နာမည်ဆိုးဖြင့် ကျော်ကြားသည့် မူးယစ်ရာဇာ ကိုလံဘီယာနိုင်ငံသို့ ပြန်လည်ရောက် ရှိလာ

 501

Htay Oung (NP News) - ဒီဇင်ဘာ ၂၆

“မက်ဒယ်လင်း” မူးယစ်ဂိုဏ်းကို တည်ထောင်သူများအနက် တစ်ဦးဖြစ်သူဟာ မူးယစ်ဆေးဝါး ကုန်ကူးမှုနဲ့ အမေရိကန်နိုင်ငံမှာ အနှစ်(၂၀)ကျော် အကျဉ်းချခံရပြီးနောက် သူ့ရဲ့ဇာတိ ကိုလံဘီယာနိုင်ငံကို ပြန်လည်ရောက် ရှိလာတယ်လို့ BBC က ဒီဇင်ဘာ ၂၄ ရက်မှာ ရေးသားပါတယ်။

“ဖာဘီယို အိုချိုအာ ဗက်ဇ်ကက်” ဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မူးယစ်ရာဇာ “ပါဘလို အက်စ်ကိုဘာ” ရဲ့ အကြီးတန်းဗိုလ်တစ်ဦးဖြစ်ပြီး အဲဒီမူးယစ်ဆေးဝါးဂိုဏ်းကို ပူးတွဲ တည်ထောင်သူလည်းဖြစ်ပါတယ်။ ယခုအခါ အသက်(၆၇)နှစ်အရွယ်ရှိပြီဖြစ်တဲ့ အိုချိုအာဟာ အမေရိကန် အကျဉ်းထောင်မှ လွတ်မြောက်ပြီး ပြည်နှင်ဒဏ် ပေးလိုက်တဲ့အတွက် လွတ်လပ်သူတစ်ဦးအဖြစ် တနင်္လာနေ့မှာ ဘိုဂိုတာမြို့ကို ရောက်ရှိလာခြင်းဖြစ်ပါတယ်။

ကိုကင်းကုန်ကူးမှုကမ္ဘာကို လက်ဝါးကြီးအုပ်ထားနိုင်တဲ့ မက်ဒယ်လင်းဂိုဏ်းဟာ ၁၉၉၃ ခုနှစ် အက်စ်ကိုဘာကို အမျိုးသားရဲတပ်ဖွဲ့က အသေဖမ်းဆီးခြင်း မတိုင်မီ၊ ကိုလံဘီယာနိုင်ငံအတွင်းမှာ အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ ပါတယ်။ ၁၉၈၂ ခုနှစ် ကိုလံဘီယာရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတစ်ခုရဲ့ အဖွဲ့ဝင်ဖြစ်ခဲ့ဖူးတဲ့ အက်စ်ကိုဘာ ဟာ နိုင်ငံရေးလှုပ်ရှားမှု မျက်နှာဖုံးအောက်မှာ ကိုကင်းကုန်ကူးရင်း အဲ့ဒီအချိန် ကန်ဒေါ်လာ (၈)ဘီလျံ ပိုင်ဆိုင်ခဲ့ပါတယ်။ ကမ္ဘာ့သမိုင်းတစ်လျှောက် လူပုဂ္ဂိုလ်တစ်ဦးတည်းအနေနဲ့ အများဆုံးဖြစ်ပြီး ဖိုးဘီးမဂ္ဂဇင်းကြီးကပင်လျှင် ကမ္ဘာ့အချမ်းသာဆုံးအဖြစ် (၇)နှစ်ဆက်တိုက်ဖော်ပြခြင်းခံရပါတယ်။

တက္ကသိုလ်တက်ဖူးပေမယ့် ဘွဲ့မရခဲ့ဘူးလို့ ဆိုတဲ့ အက်စ်ကိုဘာဟာ စီးကရက်မှောင်ခိုခြင်း၊ ထီလက်မှတ်အတု ပြုလုပ်ခြင်း မော်တော်ကားခိုးခြင်းတို့လို အသေးစားရာဇဝတ်မှုများနဲ့ ဒုစရိုက်လောအတွင်း ရောက်ရှိလာပါ တယ်။ ၁၉၇၆ ခုနှစ်မှာ ကိုကင်းရောင်းဝယ်သူ အခြား (၃)ဦးနဲ့ ပေါင်းမိပြီး မက်ဒယ်လင်း မူးယစ်ဂိုဏ်းကို စတင် တည်ထောင်ပါတယ်။ အိမ်နီးချင်း ပီရူး-ဘိုလီဗီးယားနဲ့ အီကွာဒေါနိုင်ငံများအတွင်း မူးယစ်ဆေးဖြန့်ဝေရင်း အမေရိကန်အထိ ကိုကင်းခိုးသွင်းနိုင်ခြင်းဟာ သူတို့ဂိုဏ်းကို အကြီးအကျယ်ချမ်းသာစေခဲ့ပါတယ်။

မက်ဒယ်လင်းဂိုဏ်းရဲ့ ကိုကင်းဖြန့်ဝေတဲ့ နည်းဗျူဟာကတော့ နိုင်ငံရေး ဗန်းပြ မူးယစ်ဆေး ကုန်ကူးခြင်းခြင်း ဖြစ်ပြီး ဒေသခံများအတွက် နေအိမ်များနဲ့ ဘောလုံးကွင်းဆောက်လုပ်ပေးခြင်းမျိုးလို စည်းရုံးမှုများနဲ့ ရေပန်း စားစေခဲ့ပါတယ်။ ငွေကျည်ဆန်နဲ့ ပစ်ပေါက်လို့ မရပဲ သူတို့ရဲ့ မျက်နှာဖုံးကို ခွာချဖို့ကြိုးစားတဲ့ ရဲအရာရှိများ၊ တရားသူကြီးများနဲ့ ဒေသခံနိုင်ငံရေးသမားများကို ပြန်ပေးဆွဲခြင်း၊ ဗုံးဖောက်ခွဲခြင်း၊ တိတ်တဆိတ် အပြတ်ရှင်း ခြင်းများနဲ့ အလုံးရင်းလိုက်သတ်ဖြတ်ခဲ့ပါတယ်။ အခြား ပြိုင်ဘက် မူးယစ်ဂိုဏ်းများကို ဖြိုခွင်းခဲ့တဲ့အပြင် မက် ဒယ်လင်းရဲ့ ကြိုးကိုင်မှုအရ (၄)နှစ်အတွင်း အဿတ်ခံရတဲ့ ရဲတပ်ဖွဲ့ဦးရေဟာ (၆၅၇)ဦးအထိ ရှိခဲ့ပါတယ်။

အစိုးရကိုပင် အတိအလင်းစိန်ခေါ်တဲ့ မက်ဒယ်လင်းဂိုဏ်းကြောင့် ကိုလံဘီယာနဲ့ အမေရိကန်အကြား မျက် နှာ ပျက်စရာ ဖြစ်ခဲ့ရပါတယ်။ မက်ဒယ်လင်းဂိုဏ်းဟာ အစိုးရဌာနအသီးသီးအတွင်းမှာ “ဖရဲသီးများ” မွေးမြူထားခဲ့ပြီး ဆယ်သက်စားမကုန်တဲ့ မူးယစ်ငွေများကို တရားဝင်ဖြစ်အောင် ထုံကူးဖို့ လိုအပ်လာပါတယ်။ ၁၉၉၁ ခုနှစ် ကိုလံဘီယာ ဖွဲ့စည်းပုံဥပဒေမှာ နိုင်ငံသားများကို အခြားနိုင်ငံတစ်ခုသို့ တရားခံအဖြစ် လွှဲပြောင်းပေးခြင်းမှ တား မြစ်ချက် ထည့်သွင်းလာခဲ့ပြီးနောက် အက်စ်ကိုဘာတစ်ယောက် လက်နက်ချခဲ့ပါတယ်။ ထောင်ဒဏ် ၅-နှစ် မျှ သာ ချမှတ်ခံရပြီး ကိုလံဘီယာသမ္မတက တည်ဆောက်ပေးတဲ့ အထူးအကျဉ်းထောင်မှာ အမျိုးမျိုး စည်းစိမ်ခံရင်း ဇိမ်ကျနေခဲ့ပါတယ်။

ဒါပေမယ့် အကျဉ်းကျနေတယ်ဆိုတဲ့ အက်စ်ကိုဘာက ပြင်ပလောက ဒုစရိုက်မှုများကို ဆက်လက်ကျူးလွန်နေဆဲဖြစ်ကြောင်း တစ်နှစ်မပြည့်မီမှာပင် သေချာလာခဲ့ပါတယ်။ ၁၉၉၂-ခုနှစ်မှာ အခြားပိုမိုလုံခြုံတဲ့ အကျဉ်း ထောင်တစ်ခုသို့ ပြောင်းရွှေ့ရန် ဆောင်ရွက်နေစဉ် အက်စ်ကိုဘာ ထွက်ပြေးလွတ်မြောက်ပြီး ထောင်ပြေးတစ်ဦး ဖြစ်သွားပါတယ်။ အက်စ်ကိုဘာ ထွက်ပြေးနေတဲ့အတွက် နိုင်ငံအဝှန်း လူဖမ်းပွဲများ ဖြစ်လာခဲ့ရပြီး မက်ဒယ်လင်း ဂိုဏ်းပြိုကွဲဖို့လည်း ဖြစ်လာခဲ့ပါတယ်။ ၁၉၉၃-ခုနှစ် အက်စ်ကိုဘာကို သူ့ရဲ့ မွေးရပ်ဇာတိမြို့မှာ ကိုလံဘီယာ ရဲတပ်ဖွဲ့က အသေဖမ်းဆီးရမိချိန် သူ့ရဲ့ အသက်ဟာ ၄၄-နှစ်ပြည့် မွေးနေအပြီး နောက်တစ်ရက်ဖြစ်ပါတယ်။

အက်စ်ကိုဘာနဲ့အတူ မူးယစ်ဂိုဏ်းအဖွဲ့ကို ပူးတွဲတည်ထောင်သူ အိုချိုအာ ဟာ ဘိုဂိုတာလေဆိပ်ကို ရောက်ရှိ လာကြောင်း၊ သူဟာ အစိုးရက အလိုရှိနေသူ တစ်ဦးမဟုတ်တော့ပဲ လွတ်လပ်သူတစ်ဦးအဖြစ် အချက်အလက် မှတ်တမ်းတင်ဖို့အတွက် လက်ဗွေယူခြင်း၊ မျက်လုံးစကင်ဖတ်ခြင်းများကို ဆောင်ရွက်ပြီးနောက် သူ့မိသားစုနဲ့အ တူ ပြန်လည်နေထိုင်မှာဖြစ်တယ်လို့ ကိုလံဘီယာ လူဝင်မှုကြီးကြပ်ရေးဌာနက ပြောပါတယ်။ လေဆိပ်မှာ အ သင့်စောင့် နေတဲ့ သတင်းထောက် လူပင်လယ်ကြီးအကြား ဝမ်းမြောက်ဝမ်းသာဖြစ်နေတဲ့ အိုချိုအာက သမီးဖြစ်သူကို ပွေ့ဖက်လျက်သား တွေ့မြင်ရပါတယ်။

၁၉၉၉-ခုနှစ်မှာ အခြား မူးယစ်ဆေးကုန်ကူးသူ ၃၀ ခန့်တို့နဲ့အတူ ဖမ်းဆီးခံရတဲ့ အိုချိုအာကို ၂၀၂၁-ခုနှစ်မှာ ကိုလံဘီယာအစိုးရက အမေရိကန်ထံ လွှဲပြောင်းပေးခဲ့ပါတယ်။ သူဟာ ၁၉၉ဝပြည့်လွန်နှစ်များမှာ မယ်ဒယ်လင်း ဂိုဏ်းအကြီးအကဲတစ်ဦးအဖြစ် ကိုလံဘီယာနိုင်ငံမှာ ထောင်ဒဏ်ကျခံခဲ့ရပြီးပါပြီ။ ကိုလံဘီယာနိုင်ငံအတွင်း အ သေးစားကျူးလွန်မှုများအတွက် အပြစ်ရှိကြောင်း ဝန်ခံပါက မူးယစ်ဂိုဏ်းဝင်အဖြစ် အမေရိကန်ထံ လွှဲပြောင်း ခြင်းမှ ကာကွယ်ပေးတဲ့ အစီအစဉ်အရ လက်နက်ချသူများအနက် အိုချိုအာဟာ ပထမဆုံးသော မူးယစ်ဂိုဏ်း ဝင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။
.
အိုချိုအာတို့ ညီအစ်ကိုတစ်စုဟာ ၁၉၉၆-ခုနှစ်မှာ အကျဉ်းထောင်မှ တရားဝင်လွတ်မြောက်ခဲ့ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၁၉၉၀-ခုနှစ် အမေရိကန်နိုင်ငံအတွင်း ကိုကင်းမှောင်ခိုမှုအမျိုးမျိုးတို့မှာ ပါဝင်ပတ်သက်ကြောင်း မှတ် တမ်းများအရ “ထောင်စုနှစ် စစ်ဆင်ရေး” မှာ ကိုလံဘီယာ အာဏာပိုင်များက အိုချိုအာကို ထပ်မံဖမ်းဆီးခဲ့ပါ တယ်။ ၁၉၉၇ ခုနှစ်မှ ၁၉၉၉ ခုနှစ်အတွင်း တစ်လလျှင် ပျမ်းမျှ ကိုကင်းတန်ချိန် ၃၀ ခန့်ကို ခိုးသွင်းမှုနဲ့၂၀၀၃-ခုနှစ် အမေရိကန်တရားရုံးက အိုချိုအာကို ထောင်ဒဏ် အနှစ် ၃၀ ကျော် ချမှတ်ခဲ့ပါတယ်။

ကိုလံဘီယာဟာ တောင်နဲ့မြောက် အမေရိကတိုက်နှစ်ခုဆုံရာ ကျွန်းဆက်အကြား ကာရေဗီယန်ဒေသနိုင်ငံ ဖြစ် ပါတယ်။ တစ်ဖက်တစ်ချက်မှာ အတ္တလန်တိတ်နဲ့ ပစိဖိတ်သမုဒ္ဒရာကြီး ၂-စင်းတို့က ထိစပ်နေခြင်းကြောင့် ထူး ခြားတယ်လို့ ဆိုရမယ့်အပြင် မူးယစ်ဆေးနဲ့ အကြမ်းဖက်မှုများကြောင့် လူသိများပါတယ်။ ၁၈-ရာစု စပိန်လက် အောက်မှ အင်္ဂလိပ်တို့ ကိုလိုနီပြုခြင်းခံရတဲ့ အဲ့ဒီတိုင်းပြည်ဟာ ပနားမားတူးမြောင်းကို ချယ်လှယ်လိုတဲ့ အမေရိကန်နဲ့ ပြင်သစ်တို့အကူအညီရယုူပြီး ၁၉၀၃-ခုှနှစ် ပနားမားနိုင်ငံမှ ခွဲထွက်ခဲ့ခြင်းဖြစ်ပါတယ်။ လူဖြူများ၊ အာဖ ရိက-ဌာနေကပြားများ၊ ဌာနေတိုင်းရင်းသားများ အခြားမျိုးနွယ်စုများ ရောနှောနေတဲ့ ၅၂-သန်းခန့်နေထိုင်ရာ တိုင်းပြည်ဟာ စီးပွားရေး မညီမျှမှုများနဲ့ မျိုးနွယ်စုအခွင့်အရေးဆိုင်ရာ ပြဿနာများလည်း ရှိခဲ့ပါတယ်။

အာဏာသိမ်းမှုများ၊ သွေးထွက်သံယိုပဋိပက္ခများ၊ နိုင်ငံရေးပါတီအချင်းချင်း အားပြိုင်မှုများ၊ လူမျိုးရေးအဓိက ရုန်းများ၊ လုပ်ကြံသတ်ဖြတ်မှုများနဲ့ မတည်မငြိမ်ဖြစ်ခဲ့တဲ့တိုင်းပြည်ဟာ လက်ဝဲ-လက်ယာလက်နက်ကိုင်များရဲ့ ပုန်ကန်ထကြွရန် အကြောင်းပြချက်ဖြစ်ခဲ့ပါတယ်။ အရည်အချင်းမဲ့ပြီး အကျင့်စာရိတ္တပျက်ပြားတဲ့ အုပ်ချုပ်ရေး စနစ်ရေးစနစ် ဖယ်ရှားရေးဆိုပေမယ့် နောက်ကွယ်မှာတော့ ကိုကင်း-ဆေးခြောက်ကုန်ကူးနေကြခြင်းဖြစ်ပြီး အဲ့ဒီ လက်နက်ကိုင်များရော အစိုးရဌာနအသီးသီးက အဂတိလိုက်စားသူများလည်း ပါဝင်ပတ်သက်နေပါတယ်။ အကြီးဆုံးစစ်သွေးကြွအုပ်စုဖြစ်တဲ့ FARC-EP အဖွဲ့ကြီးက ၂၀၁၆-ခုနှစ်မှာ စေ့စပ်ဆွေးနွေးပြီး အလင်းဝင်ခဲ့ခြင်း ကြောင့် ကိုလံဘီယာ သမ္မတ ဆန်တို့ဟာ ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ခံရပါတယ်။ လူပေါင်း ၅ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ နှစ်ပေါင်း ၅၀ ကျော်ပြည်တွင်းစစ် ချုပ်ငြိမ်းသွားပြီလို့ ဆိုကြပေမယ့် အမျိုးမျိုးသော ဆန့် ကျင်ရေး လက်နက်ကိုင် ပဋိပက္ခများ ရှိနေဆဲဖြစ်ပါတယ်။ လူ့အခွင့် အရေး ချိုးဖောက်မှုများ၊ ဒီမိုကရေစီ လွတ်လပ်ခွင့်ကို ဖိနှိပ်မှုများ ကျေးလက်နေ ကိုလံဘီယာပြည်သူ ၄၃% ခန့်ဟာ ဆင်းရဲမွဲတေမှုမျဉ်းအောက် ရောက်ရှိနေပါတယ်။

(BBC., 24 December 2024,” Drug lord back in Colombia after 20 years in US jail” ကို ဆီလျော်အောင်ဘာသာပြန်ဆိုသည်။)

zawgyi version
နာမည္ဆိုးျဖင့္ ေက်ာ္ၾကားသည့္ မူးယစ္ရာဇာ ကိုလံဘီယာႏိုင္ငံသို႔ ျပန္လည္ေရာက္ ရွိလာ
Htay Oung (NP News) - ဒီဇင္ဘာ ၂၆

“မက္ဒယ္လင္း” မူးယစ္ဂိုဏ္းကို တည္ေထာင္သူမ်ားအနက္ တစ္ဦးျဖစ္သူဟာ မူးယစ္ေဆးဝါး ကုန္ကူးမႈနဲ႔ အေမရိကန္ႏိုင္ငံမွာ အႏွစ္(၂၀)ေက်ာ္ အက်ဥ္းခ်ခံရၿပီးေနာက္ သူ႔ရဲ႕ဇာတိ ကိုလံဘီယာႏိုင္ငံကို ျပန္လည္ေရာက္ ရွိလာတယ္လို႔ BBC က ဒီဇင္ဘာ ၂၄ ရက္မွာ ေရးသားပါတယ္။

“ဖာဘီယို အိုခ်ိဳအာ ဗက္ဇ္ကက္” ဟာ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားတဲ့ မူးယစ္ရာဇာ “ပါဘလို အက္စ္ကိုဘာ” ရဲ႕ အႀကီးတန္းဗိုလ္တစ္ဦးျဖစ္ၿပီး အဲဒီမူးယစ္ေဆးဝါးဂိုဏ္းကို ပူးတြဲ တည္ေထာင္သူလည္းျဖစ္ပါတယ္။ ယခုအခါ အသက္(၆၇)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ အိုခ်ိဳအာဟာ အေမရိကန္ အက်ဥ္းေထာင္မွ လြတ္ေျမာက္ၿပီး ျပည္ႏွင္ဒဏ္ ေပးလိုက္တဲ့အတြက္ လြတ္လပ္သူတစ္ဦးအျဖစ္ တနလၤာေန႔မွာ ဘိုဂိုတာၿမိဳ႕ကို ေရာက္ရွိလာျခင္းျဖစ္ပါတယ္။

ကိုကင္းကုန္ကူးမႈကမာၻကို လက္ဝါးႀကီးအုပ္ထားႏိုင္တဲ့ မက္ဒယ္လင္းဂိုဏ္းဟာ ၁၉၉၃ ခုႏွစ္ အက္စ္ကိုဘာကို အမ်ိဳးသားရဲတပ္ဖြဲ႕က အေသဖမ္းဆီးျခင္း မတိုင္မီ၊ ကိုလံဘီယာႏိုင္ငံအတြင္းမွာ အၾကမ္းဖက္မႈမ်ား က်ဴးလြန္ခဲ့ ပါတယ္။ ၁၉၈၂ ခုႏွစ္ ကိုလံဘီယာေ႐ြးေကာက္ပြဲမွာ ႏိုင္ငံေရးပါတီတစ္ခုရဲ႕ အဖြဲ႕ဝင္ျဖစ္ခဲ့ဖူးတဲ့ အက္စ္ကိုဘာ ဟာ ႏိုင္ငံေရးလႈပ္ရွားမႈ မ်က္ႏွာဖုံးေအာက္မွာ ကိုကင္းကုန္ကူးရင္း အဲ့ဒီအခ်ိန္ ကန္ေဒၚလာ (၈)ဘီလ်ံ ပိုင္ဆိုင္ခဲ့ပါတယ္။ ကမာၻ႔သမိုင္းတစ္ေလွ်ာက္ လူပုဂၢိဳလ္တစ္ဦးတည္းအေနနဲ႔ အမ်ားဆုံးျဖစ္ၿပီး ဖိုးဘီးမဂၢဇင္းႀကီးကပင္လွ်င္ ကမာၻ႔အခ်မ္းသာဆုံးအျဖစ္ (၇)ႏွစ္ဆက္တိုက္ေဖာ္ျပျခင္းခံရပါတယ္။

တကၠသိုလ္တက္ဖူးေပမယ့္ ဘြဲ႕မရခဲ့ဘူးလို႔ ဆိုတဲ့ အက္စ္ကိုဘာဟာ စီးကရက္ေမွာင္ခိုျခင္း၊ ထီလက္မွတ္အတု ျပဳလုပ္ျခင္း ေမာ္ေတာ္ကားခိုးျခင္းတို႔လို အေသးစားရာဇဝတ္မႈမ်ားနဲ႔ ဒုစ႐ိုက္ေလာအတြင္း ေရာက္ရွိလာပါ တယ္။ ၁၉၇၆ ခုႏွစ္မွာ ကိုကင္းေရာင္းဝယ္သူ အျခား (၃)ဦးနဲ႔ ေပါင္းမိၿပီး မက္ဒယ္လင္း မူးယစ္ဂိုဏ္းကို စတင္ တည္ေထာင္ပါတယ္။ အိမ္နီးခ်င္း ပီ႐ူး-ဘိုလီဗီးယားနဲ႔ အီကြာေဒါႏိုင္ငံမ်ားအတြင္း မူးယစ္ေဆးျဖန႔္ေဝရင္း အေမရိကန္အထိ ကိုကင္းခိုးသြင္းႏိုင္ျခင္းဟာ သူတို႔ဂိုဏ္းကို အႀကီးအက်ယ္ခ်မ္းသာေစခဲ့ပါတယ္။

မက္ဒယ္လင္းဂိုဏ္းရဲ႕ ကိုကင္းျဖန႔္ေဝတဲ့ နည္းဗ်ဴဟာကေတာ့ ႏိုင္ငံေရး ဗန္းျပ မူးယစ္ေဆး ကုန္ကူးျခင္းျခင္း ျဖစ္ၿပီး ေဒသခံမ်ားအတြက္ ေနအိမ္မ်ားနဲ႔ ေဘာလုံးကြင္းေဆာက္လုပ္ေပးျခင္းမ်ိဳးလို စည္း႐ုံးမႈမ်ားနဲ႔ ေရပန္း စားေစခဲ့ပါတယ္။ ေငြက်ည္ဆန္နဲ႔ ပစ္ေပါက္လို႔ မရပဲ သူတို႔ရဲ႕ မ်က္ႏွာဖုံးကို ခြာခ်ဖို႔ႀကိဳးစားတဲ့ ရဲအရာရွိမ်ား၊ တရားသူႀကီးမ်ားနဲ႔ ေဒသခံႏိုင္ငံေရးသမားမ်ားကို ျပန္ေပးဆြဲျခင္း၊ ဗုံးေဖာက္ခြဲျခင္း၊ တိတ္တဆိတ္ အျပတ္ရွင္း ျခင္းမ်ားနဲ႔ အလုံးရင္းလိုက္သတ္ျဖတ္ခဲ့ပါတယ္။ အျခား ၿပိဳင္ဘက္ မူးယစ္ဂိုဏ္းမ်ားကို ၿဖိဳခြင္းခဲ့တဲ့အျပင္ မက္ ဒယ္လင္းရဲ႕ ႀကိဳးကိုင္မႈအရ (၄)ႏွစ္အတြင္း အႆတ္ခံရတဲ့ ရဲတပ္ဖြဲ႕ဦးေရဟာ (၆၅၇)ဦးအထိ ရွိခဲ့ပါတယ္။

အစိုးရကိုပင္ အတိအလင္းစိန္ေခၚတဲ့ မက္ဒယ္လင္းဂိုဏ္းေၾကာင့္ ကိုလံဘီယာနဲ႔ အေမရိကန္အၾကား မ်က္ ႏွာ ပ်က္စရာ ျဖစ္ခဲ့ရပါတယ္။ မက္ဒယ္လင္းဂိုဏ္းဟာ အစိုးရဌာနအသီးသီးအတြင္းမွာ “ဖရဲသီးမ်ား” ေမြးျမဴထားခဲ့ၿပီး ဆယ္သက္စားမကုန္တဲ့ မူးယစ္ေငြမ်ားကို တရားဝင္ျဖစ္ေအာင္ ထုံကူးဖို႔ လိုအပ္လာပါတယ္။ ၁၉၉၁ ခုႏွစ္ ကိုလံဘီယာ ဖြဲ႕စည္းပုံဥပေဒမွာ ႏိုင္ငံသားမ်ားကို အျခားႏိုင္ငံတစ္ခုသို႔ တရားခံအျဖစ္ လႊဲေျပာင္းေပးျခင္းမွ တား ျမစ္ခ်က္ ထည့္သြင္းလာခဲ့ၿပီးေနာက္ အက္စ္ကိုဘာတစ္ေယာက္ လက္နက္ခ်ခဲ့ပါတယ္။ ေထာင္ဒဏ္ ၅-ႏွစ္ မွ် သာ ခ်မွတ္ခံရၿပီး ကိုလံဘီယာသမၼတက တည္ေဆာက္ေပးတဲ့ အထူးအက်ဥ္းေထာင္မွာ အမ်ိဳးမ်ိဳး စည္းစိမ္ခံရင္း ဇိမ္က်ေနခဲ့ပါတယ္။

ဒါေပမယ့္ အက်ဥ္းက်ေနတယ္ဆိုတဲ့ အက္စ္ကိုဘာက ျပင္ပေလာက ဒုစ႐ိုက္မႈမ်ားကို ဆက္လက္က်ဴးလြန္ေနဆဲျဖစ္ေၾကာင္း တစ္ႏွစ္မျပည့္မီမွာပင္ ေသခ်ာလာခဲ့ပါတယ္။ ၁၉၉၂-ခုႏွစ္မွာ အျခားပိုမိုလုံၿခဳံတဲ့ အက်ဥ္း ေထာင္တစ္ခုသို႔ ေျပာင္းေ႐ႊ႕ရန္ ေဆာင္႐ြက္ေနစဥ္ အက္စ္ကိုဘာ ထြက္ေျပးလြတ္ေျမာက္ၿပီး ေထာင္ေျပးတစ္ဦး ျဖစ္သြားပါတယ္။ အက္စ္ကိုဘာ ထြက္ေျပးေနတဲ့အတြက္ ႏိုင္ငံအဝွန္း လူဖမ္းပြဲမ်ား ျဖစ္လာခဲ့ရၿပီး မက္ဒယ္လင္း ဂိုဏ္းၿပိဳကြဲဖို႔လည္း ျဖစ္လာခဲ့ပါတယ္။ ၁၉၉၃-ခုႏွစ္ အက္စ္ကိုဘာကို သူ႔ရဲ႕ ေမြးရပ္ဇာတိၿမိဳ႕မွာ ကိုလံဘီယာ ရဲတပ္ဖြဲ႕က အေသဖမ္းဆီးရမိခ်ိန္ သူ႔ရဲ႕ အသက္ဟာ ၄၄-ႏွစ္ျပည့္ ေမြးေနအၿပီး ေနာက္တစ္ရက္ျဖစ္ပါတယ္။

အက္စ္ကိုဘာနဲ႔အတူ မူးယစ္ဂိုဏ္းအဖြဲ႕ကို ပူးတြဲတည္ေထာင္သူ အိုခ်ိဳအာ ဟာ ဘိုဂိုတာေလဆိပ္ကို ေရာက္ရွိ လာေၾကာင္း၊ သူဟာ အစိုးရက အလိုရွိေနသူ တစ္ဦးမဟုတ္ေတာ့ပဲ လြတ္လပ္သူတစ္ဦးအျဖစ္ အခ်က္အလက္ မွတ္တမ္းတင္ဖို႔အတြက္ လက္ေဗြယူျခင္း၊ မ်က္လုံးစကင္ဖတ္ျခင္းမ်ားကို ေဆာင္႐ြက္ၿပီးေနာက္ သူ႔မိသားစုနဲ႔အ တူ ျပန္လည္ေနထိုင္မွာျဖစ္တယ္လို႔ ကိုလံဘီယာ လူဝင္မႈႀကီးၾကပ္ေရးဌာနက ေျပာပါတယ္။ ေလဆိပ္မွာ အ သင့္ေစာင့္ ေနတဲ့ သတင္းေထာက္ လူပင္လယ္ႀကီးအၾကား ဝမ္းေျမာက္ဝမ္းသာျဖစ္ေနတဲ့ အိုခ်ိဳအာက သမီးျဖစ္သူကို ေပြ႕ဖက္လ်က္သား ေတြ႕ျမင္ရပါတယ္။

၁၉၉၉-ခုႏွစ္မွာ အျခား မူးယစ္ေဆးကုန္ကူးသူ ၃၀ ခန႔္တို႔နဲ႔အတူ ဖမ္းဆီးခံရတဲ့ အိုခ်ိဳအာကို ၂၀၂၁-ခုႏွစ္မွာ ကိုလံဘီယာအစိုးရက အေမရိကန္ထံ လႊဲေျပာင္းေပးခဲ့ပါတယ္။ သူဟာ ၁၉၉ဝျပည့္လြန္ႏွစ္မ်ားမွာ မယ္ဒယ္လင္း ဂိုဏ္းအႀကီးအကဲတစ္ဦးအျဖစ္ ကိုလံဘီယာႏိုင္ငံမွာ ေထာင္ဒဏ္က်ခံခဲ့ရၿပီးပါၿပီ။ ကိုလံဘီယာႏိုင္ငံအတြင္း အ ေသးစားက်ဴးလြန္မႈမ်ားအတြက္ အျပစ္ရွိေၾကာင္း ဝန္ခံပါက မူးယစ္ဂိုဏ္းဝင္အျဖစ္ အေမရိကန္ထံ လႊဲေျပာင္း ျခင္းမွ ကာကြယ္ေပးတဲ့ အစီအစဥ္အရ လက္နက္ခ်သူမ်ားအနက္ အိုခ်ိဳအာဟာ ပထမဆုံးေသာ မူးယစ္ဂိုဏ္း ဝင္တစ္ဦး ျဖစ္လာခဲ့ပါတယ္။
.
အိုခ်ိဳအာတို႔ ညီအစ္ကိုတစ္စုဟာ ၁၉၉၆-ခုႏွစ္မွာ အက်ဥ္းေထာင္မွ တရားဝင္လြတ္ေျမာက္ခဲ့ပါတယ္။ ဒါေပမယ့္ လြန္ခဲ့တဲ့ ၁၉၉၀-ခုႏွစ္ အေမရိကန္ႏိုင္ငံအတြင္း ကိုကင္းေမွာင္ခိုမႈအမ်ိဳးမ်ိဳးတို႔မွာ ပါဝင္ပတ္သက္ေၾကာင္း မွတ္ တမ္းမ်ားအရ “ေထာင္စုႏွစ္ စစ္ဆင္ေရး” မွာ ကိုလံဘီယာ အာဏာပိုင္မ်ားက အိုခ်ိဳအာကို ထပ္မံဖမ္းဆီးခဲ့ပါ တယ္။ ၁၉၉၇ ခုႏွစ္မွ ၁၉၉၉ ခုႏွစ္အတြင္း တစ္လလွ်င္ ပ်မ္းမွ် ကိုကင္းတန္ခ်ိန္ ၃၀ ခန႔္ကို ခိုးသြင္းမႈနဲ႔၂၀၀၃-ခုႏွစ္ အေမရိကန္တရား႐ုံးက အိုခ်ိဳအာကို ေထာင္ဒဏ္ အႏွစ္ ၃၀ ေက်ာ္ ခ်မွတ္ခဲ့ပါတယ္။

ကိုလံဘီယာဟာ ေတာင္နဲ႔ေျမာက္ အေမရိကတိုက္ႏွစ္ခုဆုံရာ ကြၽန္းဆက္အၾကား ကာေရဗီယန္ေဒသႏိုင္ငံ ျဖစ္ ပါတယ္။ တစ္ဖက္တစ္ခ်က္မွာ အတၱလန္တိတ္နဲ႔ ပစိဖိတ္သမုဒၵရာႀကီး ၂-စင္းတို႔က ထိစပ္ေနျခင္းေၾကာင့္ ထူး ျခားတယ္လို႔ ဆိုရမယ့္အျပင္ မူးယစ္ေဆးနဲ႔ အၾကမ္းဖက္မႈမ်ားေၾကာင့္ လူသိမ်ားပါတယ္။ ၁၈-ရာစု စပိန္လက္ ေအာက္မွ အဂၤလိပ္တို႔ ကိုလိုနီျပဳျခင္းခံရတဲ့ အဲ့ဒီတိုင္းျပည္ဟာ ပနားမားတူးေျမာင္းကို ခ်ယ္လွယ္လိုတဲ့ အေမရိကန္နဲ႔ ျပင္သစ္တို႔အကူအညီရယုူၿပီး ၁၉၀၃-ခုွႏွစ္ ပနားမားႏိုင္ငံမွ ခြဲထြက္ခဲ့ျခင္းျဖစ္ပါတယ္။ လူျဖဴမ်ား၊ အာဖ ရိက-ဌာေနကျပားမ်ား၊ ဌာေနတိုင္းရင္းသားမ်ား အျခားမ်ိဳးႏြယ္စုမ်ား ေရာေႏွာေနတဲ့ ၅၂-သန္းခန႔္ေနထိုင္ရာ တိုင္းျပည္ဟာ စီးပြားေရး မညီမွ်မႈမ်ားနဲ႔ မ်ိဳးႏြယ္စုအခြင့္အေရးဆိုင္ရာ ျပႆနာမ်ားလည္း ရွိခဲ့ပါတယ္။

အာဏာသိမ္းမႈမ်ား၊ ေသြးထြက္သံယိုပဋိပကၡမ်ား၊ ႏိုင္ငံေရးပါတီအခ်င္းခ်င္း အားၿပိဳင္မႈမ်ား၊ လူမ်ိဳးေရးအဓိက ႐ုန္းမ်ား၊ လုပ္ႀကံသတ္ျဖတ္မႈမ်ားနဲ႔ မတည္မၿငိမ္ျဖစ္ခဲ့တဲ့တိုင္းျပည္ဟာ လက္ဝဲ-လက္ယာလက္နက္ကိုင္မ်ားရဲ႕ ပုန္ကန္ထႂကြရန္ အေၾကာင္းျပခ်က္ျဖစ္ခဲ့ပါတယ္။ အရည္အခ်င္းမဲ့ၿပီး အက်င့္စာရိတၱပ်က္ျပားတဲ့ အုပ္ခ်ဳပ္ေရး စနစ္ေရးစနစ္ ဖယ္ရွားေရးဆိုေပမယ့္ ေနာက္ကြယ္မွာေတာ့ ကိုကင္း-ေဆးေျခာက္ကုန္ကူးေနၾကျခင္းျဖစ္ၿပီး အဲ့ဒီ လက္နက္ကိုင္မ်ားေရာ အစိုးရဌာနအသီးသီးက အဂတိလိုက္စားသူမ်ားလည္း ပါဝင္ပတ္သက္ေနပါတယ္။ အႀကီးဆုံးစစ္ေသြးႂကြအုပ္စုျဖစ္တဲ့ FARC-EP အဖြဲ႕ႀကီးက ၂၀၁၆-ခုႏွစ္မွာ ေစ့စပ္ေဆြးေႏြးၿပီး အလင္းဝင္ခဲ့ျခင္း ေၾကာင့္ ကိုလံဘီယာ သမၼတ ဆန္တို႔ဟာ ၿငိမ္းခ်မ္းေရးႏိုဘယ္ဆု ခ်ီးျမႇင့္ခံရပါတယ္။ လူေပါင္း ၅ သန္းေက်ာ္ အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့ရတဲ့ ႏွစ္ေပါင္း ၅၀ ေက်ာ္ျပည္တြင္းစစ္ ခ်ဳပ္ၿငိမ္းသြားၿပီလို႔ ဆိုၾကေပမယ့္ အမ်ိဳးမ်ိဳးေသာ ဆန႔္ က်င္ေရး လက္နက္ကိုင္ ပဋိပကၡမ်ား ရွိေနဆဲျဖစ္ပါတယ္။ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈမ်ား၊ ဒီမိုကေရစီ လြတ္လပ္ခြင့္ကို ဖိႏွိပ္မႈမ်ား ေက်းလက္ေန ကိုလံဘီယာျပည္သူ ၄၃% ခန႔္ဟာ ဆင္းရဲမြဲေတမႈမ်ဥ္းေအာက္ ေရာက္ရွိေနပါတယ္။

(BBC., 24 December 2024,” Drug lord back in Colombia after 20 years in US jail” ကို ဆီေလ်ာ္ေအာင္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.