Naypyitaw State Academy ၌ ဆေးသိပ္ပံပညာမဟာဌာနကို စတင်ဖွင့်လှစ်

 621

စော (NP News) - နိုဝင်ဘာ ၂၄

Naypyitaw State Academy ၌ ဆေးသိပ္ပံပညာမဟာဌာနကို စတင်ဖွင့်လှစ်ခဲ့ကြောင်း နစက၏သတင်းအချက်အလက်အရ သိရသည်။

နေပြည်တော်ရှိ Naypyitaw State Academy ၌ ယမန်နေ့(နိုဝင်ဘာလ ၂၃ ရက်)တွင် ဆေးသိပ္ပံပညာမဟာဌာန(Faculty of Medicine)ကို စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆေးသိပ္ပံပညာမဟာဌာနကို ပညာရေးဝန်ကြီးဌာန နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဆေးပညာပထမနှစ်သင်တန်းကို ကျောင်းသား/ကျောင်းသူ (၃၁) ဦး စတင်တက်ရောက်နေကြောင်း သိရသည်။

အဆိုပါ ဆေးသိပ္ပံပညာမဟာဌာနတွင် ဆေးပညာသင်ကြားရေးပိုင်းအတွက် ခေတ်မီနည်းပညာ နှင့် အရည်အသွေးမြင့်သည့် သင်ထောက်ကူပစ္စည်းများကိုလည်း ဖြည့်ဆည်းပေးထားကြောင်း သိရသည်။

ထို့ပြင် ‌ဆေးလက်တွေ့လေ့လာမှုများအတွက် အတွေ့အကြုံရင့်ကျက်သည့် ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/ ဌာနမှူးများ၊ အထူးကုဆရာဝန်ကြီးများက သင်ကြားသွားမည်ဖြစ်ပြီး အဆောင်နေလိုသည့် ကျောင်းသား/ကျောင်းသူများအတွက် အဆောင်များစီစဉ်ထားကြောင်း သိရသည်။

Naypyitaw State Academy ကို မဟာဌာနကြီးခုနစ်ခုဖြင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၉)ရက်တွင် ဖွင့်လှစ်ခဲ့ပြီး Comprehensive University အဖြစ် မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဖွင့်လှစ်နိုင်ခဲ့သည့် တက္ကသိုလ်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မဟာဌာနကြီး ခုနှစ်ခုတွင် ဝိဇ္ဇာပညာမဟာဌာန၊ သိပ္ပံပညာမဟာဌာန၊ စီးပွားရေးပညာမဟာဌာန၊ ဥပဒေပညာမဟာဌာန၊ ဆေးသိပ္ပံပညာမဟာဌာန၊ လူမှုရေးပညာမဟာဌာန၊ အားကစားပညာမဟာဌာနတို့ ပါဝင်ကြောင်း သိရသည်။

zawgyi version
Naypyitaw State Academy ၌ ေဆးသိပၸံပညာမဟာဌာနကို စတင္ဖြင့္လွစ္
ေစာ (NP News) - ႏိုဝင္ဘာ ၂၄

Naypyitaw State Academy ၌ ေဆးသိပၸံပညာမဟာဌာနကို စတင္ဖြင့္လွစ္ခဲ့ေၾကာင္း နစက၏သတင္းအခ်က္အလက္အရ သိရသည္။

ေနျပည္ေတာ္ရွိ Naypyitaw State Academy ၌ ယမန္ေန႔(ႏိုဝင္ဘာလ ၂၃ ရက္)တြင္ ေဆးသိပၸံပညာမဟာဌာန(Faculty of Medicine)ကို စတင္ဖြင့္လွစ္ခဲ့ျခင္းျဖစ္သည္။

အဆိုပါ ေဆးသိပၸံပညာမဟာဌာနကို ပညာေရးဝန္ႀကီးဌာန ႏွင့္ က်န္းမာေရးဝန္ႀကီးဌာနတို႔ ပူးေပါင္း၍ စတင္ဖြင့္လွစ္ခဲ့ျခင္းျဖစ္ၿပီး လက္ရွိတြင္ ေဆးပညာပထမႏွစ္သင္တန္းကို ေက်ာင္းသား/ေက်ာင္းသူ (၃၁) ဦး စတင္တက္ေရာက္ေနေၾကာင္း သိရသည္။

အဆိုပါ ေဆးသိပၸံပညာမဟာဌာနတြင္ ေဆးပညာသင္ၾကားေရးပိုင္းအတြက္ ေခတ္မီနည္းပညာ ႏွင့္ အရည္အေသြးျမင့္သည့္ သင္ေထာက္ကူပစၥည္းမ်ားကိုလည္း ျဖည့္ဆည္းေပးထားေၾကာင္း သိရသည္။

ထို႔ျပင္ ‌ေဆးလက္ေတြ႕ေလ့လာမႈမ်ားအတြက္ အေတြ႕အႀကဳံရင့္က်က္သည့္ ဘာသာရပ္ဆိုင္ရာ ပါေမာကၡ/ ဌာနမႉးမ်ား၊ အထူးကုဆရာဝန္ႀကီးမ်ားက သင္ၾကားသြားမည္ျဖစ္ၿပီး အေဆာင္ေနလိုသည့္ ေက်ာင္းသား/ေက်ာင္းသူမ်ားအတြက္ အေဆာင္မ်ားစီစဥ္ထားေၾကာင္း သိရသည္။

Naypyitaw State Academy ကို မဟာဌာနႀကီးခုနစ္ခုျဖင့္ ၿပီးခဲ့သည့္ ၂၀၂၂ ခုႏွစ္ ႏိုဝင္ဘာလ (၉)ရက္တြင္ ဖြင့္လွစ္ခဲ့ၿပီး Comprehensive University အျဖစ္ ျမန္မာႏိုင္ငံတြင္ ပထမဦးဆုံး ဖြင့္လွစ္ႏိုင္ခဲ့သည့္ တကၠသိုလ္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ မဟာဌာနႀကီး ခုႏွစ္ခုတြင္ ဝိဇၨာပညာမဟာဌာန၊ သိပၸံပညာမဟာဌာန၊ စီးပြားေရးပညာမဟာဌာန၊ ဥပေဒပညာမဟာဌာန၊ ေဆးသိပၸံပညာမဟာဌာန၊ လူမႈေရးပညာမဟာဌာန၊ အားကစားပညာမဟာဌာနတို႔ ပါဝင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.