ဆေးဝါးလိုအပ်ချက်၏ (၁၅)ရာခိုင်နှုန်းအထိသာ ပြည်တွင်း၌ ထုတ်လုပ်ဖြည့်ဆည်းပေးနိုင်ဟု စက်မှုဝန်ကြီးပြော

 713

ယွန်း (NP News) - နိုဝင်ဘာ ၂၅

နိုင်ငံ၏ ဆေးဝါးလိုအပ်ချက်ကို (၁၀)ရာခိုင်နှုန်းမှ (၁၅)ရာခိုင်နှုန်းအထိသာ ပြည်တွင်းဆေးဝါးထုတ်လုပ်မှုမှ ဖြည့်ဆည်းပေးနိုင်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြားထားသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက နိုဝင်ဘာလ(၂၄)ရက်တွင် အင်းစိန်မြို့နယ်ရှိ ဆေးဝါးစက် ရုံ(အင်းစိန်) ဆေးဝါးသမိုင်းပြခန်းတွင် ကျင်းပခဲ့သည့် ဆေးဝါးအင်ဂျင်နီယာပညာရပ် အရာရှိအဆင့်သင်တန်းဆင်းပွဲအခမ်းအနားတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းဆေးဝါးထုတ်လုပ်မှုအနေဖြင့် နိုင်ငံ၏ဆေးဝါးလိုအပ်ချက်ကို (၁၀)ရာခိုင်နှုန်းမှ (၁၅)ရာခိုင်နှုန်းအထိသာ ဖြည့်ဆည်းပေးနိုင်ပြီး ကျန်လိုအပ်ချက်များကို ပြည်ပမှတင်သွင်းနေရကြောင်း ဒေါက်တာချာလီသန်းက အသိပေးပြောကြားထားသည်။

ထို့ကြောင့် ပြည်တွင်းလိုအပ်ချက်ပြည့်မီရေးအတွက် ဆေးဝါးထုတ်လုပ်မှုများကို တိုးမြှင့်ဆောင်ရွက်နေပြီး ဆေးဝါးထုတ်လုပ်မှုဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုကိုလည်း ဆောင်ရွက်ရန်လိုကြောင်း ၎င်းက ဆက်လက်ပြောသည်။

လက်ရှိတွင် အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်း၊ မြန်မာ့ဆေးဝါးလုပ်ငန်းတို့မှ ဆေးဝါးအမျိုးမျိုးတို့ကို ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ဆေးဝါးစက်ရုံ(အင်းစိန်)တွင်လည်း BPI Brand နှင့် BPI ဆေးဝါးများ၏ အရည်အသွေးကို နှစ်ပေါင်းများစွာ ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ မြန်မာ-ရုရှား နှစ်နိုင်ငံပုဂ္ဂလိကလုပ်ငန်းရှင်များအကြား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း အထူးသဖြင့် ရောဂါဗေဒဆိုင်ရာလုပ်ငန်းများ၊ ခွဲစိတ်ကုသမှုအတွက် ဆေးဝါးနှင့် ဆေးပစ္စည်းများ တင်သွင်းနိုင်ရေးအတွက် ပြီးခဲ့သည့် နိုဝင်ဘာလ(၂၃) ရက်က နှစ်နိုင်ငံဆွေးနွေးမှုများဆောင်ရွက်ခဲ့သည်။

zawgyi version
ေဆးဝါးလိုအပ္ခ်က္၏ (၁၅)ရာခိုင္ႏႈန္းအထိသာ ျပည္တြင္း၌ ထုတ္လုပ္ျဖည့္ဆည္းေပးႏိုင္ဟု စက္မႈဝန္ႀကီးေျပာ
ယြန္း (NP News) - ႏိုဝင္ဘာ ၂၅

ႏိုင္ငံ၏ ေဆးဝါးလိုအပ္ခ်က္ကို (၁၀)ရာခိုင္ႏႈန္းမွ (၁၅)ရာခိုင္ႏႈန္းအထိသာ ျပည္တြင္းေဆးဝါးထုတ္လုပ္မႈမွ ျဖည့္ဆည္းေပးႏိုင္ေၾကာင္း စက္မႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးက အသိေပးေျပာၾကားထားသည္။

ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာခ်ာလီသန္းက ႏိုဝင္ဘာလ(၂၄)ရက္တြင္ အင္းစိန္ၿမိဳ႕နယ္ရွိ ေဆးဝါးစက္ ႐ုံ(အင္းစိန္) ေဆးဝါးသမိုင္းျပခန္းတြင္ က်င္းပခဲ့သည့္ ေဆးဝါးအင္ဂ်င္နီယာပညာရပ္ အရာရွိအဆင့္သင္တန္းဆင္းပြဲအခမ္းအနားတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ျပည္တြင္းေဆးဝါးထုတ္လုပ္မႈအေနျဖင့္ ႏိုင္ငံ၏ေဆးဝါးလိုအပ္ခ်က္ကို (၁၀)ရာခိုင္ႏႈန္းမွ (၁၅)ရာခိုင္ႏႈန္းအထိသာ ျဖည့္ဆည္းေပးႏိုင္ၿပီး က်န္လိုအပ္ခ်က္မ်ားကို ျပည္ပမွတင္သြင္းေနရေၾကာင္း ေဒါက္တာခ်ာလီသန္းက အသိေပးေျပာၾကားထားသည္။

ထို႔ေၾကာင့္ ျပည္တြင္းလိုအပ္ခ်က္ျပည့္မီေရးအတြက္ ေဆးဝါးထုတ္လုပ္မႈမ်ားကို တိုးျမႇင့္ေဆာင္႐ြက္ေနၿပီး ေဆးဝါးထုတ္လုပ္မႈဆိုင္ရာ လူ႔စြမ္းအားအရင္းအျမစ္ဖြံ႕ၿဖိဳးမႈကိုလည္း ေဆာင္႐ြက္ရန္လိုေၾကာင္း ၎က ဆက္လက္ေျပာသည္။

လက္ရွိတြင္ အမွတ္(၁)အႀကီးစားစက္မႈလုပ္ငန္း၊ အမွတ္(၂)အႀကီးစားစက္မႈလုပ္ငန္း၊ အမွတ္ (၃) အႀကီးစားစက္မႈလုပ္ငန္း၊ ျမန္မာ့ေဆးဝါးလုပ္ငန္းတို႔မွ ေဆးဝါးအမ်ိဳးမ်ိဳးတို႔ကို ထုတ္လုပ္လ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ ေဆးဝါးစက္႐ုံ(အင္းစိန္)တြင္လည္း BPI Brand ႏွင့္ BPI ေဆးဝါးမ်ား၏ အရည္အေသြးကို ႏွစ္ေပါင္းမ်ားစြာ ထိန္းသိမ္းေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

အလားတူ ျမန္မာ-႐ုရွား ႏွစ္ႏိုင္ငံပုဂၢလိကလုပ္ငန္းရွင္မ်ားအၾကား က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္း အထူးသျဖင့္ ေရာဂါေဗဒဆိုင္ရာလုပ္ငန္းမ်ား၊ ခြဲစိတ္ကုသမႈအတြက္ ေဆးဝါးႏွင့္ ေဆးပစၥည္းမ်ား တင္သြင္းႏိုင္ေရးအတြက္ ၿပီးခဲ့သည့္ ႏိုဝင္ဘာလ(၂၃) ရက္က ႏွစ္ႏိုင္ငံေဆြးေႏြးမႈမ်ားေဆာင္႐ြက္ခဲ့သည္။

Picture

L Mone

25/11/2023 19:00

ပြည်ပသွင်းကုန်ကို...ပညာပါပါ..ကန့်သတ်ဖို့လိုအပ်လှပါတယ်...စက်မှူ့လုပ်ငန်းကို...ရင်းနှီးမြှူပ်နှံခွင့်ကို...အသကုန်ဖွင့်ပေးလိုက်ပါ..မြေစျေးကစားခြင်းနဲ့ပြည်ပနိုင်ငံသားတွေအတွက်..လူစားဝင်လုအ်နေသူများ..သေဒဏ်နဲ့လူမွဲစာရင်း.အသွင်းခံမလားပဲ...ရွေးချယ်ခိုင်းကြသင့်ပါတယ်....

Related news

© 2021. All rights reserved.