BTS အဖွဲ့ဝင် RM ၊ ဂျင်မင်၊ V နဲ့ ဂျောင်ကွတ် စစ်မှုထမ်း ဝင်ရောက်

 1946

ရောင်နီ (NP News) - နိုဝင်ဘာ ၂၃

တောင်ကိုရီးယား ယောက်ျားလေး K-POP အဖွဲ့ BTS ရဲ့ နောက်ထပ် အဖွဲ့ဝင် လေးဦးဖြစ်တဲ့ RM၊ ဂျင်မင်၊ V နဲ့ ဂျောင်ကွတ်တို့ ၄ ဦးဟာ နိုင်ငံရှိ အသက်ပြည့်ပြီးသူ ယောင်္ကျားလေးတိုင်း လုပ်ဆောင်ရတဲ့စစ်မှုထမ်းခြင်း စတင်ဖို့ စီစဉ်ထားပါတယ်။

အခုဆိုရင် BTS အဖွဲ့ဝင် ခုနှစ်ဦးစလုံးဟာ တောင်ကိုရီးယားစစ်တပ်မှာ စစ်မှုထမ်းတော့မှာပဲဖြစ်ပါတယ်။ "RM၊ ဂျီမင်၊ V နဲ့ဂျောင်ကွတ် တို့ စစ်မှုထမ်းဖို့ စတင်လုပ်ဆောင်နေပြီဆိုတာကို ကျွန်တော်တို့ ပရိသတ်တွေကို အသိပေး ချင်ပါတယ်" လို့ BIGHIT Music မှ နိုဝင်ဘာ ၂၂ ရက် ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြခဲ့တာပါ။

တောင်ကိုရီးယားမှာ အရွယ်ရောက်ပြီးသူ အမျိုးသားတိုင်းဟာ ၁၈ လကြာ မဖြစ်မနေ စစ်မှုထမ်းဖို့ လိုအပ်ပါတယ်။ BTS အဖွဲ့ကို အသက် ၃၀ နှစ်အထိ စစ်မှုထမ်း တာဝန်ထမ်းဆောင်ခွင့် ရွှေ့ဆိုင်းဖို့ တောင်ကိုရီးယားပါလီမန်က ၂ဝ၂ဝ ပြည့်နှစ်က အတည်ပြုခဲ့တာပါ။

၂ဝ၂၂ ခုနှစ် အောက်တိုဘာလမှာတော့ အဖွဲ့ရဲ့ အသက်အကြီးဆုံးအဖွဲ့ဝင် အသက် ၃ဝ နှစ်အရွယ် ဂျင်က စတင် စစ်မှုထမ်းခဲ့ပါတယ်။ အဲဒီနောက် ယခုနှစ်အစောပိုင်းမှာ အဖွဲ့ဝင် J-Hope နဲ့ Suga တို့ စစ်မှုထမ်းဝင်ခဲ့ကြပြီး အခု နောက်ဆုံးအဖွဲ့ဝင်တွေဖြစ်တဲ့ RM၊ ဂျင်မင်၊ V နဲ့ဂျောင်ကွတ်တို့က စစ်မှုထမ်းဝင်မှာဖြစ်ပါတယ်။

BTS အဖွဲ့ဟာ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၁ဝဝ ကျော်မှာ ကြီးပျယ်ခမ်းနားတဲ့ကျော်ကြားမှုတွေ ရရှိပိုင်ဆိုင်ထား ပါတယ်။

Zawgyi Version;
BTS အဖြဲ႕ဝင္ RM ၊ ဂ်င္မင္၊ V နဲ႔ ေဂ်ာင္ကြတ္ စစ္မႈထမ္း ဝင္ေရာက္
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂၃

ေတာင္ကိုရီးယား ေယာက္်ားေလး K-POP အဖြဲ႕ BTS ရဲ႕ ေနာက္ထပ္ အဖြဲ႕ဝင္ ေလးဦးျဖစ္တဲ့ RM၊ ဂ်င္မင္၊ V နဲ႔ ေဂ်ာင္ကြတ္တို႔ ၄ ဦးဟာ ႏိုင္ငံရွိ အသက္ျပည့္ၿပီးသူ ေယာက်ၤားေလးတိုင္း လုပ္ေဆာင္ရတဲ့စစ္မႈထမ္းျခင္း စတင္ဖို႔ စီစဥ္ထားပါတယ္။

အခုဆိုရင္ BTS အဖြဲ႕ဝင္ ခုႏွစ္ဦးစလုံးဟာ ေတာင္ကိုရီးယားစစ္တပ္မွာ စစ္မႈထမ္းေတာ့မွာပဲျဖစ္ပါတယ္။ "RM၊ ဂ်ီမင္၊ V နဲ႔ေဂ်ာင္ကြတ္ တို႔ စစ္မႈထမ္းဖို႔ စတင္လုပ္ေဆာင္ေနၿပီဆိုတာကို ကြၽန္ေတာ္တို႔ ပရိသတ္ေတြကို အသိေပး ခ်င္ပါတယ္" လို႔ BIGHIT Music မွ ႏိုဝင္ဘာ ၂၂ ရက္ ထုတ္ျပန္ခ်က္မွာ ေရးသားေဖာ္ျပခဲ့တာပါ။

ေတာင္ကိုရီးယားမွာ အ႐ြယ္ေရာက္ၿပီးသူ အမ်ိဳးသားတိုင္းဟာ ၁၈ လၾကာ မျဖစ္မေန စစ္မႈထမ္းဖို႔ လိုအပ္ပါတယ္။ BTS အဖြဲ႕ကို အသက္ ၃၀ ႏွစ္အထိ စစ္မႈထမ္း တာဝန္ထမ္းေဆာင္ခြင့္ ေ႐ႊ႕ဆိုင္းဖို႔ ေတာင္ကိုရီးယားပါလီမန္က ၂ဝ၂ဝ ျပည့္ႏွစ္က အတည္ျပဳခဲ့တာပါ။

၂ဝ၂၂ ခုႏွစ္ ေအာက္တိုဘာလမွာေတာ့ အဖြဲ႕ရဲ႕ အသက္အႀကီးဆုံးအဖြဲ႕ဝင္ အသက္ ၃ဝ ႏွစ္အ႐ြယ္ ဂ်င္က စတင္ စစ္မႈထမ္းခဲ့ပါတယ္။ အဲဒီေနာက္ ယခုႏွစ္အေစာပိုင္းမွာ အဖြဲ႕ဝင္ J-Hope နဲ႔ Suga တို႔ စစ္မႈထမ္းဝင္ခဲ့ၾကၿပီး အခု ေနာက္ဆုံးအဖြဲ႕ဝင္ေတြျဖစ္တဲ့ RM၊ ဂ်င္မင္၊ V နဲ႔ေဂ်ာင္ကြတ္တို႔က စစ္မႈထမ္းဝင္မွာျဖစ္ပါတယ္။

BTS အဖြဲ႕ဟာ ကမာၻတစ္ဝန္းရွိ ႏိုင္ငံေပါင္း ၁ဝဝ ေက်ာ္မွာ ႀကီးပ်ယ္ခမ္းနားတဲ့ေက်ာ္ၾကားမႈေတြ ရရွိပိုင္ဆိုင္ထား ပါတယ္။

Related news

© 2021. All rights reserved.