အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ၄ ရက်ကြာ အပစ်ခတ်ရပ်စဲရေး နောက်ဆုံးရက်မှာ ဖမ်းဆီးထားသူများကို အပြန်အလှန် ပြန်လွှတ်ပေး

 579

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၈

အစ္စရေး နဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့တို့ဟာ ၄ ရက်ကြာ အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုနောက်ဆုံးရက်ဖြစ်တဲ့ နိုဝင်ဘာ ၂၇ ရက်မှာ ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရပါတယ်။

ဟားမက်စ်လက်နက်ကိုင်အဖွဲ့ဟာ အောက်တိုဘာ ၇ ရက်နေ့က အစ္စရေးနိုင်ငံကို တိုက်ခိုက်ပြီး ဖမ်းဆီးထားတဲ့သူ တွေထဲကနေ လူပေါင်း ၁၁ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်းသိရပါတယ်။ အစ္စရေးကလည်း ပါလက်စတိုင်း အကျဉ်းသား ၃၃ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရပါတယ်။

ဟားမက်စ်အဖွဲ့က ပြန်လွှတ်ပေးခဲ့သူတွေထဲမှာ အစ္စရေး-ပြင်သစ်နိုင်ငံသား ခံယူထားသူ ၃ ဦး၊ ဂျာမနီ-အစ္စရေး နိုင်ငံသားအဖြစ် ခံယူထားသူ ၂ ဦး၊ အာဂျင်တီးနား နဲ့ အစ္စရေးနိုင်ငံသားအဖြစ် ခံယူထားသူ ၅ ဦးတို့ ပါဝင်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် အစ္စရေး နဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား အပစ်ခတ်ရပ်စဲရေး သဘာတူညီမှုအတွင်း အစ္စရေးနဲ့ ပါလက်စတိုင်းအကျဉ်းသားများအပြင် သီးခြားသဘောတူညီမှုများအရ နိုင်ငံခြားသားများလည်း ပါဝင် ခဲ့ကြောင်း သိရပါတယ်။

အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ယာယီအပစ်ခတ်ရပ်စဲထားချိန်အတွင်း အမျိုးသမီးများနဲ့ ကလေး ငယ်များကို အဓိကထားပြန်လွှတ်ပေးခဲ့ကြောင်း သိရပါတယ်။
အစ္စရေး နဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ၄ ရက်ကြာ အပစ်ခတ်ရပ်စဲထားချိန်အတွင်း အစ္စရေးဘက်က ပါလက်စတိုင်းအကျဉ်းသား အနည်းဆုံး ၁၅ဝ ဦးနဲ့ ဟားမက်စ်ဘက်က ဖမ်းဆီးထားတဲ့ ဓါးစာခံ အနည်းဆုံး ၅ဝ ဦး ပြန်လွှတ်ပေးခဲ့ရကြောင်း သိရပါတယ်။

ကာတာ၊ အီဂျစ် နဲ့ အမေရိကန်နိုင်ငံတို့ဟာ ဟားမက်စ် နဲ့ အစ္စရေးနိုင်ငံကြား ယာယီအပစ်ခတ်ရပ်စဲရေးရှိစေဖို့ ကြားဝင်ဆောင်ရွက်ခဲ့ပြီး ၄ ရက်ကြာ အပစ်ခတ်ရပ်စဲရေးရယူနိုင်ခဲ့ရာ လက်ရှိအချိန်မှာလည်း ထပ်မံသက်တမ်းတိုးဖို့ သဘာတူညီထားကြောင်း သိရပါတယ်။

Zawgyi Version;
အစၥေရးနဲ႔ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကား ၄ ရက္ၾကာ အပစ္ခတ္ရပ္စဲေရး ေနာက္ဆုံးရက္မွာ ဖမ္းဆီးထားသူမ်ားကို အျပန္အလွန္ ျပန္လႊတ္ေပး
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၈

အစၥေရး နဲ႔ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕တို႔ဟာ ၄ ရက္ၾကာ အပစ္ခတ္ရပ္စဲေရး သေဘာတူညီမႈေနာက္ဆုံးရက္ျဖစ္တဲ့ ႏိုဝင္ဘာ ၂၇ ရက္မွာ ဖမ္းဆီးထားသူမ်ားကို ျပန္လႊတ္ေပးခဲ့ေၾကာင္း သိရပါတယ္။

ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ဟာ ေအာက္တိုဘာ ၇ ရက္ေန႔က အစၥေရးႏိုင္ငံကို တိုက္ခိုက္ၿပီး ဖမ္းဆီးထားတဲ့သူ ေတြထဲကေန လူေပါင္း ၁၁ ဦးကို ျပန္လႊတ္ေပးခဲ့ေၾကာင္းသိရပါတယ္။ အစၥေရးကလည္း ပါလက္စတိုင္း အက်ဥ္းသား ၃၃ ဦးကို ျပန္လႊတ္ေပးခဲ့ေၾကာင္း သိရပါတယ္။

ဟားမက္စ္အဖြဲ႕က ျပန္လႊတ္ေပးခဲ့သူေတြထဲမွာ အစၥေရး-ျပင္သစ္ႏိုင္ငံသား ခံယူထားသူ ၃ ဦး၊ ဂ်ာမနီ-အစၥေရး ႏိုင္ငံသားအျဖစ္ ခံယူထားသူ ၂ ဦး၊ အာဂ်င္တီးနား နဲ႔ အစၥေရးႏိုင္ငံသားအျဖစ္ ခံယူထားသူ ၅ ဦးတို႔ ပါဝင္ခဲ့ေၾကာင္း သိရပါတယ္။ ဒါ့အျပင္ အစၥေရး နဲ႔ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကား အပစ္ခတ္ရပ္စဲေရး သဘာတူညီမႈအတြင္း အစၥေရးနဲ႔ ပါလက္စတိုင္းအက်ဥ္းသားမ်ားအျပင္ သီးျခားသေဘာတူညီမႈမ်ားအရ ႏိုင္ငံျခားသားမ်ားလည္း ပါဝင္ ခဲ့ေၾကာင္း သိရပါတယ္။

အစၥေရးနဲ႔ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကား ယာယီအပစ္ခတ္ရပ္စဲထားခ်ိန္အတြင္း အမ်ိဳးသမီးမ်ားနဲ႔ ကေလး ငယ္မ်ားကို အဓိကထားျပန္လႊတ္ေပးခဲ့ေၾကာင္း သိရပါတယ္။
အစၥေရး နဲ႔ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကား ၄ ရက္ၾကာ အပစ္ခတ္ရပ္စဲထားခ်ိန္အတြင္း အစၥေရးဘက္က ပါလက္စတိုင္းအက်ဥ္းသား အနည္းဆုံး ၁၅ဝ ဦးနဲ႔ ဟားမက္စ္ဘက္က ဖမ္းဆီးထားတဲ့ ဓါးစာခံ အနည္းဆုံး ၅ဝ ဦး ျပန္လႊတ္ေပးခဲ့ရေၾကာင္း သိရပါတယ္။

ကာတာ၊ အီဂ်စ္ နဲ႔ အေမရိကန္ႏိုင္ငံတို႔ဟာ ဟားမက္စ္ နဲ႔ အစၥေရးႏိုင္ငံၾကား ယာယီအပစ္ခတ္ရပ္စဲေရးရွိေစဖို႔ ၾကားဝင္ေဆာင္႐ြက္ခဲ့ၿပီး ၄ ရက္ၾကာ အပစ္ခတ္ရပ္စဲေရးရယူႏိုင္ခဲ့ရာ လက္ရွိအခ်ိန္မွာလည္း ထပ္မံသက္တမ္းတိုးဖို႔ သဘာတူညီထားေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.