သင်္ကြန်ပိတ်ရက်အတွက် အထူးရထားများ ပြေးဆွဲသွားမည်

1224

စော(NP News)-ဧပြီ ၉
သင်္ကြန်ပိတ်ရက်အတွက် ဌာနဆိုင်ရာဝန်ထမ်းများအတွက် ရန်ကုန်-ပြည်-ရန်ကုန်နှင့် ရန်ကုန်-မော်လမြိုင်-ရန်ကုန် အထူးရထားများ ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားက အသိပေးထုတ်ပြန်ထားသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားအနေဖြင့် ယခုနှစ် သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအတွက် ရန်ကုန်-ပြည်-ရန်ကုန်နှင့် ရန်ကုန်-မော်လမြိုင်-ရန်ကုန် ခရီးစဉ်များကို လာမည့် ဧပြီလ ၁၁ရက်၊ ၁၂ရက်၊ ၂၀ရက်နှင့် ၂၁ရက်နေ့ တွင် ပုံမှန်ရထားများအပြင် အထူးရထားများကိုလည်း တိုးချဲ့ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အလားတူ မန္တလေး-ရန်ကုန်-မန္တလေးခရီးစဉ်အတွက် အမှတ်(၁၁)အဆန်၊ (၁၂)အစုန် ရထားကို ပုံမှန်အတိုင်း ပြေးဆွဲပေးသွားမည် ဖြစ်ပြီး ရန်ကုန်-နေပြည်တော်-ရန်ကုန်ခရီးစဉ်ကို အမှတ်(၇)အဆန်၊ (၈)အစုန် DEMU ရထားကို လာမည့် ဧပြီလ ၁၀ရက်၊ ၁၂ရက်နှင့် ၂၁ရက်တို့တွင် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့မီးရထားအနေဖြင့် ပြင်းထန်သောမန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ရထားလမ်းပိုင်းများကို အမြန်ဆုံးပြင်ဆင်၍ ပြေးဆွဲနိုင်ရေးဆောင်ရွက်ခဲ့ရာ ပြီးခဲ့သည့် ဧပြီ ၅ ရက်တွင် ရန်ကုန်-မန္တလေးလမ်းပိုင်း၌ ရထားများ ပြန်လည်ပြေးဆွဲနိုင်ပြီဖြစ်ကြောင်း သိရသည်။
ထို့ကြောင့်လက်ရှိတွင် ငလျင်ဘေးဒဏ်မကျရောက်မီက ပြေးဆွဲခဲ့သော သတ်မှတ် အမြန်နှုန်းများအတိုင်း ရန်ကုန်-မန္တလေးလမ်းပိုင်းရှိ ရထားခရီးစဉ်များကို အချိန်မှန်မြန်ဆန်စွာပြန်လည် ပြေးဆွဲနိုင်ပြီဖြစ်ကြောင်း မြန်မာ့မီးရထားကဆိုသည်။
အဆိုပါရထားခရီးစဉ်များအတွက် အထက်တန်းလက်မှတ်အား သုံးရက်ကြိုတင်၍လည်းကောင်း၊ ရိုးရိုးတန်းလက်မှတ်အား တစ်ရက်ကြိုတင်၍ လည်းကောင်း သက်ဆိုင်ရာဘူတာများနှင့် လက်မှတ်အရောင်းဌာနများတွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရထားလက်မှတ်ခနှုန်းထားနှင့် ရပ်တန့်မည့်ဘူတာများမှာ ပုံမှန်ပြေးဆွဲနေသည့် ရထားများအတိုင်းဖြစ်ကြောင်း မြန်မာ့မီးရထားက အသိပေးထားသည်။

Zawgyi Version:
သၾကၤန္ပိတ္ရက္အတြက္ အထူးရထားမ်ား ေျပးဆြဲသြားမည္
ေစာ(NP News)-ဧၿပီ ၉
သၾကၤန္ပိတ္ရက္အတြက္ ဌာနဆိုင္ရာဝန္ထမ္းမ်ားအတြက္ ရန္ကုန္-ျပည္-ရန္ကုန္ႏွင့္ ရန္ကုန္-ေမာ္လၿမိဳင္-ရန္ကုန္ အထူးရထားမ်ား ေျပးဆြဲသြားမည္ျဖစ္ေၾကာင္း ျမန္မာ့မီးရထားက အသိေပးထုတ္ျပန္ထားသည္။
ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ျမန္မာ့မီးရထားအေနျဖင့္ ယခုႏွစ္ သၾကၤန္႐ုံးပိတ္ရက္ကာလအတြင္း ခရီးသြားျပည္သူမ်ားႏွင့္ ဌာနဆိုင္ရာဝန္ထမ္းမ်ားအတြက္ ရန္ကုန္-ျပည္-ရန္ကုန္ႏွင့္ ရန္ကုန္-ေမာ္လၿမိဳင္-ရန္ကုန္ ခရီးစဥ္မ်ားကို လာမည့္ ဧၿပီလ ၁၁ရက္၊ ၁၂ရက္၊ ၂၀ရက္ႏွင့္ ၂၁ရက္ေန႔ တြင္ ပုံမွန္ရထားမ်ားအျပင္ အထူးရထားမ်ားကိုလည္း တိုးခ်ဲ႕ေျပးဆြဲေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။
အလားတူ မႏၲေလး-ရန္ကုန္-မႏၲေလးခရီးစဥ္အတြက္ အမွတ္(၁၁)အဆန္၊ (၁၂)အစုန္ ရထားကို ပုံမွန္အတိုင္း ေျပးဆြဲေပးသြားမည္ ျဖစ္ၿပီး ရန္ကုန္-ေနျပည္ေတာ္-ရန္ကုန္ခရီးစဥ္ကို အမွတ္(၇)အဆန္၊ (၈)အစုန္ DEMU ရထားကို လာမည့္ ဧၿပီလ ၁၀ရက္၊ ၁၂ရက္ႏွင့္ ၂၁ရက္တို႔တြင္ ေျပးဆြဲေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ျမန္မာ့မီးရထားအေနျဖင့္ ျပင္းထန္ေသာမႏၲေလးငလ်င္ဒဏ္ေၾကာင့္ ပ်က္စီးသြားေသာ ရထားလမ္းပိုင္းမ်ားကို အျမန္ဆုံးျပင္ဆင္၍ ေျပးဆြဲႏိုင္ေရးေဆာင္႐ြက္ခဲ့ရာ ၿပီးခဲ့သည့္ ဧၿပီ ၅ ရက္တြင္ ရန္ကုန္-မႏၲေလးလမ္းပိုင္း၌ ရထားမ်ား ျပန္လည္ေျပးဆြဲႏိုင္ၿပီျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္လက္ရွိတြင္ ငလ်င္ေဘးဒဏ္မက်ေရာက္မီက ေျပးဆြဲခဲ့ေသာ သတ္မွတ္ အျမန္ႏႈန္းမ်ားအတိုင္း ရန္ကုန္-မႏၲေလးလမ္းပိုင္းရွိ ရထားခရီးစဥ္မ်ားကို အခ်ိန္မွန္ျမန္ဆန္စြာျပန္လည္ ေျပးဆြဲႏိုင္ၿပီျဖစ္ေၾကာင္း ျမန္မာ့မီးရထားကဆိုသည္။
အဆိုပါရထားခရီးစဥ္မ်ားအတြက္ အထက္တန္းလက္မွတ္အား သုံးရက္ႀကိဳတင္၍လည္းေကာင္း၊ ႐ိုး႐ိုးတန္းလက္မွတ္အား တစ္ရက္ႀကိဳတင္၍ လည္းေကာင္း သက္ဆိုင္ရာဘူတာမ်ားႏွင့္ လက္မွတ္အေရာင္းဌာနမ်ားတြင္ ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ရထားလက္မွတ္ခႏႈန္းထားႏွင့္ ရပ္တန႔္မည့္ဘူတာမ်ားမွာ ပုံမွန္ေျပးဆြဲေနသည့္ ရထားမ်ားအတိုင္းျဖစ္ေၾကာင္း ျမန္မာ့မီးရထားက အသိေပးထားသည္။