တရုတ်နိုင်ငံက ရုရှား၊ မြောက်ကိုရီးယားတို့နှင့် သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှုမှ အကျိုးအမြတ်များရရှိမည်မဟုတ်ကြောင်း တောင်ကိုရီးယားသမ္မတ ထုတ်ဖော်ပြော

 551

Pika (NP News) - နိုဝင်ဘာ ၂ဝ

တရုတ်၊ ရုရှား နှင့် မြောက်ကိုရီးယားတို့သည် ကွဲပြားခြားနားသောအကျိုးစီးပွားများရှိသောကြောင့် တရုတ်နိုင်ငံ သည် ၎င်းတို့၏ သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှုမှ အကျိုးအမြတ်များရရှိမည်မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ ယွန်ဆက်ယိုလ်က ထုတ်ဖော်ပြောခဲ့သည်။

ထို့အပြင် တရုတ်နိုင်ငံသည် အရှေ့အာရှတွင် လွတ်လပ်မှု၊ငြိမ်းချမ်းမှုနှင့် သာယာဝပြောရေးတို့ကို မြှင့်တင်ရန် အတွက် အရေးကြီးသောအခန်းကဏ္ဍတွင် ပါဝင်ကြောင်း ယွန်ဆက်ယိုလ်ကပြောဆိုခဲ့သည်။ တောင်ကိုရီးယား သမ္မတယွန်ဆက်ယိုလ်သည် လန်ဒန်မြို့သို့သွားရောက်လည်ပတ်ခြင်းမပြုမီ ယခုကဲ့သို့ မှတ်ချက်ပြုပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယွန်ဆက်ယိုလ် က "တရုတ်အစိုးရဟာ ကုလသမဂ္ဂကြေညာစာတမ်းနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့ရဲ့ဆုံးဖြတ် ချက်တွေကိုချိုးဖောက်ခဲ့တဲ့ မြောက်ကိုရီးယား၊ ရုရှားတို့နဲ့ သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှုကို အကောင်အထည်ဖော် ဖို့ ထည့်သွင်းစဉ်းစားနိုင်ဖွယ်ရှိနေပါတယ်" ဟု ပြောခဲ့သည်။

ထို့အပြင် မြောက်ကိုရီးယား နှင့် ရုရှားတို့ကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်ပြီး စိုးရိမ်မိကြောင်း ယွန်ဆက်ယိုလ်က ထုတ်ဖော်ပြောခဲ့သည်။ တရုတ်၊ ရုရှား နှင့် မြောက်ကိုရီးယားတို့၏ ပူးပေါင်းဆောင်ရွက်မှုမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ချိုးဖောက်နေခြင်းဖြစ်ပြီး ကိုရီးယားကျွန်းဆွယ်တွင်သာမက အရှေ့မြောက်အာရှနှင့် ဥရောပတို့၏ ငြိမ်းချမ်းရေးကိုခြိမ်းခြောက်နေသည့် ရန်စသည့်လုပ်ရပ်တစ်ခုဖြစ်ကြောင်း ယွန်ဆက်ယိုလ်က မှတ်ချက်ပြု ပြောဆိုခဲ့သည်၊၊

အဆိုပါပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်ပြီး လက်တုံ့ပြန်မှုများလုပ်ဆောင်ရန် အမေရိကန်၊ တောင်ကိုရီးယား နှင့် ဂျပန်တို့က ရည်ရွယ်ထားကြောင်းလည်း သိရသည်။ ယွန်ဆက်ယိုလ် က "ရုရှားကို မြောက်ကိုရီးယားက လက်နက်တွေထောက်ပံ့ပေးတာဟာ ယူကရိန်းစစ်ပွဲကို ပိုမိုရှည်ကြာအောင် လုပ်ဆောင်နေတာဖြစ်ပြီး အသေအပျောက်များပြားတာတွေကိုပဲဖြစ်လာစေမှာပါ။ အပြန်အလှန်အနေနဲ့ ရုရှားဟာ မြောက်ကိုရီးယားကို စစ်ရေးနည်းပညာတွေ ပေးအပ်ခဲ့မယ်ဆိုရင် တောင်ကိုရီးယားရဲ့ လုံခြုံရေးနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးတို့ကို ခြိမ်းခြောက်တာတွေဖြစ်လာစေမှာပါ" ဟု ပြောခဲ့သည်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံက ႐ုရွား၊ ေျမာက္ကိုရီးယားတို႔ႏွင့္ သုံးႏိုင္ငံပူးေပါင္းေဆာင္႐ြက္မႈမွ အက်ိဳးအျမတ္မ်ားရရွိမည္မဟုတ္ ေၾကာင္း ေတာင္ကိုရီးယားသမၼတ ထုတ္ေဖာ္ေျပာ
Pika (NP News) - ႏိုဝင္ဘာ ၂ဝ

တ႐ုတ္၊ ႐ုရွား ႏွင့္ ေျမာက္ကိုရီးယားတို႔သည္ ကြဲျပားျခားနားေသာအက်ိဳးစီးပြားမ်ားရွိေသာေၾကာင့္ တ႐ုတ္ႏိုင္ငံ သည္ ၎တို႔၏ သုံးႏိုင္ငံပူးေပါင္းေဆာင္႐ြက္မႈမွ အက်ိဳးအျမတ္မ်ားရရွိမည္မဟုတ္ေၾကာင္း ေတာင္ကိုရီးယား သမၼတ ယြန္ဆက္ယိုလ္က ထုတ္ေဖာ္ေျပာခဲ့သည္။

ထို႔အျပင္ တ႐ုတ္ႏိုင္ငံသည္ အေရွ႕အာရွတြင္ လြတ္လပ္မႈ၊ၿငိမ္းခ်မ္းမႈႏွင့္ သာယာဝေျပာေရးတို႔ကို ျမႇင့္တင္ရန္ အတြက္ အေရးႀကီးေသာအခန္းက႑တြင္ ပါဝင္ေၾကာင္း ယြန္ဆက္ယိုလ္ကေျပာဆိုခဲ့သည္။ ေတာင္ကိုရီးယား သမၼတယြန္ဆက္ယိုလ္သည္ လန္ဒန္ၿမိဳ႕သို႔သြားေရာက္လည္ပတ္ျခင္းမျပဳမီ ယခုကဲ့သို႔ မွတ္ခ်က္ျပဳေျပာဆိုခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ယြန္ဆက္ယိုလ္ က "တ႐ုတ္အစိုးရဟာ ကုလသမဂၢေၾကညာစာတမ္းနဲ႔ ကုလသမဂၢလုံၿခဳံေရးေကာင္စီတို႔ရဲ႕ဆုံးျဖတ္ ခ်က္ေတြကိုခ်ိဳးေဖာက္ခဲ့တဲ့ ေျမာက္ကိုရီးယား၊ ႐ုရွားတို႔နဲ႔ သုံးႏိုင္ငံပူးေပါင္းေဆာင္႐ြက္မႈကို အေကာင္အထည္ေဖာ္ ဖို႔ ထည့္သြင္းစဥ္းစားႏိုင္ဖြယ္ရွိေနပါတယ္" ဟု ေျပာခဲ့သည္။

ထို႔အျပင္ ေျမာက္ကိုရီးယား ႏွင့္ ႐ုရွားတို႔ၾကား စစ္ေရးပူးေပါင္းေဆာင္႐ြက္မႈမ်ားႏွင့္ပတ္သက္ၿပီး စိုးရိမ္မိေၾကာင္း ယြန္ဆက္ယိုလ္က ထုတ္ေဖာ္ေျပာခဲ့သည္။ တ႐ုတ္၊ ႐ုရွား ႏွင့္ ေျမာက္ကိုရီးယားတို႔၏ ပူးေပါင္းေဆာင္႐ြက္မႈမွာ ကုလသမဂၢလုံၿခဳံေရးေကာင္စီ၏ ဆုံးျဖတ္ခ်က္မ်ားကို ခ်ိဳးေဖာက္ေနျခင္းျဖစ္ၿပီး ကိုရီးယားကြၽန္းဆြယ္တြင္သာမက အေရွ႕ေျမာက္အာရွႏွင့္ ဥေရာပတို႔၏ ၿငိမ္းခ်မ္းေရးကိုၿခိမ္းေျခာက္ေနသည့္ ရန္စသည့္လုပ္ရပ္တစ္ခုျဖစ္ေၾကာင္း ယြန္ဆက္ယိုလ္က မွတ္ခ်က္ျပဳ ေျပာဆိုခဲ့သည္၊၊

အဆိုပါပူးေပါင္းေဆာင္႐ြက္မႈမ်ားႏွင့္ပတ္သက္ၿပီး လက္တုံ႔ျပန္မႈမ်ားလုပ္ေဆာင္ရန္ အေမရိကန္၊ ေတာင္ကိုရီးယား ႏွင့္ ဂ်ပန္တို႔က ရည္႐ြယ္ထားေၾကာင္းလည္း သိရသည္။ ယြန္ဆက္ယိုလ္ က "႐ုရွားကို ေျမာက္ကိုရီးယားက လက္နက္ေတြေထာက္ပံ့ေပးတာဟာ ယူကရိန္းစစ္ပြဲကို ပိုမိုရွည္ၾကာေအာင္ လုပ္ေဆာင္ေနတာျဖစ္ၿပီး အေသအေပ်ာက္မ်ားျပားတာေတြကိုပဲျဖစ္လာေစမွာပါ။ အျပန္အလွန္အေနနဲ႔ ႐ုရွားဟာ ေျမာက္ကိုရီးယားကို စစ္ေရးနည္းပညာေတြ ေပးအပ္ခဲ့မယ္ဆိုရင္ ေတာင္ကိုရီးယားရဲ႕ လုံၿခဳံေရးနဲ႔ ေဒသတြင္း ၿငိမ္းခ်မ္းေရးတို႔ကို ၿခိမ္းေျခာက္တာေတြျဖစ္လာေစမွာပါ" ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.