အမေရိကန်ပေါ့ပ်အဆိုတော်နဲ့ သရုပ်ဆောင်ဆာဘရီနာ ရဲ့ "Feather" music video ဘာသာရေးဝေဖန်မှုများနဲ့ ရင်ဆိုင်နေရ

554
ရောင်နီ (NP News) - နိုဝင်ဘာ ၂၇
အမေရိကန်ပေါ့စ်အဆိုတော်နဲ့ သရုပ်ဆောင် ဆာဘရီနာကာပန်တာ ဟာ ၎င်းရဲ့ ၂ဝ၂၂ ခုနှစ်ထုတ် အယ်လ်ဘမ် "Emails I Can't Send " မှ သီချင်းဗီဒီယို “Feather” အတွက် music ဗီဒီယိုကို ပြီးခဲ့တဲ့ နိုဝင်ဘာ ဒုတိယပတ်က Youtube မှ ထုတ်လွှင့်ခဲ့ပါတယ်။
သီချင်းဗီဒီယိုဟာ စစချင်း လူစိတ်ဝင်စားမှု သိပ်မရရှိသေးပေမယ့် ဗီဒီယိုတင်ပြီး ရက်ပိုင်းအကြာမှာ ဘရွတ်ကလင်း ခရစ်ယာန် ဂိုဏ်းချုပ်ဆရာတော် ရောဘက်ဘရီနန်က အဆိုပါသီချင်းဗီဒီယိုဟာ ထိပ်လန့်ခြင်း၊ လက်စားချေခြင်း၊ ဘီလူးများ၊ ဘုရားကျောင်းအပြင်ဘက်မှာ ကခုန်နေတဲ့ပြကွက်များ၊ ဘုရားကျောင်းနဲ့ သေဆုံးမှုပုံရိပ်များ ပါဝင်နေ ကြောင်း၊ ဒါဟာ ခရစ်ယာန်ဘုရားရှိခိုးကျောင်း ပိုင်ဆိုင်မှုဆိုင်ရာ မူဝါဒကို လိုက်နာခြင်း မရှိခြင်းဖြစ်ကြောင်း ကက်သလစ်သတင်းအေဂျင်စီမှ ကြေညာချက်တစ်ခုနဲ့ ထုတ်ပြန်ခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ သီချင်းထုတ်လုပ်ရေးကုမ္ပဏီက ဗီဒီယိုအကြောင်းအရာတွေဟာ လွဲမှားမှုတွေ ရှိခဲ့ကြောင်း ဆိုကာ တောင်းပန်ခဲ့ပါတယ်။
ဆာဘရီနာရဲ့သီချင်းဗီဒီယိုဟာ လက်ရှိအချိန်ထိအတွင်း ကြည့်ရှုသူ ၁၁ သန်းကျော်ထိ ရှိနေပြီဖြစ်ပါတယ်။

Zawgyi Version;
အေမရိကန္ေပါ့ပ္အဆိုေတာ္နဲ႔ သ႐ုပ္ေဆာင္ဆာဘရီနာ ရဲ႕ "Feather" music video ဘာသာေရးေဝဖန္မႈမ်ားနဲ႔ ရင္ဆိုင္ေနရ
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂၇
အေမရိကန္ေပါ့စ္အဆိုေတာ္နဲ႔ သ႐ုပ္ေဆာင္ ဆာဘရီနာကာပန္တာ ဟာ ၎ရဲ႕ ၂ဝ၂၂ ခုႏွစ္ထုတ္ အယ္လ္ဘမ္ "Emails I Can't Send " မွ သီခ်င္းဗီဒီယို “Feather” အတြက္ music ဗီဒီယိုကို ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ဒုတိယပတ္က Youtube မွ ထုတ္လႊင့္ခဲ့ပါတယ္။
သီခ်င္းဗီဒီယိုဟာ စစခ်င္း လူစိတ္ဝင္စားမႈ သိပ္မရရွိေသးေပမယ့္ ဗီဒီယိုတင္ၿပီး ရက္ပိုင္းအၾကာမွာ ဘ႐ြတ္ကလင္း ခရစ္ယာန္ ဂိုဏ္းခ်ဳပ္ဆရာေတာ္ ေရာဘက္ဘရီနန္က အဆိုပါသီခ်င္းဗီဒီယိုဟာ ထိပ္လန္႔ျခင္း၊ လက္စားေခ်ျခင္း၊ ဘီလူးမ်ား၊ ဘုရားေက်ာင္းအျပင္ဘက္မွာ ကခုန္ေနတဲ့ျပကြက္မ်ား၊ ဘုရားေက်ာင္းနဲ႔ ေသဆုံးမႈပုံရိပ္မ်ား ပါဝင္ေန ေၾကာင္း၊ ဒါဟာ ခရစ္ယာန္ဘုရားရွိခိုးေက်ာင္း ပိုင္ဆိုင္မႈဆိုင္ရာ မူဝါဒကို လိုက္နာျခင္း မရွိျခင္းျဖစ္ေၾကာင္း ကက္သလစ္သတင္းေအဂ်င္စီမွ ေၾကညာခ်က္တစ္ခုနဲ႔ ထုတ္ျပန္ခဲ့ပါတယ္။
ေနာက္ပိုင္းမွာေတာ့ သီခ်င္းထုတ္လုပ္ေရးကုမၸဏီက ဗီဒီယိုအေၾကာင္းအရာေတြဟာ လြဲမွားမႈေတြ ရွိခဲ့ေၾကာင္း ဆိုကာ ေတာင္းပန္ခဲ့ပါတယ္။
ဆာဘရီနာရဲ႕သီခ်င္းဗီဒီယိုဟာ လက္ရွိအခ်ိန္ထိအတြင္း ၾကည့္ရႈသူ ၁၁ သန္းေက်ာ္ထိ ရွိေနၿပီျဖစ္ပါတယ္။