ကရင်ပြည်နယ်၌ ဟိုတယ်၊ တည်းခိုရိပ်သာလုပ်ငန်းမှကျပ်သိန်း(၂၅၀၀၀)ကျော် ဝင်ငွေရရှိထားပြီး ခရီးသွားဧည့်သည် (၁ဝဝ)ရာခိုင်နှုန်းကျော်ပြန်လည်ဝင်ရောက်ခဲ့

 784

Pearl (NP News) - နိုဝင်ဘာ ၂၁

ကရင်ပြည်နယ်၌ ယခုနှစ် (၉)လတာ ကာလအတွင်း ဟိုတယ်၊ တည်းခိုရိပ်သာလုပ်ငန်းမှ ငွေကျပ်သိန်း(၂၅၀၀၀)ကျော်ဝင်ငွေရရှိထားပြီး ခရီးသွားဧည့်သည် (၁၀၀) ရာခိုင်နှုန်းကျော်ပြန်လည်ဝင်ရောက် လာကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ သီရိပျံချီ ဦးစောမြင့်ဦးက ပြောသည်။

၎င်းက ယမန်နေ့ (နိုဝင်ဘာလ ၂၀ ရက်)တွင် ကျင်းပသော ကရင်ပြည်နယ်(ဘားအံမြို့) ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ (အခြေခံ)သင်တန်း (၃)မျိုး၏ သင်တန်းဆင်းပွဲအခမ်းအနား၌ အထက်ပါကဲ့သို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ကရင်ပြည်နယ်တွင် ယခုနှစ် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှ အောက်တိုဘာလအထိ (၉)လအတွင်း ဟိုတယ်၊ တည်းခိုရိပ်သာများမှ ဝင်ငွေရရှိမှုသည် ငွေကျပ်သိန်း (၂၅၅၇၇ ဒသမ ၅၁)သိန်းရှိပြီး ပြည်တွင်း၊ ပြည်ပဧည့်သည် (၁၃၄၃၅၉)ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ အောက်တိုဘာလအထိ(၉)လအတွင်း ဟိုတယ်၊ တည်းခိုရိပ်သာများမှ ဝင်ငွေရရှိမှုသည် ငွေကျပ်သိန်း (၆၂၈၃ ဒသမ ၁၃)သိန်းရှိခဲ့ပြီး ပြည်တွင်း၊ ပြည်ပဧည့်သည် (၃၂၂၆၀)ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အဆိုပါကာလနှစ်ခုအားနှိုင်းယှဉ်ပါက ဝင်ငွေရရှိမှု နှင့် ပြည်တွင်း၊ ပြည်ပဧည့်သည် ဝင်ရောက်မှုသည် ယခင်ထက် ၁၀၀ ရာခိုင်နှုန်းကျော် ပြန်လည်တိုးတက်လာကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။

ထို့ပြင် ကရင်ပြည်နယ်အတွင်း၌ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်အထိ ဟိုတယ်နှင့် တည်းခိုရိပ်သာ (၄၉)လုံး၊ အိပ်ခန်းပေါင်း (၁၆၇၃)ရှိခဲ့ရာမှ ယခု ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကုန်အထိ ဟိုတယ်နှင့် တည်းခိုရိပ်သာ(၆၀)လုံး၊ အိပ်ခန်းပေါင်း(၂၁၅၉)ခန်းအထိရှိလာခဲ့သည့်အတွက် လုပ်ငန်းလိုင်စင် ထုတ် ပေးနိုင်မှုသည် (၂၂ ဒသမ ၄၅) ရာခိုင်နှုန်းတိုးတက်လာကြောင်း သိရသည်။

ကရင်ပြည်နယ်သည် လှပသည့် ရေ၊ မြေ၊ တော ၊ တောင် သဘာဝရှုခင်းများ၊ လှိုဏ်ဂူများ၊ စိမ်းစိုလှပသော စပါးခင်းကြီးများ၊ ရေတံခွန်များကို ပိုင်ဆိုင်ထားသည့်အပြင် ကရင်တိုင်းရင်းသားများ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ ရာသီအလိုက်ပွဲတော်များ၊ ရိုးရာမပြတ်ကျင်းပလျက်ရှိသော အခမ်းအနားများသည် ခရီးသွားလုပ်ငန်းအတွက် အရေးပါပြီး ခရီးသွားဧည့်သည်များ တစ်ကြိမ်မက လာရောက်လည်ပတ်ရန် ဆွဲဆောင်မှုရှိသော ဒေသဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထို့အတူ ခရီးသွားလုပ်ငန်းကို မီးခိုးမထွက်သည့် စက်ရုံဟု တင်စား ခေါ်ဝေါ်ကြပြီး နိုင်ငံတော်အတွက် ဝင်ငွေများစွာရရှိရန် ဆောင်ရွက်နိုင်သကဲ့သို့ ဒေသခံများအား အလုပ်အကိုင်အခွင့်အလမ်းရရှိခြင်း၊ ဒေသတွင်း လူမှုစီးပွားနှင့် အခြေခံအဆောက်အအုံတို့ကို ဖွံ့ဖြိုးတိုးတက်နိုင်သဖြင့် ကြိုးစားဆောင်ရွက်ရန် တိုက်တွန်းပြောကြားထားသည်။

zawgyi version
ကရင္ျပည္နယ္၌ ဟိုတယ္၊ တည္းခိုရိပ္သာလုပ္ငန္းမွက်ပ္သိန္း(၂၅၀၀၀)ေက်ာ္ ဝင္ေငြရရွိထားၿပီး ခရီးသြားဧည့္သည္ (၁ဝဝ)ရာခိုင္ႏႈန္းေက်ာ္ျပန္လည္ဝင္ေရာက္ခဲ့
Pearl (NP News) - ႏိုဝင္ဘာ ၂၁

ကရင္ျပည္နယ္၌ ယခုႏွစ္ (၉)လတာ ကာလအတြင္း ဟိုတယ္၊ တည္းခိုရိပ္သာလုပ္ငန္းမွ ေငြက်ပ္သိန္း(၂၅၀၀၀)ေက်ာ္ဝင္ေငြရရွိထားၿပီး ခရီးသြားဧည့္သည္ (၁၀၀) ရာခိုင္ႏႈန္းေက်ာ္ျပန္လည္ဝင္ေရာက္ လာေၾကာင္း ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ သီရိပ်ံခ်ီ ဦးေစာျမင့္ဦးက ေျပာသည္။

၎က ယမန္ေန႔ (ႏိုဝင္ဘာလ ၂၀ ရက္)တြင္ က်င္းပေသာ ကရင္ျပည္နယ္(ဘားအံၿမိဳ႕) ဟိုတယ္ဝန္ေဆာင္မႈဆိုင္ရာ (အေျခခံ)သင္တန္း (၃)မ်ိဳး၏ သင္တန္းဆင္းပြဲအခမ္းအနား၌ အထက္ပါကဲ့သို႔ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

ကရင္ျပည္နယ္တြင္ ယခုႏွစ္ ၂၀၂၃ ခုႏွစ္၊ ေဖေဖာ္ဝါရီလမွ ေအာက္တိုဘာလအထိ (၉)လအတြင္း ဟိုတယ္၊ တည္းခိုရိပ္သာမ်ားမွ ဝင္ေငြရရွိမႈသည္ ေငြက်ပ္သိန္း (၂၅၅၇၇ ဒသမ ၅၁)သိန္းရွိၿပီး ျပည္တြင္း၊ ျပည္ပဧည့္သည္ (၁၃၄၃၅၉)ဦး ဝင္ေရာက္လည္ပတ္ခဲ့ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလမွ ေအာက္တိုဘာလအထိ(၉)လအတြင္း ဟိုတယ္၊ တည္းခိုရိပ္သာမ်ားမွ ဝင္ေငြရရွိမႈသည္ ေငြက်ပ္သိန္း (၆၂၈၃ ဒသမ ၁၃)သိန္းရွိခဲ့ၿပီး ျပည္တြင္း၊ ျပည္ပဧည့္သည္ (၃၂၂၆၀)ဦး ဝင္ေရာက္လည္ပတ္ခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ အဆိုပါကာလႏွစ္ခုအားႏႈိင္းယွဥ္ပါက ဝင္ေငြရရွိမႈ ႏွင့္ ျပည္တြင္း၊ ျပည္ပဧည့္သည္ ဝင္ေရာက္မႈသည္ ယခင္ထက္ ၁၀၀ ရာခိုင္ႏႈန္းေက်ာ္ ျပန္လည္တိုးတက္လာေၾကာင္း ျပည္နယ္ဝန္ႀကီးခ်ဳပ္က ေျပာသည္။

ထို႔ျပင္ ကရင္ျပည္နယ္အတြင္း၌ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ(၁)ရက္အထိ ဟိုတယ္ႏွင့္ တည္းခိုရိပ္သာ (၄၉)လုံး၊ အိပ္ခန္းေပါင္း (၁၆၇၃)ရွိခဲ့ရာမွ ယခု ၂၀၂၃ ခုႏွစ္၊ ေအာက္တိုဘာလကုန္အထိ ဟိုတယ္ႏွင့္ တည္းခိုရိပ္သာ(၆၀)လုံး၊ အိပ္ခန္းေပါင္း(၂၁၅၉)ခန္းအထိရွိလာခဲ့သည့္အတြက္ လုပ္ငန္းလိုင္စင္ ထုတ္ ေပးႏိုင္မႈသည္ (၂၂ ဒသမ ၄၅) ရာခိုင္ႏႈန္းတိုးတက္လာေၾကာင္း သိရသည္။

ကရင္ျပည္နယ္သည္ လွပသည့္ ေရ၊ ေျမ၊ ေတာ ၊ ေတာင္ သဘာဝရႈခင္းမ်ား၊ လႈိဏ္ဂူမ်ား၊ စိမ္းစိုလွပေသာ စပါးခင္းႀကီးမ်ား၊ ေရတံခြန္မ်ားကို ပိုင္ဆိုင္ထားသည့္အျပင္ ကရင္တိုင္းရင္းသားမ်ား၏ ယဥ္ေက်းမႈ ဓေလ့ထုံးစံမ်ား၊ ရာသီအလိုက္ပြဲေတာ္မ်ား၊ ႐ိုးရာမျပတ္က်င္းပလ်က္ရွိေသာ အခမ္းအနားမ်ားသည္ ခရီးသြားလုပ္ငန္းအတြက္ အေရးပါၿပီး ခရီးသြားဧည့္သည္မ်ား တစ္ႀကိမ္မက လာေရာက္လည္ပတ္ရန္ ဆြဲေဆာင္မႈရွိေသာ ေဒသျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာသည္။

ထို႔အတူ ခရီးသြားလုပ္ငန္းကို မီးခိုးမထြက္သည့္ စက္႐ုံဟု တင္စား ေခၚေဝၚၾကၿပီး ႏိုင္ငံေတာ္အတြက္ ဝင္ေငြမ်ားစြာရရွိရန္ ေဆာင္႐ြက္ႏိုင္သကဲ့သို႔ ေဒသခံမ်ားအား အလုပ္အကိုင္အခြင့္အလမ္းရရွိျခင္း၊ ေဒသတြင္း လူမႈစီးပြားႏွင့္ အေျခခံအေဆာက္အအုံတို႔ကို ဖြံ႕ၿဖိဳးတိုးတက္ႏိုင္သျဖင့္ ႀကိဳးစားေဆာင္႐ြက္ရန္ တိုက္တြန္းေျပာၾကားထားသည္။

Related news

© 2021. All rights reserved.