ရွှေကျင်နိကာယဥပဥက္ကဋ္ဌမဟာနာယက စည်ရှင်နာယကဆရာတော် ဘဝနတ်ထံ ပျံလွန်တော်မူ

1523

စော (NP News) - နိုဝင်ဘာ ၁၉
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ ရွှေကျင်နိကာယဥပဥက္ကဋ္ဌမဟာနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ နိုင်ငံတော်ဩဝါဒါစရိယ၊ မဟာဝိသုဒ္ဓါရုံတိုက်သစ် မဟာနာယက စည်ရှင်ဆရာတော်ကြီး ဘဒ္ဒန္တအဂ္ဂဉာနာဘိဝံသ သည် ယနေ့ နိုဝင်ဘာ ၁၉ ရက်၊ နံနက်ပိုင်းတွင် ဘဝနတ်ထံ ပျံလွန်တော်မူသွားကြောင်း သိရသည်။
စည်ရှင်ဆရာတော်ကြီးသည် ယနေ့(နိုဝင်ဘာ ၁၉ ရက်)၊ နံနက် (၉)နာရီ (၃၃)မိနစ်အချိန်တွင် ဘဝနတ်ထံ ပျံလွန် တော်မူခဲ့ကြောင်း ရွှေကျင်နိကာယဗဟိုဌာန မဟာဝိသုဒ္ဓါရုံတိုက်သစ်၏ လူမှုကွန်ယက် စာမျက်နှာပေါ်မှတစ်ဆင့် ကြေညာထားခြင်းဖြစ်သည်။
“မန္တလေးကျောင်းမှာပဲ ပျံလွန်တော်မူတာပါ။ ရိုးရိုး (၉၆)ပါး ရောဂါပေါ့။ သက်ကြီးရောဂါပေါ့ (၈၅)နှစ်ဆိုတော့ ။ ပြီးရင် သူတို့ဘာသာ လိုင်းပေါ်ကနေ အသိပေးလိမ့်မယ်။ ဘယ်နေ့ဈာပနလုပ်မယ် ။ ဘယ်နှစ်ရက်ထားမယ်ဆို တာကို လိုင်းပေါ်က အသိပေးလိမ့်မယ်” ဟု စည်ရှင်ကျောင်းတိုက်မှ ဆရာတော်ကြီးတစ်ပါးက NP News ကို မိန့်ကြားသည်။
စည်ရှင်ဆရာတော်ကြီးသည် ပျံလွန်တော်မူချိန်၌ သက်တော်သည် (၈၅)နှစ်ဖြစ်ပြီး ဝါတော် (၆၆)နှစ်ဖြစ်ကြောင်း သိရသည်။
ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပနအခမ်းအနားနှင့်ပတ်သက်၍ ကျင်းပမည့်ရက်ကို ထုတ်ပြန်ကြေညာပေးသွား မည်ဖြစ်ကြောင်း သိရသည်။
စည်ရှင်ဆရာတော်ကြီးသည် ဝီသတိမအကြိမ် (အကြိမ် ၂ဝ မြောက်)ကျင်းပသည့် ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ သံဃာ့အစည်းအဝေးပွဲတွင် တွဲဖက် ရွှေကျင်သာသနာပိုင်အဖြစ် ခန့်အပ်တင်မြှောက်ခံခဲ့ရကြောင်း သိရသည်။
ထို့ပြင် စည်ရှင်ဆရာတော်ကြီးသည် (၂ဝ၂ဝ) ပြည်နှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆပ်ကပ်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနား၌ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ခံခဲ့ရကြောင်း သိရသည်။

Zawgyi Version;
ေ႐ႊက်င္နိကာယဥပဥကၠ႒မဟာနာယက စည္ရွင္နာယကဆရာေတာ္ ဘဝနတ္ထံ ပ်ံလြန္ေတာ္မူ
ေစာ (NP News) - ႏိုဝင္ဘာ ၁၉
မႏၲေလးတိုင္း၊ မဟာေအာင္ေျမၿမိဳ႕နယ္ရွိ ေ႐ႊက်င္နိကာယဥပဥကၠ႒မဟာနာယက၊ အဘိဓဇမဟာရ႒ဂု႐ု၊ ႏိုင္ငံေတာ္ဩဝါဒါစရိယ၊ မဟာဝိသုဒၶါ႐ုံတိုက္သစ္ မဟာနာယက စည္ရွင္ဆရာေတာ္ႀကီး ဘဒၵႏၲအဂၢဉာနာဘိဝံသ သည္ ယေန႔ ႏိုဝင္ဘာ ၁၉ ရက္၊ နံနက္ပိုင္းတြင္ ဘဝနတ္ထံ ပ်ံလြန္ေတာ္မူသြားေၾကာင္း သိရသည္။
စည္ရွင္ဆရာေတာ္ႀကီးသည္ ယေန႔(ႏိုဝင္ဘာ ၁၉ ရက္)၊ နံနက္ (၉)နာရီ (၃၃)မိနစ္အခ်ိန္တြင္ ဘဝနတ္ထံ ပ်ံလြန္ ေတာ္မူခဲ့ေၾကာင္း ေ႐ႊက်င္နိကာယဗဟိုဌာန မဟာဝိသုဒၶါ႐ုံတိုက္သစ္၏ လူမႈကြန္ယက္ စာမ်က္ႏွာေပၚမွတစ္ဆင့္ ေၾကညာထားျခင္းျဖစ္သည္။
“မႏၲေလးေက်ာင္းမွာပဲ ပ်ံလြန္ေတာ္မူတာပါ။ ႐ိုး႐ိုး (၉၆)ပါး ေရာဂါေပါ့။ သက္ႀကီးေရာဂါေပါ့ (၈၅)ႏွစ္ဆိုေတာ့ ။ ၿပီးရင္ သူတို႔ဘာသာ လိုင္းေပၚကေန အသိေပးလိမ့္မယ္။ ဘယ္ေန႔ဈာပနလုပ္မယ္ ။ ဘယ္ႏွစ္ရက္ထားမယ္ဆို တာကို လိုင္းေပၚက အသိေပးလိမ့္မယ္” ဟု စည္ရွင္ေက်ာင္းတိုက္မွ ဆရာေတာ္ႀကီးတစ္ပါးက NP News ကို မိန႔္ၾကားသည္။
စည္ရွင္ဆရာေတာ္ႀကီးသည္ ပ်ံလြန္ေတာ္မူခ်ိန္၌ သက္ေတာ္သည္ (၈၅)ႏွစ္ျဖစ္ၿပီး ဝါေတာ္ (၆၆)ႏွစ္ျဖစ္ေၾကာင္း သိရသည္။
ဆရာေတာ္ႀကီး၏ အႏၲိမအဂၢိဈာပနအခမ္းအနားႏွင့္ပတ္သက္၍ က်င္းပမည့္ရက္ကို ထုတ္ျပန္ေၾကညာေပးသြား မည္ျဖစ္ေၾကာင္း သိရသည္။
စည္ရွင္ဆရာေတာ္ႀကီးသည္ ဝီသတိမအႀကိမ္ (အႀကိမ္ ၂ဝ ေျမာက္)က်င္းပသည့္ ဗုဒၶသာသနာေတာ္လုံးဆိုင္ရာ ေ႐ႊက်င္နိကာယ သံဃာ့အစည္းအေဝးပြဲတြင္ တြဲဖက္ ေ႐ႊက်င္သာသနာပိုင္အျဖစ္ ခန႔္အပ္တင္ေျမႇာက္ခံခဲ့ရေၾကာင္း သိရသည္။
ထို႔ျပင္ စည္ရွင္ဆရာေတာ္ႀကီးသည္ (၂ဝ၂ဝ) ျပည္ႏွစ္တြင္ က်င္းပျပဳလုပ္ခဲ့သည့္ သာသနာေတာ္ဆိုင္ရာ ဘြဲ႕တံဆိပ္ေတာ္မ်ား ဆပ္ကပ္ပူေဇာ္ျခင္း မဟာမဂၤလာအခမ္းအနား၌ အဘိဓဇမဟာရ႒ဂု႐ု ဘြဲ႕တံဆိပ္ေတာ္ ဆက္ကပ္ပူေဇာ္ခံခဲ့ရေၾကာင္း သိရသည္။