မြန်မာနိုင်ငံတွင် ပိတ်မိနေသော ထိုင်းနိုင်ငံသား(၂၆၆)ဦးကို တရုတ်နယ်စပ်သို့ ဘေးကင်းစွာရွှေ့ပြောင်းနိုင်ခဲ့ကြောင်း ထိုင်းအစိုးရပြော
520
Pika (NP News) - နိုဝင်ဘာ ၂ဝ
မြန်မာနိုင်ငံမြောက်ပိုင်းတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်တပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားမှု ပိုမိုအရှိန်မြင့် လာခြင်းကြောင့် ပိတ်မိနေသော ထိုင်းနိုင်ငံသား(၂ဝဝ)ကျော်ကို တရုတ်နိုင်ငံမှ တစ်ဆင့် ထိုင်းနိုင်ငံသို့ ဘေးကင်းစွာ ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာလ(၁၉)ရက်တွင် ထုတ်ဖော်ပြောခဲ့သည်။
မြန်မာအာဏာပိုင်များ၏ အကူအညီဖြင့် ထိုင်းနိုင်ငံသား(၂၆၆)ဦး၊ ဖိလစ်ပိုင်နိုင်ငံသားများ နှင့် စင်ကာပူနိုင်ငံသား များပါဝင်သော အဖွဲ့တစ်ဖွဲ့ကို ရှမ်းပြည်နယ်မြောက်ပိုင်းလောက်ကိုင်မြို့မှ မြန်မာ-တရုတ်နယ်စပ်သို့ ဘေးကင်းစွာ ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အဆိုပါအဖွဲ့ကို တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပေးမည်ဖြစ်ပြီး ကူမင်းမြို့မှ ဘန်ကောက်မြို့သို့ လေယာဉ် နှစ်စင်းဖြင့် ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။ ထို့နောက် အဆိုပါထိုင်းနိုင်ငံသားအားလုံးကို လူကုန်ကူးမှု နှင့် မှုခင်းမှတ်တမ်း ရှိ/မရှိ စစ်ဆေးသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ဘန်ကောက်မြို့သို့ ပျံသန်းမည့် လေယာဉ်ခရီးစဉ်အချိန်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခဲ့ ခြင်းမျိုးမရှိသော်လည်း အဆိုပါအဖွဲ့သည် နိုဝင်ဘာလ(၁၉)ရက်နေ့တွင် တရုတ်နယ်စပ်သို့သွားရောက်မည် ဖြစ်သည်ဆိုသည့်အချက်ကိုသာ ပြောဆိုခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် ပိတ်မိနေသော ထိုင်းနိုင်ငံသားများထဲမှ အချို့မှာ လူကုန်ကူးခံခဲ့ရခြင်းဖြစ်ပြီး အချို့မှာ အွန်လိုင်းကို အသုံးပြုကာလိမ်လည်နေသည့်ဂိုဏ်းများတွင် ပါဝင်ပတ်သက်နေသူများဖြစ်နိုင်ဖွယ်ရှိကြောင်း ထိုင်းအာဏာပိုင် များက အစောပိုင်းတွင်ပြောကြားခဲ့သည်။ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှသည် အွန်လိုင်းကိုအသုံးပြု ကာ လိမ်လည်နေသော ဂိုဏ်းများနှင့် လူကုန်ကူးမှုများအတွက် အဓိကအချက်အချာကျသည့် နေရာတစ်ခုဖြစ်လာ ကြောင်း ကုလသမဂ္ဂကပြောဆိုခဲ့သည်။
ထို့အပြင် လူသိန်းပေါင်းများစွာသည် ရာဇဝတ်ဂိုဏ်းများ၏ လူကုန်ကူးမှုများကိုခံခဲ့ရပြီး အွန်လိုင်းကိုအသုံးပြုကာ လိမ်လည်နေသော ဂိုဏ်းများနှင့် အခြားတရားမဝင် လုပ်ငန်းများတွင် အတင်းအကျပ်ဖိအားပေး အလုပ်ခိုင်း စေခံခဲ့ရကြောင်း ကုလသမဂ္ဂ၏အဆိုအရ သိရသည်။ ထိုင်းအာဏာပိုင်များနှင့် မြန်မာစစ်တပ်အကြား ညှိနှိုင်း ဆောင်ရွက်ကာ ထိုင်းနိုင်ငံသား(၄၁)ဦးကို ထိုင်းနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် တရုတ်နယ်စပ်သို့ ပြောင်းရွှေ့မှုထွက်ပေါ်လာခြင်းဖြစ်သည်။
Zawgyi Version;
ျမန္မာႏိုင္ငံတြင္ ပိတ္မိေနေသာ ထိုင္းႏိုင္ငံသား(၂၆၆)ဦးကို တ႐ုတ္နယ္စပ္သို႔ ေဘးကင္းစြာေ႐ႊ႕ေျပာင္းႏိုင္ခဲ့ေၾကာင္း ထိုင္းအစိုးရေျပာ
Pika (NP News) - ႏိုဝင္ဘာ ၂ဝ
ျမန္မာႏိုင္ငံေျမာက္ပိုင္းတြင္ ျမန္မာ့တပ္မေတာ္ႏွင့္ လက္နက္ကိုင္တပ္ဖြဲ႕မ်ားၾကား တိုက္ပြဲျဖစ္ပြားမႈ ပိုမိုအရွိန္ျမင့္ လာျခင္းေၾကာင့္ ပိတ္မိေနေသာ ထိုင္းႏိုင္ငံသား(၂ဝဝ)ေက်ာ္ကို တ႐ုတ္ႏိုင္ငံမွ တစ္ဆင့္ ထိုင္းႏိုင္ငံသို႔ ေဘးကင္းစြာ ေ႐ႊ႕ေျပာင္းေပးႏိုင္ခဲ့ေၾကာင္း ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးဌာနက ႏိုဝင္ဘာလ(၁၉)ရက္တြင္ ထုတ္ေဖာ္ေျပာခဲ့သည္။
ျမန္မာအာဏာပိုင္မ်ား၏ အကူအညီျဖင့္ ထိုင္းႏိုင္ငံသား(၂၆၆)ဦး၊ ဖိလစ္ပိုင္ႏိုင္ငံသားမ်ား ႏွင့္ စင္ကာပူႏိုင္ငံသား မ်ားပါဝင္ေသာ အဖြဲ႕တစ္ဖြဲ႕ကို ရွမ္းျပည္နယ္ေျမာက္ပိုင္းေလာက္ကိုင္ၿမိဳ႕မွ ျမန္မာ-တ႐ုတ္နယ္စပ္သို႔ ေဘးကင္းစြာ ေ႐ႊ႕ေျပာင္းေပးႏိုင္ခဲ့ေၾကာင္း ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။
အဆိုပါအဖြဲ႕ကို တ႐ုတ္ႏိုင္ငံအတြင္းသို႔ ဝင္ေရာက္ခြင့္ေပးမည္ျဖစ္ၿပီး ကူမင္းၿမိဳ႕မွ ဘန္ေကာက္ၿမိဳ႕သို႔ ေလယာဥ္ ႏွစ္စင္းျဖင့္ ပို႔ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။ ထို႔ေနာက္ အဆိုပါထိုင္းႏိုင္ငံသားအားလုံးကို လူကုန္ကူးမႈ ႏွင့္ မႈခင္းမွတ္တမ္း ရွိ/မရွိ စစ္ေဆးသြားမည္ျဖစ္ေၾကာင္း ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။
ဘန္ေကာက္ၿမိဳ႕သို႔ ပ်ံသန္းမည့္ ေလယာဥ္ခရီးစဥ္အခ်ိန္ကို ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ေဖာ္ေျပာၾကားခဲ့ ျခင္းမ်ိဳးမရွိေသာ္လည္း အဆိုပါအဖြဲ႕သည္ ႏိုဝင္ဘာလ(၁၉)ရက္ေန႔တြင္ တ႐ုတ္နယ္စပ္သို႔သြားေရာက္မည္ ျဖစ္သည္ဆိုသည့္အခ်က္ကိုသာ ေျပာဆိုခဲ့ေၾကာင္းသိရသည္။
ျမန္မာႏိုင္ငံတြင္ ပိတ္မိေနေသာ ထိုင္းႏိုင္ငံသားမ်ားထဲမွ အခ်ိဳ႕မွာ လူကုန္ကူးခံခဲ့ရျခင္းျဖစ္ၿပီး အခ်ိဳ႕မွာ အြန္လိုင္းကို အသုံးျပဳကာလိမ္လည္ေနသည့္ဂိုဏ္းမ်ားတြင္ ပါဝင္ပတ္သက္ေနသူမ်ားျဖစ္ႏိုင္ဖြယ္ရွိေၾကာင္း ထိုင္းအာဏာပိုင္ မ်ားက အေစာပိုင္းတြင္ေျပာၾကားခဲ့သည္။ ျမန္မာႏိုင္ငံအပါအဝင္ အေရွ႕ေတာင္အာရွသည္ အြန္လိုင္းကိုအသုံးျပဳ ကာ လိမ္လည္ေနေသာ ဂိုဏ္းမ်ားႏွင့္ လူကုန္ကူးမႈမ်ားအတြက္ အဓိကအခ်က္အခ်ာက်သည့္ ေနရာတစ္ခုျဖစ္လာ ေၾကာင္း ကုလသမဂၢကေျပာဆိုခဲ့သည္။
ထို႔အျပင္ လူသိန္းေပါင္းမ်ားစြာသည္ ရာဇဝတ္ဂိုဏ္းမ်ား၏ လူကုန္ကူးမႈမ်ားကိုခံခဲ့ရၿပီး အြန္လိုင္းကိုအသုံးျပဳကာ လိမ္လည္ေနေသာ ဂိုဏ္းမ်ားႏွင့္ အျခားတရားမဝင္ လုပ္ငန္းမ်ားတြင္ အတင္းအက်ပ္ဖိအားေပး အလုပ္ခိုင္း ေစခံခဲ့ရေၾကာင္း ကုလသမဂၢ၏အဆိုအရ သိရသည္။ ထိုင္းအာဏာပိုင္မ်ားႏွင့္ ျမန္မာစစ္တပ္အၾကား ညႇိႏႈိင္း ေဆာင္႐ြက္ကာ ထိုင္းႏိုင္ငံသား(၄၁)ဦးကို ထိုင္းႏိုင္ငံသို႔ ျပန္လည္ပို႔ေဆာင္ခဲ့ၿပီးေနာက္ တစ္ရက္အၾကာတြင္ တ႐ုတ္နယ္စပ္သို႔ ေျပာင္းေ႐ႊ႕မႈထြက္ေပၚလာျခင္းျဖစ္သည္။