မြောက်ကိုရီးယားစစ်တပ်က နယ်စပ်ဒေသကိုတပ်ဖွဲ့ဝင်တွ စေလွှတ်ဖြန့်ကြတ်ချထားလားဟု တောင်ကိုရီးယားစစ်ဘက်ပြော

 982

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၈

မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနိုင်ငံနဲ့ချုပ်ဆိုထားတဲ့ ၂ဝ၁၈ ခုနှစ် စစ်ရေးသဘောတူညီမှုစာချုပ် ရပ်ဆိုင်း လိုက်ပြီးနောက် နယ်စပ်ဒေသ တောင်ပိုင်းကိုစစ်သားတွေ ပိုမိုစေလွှတ်လာခဲ့ကြောင်း တောင်ကိုရီးယားကာကွယ် ရေးဝန်ကြီးဌာနက ဆိုပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့သီတင်းပတ်မှာ စစ်ဘက်သုံး ဂြိုလ်တုကို အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ပြီးနောက် တောင်ကိုရီးယားအစိုးရဟာ မြောက်ကိုရီးယားနဲ့ ၂ဝ၁၈ ခုနှစ်က သဘောတူညီထားတဲ့ စစ်ရေးသဘောတူညီမှု စာချုပ်အစိတ်အပိုင်းတွေကို ဆိုင်းငံ့လိုက်ကြောင်း သိရပါတယ်။

အဆိုပါစစ်ရေးစာချုပ်မှာ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားနိုင်ငံကြား နယ်စပ်ဒေသမှာ ရန်လိုမှုတွေလျော့ချဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။ တောင်ကိုရီးယား စစ်ဘက်က မြောက်ကိုရီးယားစစ်ဘက်ဟာ နယ်စပ်ဒေသကို စစ်သားတွေအပြင် စစ်လက်နက်ပစ္စည်းတွေ ယခင်ထက်ပေးပို့ စေလွှတ်နေကြောင်း ပြောပါတယ်။

မြောက်ကိုရီးယားစစ်တပ်ဟာ နယ်စပ်ဒေသအစောင့်တပ်ဖွဲ့တွေကို ပြန်လည်တည်ဆောက်ပြုပြင်မှုတွေ လုပ်ဆောင်နေကြောင်း တောင်ကိုရီးယား ယွန်ဟတ်သတင်းဌာနက ဖော်ပြထားပါတယ်။
တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားနိုင်ငံကြား စစ်ရေးသဘောတူညီမှုစာချုပ်အရ မြောက်ကိုရီးယားဟာ နယ်စပ်ဒေသရှိ စစ်စခန်း ၁၁ ခုက စစ်သားတွေကို ပြန်လည်ရုတ်သိမ်းခဲ့ဖူးကြောင်း သိရပါတယ်။

မြောက်ကိုရီးယားစစ်သားတွေဟာ လက်ရှိအချိန်မှာတော့ နှစ်နိုင်ငံကြားရှိ စစ်မက်ကင်းမဲ့ဇုန်နားမျာ သစ်သားတွေနဲ့ ပြန်လည်တည်ဆောက်ခြင်းများ လုပ်ဆောင်လုပ်ဆောင်နေကြောင်းသတင်းတွေက ဖော်ပြပါတယ်။ တောင်ကိုရီးယားစစ်တပ်က မြောက်ကိုရီးယားနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့နေရာတွေကို စုံစမ်းထောက်လှမ်းခြင်းများ အရှိန်မြင့်လုပ်ဆောင်နေပြီး မြောက်ကိုရီးယားရဲ့ခြိမ်းခြောက်ခြင်းများကို ကာကွယ်ဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။

Zawgyi Version;
ေျမာက္ကိုရီးယားစစ္တပ္က နယ္စပ္ေဒသကိုတပ္ဖြဲ႕ဝင္တြ ေစလႊတ္ျဖန႔္ၾကတ္ခ်ထားလားဟု ေတာင္ကိုရီးယားစစ္ဘက္ေျပာ

ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၈

ေျမာက္ကိုရီးယားဟာ ေတာင္ကိုရီးယားႏိုင္ငံနဲ႔ခ်ဳပ္ဆိုထားတဲ့ ၂ဝ၁၈ ခုႏွစ္ စစ္ေရးသေဘာတူညီမႈစာခ်ဳပ္ ရပ္ဆိုင္း လိုက္ၿပီးေနာက္ နယ္စပ္ေဒသ ေတာင္ပိုင္းကိုစစ္သားေတြ ပိုမိုေစလႊတ္လာခဲ့ေၾကာင္း ေတာင္ကိုရီးယားကာကြယ္ ေရးဝန္ႀကီးဌာနက ဆိုပါတယ္။

ေျမာက္ကိုရီးယားႏိုင္ငံဟာ ၿပီးခဲ့တဲ့သီတင္းပတ္မွာ စစ္ဘက္သုံး ၿဂိဳလ္တုကို ေအာင္ျမင္စြာလႊတ္တင္ႏိုင္ခဲ့ၿပီးေနာက္ ေတာင္ကိုရီးယားအစိုးရဟာ ေျမာက္ကိုရီးယားနဲ႔ ၂ဝ၁၈ ခုႏွစ္က သေဘာတူညီထားတဲ့ စစ္ေရးသေဘာတူညီမႈ စာခ်ဳပ္အစိတ္အပိုင္းေတြကို ဆိုင္းငံ့လိုက္ေၾကာင္း သိရပါတယ္။

အဆိုပါစစ္ေရးစာခ်ဳပ္မွာ ေျမာက္ကိုရီးယားနဲ႔ ေတာင္ကိုရီးယားႏိုင္ငံၾကား နယ္စပ္ေဒသမွာ ရန္လိုမႈေတြေလ်ာ့ခ်ဖို႔ ရည္႐ြယ္ထားေၾကာင္း သိရပါတယ္။ ေတာင္ကိုရီးယား စစ္ဘက္က ေျမာက္ကိုရီးယားစစ္ဘက္ဟာ နယ္စပ္ေဒသကို စစ္သားေတြအျပင္ စစ္လက္နက္ပစၥည္းေတြ ယခင္ထက္ေပးပို႔ ေစလႊတ္ေနေၾကာင္း ေျပာပါတယ္။

ေျမာက္ကိုရီးယားစစ္တပ္ဟာ နယ္စပ္ေဒသအေစာင့္တပ္ဖြဲ႕ေတြကို ျပန္လည္တည္ေဆာက္ျပဳျပင္မႈေတြ လုပ္ေဆာင္ေနေၾကာင္း ေတာင္ကိုရီးယား ယြန္ဟတ္သတင္းဌာနက ေဖာ္ျပထားပါတယ္။
ေတာင္ကိုရီးယားနဲ႔ ေျမာက္ကိုရီးယားႏိုင္ငံၾကား စစ္ေရးသေဘာတူညီမႈစာခ်ဳပ္အရ ေျမာက္ကိုရီးယားဟာ နယ္စပ္ေဒသရွိ စစ္စခန္း ၁၁ ခုက စစ္သားေတြကို ျပန္လည္႐ုတ္သိမ္းခဲ့ဖူးေၾကာင္း သိရပါတယ္။

ေျမာက္ကိုရီးယားစစ္သားေတြဟာ လက္ရွိအခ်ိန္မွာေတာ့ ႏွစ္ႏိုင္ငံၾကားရွိ စစ္မက္ကင္းမဲ့ဇုန္နားမ်ာ သစ္သားေတြနဲ႔ ျပန္လည္တည္ေဆာက္ျခင္းမ်ား လုပ္ေဆာင္လုပ္ေဆာင္ေနေၾကာင္းသတင္းေတြက ေဖာ္ျပပါတယ္။ ေတာင္ကိုရီးယားစစ္တပ္က ေျမာက္ကိုရီးယားနဲ႔ နယ္စပ္ခ်င္းထိစပ္ေနတဲ့ေနရာေတြကို စုံစမ္းေထာက္လွမ္းျခင္းမ်ား အရွိန္ျမင့္လုပ္ေဆာင္ေနၿပီး ေျမာက္ကိုရီးယားရဲ႕ၿခိမ္းေျခာက္ျခင္းမ်ားကို ကာကြယ္ဖို႔ ႀကိဳးပမ္းေနေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.