အစ္စရေး နဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ယာယီအပစ်ခတ်ရပ်စဲရေးသက်တမ်းတိုးဖို့ ထပ်မံသဘောတူညီ

 720

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၈

အစ္စရေး နဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့ ဂါဇာဒေသစစ်ပွဲကို နောက်ထပ်သက်တမ်းနှစ်ရက်တိုးဖို့ သဘောတူညီခဲ့ကြောင်း အမေရိကန် နဲ့ ကာတာအစိုးရတို့က အတည်ပြုပြောဆိုလိုက်ပါတယ်။

အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူ ဂျွန်ကီဘိုင်က အဆိုပါ ထပ်မံသက်တမ်းတိုးတဲ့ကာလအတွင်း ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ဟားမက်စ်အုပ်စုဟာ နှစ်ရက်အတွင်း ပြန်ပေးဆွဲခံထားရသူအနည်းဆုံး ၂၀ ဦးကို ပြန်လွှတ်ပေးရမှာဖြစ်ကြောင်း ဆိုပါတယ်။

ကာတာနိုင်ငံခြား ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Majed Al-Ansari က ဟားမက်စ်နဲ့အစ္စရေးနိုင်ငံကြား အပစ်ခတ်ရပ်စဲရေးဟာ နောက်ထပ်သက်တမ်း နှစ်ရက်တိုးဖို့ သဘောတူညီခဲ့ကြောင်းပြောပါတယ်။ အဲဒီအပစ်ခတ်ရပ်စဲရေးကာလအတွင်း ဂါဇာကမ်းမြောင်ဒေသကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေပေးပို့ခွင့်ပေးသွားမှာဖြစ်ပြီး ပါလက်စတိုင်းအကျဉ်းသားတွေလည်း ထပ်မံပြန်လွှတ်ပေးရမှာဖြစ်ပါတယ်။

အစ္စရေး နဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့တွေဟာ (၄)ရက်ကြာ ယာယီအပစ်ခတ်ရပ်စဲရေးကို နိုဝင်ဘာ လ ၂၄ ရက်မှာစတင်ခဲ့ပြီး အဲဒီယာယီအပစ်ခတ်ရပ်စဲရေးဟာ နိုဝင်ဘာလ ၂၇ ရက်မှာ သက်တမ်းကုန်ဆုံးခဲ့တာကြောင့် ထပ်မံပြီးသက်တမ်းနှစ်ရက်တိုးဖို့ သဘောတူညီခဲ့တာဖြစ်ပါတယ်။ အမေရိကန်အစိုးရကလည်း ဟားမက်စ်နဲ့အစ္စရေးနိုင်ငံကြား ယာယီအပစ်ခတ်ရပ်စဲရေး ထပ်မံသက်တမ်းတိုးနိုင်ခဲ့ကြောင်းပြောပါတယ်။

ဟားမက်စ်လက်နက်ကိုင်အဖွဲ့က အပစ်ခတ်ရပ်စဲရေးသက်တမ်းတိုးရာမှာ ယခင် ၄ ရက်ကြာ အပစ်ခတ်ရပ်စဲရေးစာချုပ်အတိုင်းသာ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဆိုပါတယ်။

zawgyi version
အစၥေရး နဲ႔ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကား ယာယီအပစ္ခတ္ရပ္စဲေရးသက္တမ္းတိုးဖို႔ ထပ္မံသေဘာ တူညီ
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၈

အစၥေရး နဲ႔ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကားျဖစ္ပြားေနတဲ့ ဂါဇာေဒသစစ္ပြဲကို ေနာက္ထပ္သက္တမ္းႏွစ္ရက္တိုးဖို႔ သေဘာတူညီခဲ့ေၾကာင္း အေမရိကန္ နဲ႔ ကာတာအစိုးရတို႔က အတည္ျပဳေျပာဆိုလိုက္ပါတယ္။

အေမရိကန္အမ်ိဳးသားလုံၿခဳံေရးေကာင္စီေျပာေရးဆိုခြင့္ရွိသူ ဂြၽန္ကီဘိုင္က အဆိုပါ ထပ္မံသက္တမ္းတိုးတဲ့ကာလအတြင္း ပါလက္စတိုင္းလက္နက္ကိုင္အဖြဲ႕ဟားမက္စ္အုပ္စုဟာ ႏွစ္ရက္အတြင္း ျပန္ေပးဆြဲခံထားရသူအနည္းဆုံး ၂၀ ဦးကို ျပန္လႊတ္ေပးရမွာျဖစ္ေၾကာင္း ဆိုပါတယ္။

ကာတာႏိုင္ငံျခား ေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ Majed Al-Ansari က ဟားမက္စ္နဲ႔အစၥေရးႏိုင္ငံၾကား အပစ္ခတ္ရပ္စဲေရးဟာ ေနာက္ထပ္သက္တမ္း ႏွစ္ရက္တိုးဖို႔ သေဘာတူညီခဲ့ေၾကာင္းေျပာပါတယ္။ အဲဒီအပစ္ခတ္ရပ္စဲေရးကာလအတြင္း ဂါဇာကမ္းေျမာင္ေဒသကို လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေတြေပးပို႔ခြင့္ေပးသြားမွာျဖစ္ၿပီး ပါလက္စတိုင္းအက်ဥ္းသားေတြလည္း ထပ္မံျပန္လႊတ္ေပးရမွာျဖစ္ပါတယ္။

အစၥေရး နဲ႔ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ေတြဟာ (၄)ရက္ၾကာ ယာယီအပစ္ခတ္ရပ္စဲေရးကို ႏိုဝင္ဘာ လ ၂၄ ရက္မွာစတင္ခဲ့ၿပီး အဲဒီယာယီအပစ္ခတ္ရပ္စဲေရးဟာ ႏိုဝင္ဘာလ ၂၇ ရက္မွာ သက္တမ္းကုန္ဆုံးခဲ့တာေၾကာင့္ ထပ္မံၿပီးသက္တမ္းႏွစ္ရက္တိုးဖို႔ သေဘာတူညီခဲ့တာျဖစ္ပါတယ္။ အေမရိကန္အစိုးရကလည္း ဟားမက္စ္နဲ႔အစၥေရးႏိုင္ငံၾကား ယာယီအပစ္ခတ္ရပ္စဲေရး ထပ္မံသက္တမ္းတိုးႏိုင္ခဲ့ေၾကာင္းေျပာပါတယ္။

ဟားမက္စ္လက္နက္ကိုင္အဖြဲ႕က အပစ္ခတ္ရပ္စဲေရးသက္တမ္းတိုးရာမွာ ယခင္ ၄ ရက္ၾကာ အပစ္ခတ္ရပ္စဲေရးစာခ်ဳပ္အတိုင္းသာ လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း ဆိုပါတယ္။

Related news

© 2021. All rights reserved.