ဉာဏ်မွဲပြီး စိတ်ဓာတ်ဆင်းရဲခြင်းကြောင့် နွမ်းပါးနေသော မြန်မာ့စီးပွားရေးအကြောင်း ဆွေးနွေးခြင်း (အပိုင်း - ၂)
547
စော ရေးသားသည် (NP News) - ဒီဇင်ဘာ ၂၆
ကျော်နုနှင့်ဆွေးနွေးဖော်များ အလွတ်သဘောဆွေးနွေးမှု၏ ယခုတစ်ကြိမ် အစီအစဉ်သည် စီးပွားရေးကဏ္ဍအတွက်ဖြစ်၏။ ရေတိုရေရှည်နှင့် ပြုပြင်ပြောင်းလဲသင့်သောအချက်များကို ဆွေးနွေး ဖော်က ထောက်ပြအကြံပြုထားသည်။ အပိုင်း(၄)ပိုင်းဖြင့် ဖော်ပြမည်ဖြစ်ပြီး အခန်းဆက်အဖြစ် စောင့် ဆိုင်းဖတ်ရှုစေလိုပါသည်။ နောက်တစ်ခါ ရေ၊ မြန်မာပြည်မှာ ရေချို မြစ်ကြီးတွေရှိရဲ့သားနဲ့ မြစ်ကြောင်း ထိန်းသိမ်းရေးတွေက ဒီမြစ်ကြီးတွေကို သင်္ဘောရေလမ်းကြောင်းတွေလည်း သေချာမလုပ်ဘူး။ ဘတ် ဂျက်တွေတော့ ထုတ်နေတယ်။ ရေလမ်းကြောင်းတွေ မထိန်းသိမ်းတဲ့အခါကျတော့ ရေတွေက တိမ်တိမ် လာပြီးတော့ ဘေးတွေကိုကျယ်လာတဲ့အခါကျတော့ ရေကြီးတာတွေဖြစ်သွားရော။ အမှန်က ရန်ကုန် ကနေပြီးတော့ မန္တလေး လောက်အထိ တန် (၅၀ဝဝ) ကွန်တိန်နာသင်္ဘောသွားနိုင်တဲ့ရေလမ်းကြောင်း ကောင်းကောင်း လုပ်လို့ရတယ်။ အဲဒီလိုလုပ်လိုက်လို့ ထွက်လာတဲ့သဲတွေကို ဆိုပါစို့ သူတို့ရဲ့စိတ်ထဲမှာ Mineral တွေပါ တယ်ထင် ရင် အဲဒီသဲတွေကိုကျုံးလိုက်ဦး၊ Mineral တွေရှာလိုက်ဦး။ ထွက်လာတဲ့သဲ သန့်သန့်ကို ဘာလုပ်လဲဆိုတော့ မြန်မာပြည်အောက်ပိုင်း ဧရာဝတီတိုင်းတို့မှာ စင်ကာပူ သဲဖို့သလိုမျိုး ဖို့ဖို့ ဖို့ဖို့သွားမယ်ဆိုရင် ကျွန်တော်တို့တိုင်းပြည်လည်း ကျယ်လာမယ်။ တိုင်းပြည် ဧရိယာကျယ်လာ တာနဲ့အမျှ ရေပိုင်နက် ကီလို (၂၀ဝ)ဆိုတာလည်း ပင်လယ်ထဲကို တိုးတိုး တိုးတိုးသွားမယ်။ အဲဒီဘက် မှာရှိတဲ့ ငါးသယံဇာတ၊ ရေသယံဇာတ၊ ရေနံက ပိုရမှာ။ ရေမိုင်(၂၀)လောက်မှာ ကျွန်းတစ် ကျွန်းသွား ဆောက်တယ်ဆိုတာ အလကားမဟုတ်ဘူး။ သူရဲ့နိုင်ငံ Territory ကို ချဲ့တာလေ။ ကျွန်တော်တို့က ကိုကိုးကျွန်းနဲ့မော်တင်စွန်းနဲ့ကြားထဲမှာ ကိုကိုးကျွန်း လိုနေရာမျိုးကို ကျွန်းကြီး အကြီးကြီးချဲ့ပစ်လို့ ရတယ်။ ဥပမာ မြန်မာပြည်ရဲ့ရေပိုင်နက်ကို ဘယ်ကျွန်းက စကိုင်ရလဲ။ ကျွန်တော်တို့က အဲဒီကျွန်းကို နောက်ထပ် မိုင်(၂၀)လောက်ထပ်ချဲ့လိုက်မယ်ဆိုရင် နောက်ထပ် မိုင်(၂၀)ရေပိုင်နက် အရှည်ကြီးရသွား မယ်။ အဲဒီကမ်း ရိုးတန်းအရှည်ကြီးရသွားမယ်။ သယံဇာတက ကျွန် တော်တို့ဟာပဲ။ အလကားပိုင်သွား တာလေ။ ကမ္ဘာကြီး ရဲ့ဟာကို အလကားပိုင်သွားတာလေ။ ဒီဟာတွေလုပ် ရင်းနဲ့ အဲဒီလိုမျိုးဟာတွေက Plan ချပြီးတော့ လုပ်ရမှာပေါ့။
နောက် ဒီမြစ်ကြောင်းတစ်လျှောက်စုပ်ထုတ်လိုက်တဲ့ သဲကနေပြီးတော့ ထွက်လာမယ့် ရွှေတို့၊ သတ္တုတို့က အများကြီးရဦးမှာ ဒါက လုပ်လို့ရတယ်။ အဲဒါကြောင့်အရာရာတိုင်း နိုင်ငံတော်အနေနဲ့၊ ဝန်ကြီး ဌာနအနေနဲ့ မစဉ်းစားဘဲ ကျွန်တော်ခုနကပြောသလို လူတွေကို နာနတ်သီး စိုက်ခိုင်းပြီး အမြဲနှစ်တိုင်း စောင့်ဝယ်နေရင် အဲဒီရွာကလူတွေက နာနတ်သီးစိုက် မှာပဲ။ မင်းတို့ ကြံစိုက်ကွာ ကြံ နှစ်တိုင်းဝယ်မယ်ဆို ကြံစိုက်မှာပဲ။ ဆိုတော့ ကြံစိုက်ပြီးတော့သကြားချက် ပြီးတော့ သကြားကို အိန္ဒိယနဲ့တရုတ်နဲ့ကိုရောင်းနေတာနဲ့တင် ကျွန်တော်တို့မြန်မာပြည်က အရမ်းကို သကြားအလုပ်ဖြစ် နေတယ်။ ပီလောပီနံစိုက်ပြီးတော့ ပီလောပီနံအတိုင်း ရောင်းမယ့်အစား ပီလောပီနံဥ ပြုတ်ဆိုပြီး ပတ် ရောင်းနေမယ့်အစား အဲဒီပီလောပီနံ ကို တစ်ခါတည်း အမှုန့်ကြိတ် အကြော်မှုန့်တွေဖြည့် ဟုတ်လား။ နောက်တစ်ခါ ကြံဆိုရင် Ethanol ထုတ် လို့ရတယ်။ Ethanol ကနေ ဓာတ်ဆီဘက်ကိုလည်း သွားလို့ရ တယ်။ ဝီစကီဘက်ကိုလည်းသွားလို့ရတယ်။ ဒါတွေကို ကျွန်တော်တို့က Export ပြန်ထုတ်လို့ရတယ်။ ဒီအတိုင်းကြီးရောင်းနေကြမယ့်အစား ဥပမာ ပဲသီးတို့၊ နာနတ်သီး၊ သရက်သီး နိုင်ငံတကာကိုအမှည့် အတိုင်းသွားတာ။ တကယ်ခေါင်လုံးကြီး ဈေးကောင်း ရမယ့်ကောင်ကို Export သွားမယ်။ ကျန်တဲ့ ကောင်တွေကို အနှစ်ထုတ်လိုက်မယ်။ စက်ရုံနဲ့ Canning (စည်သွတ်ဘူး)လုပ်လိုက်မယ်။ နှစ်နှစ်၊ သုံးနှစ်လောက်လှောင်ထားပြီးတော့မှရောင်းမယ်။Value က စဖြစ်တာပေါ့နော်။ အဲဒီစက်ရုံတွေလုပ်ဖို့ လိုတယ် ပေါ့နော်။ စားသောက်ကုန်အခြေခံ Agro-based Industry ပေါ့။ Agriculture အတိုင်းသွားမယ်ဆိုရင် ဈေးကသိပ်မကြီးဘူး။ Agriculture ဆိုတော့ သူက ဟင်းသီးဟင်းရွက်ပေါ့။ အလှစားသီးနှံပေါ့။ သူ့ပေါက် ဈေးက ရှိတာပေါ့နော်။ တစ်ဒေါ်လာ တန်လိုပေါ့။ မြန်မာပြည်မှာ တစ်ဒေါ်လာဆို ထောပတ် သီးနှစ်လုံး လောက်ဝယ်လို့ရတယ်။ ကတောင်မကဘူး။ သုံးလုံးလောက်ဝယ်လို့ရတယ်။ ကိုရီးယားမှာဆိုရင် ထော ပတ်သီးတစ်လုံး(၈)ဒေါ်လာရှိတယ်။ ဘာလို့ ထောပတ်သီးကို ကိုရီးယားကိုမပို့နိုင်တာလဲ။ ကိုရီး ယားနဲ့ မြန်မာပြည်နဲ့ကြားမှာ နှစ်နိုင်ငံ ဒီအသီးရောင်း ဝယ်ခွင့်စာချုပ် အစိုးရကမချုပ်ထားဘူး။ အဲဒီတော့ ကိုရီးယားက ဘယ်ကဝယ်လဲ။ ပီရူးတို့၊ ဘိုလီးဗီယားတို့ အဲဒီဘက်က ထောပတ်သီးကိုဝယ်တယ်။ အဲဒီ တော့ ကျွန်တော်တို့ မြန်မာပြည်မှာလည်း ထောပတ်သီးအ လုံးရေ နှစ်စဉ် သန်းနဲ့ချီထွက်တယ်။ ဒါတွေ ပို့လို့ရရဲ့ သားနဲ့ ပို့လို့မရဘူး။ ဘာဖြစ်လို့လဲ။ အဲဒီ Policy အရ Government to Government မချိတ် ထားတော့ FDA အရခွင့်ပြုရင်တောင် ဟိုဘက်အစိုးရက (၂၃) percent အခွန်ကောက်တယ်။ အဲဒီတော့ အဲဒီ(၂၃) percent ကအလွတ်ကြီး။ အမှန်ဆိုရင် G to G လက် မှတ်ထိုးလိုက်ရင် (Zero)နဲ့သွားမှာလေ။ အဲဒီတော့ မြန်မာပြည်က သူများနိုင်ငံကို ဘာလို့ပို့လို့မရဘူးလဲဆိုရင် အဲဒါကြောင့်။ ဟုတ်ပြီ။ ကျွန် တော်တို့ မပို့ဘူး။ ထော ပတ်သီးတို့၊ နာနတ်သီးတို့ ကျွန်တော်တို့ (Canning)လုပ်လိုက်မယ်။ ထော ပတ်သီး ကို အနှစ်ချည်းပဲထုတ် လိုက်မယ်။ အဆီထုတ်လိုက်မယ်။ အလှဆီသုံးမယ့်နေရာမှာ အရမ်း အသုံးဝင်တယ်။ ထောပတ်သီးအဆီ၊ ထောပတ်သီးတစ်လုံးကနေထွက်တဲ့အဆီက ထောပတ်သီး ငါးလုံးစာလောက် တောင်းလို့ရတယ်။ စက်ပစ္စည်းပဲ ဝယ်ပြီးရင်းလိုက်ရုံပဲ။ အဲဒီ စက်ပစ္စည်းကို ခုနက လျှပ်စစ်မီးလေးသာ မှန်လိုက်မယ်ဆိုရင် ဒီထောပတ်သီးတစ်လုံးဟာ တစ်ဒေါ်လာ ကနေပြီး (၁၅) ဒေါ်လာ လောက် ဖြစ်သွားနိုင်တယ်။ ထောပတ်သီးအဆီကို အလှကုန်မှာသုံးတယ်။ နှုတ်ခမ်းနီမှာသုံး တယ်။ ဈေးအရမ်းကြီးသွားပြီလေ။ အဲဒီလိုမျိုး Value Added တွေ လိုက်ထုတ်နိုင်ဖို့ လိုတယ်။ အဲဒါ အတွက် ကိုလည်း စက်ပစ္စည်းတွေ ရောင်းနေတဲ့ နိုင်ငံတွေလည်း ရှိပါတယ်။ ဒါတွေကို ဝယ်ပြီးသွင်းမယ် ဆိုရင် အခွန်လျှော့ပေါ့ပေးဖို့လိုတယ်။
အခွန်ဆိုတဲ့ဟာကလည်း အခွန်ရတိုင်းကောင်း တာမဟုတ်ဘူး လေ။ တချို့ကိစ္စတွေက အခွန်လွှတ်ပေးလိုက်ပြီးတော့ ဒီဟာလေးနဲ့လူတွေကို လုပ်ချင် စိတ်ပေါက် အောင်လုပ်ပေးလိုက်ပြီးတော့ ဒီနောက်ပိုင်းကရလာမယ့် အကျိုးအမြတ်ကိုယူရမှာလေ။ ဥပမာ နိုင်ငံခြား သားတစ်ယောက် ဝင်လာမယ်ဆိုရင် လေယာဉ်ကွင်းမှာတည်းက ဒီကောင်ကို ဒေါ်လာ (၂၀) ကောက် လိုက်မယ့်အစား ဒီကောင်ဒီရောက်လာပြီး ဒေါ်လာထောင်ချီသုံးသွား မယ့်ဟာကိုယူမှာပေါ့။ လေယာဉ် ကွင်းထဲမှာ ဒေါ်လာ (၂၀) (၃၀) လှိမ့်ကောက်နေတော့ ကျွန်တော်တို့က ရေတိုလေးကိုပဲ လိုက်ဖြေရှင်း နေတာ။ နောက်ကွယ်ကတက်လာ မယ့် Value added ဖြစ်သွားမယ့်ဟာကို မမြင်ဘဲနဲ့ သူတို့ လိုက်လိုက် ယူနေတဲ့ဟာကြီးက ဟိုလူတွေ လာဖို့အတွက်ကို နှောင့်နှေးသွားစေတယ်။ ဟိုတယ် ကိစ္စဆိုတာကလည်း နိုင်ငံခြားသားကိုလာစေချင် ပေမယ့် Service ဆိုတာကို ကောင်းကောင်းနားမ လည်ဘူး။ နောက်တစ်ခါ နိုင်ငံခြားသားကို ဘာသာ ပြန်ပေးဖို့ Guide ပြည့်ပြည့်စုံစုံမရှိဘူး။ တကယ်ဟိုက အင်နဲ့အားနဲ့လာတော့ မယ်ဆိုရင် ထားစရာဟိုတယ် မရှိဘူး။ Facilities တွေပြည့်အောင် စီမံကိန်းနဲ့ လုပ်ရမယ်ဆိုတာ Plan နဲ့လုပ်ရမယ်။ ခုနက Longterm ? Short term ဆိုတာပေါ့။ Short term မှာ ဘယ်လိုလုပ်မလဲ။ Long -term Plan က ဟို တယ်ကို ဘယ်လိုဆောက်မလဲ။ ဟိုတယ်ရင်းနှီးမြှုပ်နှံမှု တိုင်းရင်းသားလုပ်ငန်းရှင်ရှိ လား။ မြေကို အစိုးရက ချပေးမယ် မင်းတို့က ဒီဟာကိုရင်းကြပါ။ နေပြည် တော်ကြီးတည်သွားသလို ဟိုတယ်တွေကို မြေကိုဧက (၂၀)အလကားပေးတယ်။ လာပြီး ဟိုတယ်ဆောက်မယ့်လူကို ကားလိုင်စင်ချ ပေးတယ်။ ဟိုတယ်တွေ ဆောက်တယ်။ အချိန်တန်တော့ အခုနေပြည်တော်ကြီးမှာ ပြည့်စုံစည်ကား သွားတယ်။ ဒီလိုမျိုးနဲ့ လုပ်ငန်းရှင်တွေကို ဆွဲခေါ်သွားတော့ ပါလာတယ်ပေါ့။ တိုင်းပြည်မှာ တိုင်းသူ ပြည် သား ချမ်းသာမှ တိုင်းပြည်ချမ်းသာတာ။ အစိုးရချမ်းသာလို့ တိုင်းပြည် မချမ်းသာဘူး။ အများကြီး အများ ကြီး ပြင်ရမှာ အရင်တုန်းက MEIC ဆိုတဲ့ အဖွဲ့ကြီးရှိခဲ့ဖူးတယ်။ Myanmar Export Import ကုမ္ပဏီ ပေါ့နော်။ MEIC ဆိုတာ သူက Government လည်းပါတယ်။ အပြင် ကုန်သည်တွေလည်းပါတယ်။ ဖွဲ့ထားတဲ့အဖွဲ့အစည်းပေါ့။ သူကဘာ လုပ်ပေးလဲဆိုတော့ တောင်သူလယ်သမားတွေ ထွက်သမျှ ပစ္စည်း ကို သူက Export ထွက်ပေးတာ။ ပြောင်းပြန်ပေါ့နော်။ ထွက်ပေးပြီးရလာတဲ့ဈေးအပေါ်မှာမှ သူတို့ရဲ့ ကုန် ကျ စရိတ်ငွေနုတ်၊ အမြတ်တစ်ခု နုတ်ပြီးတော့ တကယ်ရတဲ့ငွေအတိုင်း ပြန်ပေးတာ။ တောင်သူလယ် သမားကExport တိုက်ရိုက်ပို့ရသလို ဖြစ်တာလေ။ အဲဒီတော့ တောင်သူလယ်သမားတွေအတွက် ဝင်ငွေ က အခုလိုမျိုးUMFCCI ကကောင်တွေ ဖြတ်ဝယ်ပြီးတော့ သူ့ဘာသာကွန်တိန်နာပို့လိုက်တဲ့အ မြတ်လိုမျိုး မရစရာမရှိတော့ဘူး။ သူကအဲဒီအမြတ် ထဲမှာမှ တောင်သူလယ်သမားလိုက်ပါနေတယ်။ အဲဒီတော့ တောင်သူ လယ်သမားတွေ သူ့ဘာသာသူ စက် မှုလယ်ယာလုပ်ပြီးတော့ Export ထွက်နိုင်တဲ့အဆင့်ထိ ရောက်လာတဲ့အထိ အစိုးရက အဲဒီလိုမျိုးလေး MEIC သဘောမျိုးလေးလိုက်ထောက်ပေးထားနိုင်ရင် လယ်သမားတော်တော်များများ မြန်မာပြည်က မြေလွတ်တွေအများကြီး ပြန်စိုက်လာနိုင်တယ်။
အိန္ဒိယရယ်၊ တရုတ်ရယ်၊ ဘင်္ဂလားဒေ့ရှ် ရယ် သုံးနိုင်ငံကို ဒီစားကုန်ရောင်းနေရုံ သက်သက်နဲ့ တင် မြန်မာပြည်က စီးပွားရေးဖြစ်နိုင်တယ်။ စားကုန်သောက်ကုန်ပဲ။ ကျွန်တော်ပြောရမယ်။ အီရန် Sanction မိထားတယ်။ ဒါပေမဲ့ ကျွန်တော် အီရန်ရောက်တယ်။ သူတို့ပြောသလိုပဲ အီရန်ဆိုတာက လက်နက်တည်ဆောက်သွား အဲဒီလိုမဟုတ်ဘူး။ သွားကြည့်လိုက် အီရန်နိုင်ငံက ဆွစ်ဇာလန်နိုင်ငံ ရောက်နေသလိုပဲ။ အရမ်းအေးချမ်းတာ။ ဒီကလူတွေ က ဆီအောက်တိန်း (၉၇) ကျွန်တော်တို့ဆီမှာ တစ်လီတာ ဘယ်လောက်ရောင်းလဲ (၃)ထောင်ကျော် ရောင်းတယ်။ သူတို့ဆီမှာ (၁၀) centပဲ ရောင်း တယ်။(၁၀) cent ဆိုတော့ ကျပ် (၄၀ဝ)ကျော်ပေါ့။ ဆီအရမ်း ဈေးပေါတယ်။ အရမ်းဈေးပေါအောင် လည်း Government ကလုပ်ပေးထားတာပေါ့နော်။ ဒီဆီ Export ထွက်တဲ့ Policy ကို Control လုပ် ထားတော့ တိုင်းပြည်မှာ အရမ်းသက်သာတယ်။ အီရန်က စိုက်ပျိုးလို့ဖြစ်တဲ့မြေတွေ အရမ်းများတယ်။ ရေချိုအိုင်တွေများတဲ့အတွက် အရှေ့အလယ်ပိုင်း ကြီးတစ်ခုလုံးကို ငါတို့က အသီးအနှံတွေပို့တယ်။ အစားအသောက်၊ ဟင်းသီးဟင်းရွက်၊ ငါးတွေပို့နေတယ်။ ကြိုက်တဲ့တိုင်းပြည် Sanction လုပ် ငါတို့ မငတ်ဘူး။ ငါတို့မမွဲဘူး။ ငါတို့ ကြောက်စရာ အကြောင်းမရှိဘူး။ မြန်မာပြည်ရဲ့ပတ်လည်မှာ အီရန်ပို့နေ တဲ့ လူဦးရေထက် အများကြီးရှိတယ်။ ဘီလျံနဲ့ချီတဲ့လူတွေရှိတယ်။ တရုတ်ပြည်ဆို ငတ်မှာ ကြောက် လွန်းလို့ မြန်မာပြည် ပင်လယ်ထွက်ပေါက်ကို အသေအလဲကြိုးစားနေတာ။ သူတို့ထွက်ပေါက်ကို ဟိုဘက်ကဝင်တဲ့အခါ မြန်မာပြည်မှာ သကြားကို အိန္ဒိယကယူတယ်။ ဘရာဇီးကယူတယ်။ ကျွန်တော် တို့တိုင်းပြည်မှာ ကြံစိုက်လို့ဖြစ်တယ်။ ရှမ်းပြည်အကုန်လုံးဖြစ်တယ်။ နေပြည်တော်တစ်တိုင်းလုံးဖြစ် တယ်။ အဲဒီမှာ တရုတ်ကို သကြားပို့စမ်းပါ။ အရမ်းအလုပ်လုပ်လို့ ဖြစ်တယ်။ ဒါမျိုးတွေကို စက်ရုံ တည် မယ့်လူတွေကို အစိုးရက ခေါ်ရမယ်၊ ဖိတ်ရမယ်၊ အားပေးရမယ်။ ပြီးရင်လည်း မှန်မှန်ကန်ကန်လုပ်တဲ့လူ ကြံစိုက်ထားမယ်။ စက်ရုံက ဒီနှစ်မဝယ်ဘူးဆို ကြံစိုက်ထားတဲ့လူက ဘာလုပ်ရမလဲမသိဘူး။ ဆိုတော့ နောက်ဆုံးဒေါသထွက်ပြီးတော့ ကြံပင်တွေမီးရှို့ပစ်ရ တဲ့ခေတ်တွေ ကျွန်တော်တို့ မြန်မာပြည်မှာ ရှိခဲ့ဖူး တယ်။ အဲဒါမျိုးတွေကြောင့် လူတွေက ဒီစက်ရုံတွေကို ယုံကြည်မှုတွေမရှိတော့တဲ့အခါ ကြံလည်းမစိုက် တော့ဘူး။ ကြံစက်ရုံကြီးက ဟောင်းပြီးတော့ အဲဒီလိုတွေ ဖြစ်လာတာ။ အဲဒီတော့ ကြံစက်တွေကို ပြန် အသက်သွင်း ကြံကိုစိုက်၊ Ethanol တွေထုတ်။ Ethanolကနေပြီးတော့ ကားမောင်းတဲ့ဓာတ်ဆီကြမ်းတွေ ထုတ်လို့ရပါတယ်။ နောက်တစ်ခါ Ethanol ဖြစ်သွားရင် Export လည်းထွက်လို့ရတယ်။ သကြားဖြစ် သွားရင်လည်း သကြားအနေနဲ့ သွားလို့ ရတယ်။ Agrobased Industryဆိုတာ အဲဒီလိုမျိုးကိုဆိုလိုတာ။ ဒီ Agrobased Industry လုပ်ငန်းမျိုးကိုအားပေးရမယ်။Agrobased Industry အတွက် စက်ပညာ၊ နည်း ပညာတွေသွင်းလာ နိုင်ဖို့စက်မှုလယ်ယာပေါ့။ လူတစ်ယောက်က ထွန် စက်နဲ့ဆိုရင် တစ်နေ့ကို (၅) ဧက ပြီးတယ်။ လူတစ် ယောက်တည်းနဲ့ နွားနဲ့ထွန်နေရင် ငါးဧကပြီးဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါတွေကို အားပေး ရမယ်။ ခုနကပြောတဲ့ Government ကိုယ်တိုင်ကိုက အခွန်နဲ့ပတ်သက်တဲ့ Policy၊ မီးနဲ့ပတ်သက်တဲ့ Policy၊ ရေအသုံးချမှု Policy ဒါတွေ အများကြီးပြင်ဖို့လိုတယ်။ သစ်တောနဲ့ ပတ်သက်တဲ့ Policy ၊ သစ်တောက Carbon Credit ဆိုတာ နိုင်ငံတိုင်းမှာရှိတယ်။ ဘာလဲဆိုတာ စက်ရုံ၊ အလုပ်ရုံတွေက ကာဗွန်တွေထုတ်နေတဲ့အတွက် သူက ပြန်အစားပေးတဲ့အနေနဲ့ အပင်စိုက်ပေးရတာ။ မစိုက်နိုင်ရင် စိုက်ထားပေးတဲ့ကောင်ကို အ ခွန်ပေးရတယ်။ သူ့အတွက် စိုက်ပေးတာ။ Carbon Creditရအောင်ပဲ ကြိုးစားနိုင်ရင် မြန်မာပြည်က Carbon Credit အများကြီးရနိုင်တယ်။ မြန်မာပြည် ရဲ့(၇၀)ရာခိုင်နှုန်းက သစ်တောဖုံးနေတော့ အဲဒါပေါ့နော်။ တခြားနိုင်ငံတွေက ကာဗွန်ထုတ်တယ်။ အဲဒါကြောင့် ကျွန်တော် ပြောတာပေါ့။ မီးကိုဘာနဲ့ဝယ်မလဲ။ ခုနကကျွန်တော်ပြောတာ မင်းတို့တိုင်းပြည်က ထုတ်တဲ့ Carbon Credit ကို ငါတို့ဆီကရမယ့် Credit နဲ့ မင်းမီးနဲ့လဲမယ်ဆိုရင် ဖြစ်တယ်လေ။ မီး ဆိုတာ Cool Power Plant တို့ Carbon Credit နဲ့ ပေးနေရတာလေ။ (၁) မဂ္ဂါဝပ်ကို ဘယ်လောက်ပေးရမယ်။ ငါသစ်တော ဘယ်နှဟက်တာ မင်းအတွက် ထိန်းသိမ်းပေးထားမယ်။ ဒါမျိုးနဲ့လည်း လဲလို့ရတယ်။ ဒါက ကမ္ဘာပေါ် မှာ့ UN မှာ သင်္ကြန်ကို ယူနက်စကို ဝင်အောင် အဖွဲ့တစ်ဖွဲ့ဖွဲ့ပြီးလုပ်သလိုပဲ။ မြန်မာပြည် Carbon Credit ရ အောင် အဖွဲ့တစ်ဖွဲ့ပြီးတော့ အဲဒါလေးလုပ်ရင် Short Cut နည်းနဲ့ ခဏလေးနဲ့ ပိုက်ဆံချက်ချင်း ဝင်လာ မယ့်နည်း Carbon Credit ။ အဲဒါတွေလုပ်ရမယ်။
ကျော်နု- ပထမဆုံး စပြောတဲ့အထဲမှာ ကုန်သည် စက်မှုအသင်းချုပ်ကိစ္စပေါ့။ ဒီအသင်းဆိုရင် ဒါ တည်ထောင်ထားတာလည်း ရာစုနှစ်ပြည့်ပြီ။ ဒီအဖွဲ့အစည်းရှိနေတာ ကောင်းသလား၊ ဆိုးသလားဆိုတဲ့ မေးခွန်း ကျွန်တော်က အမြဲမေးဖြစ်တယ်။ အဲဒီတော့ အဆင်ပြေမှာလား။ အသင်းချုပ်ကိစ္စမျိုးဆိုရင် တော်တော်များများ ဘယ်သူမှမပြောရဲတဲ့စကားပဲ။ ဒါကြီးကို ဖျက်ပစ်သင့်တယ်ဆိုတဲ့ဟာမျိုးအထိဆို တော့ လိုအပ်သလားပေါ့။ ဘယ်လောက်အထိလို အပ်လဲ။ ဒါကြီးရှိနေတာ ကျွန်တော်တို့အတွက် ကောင်း တာလား၊ ဆိုးတာလား။ ကျွန်တော်လည်း မေးချင်တာ အဲဒါ။
ဆွေးနွေးဖော်- လူအရေးကြီးတာပေါ့။ ဒီအသင်းမှာ ရှိနေတဲ့လူက တကယ်တိုင်းပြည်တစ်ခုလုံးကို တိုး တက်စေချင်တဲ့စိတ်ရှိပြီး တကယ် Contribute လုပ် နိုင်တဲ့လူမျိုးဖြစ်ဖို့လိုတယ်။ ဒါပေမဲ့ ခက်တာ က လည်း မြန်မာ့စီးပွားရေးလုပ်ငန်းရှင်အနေနဲ့က ဒီနေရာကို ရောက်ဖို့ ကြိုးစားကြတယ်။ ဒီနေရာ ရောက် ရင် နိုင်ငံတကာကို သူတို့ပဲသွားရတယ်။ အစိုးရကလည်း နိုင်ငံ တကာအဖွဲ့တွေဝင်လာရင် သူတို့နဲ့ပဲ အရင်ဆုံးတွေ့ပေးတယ်။ သူတို့ကလည်း ကျန်တဲ့ကုန်သည်တွေကို Distribute မလုပ်ဘဲနဲ့ သူတို့နယ်မှာပဲ ပေါင်းပြီးတော့ လုပ်စားနေတယ်။ သူတို့နဲ့ရင်းနှီးတဲ့ ကုမ္ပဏီ(၂၀)၊ (၃၀)လောက်ရှိတာပေါ့ဗျာ။ ဒီလူတွေ ကြားထဲမှာပဲ Information တွေကရောက်နေတယ်။ တကယ်ကို အောက်ခြေထိမရောက်တဲ့အခါ ကျ တော့ နောက်သူတို့သည် လုပ်ပိုင်ခွင့်ရတဲ့ ကုမ္ပဏီကြီးတစ်ခုလို ဖြစ်နေတာပေါ့နော်။ ဆိုပါစို့ UMFCCI ၊ နောက်တစ်ခါ ဆီလုပ်ငန်းရှင်များအသင်း နေရာတိုင်း၊ နေရာတိုင်းမှာ အသင်းအဖွဲ့တွေလုပ်ပြီးတော့ အောက်က အသင်းအဖွဲ့ Member ဝင်တွေအပေါ်မှာ Voting ယူတဲ့ အချိန်လောက်သာ အဆင်ပြေအောင် ပေါင်းပြီး ကျန်တာတွေကျတော့ အဲဒီကရတဲ့အကျိုးအမြတ်က သူတို့ပဲ နိုင်ငံခြားသွားတယ်။ ဟိုဘက်က နေပြီးတော့ တ ကယ်နည်းပညာတွေလေ့လာဖို့အတွက် လယ်သမားတွေထဲကနေ သစ်ပင်စိုက်တဲ့ နည်း ပညာ ခေါ်မယ်။ စက်ရုံနဲ့နည်းပညာတွေခေါ်ပြတယ်။ Advanced Techonology တွေ ခေါ်ပြတယ်ဆိုရင် တကယ် ပြည်သူလူထုထဲက တကယ့်လုပ်ငန်းရှင်ထဲက သွားရတယ်ဆိုတာမရှိဘူး။ သူတို့ရဲ့ဆွေမျိုးတွေ၊ ဘာမှမဆိုင်တဲ့လူတွေပဲ သွားကြည့်ပြီးတော့။ သွားကြည့်တော့လည်း ဘာမျိုးတွေသွားကြည့်လဲဆိုတော့ အဲဒီမှာရောက်ကြောင်း ဓာတ်ပုံလေးရိုက်လိုက်ပြီးရင် Site Seeing တွေထွက်ပြီးတော့ နိုင်ငံတော်စရိတ်နဲ့ ပြန်လာကြတာ။ အဲဒီလိုလူတွေကအများကြီး။ နောက်တစ်ခါ နိုင်ငံတော် Delegation Group တွေ လွှတ် တယ်။ အကုန်ခံပြီးတော့လွှတ်တယ်။ ဟိုရောက် သွားရင် တော်တော်များများကလေ အဲဒီအစည်းအဝေး ဝင်းထဲကိုလေ Seminar တွေ နားထောင်တာ မဟုတ်ဘူး။ ဓာတ်ပုံလေးက ငါတို့ရောက်ခဲ့ကြောင်းပြလို့ ရရင် တော်ပြီဆိုပြီးတော့ အဲဒီမှာ Sponsor ကုမ္ပဏီနဲ့ အပြင်တွေလျှောက်သွား အဲဒီလိုလုပ်ပြီးတော့ ပြန် လာကြတာများတယ်။ ဆိုတော့ အဲဒါတွေကို သေသေချာချာ မကြီးကြပ်မကွပ်ကဲနိုင်ဘဲနဲ့ အဲဒီလိုတွေ လွှတ်နေတာ Waste ပဲ။ ဒါတွေဟာ လုံးဝကို Waste ပဲ။ Waste ဆိုတာလေ ပိုက်ဆံကုန်တာကို ပြောတာ မဟုတ်ဘူးနော်။ ပိုက်ဆံ Waste က Minor ပဲထားလိုက်ဦး။ အချိန်ကုန်တယ်ဗျာ၊ လူကုန်တယ်ဗျာ။ အဲဒီ အချိန်တွေ ပြန်မရဘူး။ မြန်မာပြည်က အချိန် မတရားပေါတဲ့အတိုင်း အဲဒါမျိုးတွေကလေ မဖြစ်ရဘူး။
ကျော်နု - အဲဒါကြီးက Risk ယူပြီးလုပ်ဖို့ ခက်မယ်ထင်တယ်။ အစိုးရအနေနဲ့ ဒါကြီးကို ကိုင်ဖို့တွယ်ဖို့ ကမလွယ်ဘူးလို့ ယူဆရတယ်။ ဒီအသင်းအဖွဲ့မှာရှိနေ တဲ့လူတော်တော်များများကလည်း နိုင်ငံတကာမှာ သူတို့က သူတို့နာမည်၊ Brand နဲ့ သူတို့ဟာသူတို့ တည်ဆောက်ထားသလိုဖြစ်နေတယ်။ ဆိုတော့ တော် တော်တော့ Risk ယူရမယ့်ကိစ္စ အစိုးရအနေနဲ့ လုပ်ချင်ရင်တောင် ပြောတာပါ။
ဆွေးနွေးဖော်-အမှန်ကတော့ ဒီလူတွေသည် တကယ်တိုင်းကျိုးပြည်ပြုဖြစ်သလားဆိုတာ သူတို့ရဲ့ လုပ်ရပ်တွေပေါ်မူတည်တယ်လေ။ ကျွန်တော်ဆိုလိုတာက ခုနကပြောသလိုပေါ့ Planning Department က လူတွေ ခင်ဗျား ဘယ်အချိန်မှာမီးလင်းမလဲလို့မေးလို့ ဘယ်နှစ်မှာလင်းမယ်။ မလင်းလာရင် သူ့ကို ဖယ်လိုက်ပေါ့။ နောက်တစ်ယောက်ကိုထားပေါ့။ တကယ်ဖြစ်နိုင်တဲ့လူ၊ စိတ်စေတနာရှိတဲ့လူကိုထားပေါ့။ ကျွန်တော်ဆို လိုတာက အဲဒီလိုမျိုးတွေမဟုတ်ဘဲနဲ့ မီးလင်းလင်း၊ မလင်းလင်း ဒီအဖွဲ့အစည်းရှိနေတာပဲ ဆိုတာလောက် နဲ့ပဲထားလိုက်ရင်တော့ နောက် နိုင်ငံခြားကလူတွေလာရင် လေ့လာချင်တာ တကယ် ခေါ်သွား မြန်မာပြည်က ဆီစက်ရုံတစ်ရုံ။ ဆီကြိတ်တဲ့စက်ရုံ။ ဒီမှာ မြေပဲတစ်ပိဿာကိုကြိတ်တာ ဆီ (၂၀) သားထွက်တယ်ပေါ့။ သူတို့ ဆီမှာ မြေပဲတစ်ပိဿာကိုကြိတ်ရင် (၃၅)ကျပ်သား ထွက်နေပြီ အဲဒီလို နည်းပညာ။ ဒါမျိုးတွေဆိုရင် ကျွန်တော်ပြောတာ ဆီလုပ်တဲ့လူတွေကို သူတို့စက်ရုံ ကို သွားလေ့လာ တာမျိုး။ UMFCCI ကလူတွေပဲ သွားမယ့်အစား တကယ်လုပ်နေတဲ့ စက်ရုံကလူတစ်ယောက်ကိုလွှတ် လိုက်တာ ပိုအကျိုးမရှိဘူးလားပေါ့ ဗျာ။ အဲဒီလိုတွေအပေါ်မှာ နေရာယူထားတဲ့လူတွေက ပြဿနာ။ မြန်မာမှမဟုတ်ပါဘူး။ နေရာယူထားတဲ့ လူက သူရဲ့ Succesion ပေါ့ ။ ဒုတိယ သူမရှိတော့ရင် ဒီနေရာ ကို ဘယ်သူလာမလဲဆိုတဲ့လူကို သူ့အနားကို မွေးမထားဘူး။ သူက Gap တစ်ခုထားပြီး အဝေးကြီး လုပ် ထားပြီပေါ့။ သူမရှိရင် ဘာမှလုပ်လို့ မရအောင်ဖန်တီးထားတယ်။ သူ့ကိုအစားထားဖို့ မလွယ်အောင် ပေါ့။ မြန်မာပြည်မှာလည်း ကုမ္ပဏီ တော် တော်များများမှာလည်း အဲဒီလိုမျိုးတွေတွေ့ရတယ်။ ခေါင်းဆောင် နေရာပေးလိုက်ပြီဆိုရင် သူပြီးရင်ဘယ် သူရှိရမယ်။ ဘယ်သူပြီးရင် ဘယ်သူရှိရမယ်ဆိုတဲ့ဟာက Line of Session ဆိုတာပေါ်နေရမယ်။ အဲဒီလို မရှိဘူး။ ခေါင်းဆောင်ပြီးရင် သူ့မန်နေဂျာဆိုတာ အဝေးကြီးမှာ ဘာမှမတတ်ဘူး၊ ဘာမှမသိဘူး။ အဲဒီလူသိရင် သူ့ကိုအစားထိုးမှာကြောက်လို့။ ကျွန်တော်တို့ခံယူထား တာက ကိုယ့်နေရာကို နောက်လူတစ်ယောက်ရောက်အောင်လုပ်လာရင် အဲဒီလူထက်မြင့်တဲ့နေရာကို ရောက်အောင်သွားမယ်ဆိုတဲ့အတွေး။ ခေါင်းဆောင်တိုင်းမှာ အဲဒီအတွေးတွေးရမှာ။ သူတို့က အဲဒီလို မဟုတ်ဘူး။ ဒီကောင်တွေ ငါ့အကြောင်းကိုသိရင် ငါဖယ်ရတော့မယ်ဆိုတဲ့အတွေး။ အဲဒီ Thinking တွေ ကအစ လွဲနေတာ။
အပိုင်း(၃)ကို ဆက်လက်ဖော်ပြပါမည်။
zawgyi version
ဉာဏ္မြဲၿပီး စိတ္ဓာတ္ဆင္းရဲျခင္းေၾကာင့္ ႏြမ္းပါးေနေသာ ျမန္မာ့စီးပြားေရးအေၾကာင္း ေဆြးေႏြးျခင္း (အပိုင္း - ၂)
ေစာ ေရးသားသည္ (NP News) - ဒီဇင္ဘာ ၂၆
ေက်ာ္ႏုႏွင့္ေဆြးေႏြးေဖာ္မ်ား အလြတ္သေဘာေဆြးေႏြးမႈ၏ ယခုတစ္ႀကိမ္ အစီအစဥ္သည္ စီးပြားေရးက႑အတြက္ျဖစ္၏။ ေရတိုေရရွည္ႏွင့္ ျပဳျပင္ေျပာင္းလဲသင့္ေသာအခ်က္မ်ားကို ေဆြးေႏြး ေဖာ္က ေထာက္ျပအႀကံျပဳထားသည္။ အပိုင္း(၄)ပိုင္းျဖင့္ ေဖာ္ျပမည္ျဖစ္ၿပီး အခန္းဆက္အျဖစ္ ေစာင့္ ဆိုင္းဖတ္ရႈေစလိုပါသည္။ ေနာက္တစ္ခါ ေရ၊ ျမန္မာျပည္မွာ ေရခ်ိဳ ျမစ္ႀကီးေတြရွိရဲ႕သားနဲ႔ ျမစ္ေၾကာင္း ထိန္းသိမ္းေရးေတြက ဒီျမစ္ႀကီးေတြကို သေဘၤာေရလမ္းေၾကာင္းေတြလည္း ေသခ်ာမလုပ္ဘူး။ ဘတ္ ဂ်က္ေတြေတာ့ ထုတ္ေနတယ္။ ေရလမ္းေၾကာင္းေတြ မထိန္းသိမ္းတဲ့အခါက်ေတာ့ ေရေတြက တိမ္တိမ္ လာၿပီးေတာ့ ေဘးေတြကိုက်ယ္လာတဲ့အခါက်ေတာ့ ေရႀကီးတာေတြျဖစ္သြားေရာ။ အမွန္က ရန္ကုန္ ကေနၿပီးေတာ့ မႏၲေလး ေလာက္အထိ တန္ (၅၀ဝဝ) ကြန္တိန္နာသေဘၤာသြားႏိုင္တဲ့ေရလမ္းေၾကာင္း ေကာင္းေကာင္း လုပ္လို႔ရတယ္။ အဲဒီလိုလုပ္လိုက္လို႔ ထြက္လာတဲ့သဲေတြကို ဆိုပါစို႔ သူတို႔ရဲ႕စိတ္ထဲမွာ Mineral ေတြပါ တယ္ထင္ ရင္ အဲဒီသဲေတြကိုက်ဳံးလိုက္ဦး၊ Mineral ေတြရွာလိုက္ဦး။ ထြက္လာတဲ့သဲ သန႔္သန႔္ကို ဘာလုပ္လဲဆိုေတာ့ ျမန္မာျပည္ေအာက္ပိုင္း ဧရာဝတီတိုင္းတို႔မွာ စင္ကာပူ သဲဖို႔သလိုမ်ိဳး ဖို႔ဖို႔ ဖို႔ဖို႔သြားမယ္ဆိုရင္ ကြၽန္ေတာ္တို႔တိုင္းျပည္လည္း က်ယ္လာမယ္။ တိုင္းျပည္ ဧရိယာက်ယ္လာ တာနဲ႔အမွ် ေရပိုင္နက္ ကီလို (၂၀ဝ)ဆိုတာလည္း ပင္လယ္ထဲကို တိုးတိုး တိုးတိုးသြားမယ္။ အဲဒီဘက္ မွာရွိတဲ့ ငါးသယံဇာတ၊ ေရသယံဇာတ၊ ေရနံက ပိုရမွာ။ ေရမိုင္(၂၀)ေလာက္မွာ ကြၽန္းတစ္ ကြၽန္းသြား ေဆာက္တယ္ဆိုတာ အလကားမဟုတ္ဘူး။ သူရဲ႕ႏိုင္ငံ Territory ကို ခ်ဲ႕တာေလ။ ကြၽန္ေတာ္တို႔က ကိုကိုးကြၽန္းနဲ႔ေမာ္တင္စြန္းနဲ႔ၾကားထဲမွာ ကိုကိုးကြၽန္း လိုေနရာမ်ိဳးကို ကြၽန္းႀကီး အႀကီးႀကီးခ်ဲ႕ပစ္လို႔ ရတယ္။ ဥပမာ ျမန္မာျပည္ရဲ႕ေရပိုင္နက္ကို ဘယ္ကြၽန္းက စကိုင္ရလဲ။ ကြၽန္ေတာ္တို႔က အဲဒီကြၽန္းကို ေနာက္ထပ္ မိုင္(၂၀)ေလာက္ထပ္ခ်ဲ႕လိုက္မယ္ဆိုရင္ ေနာက္ထပ္ မိုင္(၂၀)ေရပိုင္နက္ အရွည္ႀကီးရသြား မယ္။ အဲဒီကမ္း ႐ိုးတန္းအရွည္ႀကီးရသြားမယ္။ သယံဇာတက ကြၽန္ ေတာ္တို႔ဟာပဲ။ အလကားပိုင္သြား တာေလ။ ကမာၻႀကီး ရဲ႕ဟာကို အလကားပိုင္သြားတာေလ။ ဒီဟာေတြလုပ္ ရင္းနဲ႔ အဲဒီလိုမ်ိဳးဟာေတြက Plan ခ်ၿပီးေတာ့ လုပ္ရမွာေပါ့။
ေနာက္ ဒီျမစ္ေၾကာင္းတစ္ေလွ်ာက္စုပ္ထုတ္လိုက္တဲ့ သဲကေနၿပီးေတာ့ ထြက္လာမယ့္ ေ႐ႊတို႔၊ သတၱဳတို႔က အမ်ားႀကီးရဦးမွာ ဒါက လုပ္လို႔ရတယ္။ အဲဒါေၾကာင့္အရာရာတိုင္း ႏိုင္ငံေတာ္အေနနဲ႔၊ ဝန္ႀကီး ဌာနအေနနဲ႔ မစဥ္းစားဘဲ ကြၽန္ေတာ္ခုနကေျပာသလို လူေတြကို နာနတ္သီး စိုက္ခိုင္းၿပီး အၿမဲႏွစ္တိုင္း ေစာင့္ဝယ္ေနရင္ အဲဒီ႐ြာကလူေတြက နာနတ္သီးစိုက္ မွာပဲ။ မင္းတို႔ ႀကံစိုက္ကြာ ႀကံ ႏွစ္တိုင္းဝယ္မယ္ဆို ႀကံစိုက္မွာပဲ။ ဆိုေတာ့ ႀကံစိုက္ၿပီးေတာ့သၾကားခ်က္ ၿပီးေတာ့ သၾကားကို အိႏၵိယနဲ႔တ႐ုတ္နဲ႔ကိုေရာင္းေနတာနဲ႔တင္ ကြၽန္ေတာ္တို႔ျမန္မာျပည္က အရမ္းကို သၾကားအလုပ္ျဖစ္ ေနတယ္။ ပီေလာပီနံစိုက္ၿပီးေတာ့ ပီေလာပီနံအတိုင္း ေရာင္းမယ့္အစား ပီေလာပီနံဥ ျပဳတ္ဆိုၿပီး ပတ္ ေရာင္းေနမယ့္အစား အဲဒီပီေလာပီနံ ကို တစ္ခါတည္း အမႈန႔္ႀကိတ္ အေၾကာ္မႈန႔္ေတြျဖည့္ ဟုတ္လား။ ေနာက္တစ္ခါ ႀကံဆိုရင္ Ethanol ထုတ္ လို႔ရတယ္။ Ethanol ကေန ဓာတ္ဆီဘက္ကိုလည္း သြားလို႔ရ တယ္။ ဝီစကီဘက္ကိုလည္းသြားလို႔ရတယ္။ ဒါေတြကို ကြၽန္ေတာ္တို႔က Export ျပန္ထုတ္လို႔ရတယ္။ ဒီအတိုင္းႀကီးေရာင္းေနၾကမယ့္အစား ဥပမာ ပဲသီးတို႔၊ နာနတ္သီး၊ သရက္သီး ႏိုင္ငံတကာကိုအမွည့္ အတိုင္းသြားတာ။ တကယ္ေခါင္လုံးႀကီး ေဈးေကာင္း ရမယ့္ေကာင္ကို Export သြားမယ္။ က်န္တဲ့ ေကာင္ေတြကို အႏွစ္ထုတ္လိုက္မယ္။ စက္႐ုံနဲ႔ Canning (စည္သြတ္ဘူး)လုပ္လိုက္မယ္။ ႏွစ္ႏွစ္၊ သုံးႏွစ္ေလာက္ေလွာင္ထားၿပီးေတာ့မွေရာင္းမယ္။Value က စျဖစ္တာေပါ့ေနာ္။ အဲဒီစက္႐ုံေတြလုပ္ဖို႔ လိုတယ္ ေပါ့ေနာ္။ စားေသာက္ကုန္အေျခခံ Agro-based Industry ေပါ့။ Agriculture အတိုင္းသြားမယ္ဆိုရင္ ေဈးကသိပ္မႀကီးဘူး။ Agriculture ဆိုေတာ့ သူက ဟင္းသီးဟင္း႐ြက္ေပါ့။ အလွစားသီးႏွံေပါ့။ သူ႔ေပါက္ ေဈးက ရွိတာေပါ့ေနာ္။ တစ္ေဒၚလာ တန္လိုေပါ့။ ျမန္မာျပည္မွာ တစ္ေဒၚလာဆို ေထာပတ္ သီးႏွစ္လုံး ေလာက္ဝယ္လို႔ရတယ္။ ကေတာင္မကဘူး။ သုံးလုံးေလာက္ဝယ္လို႔ရတယ္။ ကိုရီးယားမွာဆိုရင္ ေထာ ပတ္သီးတစ္လုံး(၈)ေဒၚလာရွိတယ္။ ဘာလို႔ ေထာပတ္သီးကို ကိုရီးယားကိုမပို႔ႏိုင္တာလဲ။ ကိုရီး ယားနဲ႔ ျမန္မာျပည္နဲ႔ၾကားမွာ ႏွစ္ႏိုင္ငံ ဒီအသီးေရာင္း ဝယ္ခြင့္စာခ်ဳပ္ အစိုးရကမခ်ဳပ္ထားဘူး။ အဲဒီေတာ့ ကိုရီးယားက ဘယ္ကဝယ္လဲ။ ပီ႐ူးတို႔၊ ဘိုလီးဗီယားတို႔ အဲဒီဘက္က ေထာပတ္သီးကိုဝယ္တယ္။ အဲဒီ ေတာ့ ကြၽန္ေတာ္တို႔ ျမန္မာျပည္မွာလည္း ေထာပတ္သီးအ လုံးေရ ႏွစ္စဥ္ သန္းနဲ႔ခ်ီထြက္တယ္။ ဒါေတြ ပို႔လို႔ရရဲ႕ သားနဲ႔ ပို႔လို႔မရဘူး။ ဘာျဖစ္လို႔လဲ။ အဲဒီ Policy အရ Government to Government မခ်ိတ္ ထားေတာ့ FDA အရခြင့္ျပဳရင္ေတာင္ ဟိုဘက္အစိုးရက (၂၃) percent အခြန္ေကာက္တယ္။ အဲဒီေတာ့ အဲဒီ(၂၃) percent ကအလြတ္ႀကီး။ အမွန္ဆိုရင္ G to G လက္ မွတ္ထိုးလိုက္ရင္ (Zero)နဲ႔သြားမွာေလ။ အဲဒီေတာ့ ျမန္မာျပည္က သူမ်ားႏိုင္ငံကို ဘာလို႔ပို႔လို႔မရဘူးလဲဆိုရင္ အဲဒါေၾကာင့္။ ဟုတ္ၿပီ။ ကြၽန္ ေတာ္တို႔ မပို႔ဘူး။ ေထာ ပတ္သီးတို႔၊ နာနတ္သီးတို႔ ကြၽန္ေတာ္တို႔ (Canning)လုပ္လိုက္မယ္။ ေထာ ပတ္သီး ကို အႏွစ္ခ်ည္းပဲထုတ္ လိုက္မယ္။ အဆီထုတ္လိုက္မယ္။ အလွဆီသုံးမယ့္ေနရာမွာ အရမ္း အသုံးဝင္တယ္။ ေထာပတ္သီးအဆီ၊ ေထာပတ္သီးတစ္လုံးကေနထြက္တဲ့အဆီက ေထာပတ္သီး ငါးလုံးစာေလာက္ ေတာင္းလို႔ရတယ္။ စက္ပစၥည္းပဲ ဝယ္ၿပီးရင္းလိုက္႐ုံပဲ။ အဲဒီ စက္ပစၥည္းကို ခုနက လွ်ပ္စစ္မီးေလးသာ မွန္လိုက္မယ္ဆိုရင္ ဒီေထာပတ္သီးတစ္လုံးဟာ တစ္ေဒၚလာ ကေနၿပီး (၁၅) ေဒၚလာ ေလာက္ ျဖစ္သြားႏိုင္တယ္။ ေထာပတ္သီးအဆီကို အလွကုန္မွာသုံးတယ္။ ႏႈတ္ခမ္းနီမွာသုံး တယ္။ ေဈးအရမ္းႀကီးသြားၿပီေလ။ အဲဒီလိုမ်ိဳး Value Added ေတြ လိုက္ထုတ္ႏိုင္ဖို႔ လိုတယ္။ အဲဒါ အတြက္ ကိုလည္း စက္ပစၥည္းေတြ ေရာင္းေနတဲ့ ႏိုင္ငံေတြလည္း ရွိပါတယ္။ ဒါေတြကို ဝယ္ၿပီးသြင္းမယ္ ဆိုရင္ အခြန္ေလွ်ာ့ေပါ့ေပးဖို႔လိုတယ္။
အခြန္ဆိုတဲ့ဟာကလည္း အခြန္ရတိုင္းေကာင္း တာမဟုတ္ဘူး ေလ။ တခ်ိဳ႕ကိစၥေတြက အခြန္လႊတ္ေပးလိုက္ၿပီးေတာ့ ဒီဟာေလးနဲ႔လူေတြကို လုပ္ခ်င္ စိတ္ေပါက္ ေအာင္လုပ္ေပးလိုက္ၿပီးေတာ့ ဒီေနာက္ပိုင္းကရလာမယ့္ အက်ိဳးအျမတ္ကိုယူရမွာေလ။ ဥပမာ ႏိုင္ငံျခား သားတစ္ေယာက္ ဝင္လာမယ္ဆိုရင္ ေလယာဥ္ကြင္းမွာတည္းက ဒီေကာင္ကို ေဒၚလာ (၂၀) ေကာက္ လိုက္မယ့္အစား ဒီေကာင္ဒီေရာက္လာၿပီး ေဒၚလာေထာင္ခ်ီသုံးသြား မယ့္ဟာကိုယူမွာေပါ့။ ေလယာဥ္ ကြင္းထဲမွာ ေဒၚလာ (၂၀) (၃၀) လွိမ့္ေကာက္ေနေတာ့ ကြၽန္ေတာ္တို႔က ေရတိုေလးကိုပဲ လိုက္ေျဖရွင္း ေနတာ။ ေနာက္ကြယ္ကတက္လာ မယ့္ Value added ျဖစ္သြားမယ့္ဟာကို မျမင္ဘဲနဲ႔ သူတို႔ လိုက္လိုက္ ယူေနတဲ့ဟာႀကီးက ဟိုလူေတြ လာဖို႔အတြက္ကို ေႏွာင့္ေႏွးသြားေစတယ္။ ဟိုတယ္ ကိစၥဆိုတာကလည္း ႏိုင္ငံျခားသားကိုလာေစခ်င္ ေပမယ့္ Service ဆိုတာကို ေကာင္းေကာင္းနားမ လည္ဘူး။ ေနာက္တစ္ခါ ႏိုင္ငံျခားသားကို ဘာသာ ျပန္ေပးဖို႔ Guide ျပည့္ျပည့္စုံစုံမရွိဘူး။ တကယ္ဟိုက အင္နဲ႔အားနဲ႔လာေတာ့ မယ္ဆိုရင္ ထားစရာဟိုတယ္ မရွိဘူး။ Facilities ေတြျပည့္ေအာင္ စီမံကိန္းနဲ႔ လုပ္ရမယ္ဆိုတာ Plan နဲ႔လုပ္ရမယ္။ ခုနက Longterm ? Short term ဆိုတာေပါ့။ Short term မွာ ဘယ္လိုလုပ္မလဲ။ Long -term Plan က ဟို တယ္ကို ဘယ္လိုေဆာက္မလဲ။ ဟိုတယ္ရင္းႏွီးျမႇဳပ္ႏွံမႈ တိုင္းရင္းသားလုပ္ငန္းရွင္ရွိ လား။ ေျမကို အစိုးရက ခ်ေပးမယ္ မင္းတို႔က ဒီဟာကိုရင္းၾကပါ။ ေနျပည္ ေတာ္ႀကီးတည္သြားသလို ဟိုတယ္ေတြကို ေျမကိုဧက (၂၀)အလကားေပးတယ္။ လာၿပီး ဟိုတယ္ေဆာက္မယ့္လူကို ကားလိုင္စင္ခ် ေပးတယ္။ ဟိုတယ္ေတြ ေဆာက္တယ္။ အခ်ိန္တန္ေတာ့ အခုေနျပည္ေတာ္ႀကီးမွာ ျပည့္စုံစည္ကား သြားတယ္။ ဒီလိုမ်ိဳးနဲ႔ လုပ္ငန္းရွင္ေတြကို ဆြဲေခၚသြားေတာ့ ပါလာတယ္ေပါ့။ တိုင္းျပည္မွာ တိုင္းသူ ျပည္ သား ခ်မ္းသာမွ တိုင္းျပည္ခ်မ္းသာတာ။ အစိုးရခ်မ္းသာလို႔ တိုင္းျပည္ မခ်မ္းသာဘူး။ အမ်ားႀကီး အမ်ား ႀကီး ျပင္ရမွာ အရင္တုန္းက MEIC ဆိုတဲ့ အဖြဲ႕ႀကီးရွိခဲ့ဖူးတယ္။ Myanmar Export Import ကုမၸဏီ ေပါ့ေနာ္။ MEIC ဆိုတာ သူက Government လည္းပါတယ္။ အျပင္ ကုန္သည္ေတြလည္းပါတယ္။ ဖြဲ႕ထားတဲ့အဖြဲ႕အစည္းေပါ့။ သူကဘာ လုပ္ေပးလဲဆိုေတာ့ ေတာင္သူလယ္သမားေတြ ထြက္သမွ် ပစၥည္း ကို သူက Export ထြက္ေပးတာ။ ေျပာင္းျပန္ေပါ့ေနာ္။ ထြက္ေပးၿပီးရလာတဲ့ေဈးအေပၚမွာမွ သူတို႔ရဲ႕ ကုန္ က် စရိတ္ေငြႏုတ္၊ အျမတ္တစ္ခု ႏုတ္ၿပီးေတာ့ တကယ္ရတဲ့ေငြအတိုင္း ျပန္ေပးတာ။ ေတာင္သူလယ္ သမားကExport တိုက္႐ိုက္ပို႔ရသလို ျဖစ္တာေလ။ အဲဒီေတာ့ ေတာင္သူလယ္သမားေတြအတြက္ ဝင္ေငြ က အခုလိုမ်ိဳးUMFCCI ကေကာင္ေတြ ျဖတ္ဝယ္ၿပီးေတာ့ သူ႔ဘာသာကြန္တိန္နာပို႔လိုက္တဲ့အ ျမတ္လိုမ်ိဳး မရစရာမရွိေတာ့ဘူး။ သူကအဲဒီအျမတ္ ထဲမွာမွ ေတာင္သူလယ္သမားလိုက္ပါေနတယ္။ အဲဒီေတာ့ ေတာင္သူ လယ္သမားေတြ သူ႔ဘာသာသူ စက္ မႈလယ္ယာလုပ္ၿပီးေတာ့ Export ထြက္ႏိုင္တဲ့အဆင့္ထိ ေရာက္လာတဲ့အထိ အစိုးရက အဲဒီလိုမ်ိဳးေလး MEIC သေဘာမ်ိဳးေလးလိုက္ေထာက္ေပးထားႏိုင္ရင္ လယ္သမားေတာ္ေတာ္မ်ားမ်ား ျမန္မာျပည္က ေျမလြတ္ေတြအမ်ားႀကီး ျပန္စိုက္လာႏိုင္တယ္။
အိႏၵိယရယ္၊ တ႐ုတ္ရယ္၊ ဘဂၤလားေဒ့ရွ္ ရယ္ သုံးႏိုင္ငံကို ဒီစားကုန္ေရာင္းေန႐ုံ သက္သက္နဲ႔ တင္ ျမန္မာျပည္က စီးပြားေရးျဖစ္ႏိုင္တယ္။ စားကုန္ေသာက္ကုန္ပဲ။ ကြၽန္ေတာ္ေျပာရမယ္။ အီရန္ Sanction မိထားတယ္။ ဒါေပမဲ့ ကြၽန္ေတာ္ အီရန္ေရာက္တယ္။ သူတို႔ေျပာသလိုပဲ အီရန္ဆိုတာက လက္နက္တည္ေဆာက္သြား အဲဒီလိုမဟုတ္ဘူး။ သြားၾကည့္လိုက္ အီရန္ႏိုင္ငံက ဆြစ္ဇာလန္ႏိုင္ငံ ေရာက္ေနသလိုပဲ။ အရမ္းေအးခ်မ္းတာ။ ဒီကလူေတြ က ဆီေအာက္တိန္း (၉၇) ကြၽန္ေတာ္တို႔ဆီမွာ တစ္လီတာ ဘယ္ေလာက္ေရာင္းလဲ (၃)ေထာင္ေက်ာ္ ေရာင္းတယ္။ သူတို႔ဆီမွာ (၁၀) centပဲ ေရာင္း တယ္။(၁၀) cent ဆိုေတာ့ က်ပ္ (၄၀ဝ)ေက်ာ္ေပါ့။ ဆီအရမ္း ေဈးေပါတယ္။ အရမ္းေဈးေပါေအာင္ လည္း Government ကလုပ္ေပးထားတာေပါ့ေနာ္။ ဒီဆီ Export ထြက္တဲ့ Policy ကို Control လုပ္ ထားေတာ့ တိုင္းျပည္မွာ အရမ္းသက္သာတယ္။ အီရန္က စိုက္ပ်ိဳးလို႔ျဖစ္တဲ့ေျမေတြ အရမ္းမ်ားတယ္။ ေရခ်ိဳအိုင္ေတြမ်ားတဲ့အတြက္ အေရွ႕အလယ္ပိုင္း ႀကီးတစ္ခုလုံးကို ငါတို႔က အသီးအႏွံေတြပို႔တယ္။ အစားအေသာက္၊ ဟင္းသီးဟင္း႐ြက္၊ ငါးေတြပို႔ေနတယ္။ ႀကိဳက္တဲ့တိုင္းျပည္ Sanction လုပ္ ငါတို႔ မငတ္ဘူး။ ငါတို႔မမြဲဘူး။ ငါတို႔ ေၾကာက္စရာ အေၾကာင္းမရွိဘူး။ ျမန္မာျပည္ရဲ႕ပတ္လည္မွာ အီရန္ပို႔ေန တဲ့ လူဦးေရထက္ အမ်ားႀကီးရွိတယ္။ ဘီလ်ံနဲ႔ခ်ီတဲ့လူေတြရွိတယ္။ တ႐ုတ္ျပည္ဆို ငတ္မွာ ေၾကာက္ လြန္းလို႔ ျမန္မာျပည္ ပင္လယ္ထြက္ေပါက္ကို အေသအလဲႀကိဳးစားေနတာ။ သူတို႔ထြက္ေပါက္ကို ဟိုဘက္ကဝင္တဲ့အခါ ျမန္မာျပည္မွာ သၾကားကို အိႏၵိယကယူတယ္။ ဘရာဇီးကယူတယ္။ ကြၽန္ေတာ္ တို႔တိုင္းျပည္မွာ ႀကံစိုက္လို႔ျဖစ္တယ္။ ရွမ္းျပည္အကုန္လုံးျဖစ္တယ္။ ေနျပည္ေတာ္တစ္တိုင္းလုံးျဖစ္ တယ္။ အဲဒီမွာ တ႐ုတ္ကို သၾကားပို႔စမ္းပါ။ အရမ္းအလုပ္လုပ္လို႔ ျဖစ္တယ္။ ဒါမ်ိဳးေတြကို စက္႐ုံ တည္ မယ့္လူေတြကို အစိုးရက ေခၚရမယ္၊ ဖိတ္ရမယ္၊ အားေပးရမယ္။ ၿပီးရင္လည္း မွန္မွန္ကန္ကန္လုပ္တဲ့လူ ႀကံစိုက္ထားမယ္။ စက္႐ုံက ဒီႏွစ္မဝယ္ဘူးဆို ႀကံစိုက္ထားတဲ့လူက ဘာလုပ္ရမလဲမသိဘူး။ ဆိုေတာ့ ေနာက္ဆုံးေဒါသထြက္ၿပီးေတာ့ ႀကံပင္ေတြမီးရႈိ႕ပစ္ရ တဲ့ေခတ္ေတြ ကြၽန္ေတာ္တို႔ ျမန္မာျပည္မွာ ရွိခဲ့ဖူး တယ္။ အဲဒါမ်ိဳးေတြေၾကာင့္ လူေတြက ဒီစက္႐ုံေတြကို ယုံၾကည္မႈေတြမရွိေတာ့တဲ့အခါ ႀကံလည္းမစိုက္ ေတာ့ဘူး။ ႀကံစက္႐ုံႀကီးက ေဟာင္းၿပီးေတာ့ အဲဒီလိုေတြ ျဖစ္လာတာ။ အဲဒီေတာ့ ႀကံစက္ေတြကို ျပန္ အသက္သြင္း ႀကံကိုစိုက္၊ Ethanol ေတြထုတ္။ Ethanolကေနၿပီးေတာ့ ကားေမာင္းတဲ့ဓာတ္ဆီၾကမ္းေတြ ထုတ္လို႔ရပါတယ္။ ေနာက္တစ္ခါ Ethanol ျဖစ္သြားရင္ Export လည္းထြက္လို႔ရတယ္။ သၾကားျဖစ္ သြားရင္လည္း သၾကားအေနနဲ႔ သြားလို႔ ရတယ္။ Agrobased Industryဆိုတာ အဲဒီလိုမ်ိဳးကိုဆိုလိုတာ။ ဒီ Agrobased Industry လုပ္ငန္းမ်ိဳးကိုအားေပးရမယ္။Agrobased Industry အတြက္ စက္ပညာ၊ နည္း ပညာေတြသြင္းလာ ႏိုင္ဖို႔စက္မႈလယ္ယာေပါ့။ လူတစ္ေယာက္က ထြန္ စက္နဲ႔ဆိုရင္ တစ္ေန႔ကို (၅) ဧက ၿပီးတယ္။ လူတစ္ ေယာက္တည္းနဲ႔ ႏြားနဲ႔ထြန္ေနရင္ ငါးဧကၿပီးဖို႔ဆိုတာ မျဖစ္ႏိုင္ဘူး။ ဒါေတြကို အားေပး ရမယ္။ ခုနကေျပာတဲ့ Government ကိုယ္တိုင္ကိုက အခြန္နဲ႔ပတ္သက္တဲ့ Policy၊ မီးနဲ႔ပတ္သက္တဲ့ Policy၊ ေရအသုံးခ်မႈ Policy ဒါေတြ အမ်ားႀကီးျပင္ဖို႔လိုတယ္။ သစ္ေတာနဲ႔ ပတ္သက္တဲ့ Policy ၊ သစ္ေတာက Carbon Credit ဆိုတာ ႏိုင္ငံတိုင္းမွာရွိတယ္။ ဘာလဲဆိုတာ စက္႐ုံ၊ အလုပ္႐ုံေတြက ကာဗြန္ေတြထုတ္ေနတဲ့အတြက္ သူက ျပန္အစားေပးတဲ့အေနနဲ႔ အပင္စိုက္ေပးရတာ။ မစိုက္ႏိုင္ရင္ စိုက္ထားေပးတဲ့ေကာင္ကို အ ခြန္ေပးရတယ္။ သူ႔အတြက္ စိုက္ေပးတာ။ Carbon Creditရေအာင္ပဲ ႀကိဳးစားႏိုင္ရင္ ျမန္မာျပည္က Carbon Credit အမ်ားႀကီးရႏိုင္တယ္။ ျမန္မာျပည္ ရဲ႕(၇၀)ရာခိုင္ႏႈန္းက သစ္ေတာဖုံးေနေတာ့ အဲဒါေပါ့ေနာ္။ တျခားႏိုင္ငံေတြက ကာဗြန္ထုတ္တယ္။ အဲဒါေၾကာင့္ ကြၽန္ေတာ္ ေျပာတာေပါ့။ မီးကိုဘာနဲ႔ဝယ္မလဲ။ ခုနကကြၽန္ေတာ္ေျပာတာ မင္းတို႔တိုင္းျပည္က ထုတ္တဲ့ Carbon Credit ကို ငါတို႔ဆီကရမယ့္ Credit နဲ႔ မင္းမီးနဲ႔လဲမယ္ဆိုရင္ ျဖစ္တယ္ေလ။ မီး ဆိုတာ Cool Power Plant တို႔ Carbon Credit နဲ႔ ေပးေနရတာေလ။ (၁) မဂၢါဝပ္ကို ဘယ္ေလာက္ေပးရမယ္။ ငါသစ္ေတာ ဘယ္ႏွဟက္တာ မင္းအတြက္ ထိန္းသိမ္းေပးထားမယ္။ ဒါမ်ိဳးနဲ႔လည္း လဲလို႔ရတယ္။ ဒါက ကမာၻေပၚ မွာ့ UN မွာ သၾကၤန္ကို ယူနက္စကို ဝင္ေအာင္ အဖြဲ႕တစ္ဖြဲ႕ဖြဲ႕ၿပီးလုပ္သလိုပဲ။ ျမန္မာျပည္ Carbon Credit ရ ေအာင္ အဖြဲ႕တစ္ဖြဲ႕ၿပီးေတာ့ အဲဒါေလးလုပ္ရင္ Short Cut နည္းနဲ႔ ခဏေလးနဲ႔ ပိုက္ဆံခ်က္ခ်င္း ဝင္လာ မယ့္နည္း Carbon Credit ။ အဲဒါေတြလုပ္ရမယ္။
ေက်ာ္ႏု- ပထမဆုံး စေျပာတဲ့အထဲမွာ ကုန္သည္ စက္မႈအသင္းခ်ဳပ္ကိစၥေပါ့။ ဒီအသင္းဆိုရင္ ဒါ တည္ေထာင္ထားတာလည္း ရာစုႏွစ္ျပည့္ၿပီ။ ဒီအဖြဲ႕အစည္းရွိေနတာ ေကာင္းသလား၊ ဆိုးသလားဆိုတဲ့ ေမးခြန္း ကြၽန္ေတာ္က အၿမဲေမးျဖစ္တယ္။ အဲဒီေတာ့ အဆင္ေျပမွာလား။ အသင္းခ်ဳပ္ကိစၥမ်ိဳးဆိုရင္ ေတာ္ေတာ္မ်ားမ်ား ဘယ္သူမွမေျပာရဲတဲ့စကားပဲ။ ဒါႀကီးကို ဖ်က္ပစ္သင့္တယ္ဆိုတဲ့ဟာမ်ိဳးအထိဆို ေတာ့ လိုအပ္သလားေပါ့။ ဘယ္ေလာက္အထိလို အပ္လဲ။ ဒါႀကီးရွိေနတာ ကြၽန္ေတာ္တို႔အတြက္ ေကာင္း တာလား၊ ဆိုးတာလား။ ကြၽန္ေတာ္လည္း ေမးခ်င္တာ အဲဒါ။
ေဆြးေႏြးေဖာ္- လူအေရးႀကီးတာေပါ့။ ဒီအသင္းမွာ ရွိေနတဲ့လူက တကယ္တိုင္းျပည္တစ္ခုလုံးကို တိုး တက္ေစခ်င္တဲ့စိတ္ရွိၿပီး တကယ္ Contribute လုပ္ ႏိုင္တဲ့လူမ်ိဳးျဖစ္ဖို႔လိုတယ္။ ဒါေပမဲ့ ခက္တာ က လည္း ျမန္မာ့စီးပြားေရးလုပ္ငန္းရွင္အေနနဲ႔က ဒီေနရာကို ေရာက္ဖို႔ ႀကိဳးစားၾကတယ္။ ဒီေနရာ ေရာက္ ရင္ ႏိုင္ငံတကာကို သူတို႔ပဲသြားရတယ္။ အစိုးရကလည္း ႏိုင္ငံ တကာအဖြဲ႕ေတြဝင္လာရင္ သူတို႔နဲ႔ပဲ အရင္ဆုံးေတြ႕ေပးတယ္။ သူတို႔ကလည္း က်န္တဲ့ကုန္သည္ေတြကို Distribute မလုပ္ဘဲနဲ႔ သူတို႔နယ္မွာပဲ ေပါင္းၿပီးေတာ့ လုပ္စားေနတယ္။ သူတို႔နဲ႔ရင္းႏွီးတဲ့ ကုမၸဏီ(၂၀)၊ (၃၀)ေလာက္ရွိတာေပါ့ဗ်ာ။ ဒီလူေတြ ၾကားထဲမွာပဲ Information ေတြကေရာက္ေနတယ္။ တကယ္ကို ေအာက္ေျခထိမေရာက္တဲ့အခါ က် ေတာ့ ေနာက္သူတို႔သည္ လုပ္ပိုင္ခြင့္ရတဲ့ ကုမၸဏီႀကီးတစ္ခုလို ျဖစ္ေနတာေပါ့ေနာ္။ ဆိုပါစို႔ UMFCCI ၊ ေနာက္တစ္ခါ ဆီလုပ္ငန္းရွင္မ်ားအသင္း ေနရာတိုင္း၊ ေနရာတိုင္းမွာ အသင္းအဖြဲ႕ေတြလုပ္ၿပီးေတာ့ ေအာက္က အသင္းအဖြဲ႕ Member ဝင္ေတြအေပၚမွာ Voting ယူတဲ့ အခ်ိန္ေလာက္သာ အဆင္ေျပေအာင္ ေပါင္းၿပီး က်န္တာေတြက်ေတာ့ အဲဒီကရတဲ့အက်ိဳးအျမတ္က သူတို႔ပဲ ႏိုင္ငံျခားသြားတယ္။ ဟိုဘက္က ေနၿပီးေတာ့ တ ကယ္နည္းပညာေတြေလ့လာဖို႔အတြက္ လယ္သမားေတြထဲကေန သစ္ပင္စိုက္တဲ့ နည္း ပညာ ေခၚမယ္။ စက္႐ုံနဲ႔နည္းပညာေတြေခၚျပတယ္။ Advanced Techonology ေတြ ေခၚျပတယ္ဆိုရင္ တကယ္ ျပည္သူလူထုထဲက တကယ့္လုပ္ငန္းရွင္ထဲက သြားရတယ္ဆိုတာမရွိဘူး။ သူတို႔ရဲ႕ေဆြမ်ိဳးေတြ၊ ဘာမွမဆိုင္တဲ့လူေတြပဲ သြားၾကည့္ၿပီးေတာ့။ သြားၾကည့္ေတာ့လည္း ဘာမ်ိဳးေတြသြားၾကည့္လဲဆိုေတာ့ အဲဒီမွာေရာက္ေၾကာင္း ဓာတ္ပုံေလး႐ိုက္လိုက္ၿပီးရင္ Site Seeing ေတြထြက္ၿပီးေတာ့ ႏိုင္ငံေတာ္စရိတ္နဲ႔ ျပန္လာၾကတာ။ အဲဒီလိုလူေတြကအမ်ားႀကီး။ ေနာက္တစ္ခါ ႏိုင္ငံေတာ္ Delegation Group ေတြ လႊတ္ တယ္။ အကုန္ခံၿပီးေတာ့လႊတ္တယ္။ ဟိုေရာက္ သြားရင္ ေတာ္ေတာ္မ်ားမ်ားကေလ အဲဒီအစည္းအေဝး ဝင္းထဲကိုေလ Seminar ေတြ နားေထာင္တာ မဟုတ္ဘူး။ ဓာတ္ပုံေလးက ငါတို႔ေရာက္ခဲ့ေၾကာင္းျပလို႔ ရရင္ ေတာ္ၿပီဆိုၿပီးေတာ့ အဲဒီမွာ Sponsor ကုမၸဏီနဲ႔ အျပင္ေတြေလွ်ာက္သြား အဲဒီလိုလုပ္ၿပီးေတာ့ ျပန္ လာၾကတာမ်ားတယ္။ ဆိုေတာ့ အဲဒါေတြကို ေသေသခ်ာခ်ာ မႀကီးၾကပ္မကြပ္ကဲႏိုင္ဘဲနဲ႔ အဲဒီလိုေတြ လႊတ္ေနတာ Waste ပဲ။ ဒါေတြဟာ လုံးဝကို Waste ပဲ။ Waste ဆိုတာေလ ပိုက္ဆံကုန္တာကို ေျပာတာ မဟုတ္ဘူးေနာ္။ ပိုက္ဆံ Waste က Minor ပဲထားလိုက္ဦး။ အခ်ိန္ကုန္တယ္ဗ်ာ၊ လူကုန္တယ္ဗ်ာ။ အဲဒီ အခ်ိန္ေတြ ျပန္မရဘူး။ ျမန္မာျပည္က အခ်ိန္ မတရားေပါတဲ့အတိုင္း အဲဒါမ်ိဳးေတြကေလ မျဖစ္ရဘူး။
ေက်ာ္ႏု - အဲဒါႀကီးက Risk ယူၿပီးလုပ္ဖို႔ ခက္မယ္ထင္တယ္။ အစိုးရအေနနဲ႔ ဒါႀကီးကို ကိုင္ဖို႔တြယ္ဖို႔ ကမလြယ္ဘူးလို႔ ယူဆရတယ္။ ဒီအသင္းအဖြဲ႕မွာရွိေန တဲ့လူေတာ္ေတာ္မ်ားမ်ားကလည္း ႏိုင္ငံတကာမွာ သူတို႔က သူတို႔နာမည္၊ Brand နဲ႔ သူတို႔ဟာသူတို႔ တည္ေဆာက္ထားသလိုျဖစ္ေနတယ္။ ဆိုေတာ့ ေတာ္ ေတာ္ေတာ့ Risk ယူရမယ့္ကိစၥ အစိုးရအေနနဲ႔ လုပ္ခ်င္ရင္ေတာင္ ေျပာတာပါ။
ေဆြးေႏြးေဖာ္-အမွန္ကေတာ့ ဒီလူေတြသည္ တကယ္တိုင္းက်ိဳးျပည္ျပဳျဖစ္သလားဆိုတာ သူတို႔ရဲ႕ လုပ္ရပ္ေတြေပၚမူတည္တယ္ေလ။ ကြၽန္ေတာ္ဆိုလိုတာက ခုနကေျပာသလိုေပါ့ Planning Department က လူေတြ ခင္ဗ်ား ဘယ္အခ်ိန္မွာမီးလင္းမလဲလို႔ေမးလို႔ ဘယ္ႏွစ္မွာလင္းမယ္။ မလင္းလာရင္ သူ႔ကို ဖယ္လိုက္ေပါ့။ ေနာက္တစ္ေယာက္ကိုထားေပါ့။ တကယ္ျဖစ္ႏိုင္တဲ့လူ၊ စိတ္ေစတနာရွိတဲ့လူကိုထားေပါ့။ ကြၽန္ေတာ္ဆို လိုတာက အဲဒီလိုမ်ိဳးေတြမဟုတ္ဘဲနဲ႔ မီးလင္းလင္း၊ မလင္းလင္း ဒီအဖြဲ႕အစည္းရွိေနတာပဲ ဆိုတာေလာက္ နဲ႔ပဲထားလိုက္ရင္ေတာ့ ေနာက္ ႏိုင္ငံျခားကလူေတြလာရင္ ေလ့လာခ်င္တာ တကယ္ ေခၚသြား ျမန္မာျပည္က ဆီစက္႐ုံတစ္႐ုံ။ ဆီႀကိတ္တဲ့စက္႐ုံ။ ဒီမွာ ေျမပဲတစ္ပိႆာကိုႀကိတ္တာ ဆီ (၂၀) သားထြက္တယ္ေပါ့။ သူတို႔ ဆီမွာ ေျမပဲတစ္ပိႆာကိုႀကိတ္ရင္ (၃၅)က်ပ္သား ထြက္ေနၿပီ အဲဒီလို နည္းပညာ။ ဒါမ်ိဳးေတြဆိုရင္ ကြၽန္ေတာ္ေျပာတာ ဆီလုပ္တဲ့လူေတြကို သူတို႔စက္႐ုံ ကို သြားေလ့လာ တာမ်ိဳး။ UMFCCI ကလူေတြပဲ သြားမယ့္အစား တကယ္လုပ္ေနတဲ့ စက္႐ုံကလူတစ္ေယာက္ကိုလႊတ္ လိုက္တာ ပိုအက်ိဳးမရွိဘူးလားေပါ့ ဗ်ာ။ အဲဒီလိုေတြအေပၚမွာ ေနရာယူထားတဲ့လူေတြက ျပႆနာ။ ျမန္မာမွမဟုတ္ပါဘူး။ ေနရာယူထားတဲ့ လူက သူရဲ႕ Succesion ေပါ့ ။ ဒုတိယ သူမရွိေတာ့ရင္ ဒီေနရာ ကို ဘယ္သူလာမလဲဆိုတဲ့လူကို သူ႔အနားကို ေမြးမထားဘူး။ သူက Gap တစ္ခုထားၿပီး အေဝးႀကီး လုပ္ ထားၿပီေပါ့။ သူမရွိရင္ ဘာမွလုပ္လို႔ မရေအာင္ဖန္တီးထားတယ္။ သူ႔ကိုအစားထားဖို႔ မလြယ္ေအာင္ ေပါ့။ ျမန္မာျပည္မွာလည္း ကုမၸဏီ ေတာ္ ေတာ္မ်ားမ်ားမွာလည္း အဲဒီလိုမ်ိဳးေတြေတြ႕ရတယ္။ ေခါင္းေဆာင္ ေနရာေပးလိုက္ၿပီဆိုရင္ သူၿပီးရင္ဘယ္ သူရွိရမယ္။ ဘယ္သူၿပီးရင္ ဘယ္သူရွိရမယ္ဆိုတဲ့ဟာက Line of Session ဆိုတာေပၚေနရမယ္။ အဲဒီလို မရွိဘူး။ ေခါင္းေဆာင္ၿပီးရင္ သူ႔မန္ေနဂ်ာဆိုတာ အေဝးႀကီးမွာ ဘာမွမတတ္ဘူး၊ ဘာမွမသိဘူး။ အဲဒီလူသိရင္ သူ႔ကိုအစားထိုးမွာေၾကာက္လို႔။ ကြၽန္ေတာ္တို႔ခံယူထား တာက ကိုယ့္ေနရာကို ေနာက္လူတစ္ေယာက္ေရာက္ေအာင္လုပ္လာရင္ အဲဒီလူထက္ျမင့္တဲ့ေနရာကို ေရာက္ေအာင္သြားမယ္ဆိုတဲ့အေတြး။ ေခါင္းေဆာင္တိုင္းမွာ အဲဒီအေတြးေတြးရမွာ။ သူတို႔က အဲဒီလို မဟုတ္ဘူး။ ဒီေကာင္ေတြ ငါ့အေၾကာင္းကိုသိရင္ ငါဖယ္ရေတာ့မယ္ဆိုတဲ့အေတြး။ အဲဒီ Thinking ေတြ ကအစ လြဲေနတာ။
အပိုင္း(၃)ကို ဆက္လက္ေဖာ္ျပပါမည္။