ဂါဇာကမ်းမြောင်ဒေသတွင် အရပ်သားသေဆုံးမှု များပြားလာခြင်းကြောင့် အပစ်အခတ်ရပ်စဲရန် အစ္စရေးဝန်ကြီးချုပ်ကို ပြင်သစ်သမ္မတတိုက်တွန်းတောင်းဆို

 293

Pika (NP News) - နိုဝင်ဘာ ၂ဝ

ဂါဇာကမ်းမြောင်ဒေသရှိ ဟားမက်လက်နက်ကိုင်အဖွဲ့အပေါ်လုပ်ဆောင်နေသော အစ္စရေး၏ စစ်ဆင်ရေးများ ကြောင့် အရပ်သားသေဆုံးမှုများပြားနေကြောင်း အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုကို ပြင်သစ်သမ္မတမက်ခရွန်က ပြောခဲ့သည်။

ဟားမက်လက်နက်ကိုင်အဖွဲ့သည် အောက်တိုဘာလ(၇)ရက်တွင် အစ္စရေးကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ပြီး နောက် ဂါဇာကမ်းမြောင်ဒေသရှိ ဟားမက်လက်နက်ကိုင်အဖွဲ့ကို ဖျက်ဆီးပစ်မည်ဖြစ်ကြောင်း အစ္စရေးဖက်က ကတိပြုပြောခဲ့သည်။

ဟားမက်လက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုများအတွင်း အစ္စရေးဖက်ကမှ အနည်းဆုံးလူ(၁၂ဝဝ)ကျော် သေဆုံးခဲ့ပြီး အများစုမှာ အရပ်သားများဖြစ်ကြောင်း သိရသည်။ ထို့အပြင် ဟားမက်လက်နက်ကိုင်အဖွဲ့သည် အစ္စရေးဖက်မှ လူ(၂၄ဝ)ဝန်းကျင်ကို ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း အစ္စရေးတာဝန်ရှိသူများ က ပြောကြားခဲ့သည်။

ထို့နောက် အစ္စရေးဖက်က လေကြောင်းနှင့်မြေပြင်မှ တိုက်ခိုက်မှုများ ပြန်လည်လုပ်ဆောင်ခဲ့ရာ ဂါဇာကမ်းမြောင် ဒေသရှိ ပါလက်စတိုင်းနိုင်ငံသား (၁၃ဝဝဝ)ကျော် သေဆုံးခဲ့ကြောင်း သိရသည်။ သေဆုံးသူများထဲတွင် ကလေးငယ်ထောင်ပေါင်းများစွာ ပါဝင်ပြီး အများစုမှာ အရပ်သားများဖြစ်ကြောင်း ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးဌာနက ဆိုခဲ့သည်။

ပြင်သစ်သမ္မတမက်ခရွန် က "အစ္စရေးစစ်တပ်ဟာ အကြမ်းဖက်သမားတွေကို ပြည်သူတွေနဲ့ ခွဲခြားတတ်ဖို့ လိုအပ်ပါတယ်။ လူသားချင်းစာနာထောက်ထားမှုတွေရှိတဲ့အနေနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချက်ချင်းရရှိဖို့က အရေးကြီးပါတယ်" ဟု ပြောခဲ့သည်။

ထို့အပြင် West Bank နယ်မြေတွင် ပါလက်စတိုင်းပြည်သူများအပေါ် အကြမ်းဖက်မှုများ ပိုမိုတိုးမြင့်လာခြင်းနှင့် ပတ်သက်ပြီး အလွန်စိုးရိမ်မိကြောင်းနှင့် တည်ငြိမ်စွာဖြေရှင်းမှုများလုပ်ဆောင်ရန် အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု ကို ပြင်သစ်သမ္မတမက်ခရွန် က ပြောခဲ့သည်။

စစ်ပွဲစတင်ဖြစ်ပွားပြီးကတည်းက အစ္စရေးတပ်ဖွဲ့ဝင်များနှင့် အခြားအခြေချနေထိုင်သူများသည် West Bank နယ်မြေအတွင်းရှိ ပါလက်စတိုင်းလူမျိုး(၂ဝဝ)ကျော်ကို သတ်ပစ်ခဲ့ကြောင်း Ramallahမြို့ကျန်းမာရေးဝန်ကြီးဌာန၏ ပြောဆိုချက်များအရ သိရသည်။

Zawgyi Version;
ဂါဇာကမ္းေျမာင္ေဒသတြင္ အရပ္သားေသဆုံးမႈ မ်ားျပားလာျခင္းေၾကာင့္ အပစ္အခတ္ရပ္စဲရန္ အစၥေရးဝန္ႀကီးခ်ဳပ္ကို ျပင္သစ္သမၼတတိုက္တြန္းေတာင္းဆို
Pika (NP News) - ႏိုဝင္ဘာ ၂ဝ

ဂါဇာကမ္းေျမာင္ေဒသရွိ ဟားမက္လက္နက္ကိုင္အဖြဲ႕အေပၚလုပ္ေဆာင္ေနေသာ အစၥေရး၏ စစ္ဆင္ေရးမ်ား ေၾကာင့္ အရပ္သားေသဆုံးမႈမ်ားျပားေနေၾကာင္း အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုကို ျပင္သစ္သမၼတမက္ခ႐ြန္က ေျပာခဲ့သည္။

ဟားမက္လက္နက္ကိုင္အဖြဲ႕သည္ ေအာက္တိုဘာလ(၇)ရက္တြင္ အစၥေရးကို ဒုံးက်ည္မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ ၿပီး ေနာက္ ဂါဇာကမ္းေျမာင္ေဒသရွိ ဟားမက္လက္နက္ကိုင္အဖြဲ႕ကို ဖ်က္ဆီးပစ္မည္ျဖစ္ေၾကာင္း အစၥေရးဖက္က ကတိျပဳေျပာခဲ့သည္။

ဟားမက္လက္နက္ကိုင္အဖြဲ႕၏ တိုက္ခိုက္မႈမ်ားအတြင္း အစၥေရးဖက္ကမွ အနည္းဆုံးလူ(၁၂ဝဝ)ေက်ာ္ ေသဆုံးခဲ့ၿပီး အမ်ားစုမွာ အရပ္သားမ်ားျဖစ္ေၾကာင္း သိရသည္။ ထို႔အျပင္ ဟားမက္လက္နက္ကိုင္အဖြဲ႕သည္ အစၥေရးဖက္မွ လူ(၂၄ဝ)ဝန္းက်င္ကို ဓါးစာခံအျဖစ္ ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း အစၥေရးတာဝန္ရွိသူမ်ား က ေျပာၾကားခဲ့သည္။

ထို႔ေနာက္ အစၥေရးဖက္က ေလေၾကာင္းႏွင့္ေျမျပင္မွ တိုက္ခိုက္မႈမ်ား ျပန္လည္လုပ္ေဆာင္ခဲ့ရာ ဂါဇာကမ္းေျမာင္ ေဒသရွိ ပါလက္စတိုင္းႏိုင္ငံသား (၁၃ဝဝဝ)ေက်ာ္ ေသဆုံးခဲ့ေၾကာင္း သိရသည္။ ေသဆုံးသူမ်ားထဲတြင္ ကေလးငယ္ေထာင္ေပါင္းမ်ားစြာ ပါဝင္ၿပီး အမ်ားစုမွာ အရပ္သားမ်ားျဖစ္ေၾကာင္း ပါလက္စတိုင္း က်န္းမာေရး ဝန္ႀကီးဌာနက ဆိုခဲ့သည္။

ျပင္သစ္သမၼတမက္ခ႐ြန္ က "အစၥေရးစစ္တပ္ဟာ အၾကမ္းဖက္သမားေတြကို ျပည္သူေတြနဲ႔ ခြဲျခားတတ္ဖို႔ လိုအပ္ပါတယ္။ လူသားခ်င္းစာနာေထာက္ထားမႈေတြရွိတဲ့အေနနဲ႔ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ကို ခ်က္ခ်င္းရရွိဖို႔က အေရးႀကီးပါတယ္" ဟု ေျပာခဲ့သည္။

ထို႔အျပင္ West Bank နယ္ေျမတြင္ ပါလက္စတိုင္းျပည္သူမ်ားအေပၚ အၾကမ္းဖက္မႈမ်ား ပိုမိုတိုးျမင့္လာျခင္းႏွင့္ ပတ္သက္ၿပီး အလြန္စိုးရိမ္မိေၾကာင္းႏွင့္ တည္ၿငိမ္စြာေျဖရွင္းမႈမ်ားလုပ္ေဆာင္ရန္ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟု ကို ျပင္သစ္သမၼတမက္ခ႐ြန္ က ေျပာခဲ့သည္။

စစ္ပြဲစတင္ျဖစ္ပြားၿပီးကတည္းက အစၥေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ အျခားအေျခခ်ေနထိုင္သူမ်ားသည္ West Bank နယ္ေျမအတြင္းရွိ ပါလက္စတိုင္းလူမ်ိဳး(၂ဝဝ)ေက်ာ္ကို သတ္ပစ္ခဲ့ေၾကာင္း Ramallahၿမိဳ႕က်န္းမာေရးဝန္ႀကီးဌာန၏ ေျပာဆိုခ်က္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.