MNDAA၊ TNLA၊ AA တို့၏ ဖော်ဆောင်စစ်ပွဲ နှင့် တက္ကသိုလ်ဆရာ/မများ ဖမ်းဆီးခံရမှုအပေါ် အရပ်ဖက်အဖွဲ့စည်းအသီးသီး နှင့် လူပုဂ္ဂိုလ်များ ကန့်ကွက်ရှုတ်ချ

 9022

မြူနစ် (NP News) - နိုဝင်ဘာ ၂၂

MNDAA၊ TNLA၊ AA တို့၏ ဖော်ဆောင်စစ်ပွဲ နှင့် တက္ကသိုလ်ဆရာ၊ ဆရာမများ ဖမ်းဆီးထိန်းသိမ်းခံရမှုအပေါ် အရပ်ဖက်အဖွဲ့အစည်းအသီးသီးနှင့် လူပုဂ္ဂိုလ်များက ကန့်ကွတ်ရှုတ်ချထားသည်။

ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA ဦးဆောင်သော မဟာမိတ်(၃)ဖွဲ့သည် ပြီးခဲ့သော အောက်တိုဘာလ ၂၇ ရက်တွင် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းရှိ လုံခြုံရေးစခန်းများကို (၁၀၂၇ စစ်ဆင်ရေး)အမည်ဖြင့် စတင်တိုက်ပွဲဖော်ဆောင်ခဲ့သည်။

ထိုသို့တိုက်ပွဲဖော်ဆောင်ခြင်းသည် အပြစ်မဲ့ပြည်သူများကို ထိခိုက်ပျက်စီးစေရန်နှင့် နိုင်ငံနစ်နာစေရန် ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် အရပ်ဖက်အဖွဲ့အစည်းအသီးသီးက ကန့်ကွက်ရှုတ်ချထားသည်။

လက်နက်ကိုင်မဟာမိတ်(၃)ဖွဲ့၏ တိုက်ပွဲဖော်ဆောင်သည့်လုပ်ရပ်အပေါ် ဘာသာရေးအသင်းအဖွဲ့များ ဖြစ်သည့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)၊ မြန်မာနိုင်ငံမက်သဒစ်အသင်းတောင် (အောက်မြန်မာပြည်)၊ မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးဗဟို အဖွဲ့ချုပ်၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) တို့က ကန့်ကွက်ခဲ့ကြသည်။

အလားတူ အနုပညာအသိုင်းအဝိုင်းဖြစ်သည့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို) တို့ကလည်း ကန့်ကွက်ခဲ့ကြသည်။

သတင်း နှင့် စာပေအသိုင်းအဝိုင်းဖြစ်သည့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံစာရေး ဆရာအသင်းတို့ကလည်း ကန့်ကွက်ခဲ့ကြသည်။

ထို့ပြင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ကလည်း ကန့်ကွက်ခဲ့သည်။

အဆိုပါလုပ်ရပ်များသည် နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးယုတ်စေသော အဖျက်လုပ်ရပ်များသာဖြစ်ကြောင်း အရပ်ဖက်အဖွဲ့အစည်းအသီးသီးက ရှုမြင်ထားကြသည်။

အလားတူ MNDAA ဦးဆောင်သော မဟာမိတ်(၃)ဖွဲ့၏ အကြမ်းဖက်ဝင်ရောက်တိုက်ခိုက်မှုများနှင့်ပတ်သက်၍လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)က အပြင်းအထန်ကန့်ကွတ်ရှုတ်ချထားသည်။

ပြည်တွင်းတည်ငြိမ်မှုပျက်စီးရန် အကြမ်းဖက်တိုက်ခိုက်ဖျက်ဆီးခြင်းသည် ငြိမ်းချမ်းရေးကို မျက်ကွယ်ပြုကာ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားပျက်ပြားစေရန် ဆောင်ရွက်သည့် အကြမ်းဖက်လုပ်ရပ်သာဖြစ်ကြောင်း USDP ပါတီက ဆိုသည်။

ထို့ပြင် ယင်းကဲ့သို့ တိုက်ပွဲဖော်ဆောင်ကာ အကြမ်းဖက်လုပ်ဆောင်နေမှုများနှင့်ပတ်သက်၍ မလိုလားကြောင်းနှင့် ကန့်ကွတ်ရှုတ်ချကြောင်းလည်း ပြည်တွင်းရှိ နိုင်ငံရေးပါတီကြီးတစ်ခုမှ ခေါင်းဆောင်တစ်ဦးက NP News ကို ပြောသည်။

“ကျွန်တော်တို့လည်း မလိုလားပါဘူး။ ကန့်ကွက်ပါတယ်။ ဒါက အကြမ်းဖက်ပုံစံမျိုးပေါ့။ လက်နက်ကိုင်တော်လှန်ပြီး အကြမ်းဖက်လုပ်နေတဲ့ ပုံစံမျိုးတွေ့လည်း တွေ့ရတာပေါ့။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ပေါင်းပြီးတော့ တစ်ပြည်လုံးအတိုင်းအတာနဲ့ စစ်ရေးလှုပ်ရှားမှုလုပ်တယ်ဆိုတဲ့ သဘောမျိုးပါ။ အဓိက ထိခိုက်နစ်နာတာကတော့ ပြည်သူလူထုပါပဲ” ဟု ၎င်းက ပြောသည်။

ထိုသို့ လက်နက်ကိုင်မဟာမိတ်(၃)ဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများ၌ (၁၀၂၇ စစ်ဆင်ရေး) အမည်ဖြင့် တိုက်ပွဲစတင် ဖော်ဆောင်မှုနှင့်အတူ စစ်ကိုင်း၊ ချင်း၊ ကယားနှင့် ရခိုင်ပြည်နယ်တို့တွင်လည်း စစ်ပွဲများ ကူးစက်လာခဲ့သည်။

KNPP နှင့် PDF ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သော နိုဝင်ဘာလ ၁၁ ရက်တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့နှင့်တစ်ဝိုက်ရှိ လုံခြုံရေးစခန်းများကို (၁၁.၁၁ စစ်ဆင်ရေး)အမည်ဖြင့် စတင်တိုက်ပွဲဖော်ဆောင်ခဲ့သည်။

၎င်းစစ်ဆင်ရေးအတွင်း လွိုင်ကော်တက္ကသိုလ်မှ ပါမောက္ခချုပ်ဒေါက်တာအောင်ခင်မြင့်အပါအဝင် ဆရာ/မ၊ ဝန်ထမ်း စုစုပေါင်း (၂၀၄)ဦးကိုလည်း KNPP နှင့် PDF အဖွဲ့က အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း နစကဘက်က ထုတ်ပြန်ခဲ့သည်။

ထိုသို့ တက္ကသိုလ်ပါမောက္ခချုပ်အပါအဝင် ဆရာ/မ၊ ဝန်ထမ်းများ ဖမ်းဆီးခံရခြင်းနှင့် ပညာရေးဆိုင်ရာအဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ခြင်းအပေါ် အထက်ပါအရပ်ဖက်အဖွဲ့ အစည်းအသီးသီး နှင့် အားကစားမီဒီယာများအဖွဲ့ချုပ်၊ ဘူးသီးတောင်မောင်တောဒေသဖွံ့ဖြိုးရေးအသင်း၊ ဟာသပညာရှင်များအစည်းအရုံး၊ ယုံကြည်ခြင်း ဧဝံဂေလိအသင်းတော်(ပဲခူး)၊ မြန်မာနိုင်ငံဆိုင်ရာ တမီးလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)၊ လွတ်မြောက်ခြင်းအသင်းတော်(ရန်ကုန်)၊ ပိန္နဲကုန်းရခိုင်ဂျာမေဗလီ၊ မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်တို့ကလည်း အပြင်းအထန်ကန့်ကွတ်ရှုတ်ချထားသည်။

ယင်းကဲ့သို့ အကြမ်းဖက်လုပ်ဆောင်မှုများသည် နိုင်ငံ၏အရေးပါသော ပညာရေးကဏ္ဍကို ဖျက်ဆီးမှုတစ်ရပ်သာဖြစ်ကြောင်း အရပ်ဖက်အဖွဲ့အစည်းများက ဆိုသည်။

MNDAA ဦးဆောင်သော မဟာမိတ်(၃)ဖွဲ့သည် အောက်တိုဘာလ ၂၇ ရက်မှစ၍ ရှမ်းပြည်နယ်အတွင်း၌ တိုက်ပွဲများ ဖော်ဆောင်ခဲ့ပြီးနောက်ပိုင်းတွင် အခြားသောဒေသများသို့ စစ်ပွဲများ ကူးစက်မှုများရှိခဲ့ပြီး ၎င်းစစ်ပွဲများနှင့်ပတ်သက်၍လည်း လူပုဂ္ဂိုလ်များက ကန့်ကွက်ရှုတ်ချမှုများ ရှိခဲ့သည်။

နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး စသောဒေသများတွင် လူပုဂ္ဂိုလ်များက “တရုတ်နိုင်ငံအနေဖြင့် မြန်မာပြည်မြောက်ပိုင်းမှ အကြမ်းဖက်သောင်းကျန်းသူများကို ကူညီပံ့ပိုးနေမှုများ ရပ်တန့်ရန်”၊ “ပြည်တွင်းရေးကို ဝင်ရောက်နှောင့်ယှက်သူများအား ဆန့်ကျင်ကြ”၊ “အမိမြေကို ကာကွယ်ကြ”၊ “ရှေ့တန်းရောက် တပ်မတော်သားများ ကျန်းမာပါစေ”၊ “TNLA၊ KIA၊ MNDAA၊ AA အလိုမရှိ” စသောဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒပြမှုများရှိခဲ့သည်။

“တစ်ဖက်နိုင်ငံရဲ့ ပံ့ပိုးမှုတွေ ရှိနေတယ်လို့ မြင်တယ်။ ဒါကျွန်တော် တစ်ယောက်တည်းရဲ့ အမြင်ပါ။ သူတို့ဘက်က မပါဘဲနဲ့တော့ အဆင့်မြင့် ဒရုန်းကြီးတွေက EAO လက်ထဲရောက်စရာ အကြောင်းမရှိဘူး။ အဲဒါကြောင့်မိုလို့ ဆန္ဒပြတဲ့သူတွေက တရုတ်သံရုံးရှေ့မှာ သွားရောက်ပြီးတော့ ဆန္ဒပြတယ်လို့ မြင်ပါတယ်” ဟု နိုင်ငံရေးပါတီကြီးတစ်ခုမှ ခေါင်းဆောင်တစ်ဦးက ပြောသည်။

လက်ရှိတွင် နိုင်ငံအတွင်း၌ ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာစစ်ဘေးရှောင်နေရသည့်ပြည်သူလူထုများစွာရှိနေပြီး လိုအပ်ချက်များစွာဖြင့် ရင်ဆိုင်နေရလျက်ရှိသည့်အပြင် အရပ်သားသေဆုံး၊ နေအိမ်အဆောက်အဦးများ ပျက်စီးဆုံးရှုံးမှု နှင့် လမ်းတံတားများစွာ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိနေသည်။

zawgyi version
MNDAA၊ TNLA၊ AA တို႔၏ ေဖာ္ေဆာင္စစ္ပြဲ ႏွင့္ တကၠသိုလ္ဆရာ/မမ်ား ဖမ္းဆီးခံရမႈအေပၚ အရပ္ဖက္အဖြဲ႕စည္းအသီးသီး ႏွင့္ လူပုဂၢိဳလ္မ်ား ကန႔္ကြက္ရႈတ္ခ်
ျမဴနစ္ (NP News) - ႏိုဝင္ဘာ ၂၂

MNDAA၊ TNLA၊ AA တို႔၏ ေဖာ္ေဆာင္စစ္ပြဲ ႏွင့္ တကၠသိုလ္ဆရာ၊ ဆရာမမ်ား ဖမ္းဆီးထိန္းသိမ္းခံရမႈအေပၚ အရပ္ဖက္အဖြဲ႕အစည္းအသီးသီးႏွင့္ လူပုဂၢိဳလ္မ်ားက ကန႔္ကြတ္ရႈတ္ခ်ထားသည္။

ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ MNDAA ဦးေဆာင္ေသာ မဟာမိတ္(၃)ဖြဲ႕သည္ ၿပီးခဲ့ေသာ ေအာက္တိုဘာလ ၂၇ ရက္တြင္ ရွမ္းျပည္နယ္အေရွ႕ေျမာက္ပိုင္းရွိ လုံၿခဳံေရးစခန္းမ်ားကို (၁၀၂၇ စစ္ဆင္ေရး)အမည္ျဖင့္ စတင္တိုက္ပြဲေဖာ္ေဆာင္ခဲ့သည္။

ထိုသို႔တိုက္ပြဲေဖာ္ေဆာင္ျခင္းသည္ အျပစ္မဲ့ျပည္သူမ်ားကို ထိခိုက္ပ်က္စီးေစရန္ႏွင့္ ႏိုင္ငံနစ္နာေစရန္ ရည္႐ြယ္ေဆာင္႐ြက္ေနျခင္းျဖစ္သည့္အတြက္ အရပ္ဖက္အဖြဲ႕အစည္းအသီးသီးက ကန႔္ကြက္ရႈတ္ခ်ထားသည္။

လက္နက္ကိုင္မဟာမိတ္(၃)ဖြဲ႕၏ တိုက္ပြဲေဖာ္ေဆာင္သည့္လုပ္ရပ္အေပၚ ဘာသာေရးအသင္းအဖြဲ႕မ်ား ျဖစ္သည့္ ဗုဒၶဘာသာကလ်ာဏယုဝအသင္း(YMBA)၊ ျမန္မာႏိုင္ငံမက္သဒစ္အသင္းေတာင္ (ေအာက္ျမန္မာျပည္)၊ ျမန္မာႏိုင္ငံလုံးဆိုင္ရာအစၥလာမ္ဘာသာေရးအဖြဲ႕ႀကီး၊ ျမန္မာႏိုင္ငံလုံးဆိုင္ရာဟိႏၵဴဘာသာေရးဗဟို အဖြဲ႕ခ်ဳပ္၊ ဘာသာေပါင္းစုံခ်စ္ၾကည္ညီၫြတ္ေရးအဖြဲ႕(ဗဟို) တို႔က ကန႔္ကြက္ခဲ့ၾကသည္။

အလားတူ အႏုပညာအသိုင္းအဝိုင္းျဖစ္သည့္ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံး၊ ျမန္မာႏိုင္ငံဂီတအစည္းအ႐ုံး(ဗဟို)၊ ျမန္မာႏိုင္ငံသဘင္အစည္းအ႐ုံး(ဗဟို)၊ ျမန္မာႏိုင္ငံပန္းခ်ီပန္းပုအစည္းအ႐ုံး(ဗဟို) တို႔ကလည္း ကန႔္ကြက္ခဲ့ၾကသည္။

သတင္း ႏွင့္ စာေပအသိုင္းအဝိုင္းျဖစ္သည့္ ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီ၊ ျမန္မာႏိုင္ငံစာေရး ဆရာအသင္းတို႔ကလည္း ကန႔္ကြက္ခဲ့ၾကသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံစစ္မႈထမ္းေဟာင္းအဖြဲ႕ကလည္း ကန႔္ကြက္ခဲ့သည္။

အဆိုပါလုပ္ရပ္မ်ားသည္ ႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံသားမ်ား အက်ိဳးယုတ္ေစေသာ အဖ်က္လုပ္ရပ္မ်ားသာျဖစ္ေၾကာင္း အရပ္ဖက္အဖြဲ႕အစည္းအသီးသီးက ရႈျမင္ထားၾကသည္။

အလားတူ MNDAA ဦးေဆာင္ေသာ မဟာမိတ္(၃)ဖြဲ႕၏ အၾကမ္းဖက္ဝင္ေရာက္တိုက္ခိုက္မႈမ်ားႏွင့္ပတ္သက္၍လည္း ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ(USDP)က အျပင္းအထန္ကန႔္ကြတ္ရႈတ္ခ်ထားသည္။

ျပည္တြင္းတည္ၿငိမ္မႈပ်က္စီးရန္ အၾကမ္းဖက္တိုက္ခိုက္ဖ်က္ဆီးျခင္းသည္ ၿငိမ္းခ်မ္းေရးကို မ်က္ကြယ္ျပဳကာ ႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံသားမ်ား အက်ိဳးစီးပြားပ်က္ျပားေစရန္ ေဆာင္႐ြက္သည့္ အၾကမ္းဖက္လုပ္ရပ္သာျဖစ္ေၾကာင္း USDP ပါတီက ဆိုသည္။

ထို႔ျပင္ ယင္းကဲ့သို႔ တိုက္ပြဲေဖာ္ေဆာင္ကာ အၾကမ္းဖက္လုပ္ေဆာင္ေနမႈမ်ားႏွင့္ပတ္သက္၍ မလိုလားေၾကာင္းႏွင့္ ကန႔္ကြတ္ရႈတ္ခ်ေၾကာင္းလည္း ျပည္တြင္းရွိ ႏိုင္ငံေရးပါတီႀကီးတစ္ခုမွ ေခါင္းေဆာင္တစ္ဦးက NP News ကို ေျပာသည္။

“ကြၽန္ေတာ္တို႔လည္း မလိုလားပါဘူး။ ကန႔္ကြက္ပါတယ္။ ဒါက အၾကမ္းဖက္ပုံစံမ်ိဳးေပါ့။ လက္နက္ကိုင္ေတာ္လွန္ၿပီး အၾကမ္းဖက္လုပ္ေနတဲ့ ပုံစံမ်ိဳးေတြ႕လည္း ေတြ႕ရတာေပါ့။ တိုင္းရင္းသားလက္နက္ကိုင္ေတြနဲ႔ေပါင္းၿပီးေတာ့ တစ္ျပည္လုံးအတိုင္းအတာနဲ႔ စစ္ေရးလႈပ္ရွားမႈလုပ္တယ္ဆိုတဲ့ သေဘာမ်ိဳးပါ။ အဓိက ထိခိုက္နစ္နာတာကေတာ့ ျပည္သူလူထုပါပဲ” ဟု ၎က ေျပာသည္။

ထိုသို႔ လက္နက္ကိုင္မဟာမိတ္(၃)ဖြဲ႕က ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသမ်ား၌ (၁၀၂၇ စစ္ဆင္ေရး) အမည္ျဖင့္ တိုက္ပြဲစတင္ ေဖာ္ေဆာင္မႈႏွင့္အတူ စစ္ကိုင္း၊ ခ်င္း၊ ကယားႏွင့္ ရခိုင္ျပည္နယ္တို႔တြင္လည္း စစ္ပြဲမ်ား ကူးစက္လာခဲ့သည္။

KNPP ႏွင့္ PDF ပူးေပါင္းအဖြဲ႕သည္ ၿပီးခဲ့ေသာ ႏိုဝင္ဘာလ ၁၁ ရက္တြင္ ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕ႏွင့္တစ္ဝိုက္ရွိ လုံၿခဳံေရးစခန္းမ်ားကို (၁၁.၁၁ စစ္ဆင္ေရး)အမည္ျဖင့္ စတင္တိုက္ပြဲေဖာ္ေဆာင္ခဲ့သည္။

၎စစ္ဆင္ေရးအတြင္း လြိဳင္ေကာ္တကၠသိုလ္မွ ပါေမာကၡခ်ဳပ္ေဒါက္တာေအာင္ခင္ျမင့္အပါအဝင္ ဆရာ/မ၊ ဝန္ထမ္း စုစုေပါင္း (၂၀၄)ဦးကိုလည္း KNPP ႏွင့္ PDF အဖြဲ႕က အတင္းအဓမၼဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း နစကဘက္က ထုတ္ျပန္ခဲ့သည္။

ထိုသို႔ တကၠသိုလ္ပါေမာကၡခ်ဳပ္အပါအဝင္ ဆရာ/မ၊ ဝန္ထမ္းမ်ား ဖမ္းဆီးခံရျခင္းႏွင့္ ပညာေရးဆိုင္ရာအေဆာက္အဦးမ်ား ထိခိုက္ပ်က္စီးခဲ့ျခင္းအေပၚ အထက္ပါအရပ္ဖက္အဖြဲ႕ အစည္းအသီးသီး ႏွင့္ အားကစားမီဒီယာမ်ားအဖြဲ႕ခ်ဳပ္၊ ဘူးသီးေတာင္ေမာင္ေတာေဒသဖြံ႕ၿဖိဳးေရးအသင္း၊ ဟာသပညာရွင္မ်ားအစည္းအ႐ုံး၊ ယုံၾကည္ျခင္း ဧဝံေဂလိအသင္းေတာ္(ပဲခူး)၊ ျမန္မာႏိုင္ငံဆိုင္ရာ တမီးလ္ဟိႏၵဴေဖာင္ေဒးရွင္း(ဗဟို)၊ လြတ္ေျမာက္ျခင္းအသင္းေတာ္(ရန္ကုန္)၊ ပိႏၷဲကုန္းရခိုင္ဂ်ာေမဗလီ၊ ျမန္မာႏိုင္ငံ ဧဝံေဂလိခရစ္ယာန္ မဟာမိတ္အဖြဲ႕ခ်ဳပ္တို႔ကလည္း အျပင္းအထန္ကန႔္ကြတ္ရႈတ္ခ်ထားသည္။

ယင္းကဲ့သို႔ အၾကမ္းဖက္လုပ္ေဆာင္မႈမ်ားသည္ ႏိုင္ငံ၏အေရးပါေသာ ပညာေရးက႑ကို ဖ်က္ဆီးမႈတစ္ရပ္သာျဖစ္ေၾကာင္း အရပ္ဖက္အဖြဲ႕အစည္းမ်ားက ဆိုသည္။

MNDAA ဦးေဆာင္ေသာ မဟာမိတ္(၃)ဖြဲ႕သည္ ေအာက္တိုဘာလ ၂၇ ရက္မွစ၍ ရွမ္းျပည္နယ္အတြင္း၌ တိုက္ပြဲမ်ား ေဖာ္ေဆာင္ခဲ့ၿပီးေနာက္ပိုင္းတြင္ အျခားေသာေဒသမ်ားသို႔ စစ္ပြဲမ်ား ကူးစက္မႈမ်ားရွိခဲ့ၿပီး ၎စစ္ပြဲမ်ားႏွင့္ပတ္သက္၍လည္း လူပုဂၢိဳလ္မ်ားက ကန႔္ကြက္ရႈတ္ခ်မႈမ်ား ရွိခဲ့သည္။

ေနျပည္ေတာ္၊ ရန္ကုန္၊ မႏၲေလး၊ ပဲခူး စေသာေဒသမ်ားတြင္ လူပုဂၢိဳလ္မ်ားက “တ႐ုတ္ႏိုင္ငံအေနျဖင့္ ျမန္မာျပည္ေျမာက္ပိုင္းမွ အၾကမ္းဖက္ေသာင္းက်န္းသူမ်ားကို ကူညီပံ့ပိုးေနမႈမ်ား ရပ္တန႔္ရန္”၊ “ျပည္တြင္းေရးကို ဝင္ေရာက္ေႏွာင့္ယွက္သူမ်ားအား ဆန႔္က်င္ၾက”၊ “အမိေျမကို ကာကြယ္ၾက”၊ “ေရွ႕တန္းေရာက္ တပ္မေတာ္သားမ်ား က်န္းမာပါေစ”၊ “TNLA၊ KIA၊ MNDAA၊ AA အလိုမရွိ” စေသာဆိုင္းဘုတ္မ်ား ကိုင္ေဆာင္ကာ ဆႏၵျပမႈမ်ားရွိခဲ့သည္။

“တစ္ဖက္ႏိုင္ငံရဲ႕ ပံ့ပိုးမႈေတြ ရွိေနတယ္လို႔ ျမင္တယ္။ ဒါကြၽန္ေတာ္ တစ္ေယာက္တည္းရဲ႕ အျမင္ပါ။ သူတို႔ဘက္က မပါဘဲနဲ႔ေတာ့ အဆင့္ျမင့္ ဒ႐ုန္းႀကီးေတြက EAO လက္ထဲေရာက္စရာ အေၾကာင္းမရွိဘူး။ အဲဒါေၾကာင့္မိုလို႔ ဆႏၵျပတဲ့သူေတြက တ႐ုတ္သံ႐ုံးေရွ႕မွာ သြားေရာက္ၿပီးေတာ့ ဆႏၵျပတယ္လို႔ ျမင္ပါတယ္” ဟု ႏိုင္ငံေရးပါတီႀကီးတစ္ခုမွ ေခါင္းေဆာင္တစ္ဦးက ေျပာသည္။

လက္ရွိတြင္ ႏိုင္ငံအတြင္း၌ ျဖစ္ပြားေနေသာ တိုက္ပြဲမ်ားေၾကာင့္ ေနရပ္စြန႔္ခြာစစ္ေဘးေရွာင္ေနရသည့္ျပည္သူလူထုမ်ားစြာရွိေနၿပီး လိုအပ္ခ်က္မ်ားစြာျဖင့္ ရင္ဆိုင္ေနရလ်က္ရွိသည့္အျပင္ အရပ္သားေသဆုံး၊ ေနအိမ္အေဆာက္အဦးမ်ား ပ်က္စီးဆုံးရႈံးမႈ ႏွင့္ လမ္းတံတားမ်ားစြာ ပ်က္စီးဆုံးရႈံးမႈမ်ား ျဖစ္ေပၚလ်က္ရွိေနသည္။

Related news

© 2021. All rights reserved.