ခဲ့ကြောင်းလည်း သိရသည်။
တရုတ်အစိုးရသည် ဒုံးကျည်များ နှင့် လေယာဉ်ကွင်းများပါရှိသော လူလုပ်ကျွန်းများကို တည်ဆောက်ခဲ့ပြီးနောက် ဒေသအတွင်း တင်းမာမှုများ ယခုနှစ်အတွင်း ပိုမိုမြင့်တက်လာခဲ့ကြောင်းလည်း သိရသည်။ ဖာဒီနန်မားကို့စ်ဂျူနီယာ က "ဘယ်သူကမှ စစ်ပွဲကို မလိုချင်ကြဘူးလို့ ကျွန်တော်ထင်ပါတယ်" ဟု ပြောခဲ့သည်။

Zawgyi Version;
ေတာင္တ႐ုတ္ပင္လယ္အတြင္း တင္းမာမႈမ်ားကိုေလွ်ာ့ခ်မည့္ နည္းလမ္းမ်ားကိုရွာေဖြရန္အတြက္ ဖိလစ္ပိုင္ ႏွင့္ တ႐ုတ္သမၼတတို႔ ေတြ႕ဆုံခဲ့
Pika (NP News) - ႏိုဝင္ဘာ ၁၉
ဖိလစ္ပိုင္သမၼတဖာဒီနန္မားကို႔စ္ဂ်ဴနီယာသည္ ႏိုဝင္ဘာလ(၁၇)ရက္တြင္ တ႐ုတ္သမၼတရွီက်င့္ဖ်င္ႏွင့္ေတြ႕ဆုံခဲ့ၿပီး ေတာင္တ႐ုတ္ပင္လယ္အတြင္းတင္းမာမႈမ်ားကို ေလွ်ာ့ခ်ရန္ႏွင့္ ဖိလစ္ပိုင္ငါးဖမ္းသမားမ်ား၏ ငါးဖမ္းဧရိယာမ်ား ျပန္လည္ရရွိေရးအတြက္ နည္းလမ္းမ်ားးကို ရွာေဖြခဲ့ေၾကာင္း သိရသည္။
ဖာဒီနန္မားကို႔စ္ဂ်ဴနီယာက "တ႐ုတ္နဲ႔ ဖိလစ္ပိုင္တို႔ဟာ ၿငိမ္းခ်မ္းေရးကို ထိန္းသိမ္းဖို႔လုပ္ငန္းစဥ္ တစ္စိတ္တစ္ပိုင္း အေနနဲ႔ ဆက္သြယ္မႈေတြ ဆက္လက္လုပ္ေဆာင္ေနဖို႔ လိုအပ္ပါတယ္။ ၿပီးေတာ့ ေတာင္တ႐ုတ္ပင္လယ္ကို ျဖတ္ေက်ာ္ၿပီး ေရေၾကာင္းလမ္းနဲ႔ ေလေၾကာင္းလမ္းေတြ ထားရွိဖို႔လည္း လိုအပ္ပါတယ္။ ေတာင္တ႐ုတ္ပင္လယ္ အတြင္းမွာ တင္းမာမႈေတြကို ေလွ်ာ့ခ်ဖို႔အတြက္ ယႏၲရားေတြ ဖန္တီးႏိုင္ဖို႔ ကြၽန္ေတာ္တို႔ႀကိဳးပမ္းေနပါတယ္" ဟု ေျပာခဲ့သည္။
ဖာဒီနန္မားကို႔စ္ဂ်ဴနီယာသည္ ကယ္လီဖိုးနီးယားျပည္နယ္ ဆန္ဖရန္စၥကိုၿမိဳ႕တြင္ က်င္းပသည့္ APEC ထိပ္သီး အစည္းအေဝး ေခတၱအနားယူခ်ိန္အတြင္း သတင္းေထာက္မ်ားကို ယခုကဲ့သို႔ မွတ္ခ်က္ေပးေျပာဆိုခဲ့ျခင္းျဖစ္သည္။
ေတာင္တ႐ုတ္ပင္လယ္အတြင္း တ႐ုတ္ ႏွင့္ ဖိလစ္ပိုင္သေဘၤာတို႔ တိုက္မိမႈ အပါအဝင္ အျခားျဖစ္ရပ္မ်ားႏွင့္ ပတ္သက္ၿပီး စိုးရိမ္မိေၾကာင္း ဖာဒီနန္မားကို႔စ္ဂ်ဴနီယာက ေျပာခဲ့သည္။
ထို႔အျပင္ ဖိလစ္ပိုင္ငါးဖမ္းသမားမ်ား၏ အခက္အခဲမ်ားကိုလည္း ၎က ထုတ္ေဖာ္ေျပာဆိုခဲ့ေၾကာင္း သိရသည္။ ၎က "ဒီေရျပင္ေပၚမွာ ဖိလစ္ပိုင္နဲ႔ တ႐ုတ္ငါးဖမ္းသမားတို႔ အတူတူငါးဖမ္းခဲ့ၾကတဲ့အေျခအေနေတြကို ျပန္သြားဖို႔ ကြၽန္ေတာ္ ေတာင္းဆိုခ်င္ပါတယ္” ဟု ေျပာခဲ့သည္။
တ႐ုတ္၏ ကမ္းေျခေစာင့္သေဘၤာႏွင့္စစ္သေဘၤာမ်ားသည္ ဖိလစ္ပိုင္ႏိုင္ငံ၏ မိုင္(၂ဝဝ) သီးသန႔္စီးပြားေရးဇုန္ အပိုင္းမ်ားတြင္ ငါးဖမ္းျခင္းမ်ားကို တားျမစ္ထားေၾကာင္း ဖိလစ္ပိုင္ငါးဖမ္းသမားမ်ားက ေျပာခဲ့သည္။
ဖာဒီနန္မားကို႔စ္ဂ်ဴနီယာသည္ ၂ဝ၂၂ ခုႏွစ္တြင္ သမၼတရာထူးကို လႊဲေျပာင္းရယူၿပီးေနာက္ တ႐ုတ္၏ၿပိဳင္ဖက္ အေမရိကန္ႏိုင္ငံႏွင့္ဆက္ဆံေရးမ်ားကို ပိုမိုျမႇင့္တင္ခဲ့ေၾကာင္းလည္း သိရသည္။ ထို႔အျပင္ ဖိလစ္ပိုင္အစိုးရသည္ ၎၏ စစ္အေျခစိုက္စခန္းမ်ားကို အေမရိကန္စစ္တပ္အား ဝင္ေရာက္ခြင့္ေပးခဲ့ျခင္းအတြက္ တ႐ုတ္အစိုးရက စိတ္ဆိုးေဒါသျဖစ္ခဲ့ေၾကာင္းလည္း သိရသည္။
တ႐ုတ္အစိုးရသည္ ဒုံးက်ည္မ်ား ႏွင့္ ေလယာဥ္ကြင္းမ်ားပါရွိေသာ လူလုပ္ကြၽန္းမ်ားကို တည္ေဆာက္ခဲ့ၿပီးေနာက္ ေဒသအတြင္း တင္းမာမႈမ်ား ယခုႏွစ္အတြင္း ပိုမိုျမင့္တက္လာခဲ့ေၾကာင္းလည္း သိရသည္။ ဖာဒီနန္မားကို႔စ္ဂ်ဴနီယာ က "ဘယ္သူကမွ စစ္ပြဲကို မလိုခ်င္ၾကဘူးလို႔ ကြၽန္ေတာ္ထင္ပါတယ္" ဟု ေျပာခဲ့သည္။