၂၀၂၀ ရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုအချက်အလက်များကို ဘာသာစကား(၅)မျိုးဖြင့် ဖော်ထုတ်ရှင်းလင်းရန် နစက စီစဉ်နေ
1105
နာမူ (NP News) - နိုဝင်ဘာ ၂၀
၂၀၂၀ ရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုအချက်အလက်များကို ဘာသာစကား(၅)မျိုးဖြင့် ဖော်ထုတ်ရှင်းလင်းရန် နစက စီစဉ်နေကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရား မဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့်စပ်လျဉ်း၍ ပြည် တွင်း၊ ပြည်ပမှ လေ့လာလိုသူများအနေဖြင့် Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်မည်ဖြစ်ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။ ၎င်းထုတ်ပြန်ချက်တွင် Website နှင့် Mobile Application တို့မှတဆင့် နိုဝင်ဘာလ ၂၂ ရက်မှစတင်ကာ မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများကို မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ ရုရှား၊ ဂျပန်စသည့် ဘာသာစကား (၅)မျိုးဖြင့်ပါ လေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထုတ်ပြန်ချက်အရ Website နှင့် Mobile Application တို့တွင် ရွေး ကောက်ပွဲအကြိုကာလ၌ ကြိုတင်ကြံစည်ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက် ပွဲကာလတွင် ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲအလွန်ကာလဖြစ်စဉ်များ၊ မြန်မာနိုင်ငံတစ်ဝန်းလုံး ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ်(၃၁၅) မြို့ နယ်၏ မဲစာရင်းစိစစ်ခြင်းနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံးအပေါ် ခြုံငုံစစ်ဆေးတွေ့ရှိချက်၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်ခြင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပေါ် သုံးသပ်ချက်၊ မှတ်တမ်းဓာတ်ပုံများ စသည်ဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များကို တစ်နေရာတည်းတွင် ကဏ္ဍစုံလင်စွာ ဖော်ပြသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ထို့ကြောင့် လေ့လာဖတ်ရှုလိုသူများအနေဖြင့် နိုဝင်ဘာလ ၂၂ ရက်မှစတင်ကာ http://2020election.uec.gov.mm website တွင်လည်းကောင်း၊ Mobile Application ကို ၎င်း website တွင် ဒေါင်းလုဒ်ရယူ၍သော်လည်း ကောင်း လေ့လာဖတ်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။
zawgyi version
၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ ျဖစ္ပြားခဲ့သည့္ မဲမသမာမႈအခ်က္အလက္မ်ားကို ဘာသာစကား(၅)မ်ိဳးျဖင့္ ေဖာ္ထုတ္ရွင္းလင္းရန္ နစက စီစဥ္ေန
နာမူ (NP News) - ႏိုဝင္ဘာ ၂၀
၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ ျဖစ္ပြားခဲ့သည့္ မဲမသမာမႈအခ်က္အလက္မ်ားကို ဘာသာစကား(၅)မ်ိဳးျဖင့္ ေဖာ္ထုတ္ရွင္းလင္းရန္ နစက စီစဥ္ေနေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါ အေထြေထြေ႐ြးေကာက္ပြဲတြင္ ျဖစ္ပြားခဲ့သည့္ မဲမသမာမႈႏွင့္ တရား မဲ့ျပဳက်င့္မႈမ်ားအေပၚ စုံစမ္းစစ္ေဆးေတြ႕ရွိခ်က္မ်ားႏွင့္စပ္လ်ဥ္း၍ ျပည္ တြင္း၊ ျပည္ပမွ ေလ့လာလိုသူမ်ားအေနျဖင့္ Website ႏွင့္ Mobile Application တို႔တြင္ ေလ့လာဖတ္ရႈႏိုင္မည္ျဖစ္ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။ ၎ထုတ္ျပန္ခ်က္တြင္ Website ႏွင့္ Mobile Application တို႔မွတဆင့္ ႏိုဝင္ဘာလ ၂၂ ရက္မွစတင္ကာ မဲမသမာမႈႏွင့္ တရားမဲ့ျပဳက်င့္မႈမ်ားကို ျမန္မာ၊ အဂၤလိပ္၊ တ႐ုတ္၊ ႐ုရွား၊ ဂ်ပန္စသည့္ ဘာသာစကား (၅)မ်ိဳးျဖင့္ပါ ေလ့လာႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
ထုတ္ျပန္ခ်က္အရ Website ႏွင့္ Mobile Application တို႔တြင္ ေ႐ြး ေကာက္ပြဲအႀကိဳကာလ၌ ႀကိဳတင္ႀကံစည္ေဆာင္႐ြက္ခဲ့မႈမ်ား၊ ေ႐ြးေကာက္ ပြဲကာလတြင္ ေဆာင္႐ြက္ခဲ့မႈမ်ား၊ ေ႐ြးေကာက္ပြဲအလြန္ကာလျဖစ္စဥ္မ်ား၊ ျမန္မာႏိုင္ငံတစ္ဝန္းလုံး ေ႐ြးေကာက္ပြဲက်င္းပခဲ့သည့္ ၿမိဳ႕နယ္(၃၁၅) ၿမိဳ႕ နယ္၏ မဲစာရင္းစိစစ္ျခင္းႏွင့္ ေျမျပင္ကြင္းဆင္းစစ္ေဆးေဆာင္႐ြက္ျခင္း၊ ေ႐ြးေကာက္ပြဲျဖစ္စဥ္တစ္ခုလုံးအေပၚ ၿခဳံငုံစစ္ေဆးေတြ႕ရွိခ်က္၊ ၂၀၂၀ ျပည့္ႏွစ္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲရလဒ္မ်ားကို ပယ္ဖ်က္ျခင္း၊ ၂၀၂၀ ျပည့္ႏွစ္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲအေပၚ သုံးသပ္ခ်က္၊ မွတ္တမ္းဓာတ္ပုံမ်ား စသည္ျဖင့္ ၂၀၂၀ ျပည့္ႏွစ္ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲတြင္ ျဖစ္ပြားခဲ့သည့္ မဲမသမာမႈႏွင့္ တရားမဲ့ျပဳက်င့္မႈမ်ားအေပၚ စုံစမ္းစစ္ေဆးေတြ႕ရွိခ်က္မ်ားကို တစ္ေနရာတည္းတြင္ က႑စုံလင္စြာ ေဖာ္ျပသြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။
ထို႔ေၾကာင့္ ေလ့လာဖတ္ရႈလိုသူမ်ားအေနျဖင့္ ႏိုဝင္ဘာလ ၂၂ ရက္မွစတင္ကာ http://2020election.uec.gov.mm website တြင္လည္းေကာင္း၊ Mobile Application ကို ၎ website တြင္ ေဒါင္းလုဒ္ရယူ၍ေသာ္လည္း ေကာင္း ေလ့လာဖတ္ရႈႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။