အိန္ဒိယ၏လူဦးရေ အားသာချက်က ကမ္ဘာလုံးဆိုင်ရာခြိမ်းခြောက်မှုများကို ကျော်လွှားနိုင်မည်လား

 400

တင်ဇာ (NP News) - ဒီဇင်ဘာ ၂၆

(၁၉၈၀)ပြည့်နှစ်များကတည်းက အိန္ဒိယနိုင်ငံသည် တိုးပွားလာသော လုပ်သားအင်အား၊ အငြိမ်းစားယူသူ နည်းပါးလာခြင်းတို့ကြောင့် စီးပွားရေးတိုးတက်မှုကိုတွန်းအားပေးသည့်လူဦးရေ၏ အားသာချက်များကို ခံစားရရှိခဲ့သည်။ အင်အားတောင့်တင်း သောလူဦးရေသည် နိုင်ငံ၏စီးပွားရေးကို စဉ်ဆက်မပြတ် ချဲ့ထွင်ဖန်တီးပေးသောကြောင့် လူဦးရေအား သာချက်သည် အိန္ဒိယနိုင်ငံ၏ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရန်နှင့် ပထဝီဝင်နိုင်ငံရေးဩဇာကို မြှင့်တင်ရန် အခွင့်အလမ်းများဖြစ်လာလိမ့်မည်ဟု ပညာရှင်အများစုက ခန့်မှန်းထားကြသည်။ လူဦးရေ တိုးပွားမှုသည် အိန္ဒိယအတွက် ယခုအချိန်အထိ အပြုသဘောဆောင်နေသော်လည်း မကြာသေးမီက ပထဝီနိုင်ငံရေး၊ စီးပွားရေးနှင့် လူဦးရေဆိုင်ရာခြိမ်း ခြောက်မှုများက အိန္ဒိယနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုအပေါ် လွှမ်းမိုးလာခဲ့သည်။

BRICS မဟာမိတ်အဖွဲ့သည် (၂၀၂၄) ခုနှစ်တွင် အထွတ်အထိပ်သို့တက်လှမ်းလာခဲ့ပြီး အဖွဲ့ ဝင်သစ်များတိုးပွား လာခဲ့သလို အနောက်နိုင်ငံများအ တွက် သတိထားရမည့် အတိုက်အခံမဟာမိတ်အဖွဲ့ ကြီးဖြစ်လာခဲ့သည်။ BRICS သည် အမေရိကန်ဒေါ်လာလွှမ်းမိုးမှုအပေါ် ခြိမ်းခြောက်မှုအဖြစ် အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က လူသိ ရှင်ကြားသတ်မှတ်ခဲ့ပြီး BRICS နိုင်ငံများ အပေါ် (၁၀ဝ)ရာခိုင်နှုန်း စည်းကြပ်ခွန်များ စည်းကြပ် ခြင်းဖြင့် BRICS ဘုံငွေကြေး အသုံးပြုလာမည့်အပေါ် ဟန့်တားမှုများပြုလုပ်လာခဲ့သည်။ BRICS ကို အမေရိကန်က အတိအလင်း ပစ်မှတ်ထားခြင်းကြောင့် ပထဝီဝင်နိုင်ငံရေးနယ်ပယ်ကို ပိုမိုရှုပ်ထွေးစေပြီး BRICS အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် အိန္ဒိယကဲ့သို့ ကြီးမား သောပို့ကုန်တင်ပို့သည့်နိုင်ငံများအတွက်ထပ်လောင်း အကောက်ခွန်အန္တရာယ် ပေါ်ပေါက်လာ စေသည်။ အိန္ဒိယသည် အမေရိကန်သို့ ပို့ကုန် (၁၈) ရာခိုင်နှုန်း ခန့်တင်ပို့နေရသည့်အတွက် BRICS နိုင်ငံများအပေါ် ချမှတ်မည့် အမေရိကန်၏စည်းကြပ်ခွန်ဒဏ်ကို ဆိုးဆိုးရွားရွားခံစားရနိုင်ဖွယ်ရှိနေသည်။

BRICS အပြင် အိန္ဒိယသည် ရုရှား-ယူ ကရိန်းပဋိပက္ခနှင့်ပတ်သက်၍ ကြားနေအဖြစ်ရှိနေ ခြင်းက အနောက်နိုင်ငံ များ၏မူဝါဒနှင့် ဆန့်ကျင်နေ သည်။ ထို့ပြင် အိန္ဒိယသည် ဒဏ်ခတ်ပိတ်ဆို့ထား သော ရုရှားရေနံကို ဆက်လက်တင် သွင်းနေပြီး အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီသည် ဇူလိုင်လတွင် မော်စကိုသို့သွားရောက်ခဲ့သလို ရုရှားသမ္မတ ဗလာဒီမာပူ တင်သည် နှစ်သစ်တွင် အိန္ဒိယနိုင်ငံသို့ လာရောက် မည်ဖြစ်ကြောင်း အတည်ပြုခဲ့ခြင်းက အနောက်အုပ်စု ကို ဆန့်ကျင်သကဲ့သို့ဖြစ်နေသည်။ အနောက်နိုင်ငံများက ယူကရိန်းကို ငွေကြေးနှင့်စစ်ရေးအရ ပံ့ပိုးကူညီမှုများ တိုးမြှင့် လုပ်ဆောင်လာချိန်တွင် ရုရှားအနေဖြင့် စစ်စရိတ်အတွက် ရန်ပုံငွေလိုအပ်ချက်များဖြစ်ပေါ် နေသည်။ အဆိုပါလိုအပ် ချက်လေဟာနယ်ကို အိန္ဒိယကဝင်ဖြည့်ပေးခဲ့သည်။ ထိုအချိန်တွင် ရုရှားကိုထောက်ပံ့နေသည့် အိန္ဒိယကုမ္ပဏီ (၁၉)ခု အပေါ် အမေရိကန်က ပိတ်ဆို့အရေးယူမှုများ ချမှတ်လိုက်သည်။ အိန္ဒိယ၏ ဝေးကွာသောမဟာမိတ် နိုင်ငံများနှင့် သဘောထားကွဲလွဲမှုသည် နျူကလီးယား လက်နက်ပိုင်ဆိုင်သော အိမ်နီးချင်းပါကစ္စတန်နှင့် အငြင်းပွားမှုများရှိနေသော ၎င်းအတွက် ထပ်လောင်း အန္တရာယ်တစ်ခုဖြစ်လာသည်။

နိုင်ငံတကာတွင် အိန္ဒိယ၏အခန်းကဏ္ဍကို ပိုမိုရှုပ်ထွေးစေသော နောက်ထပ် အခင်းအကျင်း တစ်ခုမှာ ကနေဒါမြေပေါ်၌ ဆစ်ခ်ခေါင်းဆောင်များ လုပ်ကြံသတ်ဖြတ်ခံရသည့်ကိစ္စရပ်များတွင် အိန္ဒိယ အေးဂျင့်များ ပါဝင် ပတ်သက်နေသည်ဟူသော ကနေ ဒါဝန်ကြီးချုပ်၏စွပ်စွဲချက်မှာ သံတမန်ရေးရာ အငြင်း ပွားမှုများကိုဖြစ်ပွားစေခဲ့သည်။ နောက်ဆက်တွဲအ ငြင်းပွားမှုကြောင့် သံတမန်များကို နှင်ထုတ်ခြင်းနှင့် အတူ နှစ်နိုင်ငံအကြား ဆက်လက်စွပ်စွဲမှုများနှင့် စုံ စမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ပြီးခဲ့သည့်လက ကနေဒါတွင် ဆန္ဒပြမှုအတွင်း တင်းမာမှုများသည် အထွတ် အထိပ်သို့ရောက်ရှိခဲ့သည်။ အိန္ဒိယကောင်စစ် ဝန်ကနေဒါသို့အလည်အပတ်ရောက်ရှိစဉ် အိန္ဒိယနိုင်ငံ ပန်ဂျပ်ဒေသတွင် ဆစ်ခ်နယ်မြေဖန်တီးရေး လှုပ်ရှားမှုတစ်ခုဖြစ်သည့် Khalistan ခွဲထွက်ရေးကို ထောက်ခံအားပေးသည့် ဆစ်ခ်လူမျိုး များသည် အိန္ဒိယလိုလားသော ဟိန္ဒူများနှင့် ထိပ်တိုက်တွေ့ခဲ့သည်။ ထိုအချိန်မှစ၍ အမေရိကန်အာဏာပိုင်များသည် ဆစ်ခ်နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတစ်ဦးကို လုပ် ကြံသတ်ဖြတ်မှုတွင် အိန္ဒိယနိုင်ငံသားတစ်ဦးကို စွဲချက်တင်ခဲ့ပြီး အိန္ဒိယအရာရှိ တစ်ဦးကို ကြံရာပါအဖြစ် စွဲချက်တင်ခဲ့ကာ တင်းမာမှုများဖြစ်ပေါ်စေခဲ့သည်။

ယင်းအငြင်းပွားမှုများကြောင့် ကုန်သွယ်ဆက်ဆံရေးနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ ဆက်ဆံရေး တို့တွင် ထိခိုက်နစ်နာမှုများရှိလာခဲ့ပြီး အိန္ဒိယသည် ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ်မှတစ်ဆင့်တက်လှမ်းရေး၌ အခက်ကြုံနေသည်။ ထို့ကြောင့် အိန္ဒိယသည် နိုင်ငံခြားကုန်သွယ်မှုတိုးချဲ့ခြင်းရပ်ဝန်းသို့လည်း လက်လှမ်းမမီနိုင်ဖြစ်နေသည်။ ယင်းအစား အနောက်နိုင်ငံ များ၏ အခွန်စည်းကြပ်မှု၊ ပိတ်ဆို့အရေးယူမှုများနှင့် ပထဝီဝင်နိုင်ငံရေး တင်းမာမှုများသည် အိန္ဒိယ၏ ပို့ကုန်ဦးဆောင်သော တိုးတက်မှုအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုဖြစ်လာပြီး ၎င်းင်း၏လူဦးရေအားသာချက်ကို အသုံးမချနိုင်ဖြစ်နေသည်။

အိန္ဒိယကဲ့သို့ အလားတူ လူဦးရေများပြားသော တရုတ်နှင့်နှိုင်းယှဉ်ကြည့်လျှင် တရုတ်နိုင်ငံသည် (၁၉၈၀)ပြည့် နှစ်များအတွင်း ဂလိုဘယ်လိုက် ဇေးရှင်းနောက်လိုက်လာပြီး ကုန်သွယ်မှုအတားအဆီးများကို လျင်မြန်စွာ လျှော့ချ ခြင်းဖြင့် စီးပွားရေးလမ်း ကြောင်းကိုဖွင့်ခဲ့သည်။ (၂၀ဝ၁) ခုနှစ်တွင် ကမ္ဘာ့ကုန် သွယ်ရေးအဖွဲ့သို့ ဝင်ရောက်ခဲ့သည်။ တရုတ်သည် ၎င်း၏စီးပွားရေးကိုဖြေလျှော့လိုက်သောအခါ ၎င်းသည် ဈေးပေါသောကုန်စည်၏ အဓိကအရင်းအမြစ် ဖြစ်လာခဲ့သည်။ ရလဒ်အနေဖြင့် တရုတ်နိုင်ငံသည် အမေရိကန်နှင့် ကုန်သွယ်မှုပိုငွေပြလာခဲ့ပြီး ရေရှည်တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေသော ငွေကြေးဆိုင်ရာပိုင်ဆိုင်မှုများနှင့် ကြွယ်ဝချမ်းသာမှုအများ အပြား ကိုရယူနိုင်ခဲ့သည်။ အနာဂတ်တွင် အိန္ဒိယနိုင်ငံအတွက် အလားတူကြီးထွားမှု နှင့် ကြွယ်ဝမှုဖန်တီးခြင်းလမ်းကြောင်းများ မရရှိနိုင်ပါက နိုင်ငံ၏တိုးတက်မှုအလားအလာ၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုစီးဆင်းမှုနှင့် အလုပ်အကိုင်ဖန်တီးမှုတို့ လျော့ပါးလာမည်ဖြစ်ရာ ၎င်း၏ လူဦးရေအားသာချက်တွင်လည်း အန္တရာယ်များဖြစ်လာနိုင် သည်။

အိန္ဒိယ၏စီးပွားရေးတွင် ယေဘုယျအားဖြင့် အပြုသဘောဆောင်သော အကြောင်းရင်းများ ရှိနေသော်လည်း ဇူလိုင်လမှ စက်တင်ဘာလအတွင်း စီးပွားရေးချဲ့ထွင်မှု (၅ ဒသမ ၄) ရာခိုင်နှုန်းသာရှိပြီး နှေးကွေးနေသည်။ ယင်းကိန်း ဂဏန်းသည် ကမ္ဘာလုံးဆိုင်ရာတိုးတက်မှုများပေါ်ထွန်းလာနိုင်သော အင်အားကြီးနိုင်ငံတစ်ခုအတွက် အံ့အားသင့်ဖွယ် ဖြစ်နေသည်။ စီးပွားရေးပညာရှင်အချို့က အိန္ဒိယနိုင်ငံ၏ ယခုနှစ်အတွက်တိုးတက်မှုနှုန်းကို (၆ ဒသမ ၅) ရာ ခိုင်နှုန်း ရှိနိုင်မည်ဟုခန့်မှန်းထားသည့်အတွက် ယင်းမျှော်မှန်းချက်ကိုလည်း ပြည့်မီနိုင် မည်မဟုတ်တော့ပေ။ ဆန့်ကျင် ဘက်အနေဖြင့် တရုတ်နိုင်ငံသည် (၁၉၇၈)ခုနှစ်မှ (၂၀၁၇)ခုနှစ်အတွင်း ၎င်း၏ လူဦးရေအားသာချက်ကို အရင်းအနှီးပြုနေချိန်၌ GDP တိုးတက်မှုသည် ပျမ်းမျှ (၉) ရာခိုင်နှုန်းအထက်ရှိခဲ့ ကြောင်းသိရသည်။

ပိုဆိုးသည်မှာ အိန္ဒိယတွင် အစားအသောက် ဈေးနှုန်းများမြင့်မားမှုကြောင့် အလုံးစုံ ငွေကြေး ဖောင်းပွမှုကိုဦး တည်လာစေခဲ့သည်။ ငွေကြေးဖောင်း ပွမှုသည် နိုင်ငံအများအပြားအတွက် ခြိမ်းခြောက်မှု တစ်ခုအဖြစ်ဆက် လက်ရှိနေ ခဲ့ပြီး အိန္ဒိယသည် ထိုကဲ့ သို့သောဖိအားများကို ခံနိုင်ရည်မရှိပေ။ ငွေကြေး ဖောင်းပွမှုများ ရေရှည်ဆက်ဖြစ်နေမည်ဆို ပါက အိန္ဒိ ယ၏တိုးတက်မှုအလားအလာသည် ၎င်း၏လူဦးရေအားသာချက်အရ အကောင်းဆုံးတိုးတက်မှု များဖြစ်မည့် ကာလတွင် ကန့်သတ်ချက်များရှိလာနိုင်သည်။

(၂၀၂၁) ခုနှစ်မှစ၍ စီးပွားရေးနှောင့်နှေးလာခြင်းနှင့်အတူ အိန္ဒိယနိုင်ငံ၏မွေးဖွားနှုန်းလည်း လျော့ကျလာသည်။ (၂၀၂၂) ခုနှစ်စာရင်းအရ အိန္ဒိယနိုင်ငံ၏လူဦးရေတိုးနှုန်းသည် (၁)ရာခိုင်နှုန်း အောက်သာရှိကာ ပျမ်းမျှအသက်အရွယ် ကသာ ဆက်လက်တိုးမြင့်နေသည်။ မွေးဖွားနှုန်းမှာ ဆက် လက်ကျဆင်းသွားမည့်အနေအထားတွင်ရှိနေပြီး (၂၀၅၀) ပြည့်နှစ်တွင် ပျမ်းမျှ (၁ ဒသမ ၂၉) သို့ ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။ မွေးဖွားနှုန်းကျ ဆင်းသော်လည်း သက်ကြီးရွယ်အိုလူဦးရေများပြား လာခြင်းက လူဦးရေဝန်ထုပ်ဝန်ပိုးများလာသည်ဟု ဆိုရမည်။ အသက်ကြီးသူများ လာသည်နှင့်အမျှ ဆုတ် ယုတ်လာသောလုပ်သားအင်အားကြောင့် ဖွံ့ဖြိုးတိုး တက်မှုများကို နှောင့်နှေးလာစေနိုင်သည်။ ဖွံ့ဖြိုးပြီး နိုင်ငံအချို့တွင် ယင်းအခြေအနေများကို ကြုံတွေ့ဖူးသည်ဖြစ်ရာ မွေးဖွားနှုန်းနည်းပါးခြင်းသည် တည်ငြိမ် မှုမရှိသော လူမှုဖူလုံရေးစနစ်များနှင့် ကုန်ထုတ်စွမ်း အားကို အကန့်အသတ်ဖြင့်သာထုတ်လုပ်နိုင်သော အခြေအနေများ ဆီ ဦးတည်သွားစေနိုင်ကြောင်း မြင်တွေ့နေရသည်။

အိန္ဒိယ၏ လက်ရှိဖြစ်ပျက်နေသော လူဦးရေလမ်းကြောင်းသည် ဂျပန်နှင့်တောင်ကိုရီးယားကဲ့ သို့ အာရှနိုင်ငံ များ၏ အတိတ်လမ်းကြောင်းများအတိုင်း ပဲ့တင်ထပ်နေသည်။ နှစ်နိုင်ငံစလုံးသည် ယခင်က စံပြလူဦးရေအခြေအနေ များကြောင့် တိုးတက်မှုကို တွေ့ကြုံခံစားခဲ့ရသော်လည်း ယိုယွင်းလာသော လူဦးရေအချိုးအစားကို ကြုံတွေ့လာရ သောကြောင့် “Jap­an­ification” ဟုလူသိများသော အခြေအနေတစ်ခု ဖြစ်လာခဲ့သည်။ အချို့သောနိုင်ငံများသည် လက်ရှိ တွင် အန္တရာယ်ရှိသော စီးပွားရေးတုံ့ဆိုင်းမှုအခြေအနေကိုတားဆီးရန် လူဦးရေအချိုးအစားနှင့်ပတ်သက် ၍ ပြင်းထန်သောအစီအမံများ ပြုလုပ်လာကြသည်။ ဥပမာအားဖြင့် တရုတ်နိုင်ငံသည် (၁၉၇၀) ပြည့်နှစ်များက one-child policy ကို ကျင့်သုံးခဲ့သော်လည်း ယခုအခါ စုံတွဲများကို စောစောလက်ထပ်ရန်နှင့် မွေးဖွားနှုန်းပိုမိုမြင့်မားလာစေရန် အားပေးတိုက်တွန်း လျက်ရှိသည်။ တစ်ချိန်တည်းတွင် ရုရှားမူဝါဒရေးရာ သမားများက မွေးဖွားနှုန်းကျ ဆင်းလာ ခြင်းအပေါ် အပြစ်တင်လာကြပြီး ‘ကလေးမယူသော’ အလေ့အထ ပျံ့နှံ့မှုကို တားမြစ်သည့်ဥပဒေတစ်ရပ်ကို အတည်ပြုခဲ့ သည်။ နိုင်ငံများသည် ကျဆင်းလာသော ကလေးမွေးဖွားနှုန်းကိုတွန်းလှန်ရန် အလွန်ခက်ခဲသည်ကိုတွေ့ရှိ ခဲ့ရပြီး အိန္ဒိယသည်လည်း တဖြည်းဖြည်းကျဆင်းလာသော ၎င်း၏လူဦးရေအနေအထားကို ပြန်လည်မြှင့်တင်ရန် မလွယ်ကူနိုင်ကြောင်းတွေ့ရသည်။

အိန္ဒိယ၏ လတ်တလော စီးပွားရေးအားနည်းမှုကို ငွေကြေးဖောင်းပွမှုလျှော့ချခြင်းနှင့် အသစ် အသစ်သော စီးပွားရေးမူဝါဒများချမှတ်ခြင်းဖြင့် ကျော်လွှားနိုင်သော်လည်း တည်ငြိမ်သော နိုင်ငံရေး နှင့်စီးပွားရေးအခြေ အနေကိုရရန်ဆိုလျှင် အနောက် နိုင်ငံများနှင့် တစ်သမတ်တည်း တိုးတက်နေသော ကုန်သွယ်မှုကိုလိုအပ်သည်။ သို့သော် ကုန်သွယ်ရေး မိတ်ဖက်များ၏ အမျိုးမျိုးသော အကောက်ခွန်စည်း ကြပ်မှုများနှင့်အတူ ကမ္ဘာ့စီးပွားရေးတွင် ဂလိုဘယ် လိုက်ဇေးရှင်းကို ဆန့်ကျင်ဘက်ပြုမှုများကြီးထွားလာ ပြီး ဒေသတွင်းပဋိပက္ခများပေါများလာခြင်းက အိန္ဒိယ အတွက် ၎င်း၏ လူဦးရေအားသာချက်ကိုအသုံးချရန်မှာ တဖြည်းဖြည်း အလှမ်းဝေးလာပြီဖြစ်ပါကြောင်း သုံးသပ်လိုက်ရသည်။

zawgyi version
အိႏၵိယ၏လူဦးေရ အားသာခ်က္က ကမာၻလုံးဆိုင္ရာၿခိမ္းေျခာက္မႈမ်ားကို ေက်ာ္လႊားႏိုင္မည္လား
တင္ဇာ (NP News) - ဒီဇင္ဘာ ၂၆

(၁၉၈၀)ျပည့္ႏွစ္မ်ားကတည္းက အိႏၵိယႏိုင္ငံသည္ တိုးပြားလာေသာ လုပ္သားအင္အား၊ အၿငိမ္းစားယူသူ နည္းပါးလာျခင္းတို႔ေၾကာင့္ စီးပြားေရးတိုးတက္မႈကိုတြန္းအားေပးသည့္လူဦးေရ၏ အားသာခ်က္မ်ားကို ခံစားရရွိခဲ့သည္။ အင္အားေတာင့္တင္း ေသာလူဦးေရသည္ ႏိုင္ငံ၏စီးပြားေရးကို စဥ္ဆက္မျပတ္ ခ်ဲ႕ထြင္ဖန္တီးေပးေသာေၾကာင့္ လူဦးေရအား သာခ်က္သည္ အိႏၵိယႏိုင္ငံ၏ ေခတ္မီဖြံ႕ၿဖိဳးတိုးတက္မႈကို တြန္းအားေပးရန္ႏွင့္ ပထဝီဝင္ႏိုင္ငံေရးဩဇာကို ျမႇင့္တင္ရန္ အခြင့္အလမ္းမ်ားျဖစ္လာလိမ့္မည္ဟု ပညာရွင္အမ်ားစုက ခန႔္မွန္းထားၾကသည္။ လူဦးေရ တိုးပြားမႈသည္ အိႏၵိယအတြက္ ယခုအခ်ိန္အထိ အျပဳသေဘာေဆာင္ေနေသာ္လည္း မၾကာေသးမီက ပထဝီႏိုင္ငံေရး၊ စီးပြားေရးႏွင့္ လူဦးေရဆိုင္ရာၿခိမ္း ေျခာက္မႈမ်ားက အိႏၵိယႏိုင္ငံ၏ တည္ၿငိမ္ေအးခ်မ္းမႈအေပၚ လႊမ္းမိုးလာခဲ့သည္။

BRICS မဟာမိတ္အဖြဲ႕သည္ (၂၀၂၄) ခုႏွစ္တြင္ အထြတ္အထိပ္သို႔တက္လွမ္းလာခဲ့ၿပီး အဖြဲ႕ ဝင္သစ္မ်ားတိုးပြား လာခဲ့သလို အေနာက္ႏိုင္ငံမ်ားအ တြက္ သတိထားရမည့္ အတိုက္အခံမဟာမိတ္အဖြဲ႕ ႀကီးျဖစ္လာခဲ့သည္။ BRICS သည္ အေမရိကန္ေဒၚလာလႊမ္းမိုးမႈအေပၚ ၿခိမ္းေျခာက္မႈအျဖစ္ အေမရိကန္ေ႐ြးေကာက္ခံသမၼတ ေဒၚနယ္ထရမ့္က လူသိ ရွင္ၾကားသတ္မွတ္ခဲ့ၿပီး BRICS ႏိုင္ငံမ်ား အေပၚ (၁၀ဝ)ရာခိုင္ႏႈန္း စည္းၾကပ္ခြန္မ်ား စည္းၾကပ္ ျခင္းျဖင့္ BRICS ဘုံေငြေၾကး အသုံးျပဳလာမည့္အေပၚ ဟန႔္တားမႈမ်ားျပဳလုပ္လာခဲ့သည္။ BRICS ကို အေမရိကန္က အတိအလင္း ပစ္မွတ္ထားျခင္းေၾကာင့္ ပထဝီဝင္ႏိုင္ငံေရးနယ္ပယ္ကို ပိုမိုရႈပ္ေထြးေစၿပီး BRICS အဖြဲ႕ဝင္ႏိုင္ငံတစ္ႏိုင္ငံျဖစ္သည့္ အိႏၵိယကဲ့သို႔ ႀကီးမား ေသာပို႔ကုန္တင္ပို႔သည့္ႏိုင္ငံမ်ားအတြက္ထပ္ေလာင္း အေကာက္ခြန္အႏၲရာယ္ ေပၚေပါက္လာ ေစသည္။ အိႏၵိယသည္ အေမရိကန္သို႔ ပို႔ကုန္ (၁၈) ရာခိုင္ႏႈန္း ခန႔္တင္ပို႔ေနရသည့္အတြက္ BRICS ႏိုင္ငံမ်ားအေပၚ ခ်မွတ္မည့္ အေမရိကန္၏စည္းၾကပ္ခြန္ဒဏ္ကို ဆိုးဆိုး႐ြား႐ြားခံစားရႏိုင္ဖြယ္ရွိေနသည္။

BRICS အျပင္ အိႏၵိယသည္ ႐ုရွား-ယူ ကရိန္းပဋိပကၡႏွင့္ပတ္သက္၍ ၾကားေနအျဖစ္ရွိေန ျခင္းက အေနာက္ႏိုင္ငံ မ်ား၏မူဝါဒႏွင့္ ဆန႔္က်င္ေန သည္။ ထို႔ျပင္ အိႏၵိယသည္ ဒဏ္ခတ္ပိတ္ဆို႔ထား ေသာ ႐ုရွားေရနံကို ဆက္လက္တင္ သြင္းေနၿပီး အိႏၵိယဝန္ႀကီးခ်ဳပ္ နာရင္ဒရာမိုဒီသည္ ဇူလိုင္လတြင္ ေမာ္စကိုသို႔သြားေရာက္ခဲ့သလို ႐ုရွားသမၼတ ဗလာဒီမာပူ တင္သည္ ႏွစ္သစ္တြင္ အိႏၵိယႏိုင္ငံသို႔ လာေရာက္ မည္ျဖစ္ေၾကာင္း အတည္ျပဳခဲ့ျခင္းက အေနာက္အုပ္စု ကို ဆန႔္က်င္သကဲ့သို႔ျဖစ္ေနသည္။ အေနာက္ႏိုင္ငံမ်ားက ယူကရိန္းကို ေငြေၾကးႏွင့္စစ္ေရးအရ ပံ့ပိုးကူညီမႈမ်ား တိုးျမႇင့္ လုပ္ေဆာင္လာခ်ိန္တြင္ ႐ုရွားအေနျဖင့္ စစ္စရိတ္အတြက္ ရန္ပုံေငြလိုအပ္ခ်က္မ်ားျဖစ္ေပၚ ေနသည္။ အဆိုပါလိုအပ္ ခ်က္ေလဟာနယ္ကို အိႏၵိယကဝင္ျဖည့္ေပးခဲ့သည္။ ထိုအခ်ိန္တြင္ ႐ုရွားကိုေထာက္ပံ့ေနသည့္ အိႏၵိယကုမၸဏီ (၁၉)ခု အေပၚ အေမရိကန္က ပိတ္ဆို႔အေရးယူမႈမ်ား ခ်မွတ္လိုက္သည္။ အိႏၵိယ၏ ေဝးကြာေသာမဟာမိတ္ ႏိုင္ငံမ်ားႏွင့္ သေဘာထားကြဲလြဲမႈသည္ န်ဴကလီးယား လက္နက္ပိုင္ဆိုင္ေသာ အိမ္နီးခ်င္းပါကစၥတန္ႏွင့္ အျငင္းပြားမႈမ်ားရွိေနေသာ ၎အတြက္ ထပ္ေလာင္း အႏၲရာယ္တစ္ခုျဖစ္လာသည္။

ႏိုင္ငံတကာတြင္ အိႏၵိယ၏အခန္းက႑ကို ပိုမိုရႈပ္ေထြးေစေသာ ေနာက္ထပ္ အခင္းအက်င္း တစ္ခုမွာ ကေနဒါေျမေပၚ၌ ဆစ္ခ္ေခါင္းေဆာင္မ်ား လုပ္ႀကံသတ္ျဖတ္ခံရသည့္ကိစၥရပ္မ်ားတြင္ အိႏၵိယ ေအးဂ်င့္မ်ား ပါဝင္ ပတ္သက္ေနသည္ဟူေသာ ကေန ဒါဝန္ႀကီးခ်ဳပ္၏စြပ္စြဲခ်က္မွာ သံတမန္ေရးရာ အျငင္း ပြားမႈမ်ားကိုျဖစ္ပြားေစခဲ့သည္။ ေနာက္ဆက္တြဲအ ျငင္းပြားမႈေၾကာင့္ သံတမန္မ်ားကို ႏွင္ထုတ္ျခင္းႏွင့္ အတူ ႏွစ္ႏိုင္ငံအၾကား ဆက္လက္စြပ္စြဲမႈမ်ားႏွင့္ စုံ စမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့သည္။ ၿပီးခဲ့သည့္လက ကေနဒါတြင္ ဆႏၵျပမႈအတြင္း တင္းမာမႈမ်ားသည္ အထြတ္ အထိပ္သို႔ေရာက္ရွိခဲ့သည္။ အိႏၵိယေကာင္စစ္ ဝန္ကေနဒါသို႔အလည္အပတ္ေရာက္ရွိစဥ္ အိႏၵိယႏိုင္ငံ ပန္ဂ်ပ္ေဒသတြင္ ဆစ္ခ္နယ္ေျမဖန္တီးေရး လႈပ္ရွားမႈတစ္ခုျဖစ္သည့္ Khalistan ခြဲထြက္ေရးကို ေထာက္ခံအားေပးသည့္ ဆစ္ခ္လူမ်ိဳး မ်ားသည္ အိႏၵိယလိုလားေသာ ဟိႏၵဴမ်ားႏွင့္ ထိပ္တိုက္ေတြ႕ခဲ့သည္။ ထိုအခ်ိန္မွစ၍ အေမရိကန္အာဏာပိုင္မ်ားသည္ ဆစ္ခ္ႏိုင္ငံေရး တက္ႂကြ လႈပ္ရွားသူတစ္ဦးကို လုပ္ ႀကံသတ္ျဖတ္မႈတြင္ အိႏၵိယႏိုင္ငံသားတစ္ဦးကို စြဲခ်က္တင္ခဲ့ၿပီး အိႏၵိယအရာရွိ တစ္ဦးကို ႀကံရာပါအျဖစ္ စြဲခ်က္တင္ခဲ့ကာ တင္းမာမႈမ်ားျဖစ္ေပၚေစခဲ့သည္။

ယင္းအျငင္းပြားမႈမ်ားေၾကာင့္ ကုန္သြယ္ဆက္ဆံေရးႏွင့္ ပထဝီႏိုင္ငံေရးဆိုင္ရာ ဆက္ဆံေရး တို႔တြင္ ထိခိုက္နစ္နာမႈမ်ားရွိလာခဲ့ၿပီး အိႏၵိယသည္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံအျဖစ္မွတစ္ဆင့္တက္လွမ္းေရး၌ အခက္ႀကဳံေနသည္။ ထို႔ေၾကာင့္ အိႏၵိယသည္ ႏိုင္ငံျခားကုန္သြယ္မႈတိုးခ်ဲ႕ျခင္းရပ္ဝန္းသို႔လည္း လက္လွမ္းမမီႏိုင္ျဖစ္ေနသည္။ ယင္းအစား အေနာက္ႏိုင္ငံ မ်ား၏ အခြန္စည္းၾကပ္မႈ၊ ပိတ္ဆို႔အေရးယူမႈမ်ားႏွင့္ ပထဝီဝင္ႏိုင္ငံေရး တင္းမာမႈမ်ားသည္ အိႏၵိယ၏ ပို႔ကုန္ဦးေဆာင္ေသာ တိုးတက္မႈအတြက္ ႀကီးမားေသာ ၿခိမ္းေျခာက္မႈတစ္ခုျဖစ္လာၿပီး ၎င္း၏လူဦးေရအားသာခ်က္ကို အသုံးမခ်ႏိုင္ျဖစ္ေနသည္။

အိႏၵိယကဲ့သို႔ အလားတူ လူဦးေရမ်ားျပားေသာ တ႐ုတ္ႏွင့္ႏႈိင္းယွဥ္ၾကည့္လွ်င္ တ႐ုတ္ႏိုင္ငံသည္ (၁၉၈၀)ျပည့္ ႏွစ္မ်ားအတြင္း ဂလိုဘယ္လိုက္ ေဇးရွင္းေနာက္လိုက္လာၿပီး ကုန္သြယ္မႈအတားအဆီးမ်ားကို လ်င္ျမန္စြာ ေလွ်ာ့ခ် ျခင္းျဖင့္ စီးပြားေရးလမ္း ေၾကာင္းကိုဖြင့္ခဲ့သည္။ (၂၀ဝ၁) ခုႏွစ္တြင္ ကမာၻ႔ကုန္ သြယ္ေရးအဖြဲ႕သို႔ ဝင္ေရာက္ခဲ့သည္။ တ႐ုတ္သည္ ၎၏စီးပြားေရးကိုေျဖေလွ်ာ့လိုက္ေသာအခါ ၎သည္ ေဈးေပါေသာကုန္စည္၏ အဓိကအရင္းအျမစ္ ျဖစ္လာခဲ့သည္။ ရလဒ္အေနျဖင့္ တ႐ုတ္ႏိုင္ငံသည္ အေမရိကန္ႏွင့္ ကုန္သြယ္မႈပိုေငြျပလာခဲ့ၿပီး ေရရွည္တည္ၿငိမ္မႈႏွင့္ ဖြံ႕ၿဖိဳးတိုးတက္မႈကို အေထာက္အကူ ျဖစ္ေစေသာ ေငြေၾကးဆိုင္ရာပိုင္ဆိုင္မႈမ်ားႏွင့္ ႂကြယ္ဝခ်မ္းသာမႈအမ်ား အျပား ကိုရယူႏိုင္ခဲ့သည္။ အနာဂတ္တြင္ အိႏၵိယႏိုင္ငံအတြက္ အလားတူႀကီးထြားမႈ ႏွင့္ ႂကြယ္ဝမႈဖန္တီးျခင္းလမ္းေၾကာင္းမ်ား မရရွိႏိုင္ပါက ႏိုင္ငံ၏တိုးတက္မႈအလားအလာ၊ ႏိုင္ငံျခားရင္းႏွီး ျမႇဳပ္ႏွံမႈစီးဆင္းမႈႏွင့္ အလုပ္အကိုင္ဖန္တီးမႈတို႔ ေလ်ာ့ပါးလာမည္ျဖစ္ရာ ၎၏ လူဦးေရအားသာခ်က္တြင္လည္း အႏၲရာယ္မ်ားျဖစ္လာႏိုင္ သည္။

အိႏၵိယ၏စီးပြားေရးတြင္ ေယဘုယ်အားျဖင့္ အျပဳသေဘာေဆာင္ေသာ အေၾကာင္းရင္းမ်ား ရွိေနေသာ္လည္း ဇူလိုင္လမွ စက္တင္ဘာလအတြင္း စီးပြားေရးခ်ဲ႕ထြင္မႈ (၅ ဒသမ ၄) ရာခိုင္ႏႈန္းသာရွိၿပီး ေႏွးေကြးေနသည္။ ယင္းကိန္း ဂဏန္းသည္ ကမာၻလုံးဆိုင္ရာတိုးတက္မႈမ်ားေပၚထြန္းလာႏိုင္ေသာ အင္အားႀကီးႏိုင္ငံတစ္ခုအတြက္ အံ့အားသင့္ဖြယ္ ျဖစ္ေနသည္။ စီးပြားေရးပညာရွင္အခ်ိဳ႕က အိႏၵိယႏိုင္ငံ၏ ယခုႏွစ္အတြက္တိုးတက္မႈႏႈန္းကို (၆ ဒသမ ၅) ရာ ခိုင္ႏႈန္း ရွိႏိုင္မည္ဟုခန႔္မွန္းထားသည့္အတြက္ ယင္းေမွ်ာ္မွန္းခ်က္ကိုလည္း ျပည့္မီႏိုင္ မည္မဟုတ္ေတာ့ေပ။ ဆန႔္က်င္ ဘက္အေနျဖင့္ တ႐ုတ္ႏိုင္ငံသည္ (၁၉၇၈)ခုႏွစ္မွ (၂၀၁၇)ခုႏွစ္အတြင္း ၎၏ လူဦးေရအားသာခ်က္ကို အရင္းအႏွီးျပဳေနခ်ိန္၌ GDP တိုးတက္မႈသည္ ပ်မ္းမွ် (၉) ရာခိုင္ႏႈန္းအထက္ရွိခဲ့ ေၾကာင္းသိရသည္။

ပိုဆိုးသည္မွာ အိႏၵိယတြင္ အစားအေသာက္ ေဈးႏႈန္းမ်ားျမင့္မားမႈေၾကာင့္ အလုံးစုံ ေငြေၾကး ေဖာင္းပြမႈကိုဦး တည္လာေစခဲ့သည္။ ေငြေၾကးေဖာင္း ပြမႈသည္ ႏိုင္ငံအမ်ားအျပားအတြက္ ၿခိမ္းေျခာက္မႈ တစ္ခုအျဖစ္ဆက္ လက္ရွိေန ခဲ့ၿပီး အိႏၵိယသည္ ထိုကဲ့ သို႔ေသာဖိအားမ်ားကို ခံႏိုင္ရည္မရွိေပ။ ေငြေၾကး ေဖာင္းပြမႈမ်ား ေရရွည္ဆက္ျဖစ္ေနမည္ဆို ပါက အိႏၵိ ယ၏တိုးတက္မႈအလားအလာသည္ ၎၏လူဦးေရအားသာခ်က္အရ အေကာင္းဆုံးတိုးတက္မႈ မ်ားျဖစ္မည့္ ကာလတြင္ ကန႔္သတ္ခ်က္မ်ားရွိလာႏိုင္သည္။

(၂၀၂၁) ခုႏွစ္မွစ၍ စီးပြားေရးေႏွာင့္ေႏွးလာျခင္းႏွင့္အတူ အိႏၵိယႏိုင္ငံ၏ေမြးဖြားႏႈန္းလည္း ေလ်ာ့က်လာသည္။ (၂၀၂၂) ခုႏွစ္စာရင္းအရ အိႏၵိယႏိုင္ငံ၏လူဦးေရတိုးႏႈန္းသည္ (၁)ရာခိုင္ႏႈန္း ေအာက္သာရွိကာ ပ်မ္းမွ်အသက္အ႐ြယ္ ကသာ ဆက္လက္တိုးျမင့္ေနသည္။ ေမြးဖြားႏႈန္းမွာ ဆက္ လက္က်ဆင္းသြားမည့္အေနအထားတြင္ရွိေနၿပီး (၂၀၅၀) ျပည့္ႏွစ္တြင္ ပ်မ္းမွ် (၁ ဒသမ ၂၉) သို႔ ေရာက္ရွိမည္ဟု ခန႔္မွန္းထားသည္။ ေမြးဖြားႏႈန္းက် ဆင္းေသာ္လည္း သက္ႀကီး႐ြယ္အိုလူဦးေရမ်ားျပား လာျခင္းက လူဦးေရဝန္ထုပ္ဝန္ပိုးမ်ားလာသည္ဟု ဆိုရမည္။ အသက္ႀကီးသူမ်ား လာသည္ႏွင့္အမွ် ဆုတ္ ယုတ္လာေသာလုပ္သားအင္အားေၾကာင့္ ဖြံ႕ၿဖိဳးတိုး တက္မႈမ်ားကို ေႏွာင့္ေႏွးလာေစႏိုင္သည္။ ဖြံ႕ၿဖိဳးၿပီး ႏိုင္ငံအခ်ိဳ႕တြင္ ယင္းအေျခအေနမ်ားကို ႀကဳံေတြ႕ဖူးသည္ျဖစ္ရာ ေမြးဖြားႏႈန္းနည္းပါးျခင္းသည္ တည္ၿငိမ္ မႈမရွိေသာ လူမႈဖူလုံေရးစနစ္မ်ားႏွင့္ ကုန္ထုတ္စြမ္း အားကို အကန႔္အသတ္ျဖင့္သာထုတ္လုပ္ႏိုင္ေသာ အေျခအေနမ်ား ဆီ ဦးတည္သြားေစႏိုင္ေၾကာင္း ျမင္ေတြ႕ေနရသည္။

အိႏၵိယ၏ လက္ရွိျဖစ္ပ်က္ေနေသာ လူဦးေရလမ္းေၾကာင္းသည္ ဂ်ပန္ႏွင့္ေတာင္ကိုရီးယားကဲ့ သို႔ အာရွႏိုင္ငံ မ်ား၏ အတိတ္လမ္းေၾကာင္းမ်ားအတိုင္း ပဲ့တင္ထပ္ေနသည္။ ႏွစ္ႏိုင္ငံစလုံးသည္ ယခင္က စံျပလူဦးေရအေျခအေန မ်ားေၾကာင့္ တိုးတက္မႈကို ေတြ႕ႀကဳံခံစားခဲ့ရေသာ္လည္း ယိုယြင္းလာေသာ လူဦးေရအခ်ိဳးအစားကို ႀကဳံေတြ႕လာရ ေသာေၾကာင့္ “Jap­an­ification” ဟုလူသိမ်ားေသာ အေျခအေနတစ္ခု ျဖစ္လာခဲ့သည္။ အခ်ိဳ႕ေသာႏိုင္ငံမ်ားသည္ လက္ရွိ တြင္ အႏၲရာယ္ရွိေသာ စီးပြားေရးတုံ႔ဆိုင္းမႈအေျခအေနကိုတားဆီးရန္ လူဦးေရအခ်ိဳးအစားႏွင့္ပတ္သက္ ၍ ျပင္းထန္ေသာအစီအမံမ်ား ျပဳလုပ္လာၾကသည္။ ဥပမာအားျဖင့္ တ႐ုတ္ႏိုင္ငံသည္ (၁၉၇၀) ျပည့္ႏွစ္မ်ားက one-child policy ကို က်င့္သုံးခဲ့ေသာ္လည္း ယခုအခါ စုံတြဲမ်ားကို ေစာေစာလက္ထပ္ရန္ႏွင့္ ေမြးဖြားႏႈန္းပိုမိုျမင့္မားလာေစရန္ အားေပးတိုက္တြန္း လ်က္ရွိသည္။ တစ္ခ်ိန္တည္းတြင္ ႐ုရွားမူဝါဒေရးရာ သမားမ်ားက ေမြးဖြားႏႈန္းက် ဆင္းလာ ျခင္းအေပၚ အျပစ္တင္လာၾကၿပီး ‘ကေလးမယူေသာ’ အေလ့အထ ပ်ံ႕ႏွံ႔မႈကို တားျမစ္သည့္ဥပေဒတစ္ရပ္ကို အတည္ျပဳခဲ့ သည္။ ႏိုင္ငံမ်ားသည္ က်ဆင္းလာေသာ ကေလးေမြးဖြားႏႈန္းကိုတြန္းလွန္ရန္ အလြန္ခက္ခဲသည္ကိုေတြ႕ရွိ ခဲ့ရၿပီး အိႏၵိယသည္လည္း တျဖည္းျဖည္းက်ဆင္းလာေသာ ၎၏လူဦးေရအေနအထားကို ျပန္လည္ျမႇင့္တင္ရန္ မလြယ္ကူႏိုင္ေၾကာင္းေတြ႕ရသည္။

အိႏၵိယ၏ လတ္တေလာ စီးပြားေရးအားနည္းမႈကို ေငြေၾကးေဖာင္းပြမႈေလွ်ာ့ခ်ျခင္းႏွင့္ အသစ္ အသစ္ေသာ စီးပြားေရးမူဝါဒမ်ားခ်မွတ္ျခင္းျဖင့္ ေက်ာ္လႊားႏိုင္ေသာ္လည္း တည္ၿငိမ္ေသာ ႏိုင္ငံေရး ႏွင့္စီးပြားေရးအေျခ အေနကိုရရန္ဆိုလွ်င္ အေနာက္ ႏိုင္ငံမ်ားႏွင့္ တစ္သမတ္တည္း တိုးတက္ေနေသာ ကုန္သြယ္မႈကိုလိုအပ္သည္။ သို႔ေသာ္ ကုန္သြယ္ေရး မိတ္ဖက္မ်ား၏ အမ်ိဳးမ်ိဳးေသာ အေကာက္ခြန္စည္း ၾကပ္မႈမ်ားႏွင့္အတူ ကမာၻ႔စီးပြားေရးတြင္ ဂလိုဘယ္ လိုက္ေဇးရွင္းကို ဆန႔္က်င္ဘက္ျပဳမႈမ်ားႀကီးထြားလာ ၿပီး ေဒသတြင္းပဋိပကၡမ်ားေပါမ်ားလာျခင္းက အိႏၵိယ အတြက္ ၎၏ လူဦးေရအားသာခ်က္ကိုအသုံးခ်ရန္မွာ တျဖည္းျဖည္း အလွမ္းေဝးလာၿပီျဖစ္ပါေၾကာင္း သုံးသပ္လိုက္ရသည္။

Related news

© 2021. All rights reserved.