ပြည်ထောင်စုလမ်းမ တစ်လျှောက်ရှိ ဖျက်ဆီးခံထားရသည့် နေရာ(၁၂)ခုကို ပြင်ဆင်ပြီးဖြစ်၍ ကျောက်မဲမြို့ထိ သွားလာနိုင်ပြီဟု နစက အသိပေး

1595
Pearl (NP News) - နိုဝင်ဘာ ၂၁
ပြင်ဦးလွင် - နောင်ချို - ကျောက်မဲ - လားရှိုး ပြည်ထောင်စုလမ်းမ တစ်လျှောက်ရှိ ဖျက်ဆီးခံထားရသည့် နေရာ(၁၂)ခုကို ပြင်ဆင်ပြီးဖြစ်၍ ကျောက်မဲမြို့ထိသွားလာနိုင်ပြီဟု နစက က ယမန်နေ့ (နိုဝင်ဘာလ ၂၀ ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။

TNLA အဖွဲ့နှင့် PDF များအနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ဌာနဆိုင်ရာ အဆောက်အဦးများ၊ လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း အပါအဝင် အကြမ်းဖက်လုပ်ငန်းများပြုလုပ်လျက်ရှိကြောင်း သိရသည်။
စစ်ရေးပစ်မှတ်မဟုတ်သည့် အများပြည်သူ အသုံးပြုသွားလာလျက်ရှိသော လမ်းများကိုလည်း ကန့်လန်ဖြတ်မြောင်းကြီးများတူး၍ လမ်းအားဖျက်ဆီးခြင်း၊ မြေဆိုင်များဖြင့် ပိတ်ဆို့ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း နစကမှဆိုသည်။
TNLA အဖွဲ့နှင့် PDF များသည် ပြင်ဦးလွင် - နောင်ချို - ကျောက်မဲ - လားရှိုး ပြည်ထောင်စုကားလမ်းမကြီးတစ်လျှောက်ရှိ နောင်ချိုမြို့နယ်၊ ရွှေညောင်ပင်အနီးတွင် (၁) နေရာ၊ လယ်ကျင်းကွေ့ကျေးရွာအနီးတွင် (၁) နေရာ၊ အုမ္မခါးကျေးရွာအနီးတွင် (၁) နေရာ၊ ဂုတ်တွင်းရှုခင်းသာအနီးတွင် (၁) နေရာ၊ နောင်ပစ်လမ်းခွဲတွင် (၁) နေရာ၊ နောင်ပစ်နှင့် နောင်ပိန်းကျေးရွာကြားရှိ (၇) နေရာတို့၌ မြေဖြတ်ကျင်းများတူး၍ လမ်းအားဖြတ်တောက်ပိတ်ဆို့ခဲ့ကြောင်း သိရသည်။
ထို့အတူ အချို့နေရာများတွင် သစ်ပင်ကြီးများအား ခုတ်လှဲပိတ်ဆို့ခြင်း နှင့် မြေကြီးများစုပုံပိတ်ဆို့ခြင်းများ ပြုလုပ်ခဲ့သဖြင့် မော်တော်ယာဉ်များနှင့် ခရီးသွားပြည်သူများသွားလာမှုရပ်တန့်ခဲ့ပြီး ပြည်သူများ၏ အရေးပေါ်ကျန်းမာရေးအခြေအနေများအတွက် သွားလာရန် အခက်အခဲဖြစ်ပေါ်ခဲ့ကြောင်း နစကမှ ဆိုသည်။
အဆိုပါနေရာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် နိုဝင်ဘာလ (၆)ရက်မှစ၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ကာ အတားအဆီးများဖယ်ရှားရှင်းလင်း၍ ပြန်လည်အသုံးပြုသွားလာနိုင်ရန်ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလ(၁၉) ရက်၊ ညပိုင်းတွင် ပိတ်ဆို့ဖျက်ဆီးထားသည့် နေရာ (၁၂)ခုအား ပြန်လည်ဖယ်ရှားရှင်းလင်းပေးနိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ကျောက်မဲမြို့အထိ ပုံမှန်အတိုင်းသွားလာနိုင်ပြီဖြစ်ပြီး ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်ရှိ ကျန်ရှိသည့် နေရာများအား ပုံမှန်အတိုင်း ပြန်လည်အသုံးပြုသွားလာနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထုတ်ပြန်ထားသည်။

zawgyi version
ျပည္ေထာင္စုလမ္းမ တစ္ေလွ်ာက္ရွိ ဖ်က္ဆီးခံထားရသည့္ ေနရာ(၁၂)ခုကို ျပင္ဆင္ၿပီးျဖစ္၍ ေက်ာက္မဲၿမိဳ႕ထိ သြားလာႏိုင္ၿပီဟု နစက အသိေပး
Pearl (NP News) - ႏိုဝင္ဘာ ၂၁
ျပင္ဦးလြင္ - ေနာင္ခ်ိဳ - ေက်ာက္မဲ - လားရႈိး ျပည္ေထာင္စုလမ္းမ တစ္ေလွ်ာက္ရွိ ဖ်က္ဆီးခံထားရသည့္ ေနရာ(၁၂)ခုကို ျပင္ဆင္ၿပီးျဖစ္၍ ေက်ာက္မဲၿမိဳ႕ထိသြားလာႏိုင္ၿပီဟု နစက က ယမန္ေန႔ (ႏိုဝင္ဘာလ ၂၀ ရက္)တြင္ အသိေပးထုတ္ျပန္ထားသည္။
TNLA အဖြဲ႕ႏွင့္ PDF မ်ားအေနျဖင့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)အတြင္း ဌာနဆိုင္ရာ အေဆာက္အဦးမ်ား၊ လမ္း၊ တံတားမ်ားအား မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးျခင္း အပါအဝင္ အၾကမ္းဖက္လုပ္ငန္းမ်ားျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။
စစ္ေရးပစ္မွတ္မဟုတ္သည့္ အမ်ားျပည္သူ အသုံးျပဳသြားလာလ်က္ရွိေသာ လမ္းမ်ားကိုလည္း ကန႔္လန္ျဖတ္ေျမာင္းႀကီးမ်ားတူး၍ လမ္းအားဖ်က္ဆီးျခင္း၊ ေျမဆိုင္မ်ားျဖင့္ ပိတ္ဆို႔ျခင္းမ်ား လုပ္ေဆာင္လ်က္ရွိေၾကာင္း နစကမွဆိုသည္။
TNLA အဖြဲ႕ႏွင့္ PDF မ်ားသည္ ျပင္ဦးလြင္ - ေနာင္ခ်ိဳ - ေက်ာက္မဲ - လားရႈိး ျပည္ေထာင္စုကားလမ္းမႀကီးတစ္ေလွ်ာက္ရွိ ေနာင္ခ်ိဳၿမိဳ႕နယ္၊ ေ႐ႊေညာင္ပင္အနီးတြင္ (၁) ေနရာ၊ လယ္က်င္းေကြ႕ေက်း႐ြာအနီးတြင္ (၁) ေနရာ၊ အုမၼခါးေက်း႐ြာအနီးတြင္ (၁) ေနရာ၊ ဂုတ္တြင္းရႈခင္းသာအနီးတြင္ (၁) ေနရာ၊ ေနာင္ပစ္လမ္းခြဲတြင္ (၁) ေနရာ၊ ေနာင္ပစ္ႏွင့္ ေနာင္ပိန္းေက်း႐ြာၾကားရွိ (၇) ေနရာတို႔၌ ေျမျဖတ္က်င္းမ်ားတူး၍ လမ္းအားျဖတ္ေတာက္ပိတ္ဆို႔ခဲ့ေၾကာင္း သိရသည္။
ထို႔အတူ အခ်ိဳ႕ေနရာမ်ားတြင္ သစ္ပင္ႀကီးမ်ားအား ခုတ္လွဲပိတ္ဆို႔ျခင္း ႏွင့္ ေျမႀကီးမ်ားစုပုံပိတ္ဆို႔ျခင္းမ်ား ျပဳလုပ္ခဲ့သျဖင့္ ေမာ္ေတာ္ယာဥ္မ်ားႏွင့္ ခရီးသြားျပည္သူမ်ားသြားလာမႈရပ္တန႔္ခဲ့ၿပီး ျပည္သူမ်ား၏ အေရးေပၚက်န္းမာေရးအေျခအေနမ်ားအတြက္ သြားလာရန္ အခက္အခဲျဖစ္ေပၚခဲ့ေၾကာင္း နစကမွ ဆိုသည္။
အဆိုပါေနရာမ်ားအား လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ၿပီးခဲ့သည့္ ႏိုဝင္ဘာလ (၆)ရက္မွစ၍ လိုအပ္သည့္ လုံၿခဳံေရးလုပ္ငန္းမ်ားေဆာင္႐ြက္ကာ အတားအဆီးမ်ားဖယ္ရွားရွင္းလင္း၍ ျပန္လည္အသုံးျပဳသြားလာႏိုင္ရန္ေဆာင္႐ြက္ခဲ့ရာ ႏိုဝင္ဘာလ(၁၉) ရက္၊ ညပိုင္းတြင္ ပိတ္ဆို႔ဖ်က္ဆီးထားသည့္ ေနရာ (၁၂)ခုအား ျပန္လည္ဖယ္ရွားရွင္းလင္းေပးႏိုင္ခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ေက်ာက္မဲၿမိဳ႕အထိ ပုံမွန္အတိုင္းသြားလာႏိုင္ၿပီျဖစ္ၿပီး ျပည္ေထာင္စုလမ္းမႀကီးတစ္ေလွ်ာက္ရွိ က်န္ရွိသည့္ ေနရာမ်ားအား ပုံမွန္အတိုင္း ျပန္လည္အသုံးျပဳသြားလာႏိုင္ေရးအတြက္ ဆက္လက္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း အသိေပးထုတ္ျပန္ထားသည္။