နိုင်ငံရေးပါတီ (၅၀)ကျော် မကြာမီအစည်းအဝေး ပြုလုပ်မည်

 713

မြူနစ် (NP News) - နိုဝင်ဘာ ၂ဝ

နစကအစိုးရက ပြန်လည်ပြဋ္ဌာန်းခဲ့သော နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ မှတ်ပုံတင်ခွင့် ပြုချက်ရရှိပြီးဖြစ်သည့် နိုင်ငံရေးပါတီပေါင်း (၅၀)ကျော်သည် မကြာမီတွင် အစည်းအဝေး ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းအစည်းအဝေးကို အွန်လိုင်းမှတစ်ဆင့်ပြုလုပ်သွားမည်ဖြစ်ပြီး တန်ဆောင်တိုင်ကာလအပြီး နိုဝင်ဘာလကုန်ပိုင်းတွင် ပြုလုပ်သွားရန် ပြင်ဆင်ထားကြောင်းလည်း သိရသည်။

“နိုင်ငံရေးပါတီများကြားမှာ ကျွန်တော်တို့ အွန်လိုင်း meeting လုပ်ဖို့တော့ အစီအစဉ်ရှိပါတယ်။ နိုင်ငံရေးပါတီ (၅၀) ကျော်ပေါ့။ ဒီတန်ဆောင် တိုင်ပြီးသွားရင် လုပ်မှာပေါ့။ ဘယ်ရက်လောက် လုပ်မယ် ဆိုတာကိုတော့ အားလုံးကို တင်ပြရဦးမယ်။ သူတို့ရဲ့သဘောတူညီချက်လေးတွေကိုယူပြီးတော့ လုပ်မှာပေါ့။ ဒီလထဲမှာတော့ ဖြစ်ဖို့များပါတယ်” ဟု ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီမှ ဒုတိယဥက္ကဋ္ဌဦးရန်နိုင်ဝင်းက NP News ကို ပြောသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ မှတ်ပုံတင်ခွင့်ပြုချက်ရရှိပြီးဖြစ်သည့် ပါတီများစွာထဲမှ နိုင်ငံရေးပါတီများအစုအဖွဲ့ကို ပြန်လည်ရွေးချယ်ထားပြီး ၎င်းအစုအဖွဲ့သည် လက်ရှိ နစကအစိုးရ အပါအဝင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။

ပါတီပေါင်း (၅၀) ကျော် အစည်းအဝေးပြုလုပ်မည့် ရည်ရွယ်ချက်နှင့်ပတ်သက်၍ ဒုဥက္ကဋ္ဌ ဦးရန်နိုင်ဝင်းက “ရည်ရွယ်ချက်ကတော့ အဓိကတော့ နိုင်ငံရေးပါတီတွေကတော့ဗျာ ပါတီအားလုံးက တစ်လမ်းတည်းလျှောက်နေကြတဲ့သူတွေချည်းပဲ။ လက်ရှိ နိုင်ငံရေးအခြေအနေ ဘာဖြစ်မလဲ။ နစကနဲ့ ညှိနှိုင်းချက်တွေ ဘာတွေရှိမလဲ။ အဲဒါမျိုးတွေအတွက်ကို အဓိက လုပ်မှာဗျ။ နောက်ပြီးတော့ သူတို့ကနေပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေးလို့ ပြောတဲ့အခါမှာ ကျွန်တော်တို့ (၁၆)ပါတီချည်းပဲ သွားနေလို့က မဟုတ်သေးဘူးလေ။ အဲဒီ တော့ ပါတီ(၅၀)ကျော်ရဲ့ voice လည်း ပါရမယ်လေ။ အဲဒါကြောင့် လုပ်မှာပါဗျ”ဟု ဆိုသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် လက်ရှိနစကအစိုးရလက်ထက်တွင် အသစ်ပြဋ္ဌာန်းခဲ့သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ မှတ်ပုံတင်ပြန်လည်လျှောက်ထားသည့် နိုင်ငံရေးပါတီများ ရှိခဲ့သကဲ့သို့ ယင်းဥပဒေအရ မှတ်ပုံတင်ပြန်လည် မလျှောက်ထားသည့် နိုင်ငံ ရေးပါတီများလည်း ရှိခဲ့သည်။ အင်အားကြီး နိုင်ငံရေးပါတီများအဖြစ် နာမည်ကြီးခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD)နှင့် အချို့သောပါတီများသည် မှတ်ပုံ တင်ပြန်လည်လျှောက်ထားခြင်းမရှိခဲ့သည့်အတွက် ဥပဒေသစ်အရ ဖျက်သိမ်းခံထားရသည်။

zawgyi version
ႏိုင္ငံေရးပါတီ (၅၀)ေက်ာ္ မၾကာမီအစည္းအေဝး ျပဳလုပ္မည္
ျမဴနစ္ (NP News) - ႏိုဝင္ဘာ ၂ဝ

နစကအစိုးရက ျပန္လည္ျပ႒ာန္းခဲ့ေသာ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒအရ မွတ္ပုံတင္ခြင့္ ျပဳခ်က္ရရွိၿပီးျဖစ္သည့္ ႏိုင္ငံေရးပါတီေပါင္း (၅၀)ေက်ာ္သည္ မၾကာမီတြင္ အစည္းအေဝး ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။ ယင္းအစည္းအေဝးကို အြန္လိုင္းမွတစ္ဆင့္ျပဳလုပ္သြားမည္ျဖစ္ၿပီး တန္ေဆာင္တိုင္ကာလအၿပီး ႏိုဝင္ဘာလကုန္ပိုင္းတြင္ ျပဳလုပ္သြားရန္ ျပင္ဆင္ထားေၾကာင္းလည္း သိရသည္။

“ႏိုင္ငံေရးပါတီမ်ားၾကားမွာ ကြၽန္ေတာ္တို႔ အြန္လိုင္း meeting လုပ္ဖို႔ေတာ့ အစီအစဥ္ရွိပါတယ္။ ႏိုင္ငံေရးပါတီ (၅၀) ေက်ာ္ေပါ့။ ဒီတန္ေဆာင္ တိုင္ၿပီးသြားရင္ လုပ္မွာေပါ့။ ဘယ္ရက္ေလာက္ လုပ္မယ္ ဆိုတာကိုေတာ့ အားလုံးကို တင္ျပရဦးမယ္။ သူတို႔ရဲ႕သေဘာတူညီခ်က္ေလးေတြကိုယူၿပီးေတာ့ လုပ္မွာေပါ့။ ဒီလထဲမွာေတာ့ ျဖစ္ဖို႔မ်ားပါတယ္” ဟု ဖက္ဒရယ္ဒီမိုကရက္တစ္ပါတီမွ ဒုတိယဥကၠ႒ဦးရန္ႏိုင္ဝင္းက NP News ကို ေျပာသည္။

ႏိုင္ငံေရးပါတီမ်ား မွတ္ပုံတင္ျခင္းဥပေဒအရ မွတ္ပုံတင္ခြင့္ျပဳခ်က္ရရွိၿပီးျဖစ္သည့္ ပါတီမ်ားစြာထဲမွ ႏိုင္ငံေရးပါတီမ်ားအစုအဖြဲ႕ကို ျပန္လည္ေ႐ြးခ်ယ္ထားၿပီး ၎အစုအဖြဲ႕သည္ လက္ရွိ နစကအစိုးရ အပါအဝင္ NCA လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးမႈမ်ား ျပဳလုပ္လ်က္ရွိသည္။

ပါတီေပါင္း (၅၀) ေက်ာ္ အစည္းအေဝးျပဳလုပ္မည့္ ရည္႐ြယ္ခ်က္ႏွင့္ပတ္သက္၍ ဒုဥကၠ႒ ဦးရန္ႏိုင္ဝင္းက “ရည္႐ြယ္ခ်က္ကေတာ့ အဓိကေတာ့ ႏိုင္ငံေရးပါတီေတြကေတာ့ဗ်ာ ပါတီအားလုံးက တစ္လမ္းတည္းေလွ်ာက္ေနၾကတဲ့သူေတြခ်ည္းပဲ။ လက္ရွိ ႏိုင္ငံေရးအေျခအေန ဘာျဖစ္မလဲ။ နစကနဲ႔ ညႇိႏႈိင္းခ်က္ေတြ ဘာေတြရွိမလဲ။ အဲဒါမ်ိဳးေတြအတြက္ကို အဓိက လုပ္မွာဗ်။ ေနာက္ၿပီးေတာ့ သူတို႔ကေနၿပီး ဖြဲ႕စည္းပုံ ျပင္ဆင္ေရးလို႔ ေျပာတဲ့အခါမွာ ကြၽန္ေတာ္တို႔ (၁၆)ပါတီခ်ည္းပဲ သြားေနလို႔က မဟုတ္ေသးဘူးေလ။ အဲဒီ ေတာ့ ပါတီ(၅၀)ေက်ာ္ရဲ႕ voice လည္း ပါရမယ္ေလ။ အဲဒါေၾကာင့္ လုပ္မွာပါဗ်”ဟု ဆိုသည္။

ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ဦးေဆာင္သည့္ လက္ရွိနစကအစိုးရလက္ထက္တြင္ အသစ္ျပ႒ာန္းခဲ့ေသာ ႏိုင္ငံေရးပါတီမ်ား မွတ္ပုံတင္ျခင္း ဥပေဒအရ မွတ္ပုံတင္ျပန္လည္ေလွ်ာက္ထားသည့္ ႏိုင္ငံေရးပါတီမ်ား ရွိခဲ့သကဲ့သို႔ ယင္းဥပေဒအရ မွတ္ပုံတင္ျပန္လည္ မေလွ်ာက္ထားသည့္ ႏိုင္ငံ ေရးပါတီမ်ားလည္း ရွိခဲ့သည္။ အင္အားႀကီး ႏိုင္ငံေရးပါတီမ်ားအျဖစ္ နာမည္ႀကီးခဲ့ေသာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ (NLD)၊ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ(SNLD)ႏွင့္ အခ်ိဳ႕ေသာပါတီမ်ားသည္ မွတ္ပုံ တင္ျပန္လည္ေလွ်ာက္ထားျခင္းမရွိခဲ့သည့္အတြက္ ဥပေဒသစ္အရ ဖ်က္သိမ္းခံထားရသည္။

Related news

© 2021. All rights reserved.