တရုတ်စစ်သင်္ဘော၏ ဆိုနာလှိုင်းထုတ်လွှင့်မှုကြောင့် ရေငုပ်သမားများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဩစတြေးလျစစ်ဘက် စွပ်စွဲပြောဆို

 2938

Pika (NP News) - နိုဝင်ဘာ ၁၉

တရုတ်စစ်သင်္ဘောတစ်စင်းသည် ဂျပန်ကမ်းလွန်ပင်လယ်ပြင်တွင် အန္တရာယ်ဖြစ်စေသည့် ပရော်ဖက်ရှင်နယ် မဆန်သောလုပ်ရပ်များကို လုပ်ဆောင်ခဲ့ကြောင်း ဩစတြေးလျစစ်တပ်က စွပ်စွဲပြောခဲ့သည်။ တရုတ်စစ် သင်္ဘောသည် ဩစတြေးလျရေငုပ်သမားများအနီးတွင် အန္တရာယ်ရှိသော ဆိုနာလှိုင်းများကို ထုတ်လွှင့်ခဲ့ကြောင်း ဩစတြေးလျစစ်တပ်က စွပ်စွဲပြောဆိုခဲ့သည်။

ယခုသီတင်းပတ်အစောပိုင်းတွင် ဂျပန်၏သီးသန့်စီးပွားရေးဇုန်အတွင်း ဩစတြေးလျ၏ ဖရီးဂိတ်သင်္ဘော နှင့် တရုတ်စစ်တပ်၏ ဖျက်သင်္ဘောတို့ တွေ့ဆုံခဲ့မှုနှင့်ပတ်သက်ပြီး ဩစတြေးလျအစိုးရက စိုးရိမ်မိကြောင်း ဩစတြေးလျကာကွယ်ရေးဝန်ကြီး Richard Marles က ပြောကြားခဲ့သည်။

Richard Marles က "ရေငုပ်ခြင်း လုပ်ငန်းစဉ်တွေ လုပ်ဆောင်နေတဲ့အချိန်မှာ တရုတ်စစ်တပ်ရဲ့ဖျက်သင်္ဘောဟာ ကျွန်တော်တို့ရဲ့ ဖရီးဂိတ်သင်္ဘောနားကိုချဉ်းကပ်လာခဲ့တာပါ။ပြီးတော့ ဩစတြေးလျရေငုပ်သမားတွေကို အန္တရာယ်ဖြစ်စေတဲ့ ဆိုနာလှိုင်းတွေကို ထုတ်လွှင်ခဲ့တာကို ကျွန်တော်တို့တွေ့ရှိခဲ့ပါတယ်။ ရေငုပ်ခြင်းလုပ်ငန်းစဉ် လုပ်နေတဲ့ ဩစတြေးလျရေငုပ်သမားတွေဟာ အဲဒီဆိုနာလှိုင်းတွေကြောင့် ရေမျက်နှာပြင်ပေါ်ကို ပြန်တက်လာခဲ့ရ ပါတယ်" ဟု ပြောခဲ့သည်။

တရုတ်၏ ဖျက်သင်္ဘောမှ ဆိုနာလှိုင်းများထုတ်လွှင့်မှုကြောင့် ဩစတြေးလျရေငုပ်သမားများတွင် ထိခိုက်ဒဏ်ရာ များရရှိခဲ့ကြောင်း Richard Marles က ပြောခဲ့သည်။ ပြီးခဲ့သည့်နှစ်တွင် တရုတ်စစ်သင်္ဘောတစ်စင်းသည် ဩစတြေးလျနိုင်ငံမြောက်ပိုင်းတွင် လည်ပတ်နေသော ဩစတြေးလျ၏ ထောက်လှမ်းရေးလေယာဉ်တစ်စင်းကို အားပြင်းသော လေဆာရောင်ခြည်ဖြင့် ထိုးရန် ညွှန်ကြားခဲ့ကြောင်း ဩစတြေးလျအစိုးရက စွပ်စွဲပြောခဲ့သည်။

သို့သော်လည်း ဩစတြေးလျအစိုးရ၏ ပြောဆိုချက်များမှာ မမှန်ကန်ကြောင်းနှင့် တရုတ်စစ်သင်္ဘောသည် နိုင်ငံတကာဥပဒေကို လိုက်နာခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက နောက်ပိုင်းတွင် ပြန်လည်တုံ့ပြန်ပြောခဲ့သည်။

Zawgyi Version;
တ႐ုတ္စစ္သေဘၤာ၏ ဆိုနာလႈိင္းထုတ္လႊင့္မႈေၾကာင့္ ေရငုပ္သမားမ်ား ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ဩစေၾတးလ် စစ္ဘက္ စြပ္စြဲေျပာဆို
Pika (NP News) - ႏိုဝင္ဘာ ၁၉

တ႐ုတ္စစ္သေဘၤာတစ္စင္းသည္ ဂ်ပန္ကမ္းလြန္ပင္လယ္ျပင္တြင္ အႏၲရာယ္ျဖစ္ေစသည့္ ပေရာ္ဖက္ရွင္နယ္ မဆန္ေသာလုပ္ရပ္မ်ားကို လုပ္ေဆာင္ခဲ့ေၾကာင္း ဩစေၾတးလ်စစ္တပ္က စြပ္စြဲေျပာခဲ့သည္။ တ႐ုတ္စစ္ သေဘၤာသည္ ဩစေၾတးလ်ေရငုပ္သမားမ်ားအနီးတြင္ အႏၲရာယ္ရွိေသာ ဆိုနာလႈိင္းမ်ားကို ထုတ္လႊင့္ခဲ့ေၾကာင္း ဩစေၾတးလ်စစ္တပ္က စြပ္စြဲေျပာဆိုခဲ့သည္။

ယခုသီတင္းပတ္အေစာပိုင္းတြင္ ဂ်ပန္၏သီးသန႔္စီးပြားေရးဇုန္အတြင္း ဩစေၾတးလ်၏ ဖရီးဂိတ္သေဘၤာ ႏွင့္ တ႐ုတ္စစ္တပ္၏ ဖ်က္သေဘၤာတို႔ ေတြ႕ဆုံခဲ့မႈႏွင့္ပတ္သက္ၿပီး ဩစေၾတးလ်အစိုးရက စိုးရိမ္မိေၾကာင္း ဩစေၾတးလ်ကာကြယ္ေရးဝန္ႀကီး Richard Marles က ေျပာၾကားခဲ့သည္။

Richard Marles က "ေရငုပ္ျခင္း လုပ္ငန္းစဥ္ေတြ လုပ္ေဆာင္ေနတဲ့အခ်ိန္မွာ တ႐ုတ္စစ္တပ္ရဲ႕ဖ်က္သေဘၤာဟာ ကြၽန္ေတာ္တို႔ရဲ႕ ဖရီးဂိတ္သေဘၤာနားကိုခ်ဥ္းကပ္လာခဲ့တာပါ။ၿပီးေတာ့ ဩစေၾတးလ်ေရငုပ္သမားေတြကို အႏၲရာယ္ျဖစ္ေစတဲ့ ဆိုနာလႈိင္းေတြကို ထုတ္လႊင္ခဲ့တာကို ကြၽန္ေတာ္တို႔ေတြ႕ရွိခဲ့ပါတယ္။ ေရငုပ္ျခင္းလုပ္ငန္းစဥ္ လုပ္ေနတဲ့ ဩစေၾတးလ်ေရငုပ္သမားေတြဟာ အဲဒီဆိုနာလႈိင္းေတြေၾကာင့္ ေရမ်က္ႏွာျပင္ေပၚကို ျပန္တက္လာခဲ့ရ ပါတယ္" ဟု ေျပာခဲ့သည္။

တ႐ုတ္၏ ဖ်က္သေဘၤာမွ ဆိုနာလႈိင္းမ်ားထုတ္လႊင့္မႈေၾကာင့္ ဩစေၾတးလ်ေရငုပ္သမားမ်ားတြင္ ထိခိုက္ဒဏ္ရာ မ်ားရရွိခဲ့ေၾကာင္း Richard Marles က ေျပာခဲ့သည္။ ၿပီးခဲ့သည့္ႏွစ္တြင္ တ႐ုတ္စစ္သေဘၤာတစ္စင္းသည္ ဩစေၾတးလ်ႏိုင္ငံေျမာက္ပိုင္းတြင္ လည္ပတ္ေနေသာ ဩစေၾတးလ်၏ ေထာက္လွမ္းေရးေလယာဥ္တစ္စင္းကို အားျပင္းေသာ ေလဆာေရာင္ျခည္ျဖင့္ ထိုးရန္ ၫႊန္ၾကားခဲ့ေၾကာင္း ဩစေၾတးလ်အစိုးရက စြပ္စြဲေျပာခဲ့သည္။

သို႔ေသာ္လည္း ဩစေၾတးလ်အစိုးရ၏ ေျပာဆိုခ်က္မ်ားမွာ မမွန္ကန္ေၾကာင္းႏွင့္ တ႐ုတ္စစ္သေဘၤာသည္ ႏိုင္ငံတကာဥပေဒကို လိုက္နာခဲ့ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေနာက္ပိုင္းတြင္ ျပန္လည္တုံ႔ျပန္ေျပာခဲ့သည္။

Related news

© 2021. All rights reserved.