အစ္စရေးနိုင်ငံအနေနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို ဖျက်ဆီးပစ်ရမှာဖြစ်ကြောင်း ဘီလျံနာအီလွန်မတ်ပြော

3246

Zawgyi Version;
အစ္စရေးနိုင်ငံအနေနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို ဖျက်ဆီးပစ်ရမှာဖြစ်ကြောင်း ဘီလျံနာအီလွန်မတ်ပြော
ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၈
အစ္စရေးနိုင်ငံဟာ ရွေးချယ်စရာမရှိကြောင်း၊ ဟားမက်စ်လက်နက်ကိုင်အဖွဲ့တွေကို ဖျက်ဆီးပစ်ရမှာဖြစ်ကြောင်း ကမ္ဘာကျော်ဘီလျံနာ အီလွန်မတ်က ပြောဆိုလိုက်ပါတယ်။
အီလွန်မတ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ အစ္စရေးနိုင်ငံကို သွားရောက်ခဲ့ပြီး အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု၊ အစ္စရေး သမ္မတတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ အစ္စရေးဝန်ကြီးချုပ်က "အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာဒေသရှိ ပြည်သူတွေနောက်မှာ ပုန်းနေတဲ့ လူသတ်သမား ဟားမက်စ်အုပ်စုတွေကို ဖြိုခွင်းနိုင်ဖို့ လုပ်ဆောင်နေတယ်" လို့ ပြောပါတယ်။
အီလွန်မတ်ကလည်း နေတန်ရာဟုရဲ့ပြောဆိုချက်တွေကို အားပေးထောက်ခံကြောင်း သိရပါတယ်။ နေတန်ရာဟု က "ဂါဇာဒေသပြည်သူတွေ ဘဝရှင်သန်နေထိုင်မှုပိုမိုကောင်းမွန်စေဖို့ နဲ့ လုံခြုံမှုရှိဖို့ဆိုရင် ဟားမက်စ် လက်နက်ကိုင်အဖွဲ့တွေကို သုတ်သင်ရမယ်" လို့ ပြောပါတယ်။
အီလွန်မတ်ကလည်း "အစ္စရေးမှာ ရွေးချယ်စရာမရှိဘူး။ အစ္စရေးနဲ့ ဂါဇာဒေသ ခိုင်မြဲဖို့ လိုအပ်တယ်။ လူသတ်ဖို့ ရည်ရွယ်နေသူတွေနဲ့ အကြမ်းဖက်သမားတွေကို သုတ်သင်ရမယ်" လို့ ပြောပါတယ်။
ဟားမက်စ်လက်နက်ကိုင်အဖွဲ့တွေဟာ ကလေးငယ်သေဆုံးစေတဲ့ပုံစံမျိုးနဲ့ လူတွေထင်ယောင်ထင်မှားဖြစ်အောင် လုပ်ဆောင်နေကြောင်း၊လူတွေရဲ့စိတ်ကို သက်ရောက်မှုဖြစ်လာစေနိုင်တဲ့ ဝါဒဖြန့်ချီမှုတွေအများကြီး လုပ်ဆောင်ခဲ့ ကြောင်း အီလွန်မတ်က ပြောပါတယ်။
အီလွန်မတ်က ၎င်းရဲ့ X မီဒီယာဟာ အစ္စရေးဆန့်ကျင်ရေးတွေကို သည်းခံနေပြီး ပိုစ့်များတင်ခွင့်ပြုနေကြောင်း ဝေဖန်မှုတွေလည်း ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရပါတယ်။ အီလွန်မတ်ရဲ့ Starlink ဂြိုလ်တုများကို အစ္စရေးအစိုးရရဲ့ခွင့်ပြုချက်နဲ့အညီ ဂါဇာဒေသနဲ့ အစ္စရေးနိုင်ငံတို့မှာ အသုံးပြုခွင့်ပေးဖို့ သဘောတူညီခဲ့တယ်လို့လည်း အစ္စရေးဆက်သွယ်ရေးဝန်ကြီးက ပြောပါတယ်။

Zawgyi Version;
အစၥေရးႏိုင္ငံအေနနဲ႔ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ကို ဖ်က္ဆီးပစ္ရမွာျဖစ္ေၾကာင္း ဘီလ်ံနာအီလြန္မတ္ေျပာ
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၈
အစၥေရးႏိုင္ငံဟာ ေ႐ြးခ်ယ္စရာမရွိေၾကာင္း၊ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ေတြကို ဖ်က္ဆီးပစ္ရမွာျဖစ္ေၾကာင္း ကမာၻေက်ာ္ဘီလ်ံနာ အီလြန္မတ္က ေျပာဆိုလိုက္ပါတယ္။
အီလြန္မတ္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ အစၥေရးႏိုင္ငံကို သြားေရာက္ခဲ့ၿပီး အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟု၊ အစၥေရး သမၼတတို႔နဲ႔ ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သိရပါတယ္။ အစၥေရးဝန္ႀကီးခ်ဳပ္က "အစၥေရးတပ္ဖြဲ႕ေတြဟာ ဂါဇာေဒသရွိ ျပည္သူေတြေနာက္မွာ ပုန္းေနတဲ့ လူသတ္သမား ဟားမက္စ္အုပ္စုေတြကို ၿဖိဳခြင္းႏိုင္ဖို႔ လုပ္ေဆာင္ေနတယ္" လို႔ ေျပာပါတယ္။
အီလြန္မတ္ကလည္း ေနတန္ရာဟုရဲ႕ေျပာဆိုခ်က္ေတြကို အားေပးေထာက္ခံေၾကာင္း သိရပါတယ္။ ေနတန္ရာဟု က "ဂါဇာေဒသျပည္သူေတြ ဘဝရွင္သန္ေနထိုင္မႈပိုမိုေကာင္းမြန္ေစဖို႔ နဲ႔ လုံၿခဳံမႈရွိဖို႔ဆိုရင္ ဟားမက္စ္ လက္နက္ကိုင္အဖြဲ႕ေတြကို သုတ္သင္ရမယ္" လို႔ ေျပာပါတယ္။
အီလြန္မတ္ကလည္း "အစၥေရးမွာ ေ႐ြးခ်ယ္စရာမရွိဘူး။ အစၥေရးနဲ႔ ဂါဇာေဒသ ခိုင္ၿမဲဖို႔ လိုအပ္တယ္။ လူသတ္ဖို႔ ရည္႐ြယ္ေနသူေတြနဲ႔ အၾကမ္းဖက္သမားေတြကို သုတ္သင္ရမယ္" လို႔ ေျပာပါတယ္။
ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ေတြဟာ ကေလးငယ္ေသဆုံးေစတဲ့ပုံစံမ်ိဳးနဲ႔ လူေတြထင္ေယာင္ထင္မွားျဖစ္ေအာင္ လုပ္ေဆာင္ေနေၾကာင္း၊လူေတြရဲ႕စိတ္ကို သက္ေရာက္မႈျဖစ္လာေစႏိုင္တဲ့ ဝါဒျဖန႔္ခ်ီမႈေတြအမ်ားႀကီး လုပ္ေဆာင္ခဲ့ ေၾကာင္း အီလြန္မတ္က ေျပာပါတယ္။
အီလြန္မတ္က ၎ရဲ႕ X မီဒီယာဟာ အစၥေရးဆန႔္က်င္ေရးေတြကို သည္းခံေနၿပီး ပိုစ့္မ်ားတင္ခြင့္ျပဳေနေၾကာင္း ေဝဖန္မႈေတြလည္း ျငင္းဆန္ပယ္ခ်ခဲ့ေၾကာင္း သိရပါတယ္။ အီလြန္မတ္ရဲ႕ Starlink ၿဂိဳလ္တုမ်ားကို အစၥေရးအစိုးရရဲ႕ခြင့္ျပဳခ်က္နဲ႔အညီ ဂါဇာေဒသနဲ႔ အစၥေရးႏိုင္ငံတို႔မွာ အသုံးျပဳခြင့္ေပးဖို႔ သေဘာတူညီခဲ့တယ္လို႔လည္း အစၥေရးဆက္သြယ္ေရးဝန္ႀကီးက ေျပာပါတယ္။