ယူကရိန်းစစ်ပွဲက ရှုံးနိမ့်နေပြီဖြစ်ကြောင်း ပင်တဂွန်အကြံပေးဟောင်း ထုတ်ဖော်ပြော

2171

Pika (NP News) - နိုဝင်ဘာ ၂၇
ယူကရိန်းနှင့် ၎င်း၏ အနောက်အုပ်စုကျောထောက်နောက်ခံနိုင်ငံများသည် ရုရှားနှင့် ပဋိပက္ခတွင် ရှုံးနေပြီဖြစ် ကြောင်း အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်အကြံပေးဟောင်း ဒေါက်ကလပ်စ်မက်ဂရီဂေါက ပြောကြားခဲ့သည်။
ထို့အပြင် ရုရှားနိုင်ငံနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အမြန်ဆုံးလုပ်ဆောင်ရန် အမေရိကန်နှင့် ယူကရိန်းတို့ကို မက်ဂရီဂေါက တိုက်တွန်းခဲ့ကြောင်းလည်း သိရသည်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၏ အစိုးရအဖွဲ့သည် ယူကရိန်း ကို အကူအညီပေးရန်အတွက် အမေရိကန်ဒေါ်လာ(၁ဝ၅)ဘီလျံ အသုံးစရိတ်ဥပဒေမူကြမ်းကို လွှတ်တော်ထံ တင်ပြခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ပြီးနောက် ယူကရိန်းအတွက် ပင်တဂွန်၏ ရန်ပုံငွေများ လျော့နည်းသွား ချိန်တွင် မက်ဂရီဂေါ၏ မှတ်ချက်များထွက်ပေါ်လာခြင်းဖြစ်သည်။
မက်ဂရီဂေါက "အမေရိကန်နိုင်ငံဟာ ကျွန်တော်တို့ရဲ့စစ်ပွဲအတွက် သိုလှောင်မှုတွေ၊ လက်နက်စနစ်တွေနဲ့ ခဲယမ်း မီးကျည်တွေအားလုံးနီးပါးကို ယူကရိန်းသို့ ပေးပို့ခဲ့ပါတယ်။ ယူကရိန်းစစ်ပွဲက ရှုံးနိမ့်သွားပါပြီ။ ငြိမ်းချမ်းရေးရယူဖို့ အချိန်တန်ပါပြီ" ဟု ပြောခဲ့သည်။
အမေရိကန်နိုင်ငံသည် အစ္စရေးနှင့် ယူကရိန်းတို့ကို ကူညီထောက်ပံ့ပေးမှုများ လုပ်ဆောင်ရာတွင် ဟန်ချက်ညီ အောင်ကြိုးပမ်းနေရသောကြောင့် ယူကရိန်းသို့ အမေရိကန်၏ အမြောက်ကျည်ပေးပို့မှုများမှာ (၃ဝ)ရာခိုင်နှုန်း ကျော် လျော့နည်းသွားခဲ့ကြောင်း ABC သတင်းဌာနက ပြီးခဲ့သည့်ရက်ပိုင်းတွင် ရေးသားဖော်ပြခဲ့သည်။
ယူကရိန်းသို့ (၁၅၅)မီလီမီတာ အမြောက်ကျည်များ ထောက်ပံ့ပေးမှုမှာ ပြတ်တောက်မှုများရှိလာသည်ကို သတိပြု မိကြောင်း သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။ ထို့အပြင် ခဲယမ်းမီးကျည်များ မရရှိခြင်းကြောင့် ယူကရိန်း သည် ကြီးမားသောပြဿနာများကို ကြုံတွေ့နေရကြောင်း အမည်မဖော်လိုသော အရာရှိတစ်ဦးက ပြောကြားခဲ့ သည်၊၊
လက်ရှိ လမ်းကြောင်းအတိုင်းဆက်သွားမည်ဆိုပါက ယူကရိန်းတပ်ဖွဲ့များသည် ရှေ့တန်းစစ်မြေမျက်နှာပြင်တွင် ၎င်းတို့၏ နေရာအချို့ကို ဆုံးရှုံးသွားနိုင်ကြောင်း ယူကရိန်းအမှုထမ်းတစ်ဦးက ပြောကြားခဲ့သည်။ ရုရှားက ယူကရိန်း ကို ကျူးကျော် တိုက်ခိုက်သည့် ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလမှစတင်ပြီး အမေရိကန်သည် ယူကရိန်းသို့ စစ်ရေးအကူ အညီများပေးပို့ရန်အတွက် အမေရိကန်ဒေါ်လာ(၄၄ ဒသမ ၂) ဘီလျံခန့် သုံးစွဲခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ယခုလအစောပိုင်းတွင် ခန့်မှန်းပြောခဲ့သည်။
ထို့အပြင် ရုရှားသည် ယူကရိန်းသို့ အနောက်အုပ်စုနိုင်ငံများ၏ စစ်လက်နက်ပစ္စည်းပေးပို့မှုများကို ပြစ်တင်ရှုတ်ချခဲ့ ပြီး အဆိုပါပေးပို့မှုများမှာ ပဋိပက္ခရလဒ်ကို ပြောင်းလဲနိုင်မည်မဟုတ်ကြောင်း ပြောခဲ့သည်။
အနောက်အုပ်စုနိုင်ငံများ၏ စစ်လက်နက်ပစ္စည်းပေးပို့မှုများမှာ ပဋိပက္ခကိုရှည်ကြာစေပြီး သွေးထွက်သံယိုမှုများကို သာ ပိုမိုဖြစ်ပွားစေကော ရုရှားနှင့်နေတိုးအဖွဲ့ကြား ထိပ်တိုက်တွေ့ဆုံမည့်အန္တရာယ်များကို ပိုမိုတိုးမြင့်လာစေ ကြောင်း ရုရှားဖက်က အကြိမ်ကြိမ်သတိပေးပြောဆိုခဲ့သည်။

Zawgyi Version;
ယူကရိန္းစစ္ပြဲက ရႈံးနိမ့္ေနၿပီျဖစ္ေၾကာင္း ပင္တဂြန္အႀကံေပးေဟာင္း ထုတ္ေဖာ္ေျပာ
Pika (NP News) - ႏိုဝင္ဘာ ၂၇
ယူကရိန္းႏွင့္ ၎၏ အေနာက္အုပ္စုေက်ာေထာက္ေနာက္ခံႏိုင္ငံမ်ားသည္ ႐ုရွားႏွင့္ ပဋိပကၡတြင္ ရႈံးေနၿပီျဖစ္ ေၾကာင္း အေမရိကန္စစ္ဌာနခ်ဳပ္ပင္တဂြန္အႀကံေပးေဟာင္း ေဒါက္ကလပ္စ္မက္ဂရီေဂါက ေျပာၾကားခဲ့သည္။
ထို႔အျပင္ ႐ုရွားႏိုင္ငံႏွင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ား အျမန္ဆုံးလုပ္ေဆာင္ရန္ အေမရိကန္ႏွင့္ ယူကရိန္းတို႔ကို မက္ဂရီေဂါက တိုက္တြန္းခဲ့ေၾကာင္းလည္း သိရသည္။ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္၏ အစိုးရအဖြဲ႕သည္ ယူကရိန္း ကို အကူအညီေပးရန္အတြက္ အေမရိကန္ေဒၚလာ(၁ဝ၅)ဘီလ်ံ အသုံးစရိတ္ဥပေဒမူၾကမ္းကို လႊတ္ေတာ္ထံ တင္ျပခဲ့ေသာ္လည္း ေအာင္ျမင္မႈမရရွိခဲ့ၿပီးေနာက္ ယူကရိန္းအတြက္ ပင္တဂြန္၏ ရန္ပုံေငြမ်ား ေလ်ာ့နည္းသြား ခ်ိန္တြင္ မက္ဂရီေဂါ၏ မွတ္ခ်က္မ်ားထြက္ေပၚလာျခင္းျဖစ္သည္။
မက္ဂရီေဂါက "အေမရိကန္ႏိုင္ငံဟာ ကြၽန္ေတာ္တို႔ရဲ႕စစ္ပြဲအတြက္ သိုေလွာင္မႈေတြ၊ လက္နက္စနစ္ေတြနဲ႔ ခဲယမ္း မီးက်ည္ေတြအားလုံးနီးပါးကို ယူကရိန္းသို႔ ေပးပို႔ခဲ့ပါတယ္။ ယူကရိန္းစစ္ပြဲက ရႈံးနိမ့္သြားပါၿပီ။ ၿငိမ္းခ်မ္းေရးရယူဖို႔ အခ်ိန္တန္ပါၿပီ" ဟု ေျပာခဲ့သည္။
အေမရိကန္ႏိုင္ငံသည္ အစၥေရးႏွင့္ ယူကရိန္းတို႔ကို ကူညီေထာက္ပံ့ေပးမႈမ်ား လုပ္ေဆာင္ရာတြင္ ဟန္ခ်က္ညီ ေအာင္ႀကိဳးပမ္းေနရေသာေၾကာင့္ ယူကရိန္းသို႔ အေမရိကန္၏ အေျမာက္က်ည္ေပးပို႔မႈမ်ားမွာ (၃ဝ)ရာခိုင္ႏႈန္း ေက်ာ္ ေလ်ာ့နည္းသြားခဲ့ေၾကာင္း ABC သတင္းဌာနက ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ေရးသားေဖာ္ျပခဲ့သည္။
ယူကရိန္းသို႔ (၁၅၅)မီလီမီတာ အေျမာက္က်ည္မ်ား ေထာက္ပံ့ေပးမႈမွာ ျပတ္ေတာက္မႈမ်ားရွိလာသည္ကို သတိျပဳ မိေၾကာင္း သတင္းရင္းျမစ္တစ္ခုက ေျပာၾကားခဲ့သည္။ ထို႔အျပင္ ခဲယမ္းမီးက်ည္မ်ား မရရွိျခင္းေၾကာင့္ ယူကရိန္း သည္ ႀကီးမားေသာျပႆနာမ်ားကို ႀကဳံေတြ႕ေနရေၾကာင္း အမည္မေဖာ္လိုေသာ အရာရွိတစ္ဦးက ေျပာၾကားခဲ့ သည္၊၊
လက္ရွိ လမ္းေၾကာင္းအတိုင္းဆက္သြားမည္ဆိုပါက ယူကရိန္းတပ္ဖြဲ႕မ်ားသည္ ေရွ႕တန္းစစ္ေျမမ်က္ႏွာျပင္တြင္ ၎တို႔၏ ေနရာအခ်ိဳ႕ကို ဆုံးရႈံးသြားႏိုင္ေၾကာင္း ယူကရိန္းအမႈထမ္းတစ္ဦးက ေျပာၾကားခဲ့သည္။ ႐ုရွားက ယူကရိန္း ကို က်ဴးေက်ာ္ တိုက္ခိုက္သည့္ ၂ဝ၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလမွစတင္ၿပီး အေမရိကန္သည္ ယူကရိန္းသို႔ စစ္ေရးအကူ အညီမ်ားေပးပို႔ရန္အတြက္ အေမရိကန္ေဒၚလာ(၄၄ ဒသမ ၂) ဘီလ်ံခန႔္ သုံးစြဲခဲ့ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ယခုလအေစာပိုင္းတြင္ ခန႔္မွန္းေျပာခဲ့သည္။
ထို႔အျပင္ ႐ုရွားသည္ ယူကရိန္းသို႔ အေနာက္အုပ္စုႏိုင္ငံမ်ား၏ စစ္လက္နက္ပစၥည္းေပးပို႔မႈမ်ားကို ျပစ္တင္ရႈတ္ခ်ခဲ့ ၿပီး အဆိုပါေပးပို႔မႈမ်ားမွာ ပဋိပကၡရလဒ္ကို ေျပာင္းလဲႏိုင္မည္မဟုတ္ေၾကာင္း ေျပာခဲ့သည္။
အေနာက္အုပ္စုႏိုင္ငံမ်ား၏ စစ္လက္နက္ပစၥည္းေပးပို႔မႈမ်ားမွာ ပဋိပကၡကိုရွည္ၾကာေစၿပီး ေသြးထြက္သံယိုမႈမ်ားကို သာ ပိုမိုျဖစ္ပြားေစေကာ ႐ုရွားႏွင့္ေနတိုးအဖြဲ႕ၾကား ထိပ္တိုက္ေတြ႕ဆုံမည့္အႏၲရာယ္မ်ားကို ပိုမိုတိုးျမင့္လာေစ ေၾကာင္း ႐ုရွားဖက္က အႀကိမ္ႀကိမ္သတိေပးေျပာဆိုခဲ့သည္။