လိုဏ်ခေါင်းအတွင်း သီတင်းပတ်ကျော်ကြာပိတ်မိနေသူတွေကို ပြန်လည်ကယ်တင်နိုင်တော့မယ်လို့ အိန္ဒိယအစိုးရပြော

 1109

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၈

အိန္ဒိယကယ်ဆယ်ရေးသမားတွေဟာ မြေအောက်ဥမင်လိုဏ်ခေါင်းပြိုကျမှုကြောင့် ပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသား ၄၁ ဦးကို ပြန်လည်ကယ်တင်နိုင်ဖို့ အလွန်နီးစပ်နေကြောင်း သိရပါတယ်။

အိန္ဒိယနိုင်ငံ Uttarakhand ပြည်နယ်ရှိ ကားလမ်းအောက်က မြေအောက်ဥမင်လိုဏ်ခေါင်းဟာ နိုဝင်ဘာ ၁၂ ရက် မှာ ပြိုကျသွားခဲ့ပြီး လိုဏ်ခေါင်းထဲမှာ ဝန်ထမ်းပေါင်း ၄၁ ဦး ပိတ်မိနေခဲ့ကြောင်းသိရပါတယ်။
အဆိုပါ ဥမင်လိုဏ်ခေါင်းဟာ အရှည် ၄ ဒသမ ၅ မီတာ အရှည်ရှိနေပြီး အိန္ဒိယနိုင်ငံသား ၄၁ ဦးဟာ လိုဏ်ခေါင်းထဲ မှာ သီတင်းပတ်နှစ်ပတ်ကျော်ကြာ ပိတ်မိနေခဲ့ကြောင်း သိရပါတယ်။

အိန္ဒိယအစိုးရနဲ့ အိန္ဒိယစစ်ဘက်ဟာ လိုဏ်ခေါင်းအတွင်း ပိတ်မိနေသူများကို ကယ်တင်နိုင်ဖို့ နည်းလမ်းပေါင်းစုံ အသုံးပြုကာ ကြိုးပမ်းနေပြီး လက်ရှိအချိန်မှာ လိုဏ်ခေါင်းကိုတူးဖော်မှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။ လိုဏ်ခေါင်းတူးဖော်မှုတွေဟာ ပိတ်မိနေသူများအနားရောက်ရှိနေဖို့ မီတာအနည်းငယ်သာ လိုအပ်နေပြီး နိုဝင်ဘာ ၂၈ ရက်မှာ ရောက်ဖွယ်ရှိနေပါတယ်။

လိုဏ်ခေါင်းဆောင်အတွင်း ပိတ်မိနေသူများကို ကယ်တင်နိုင်ဖို့ စက်ကြီးများ အသုံးပြုမယ်ဆိုရင် ပြိုကျမှုတွေရှိလာနိုင်ပြီး ပိတ်မိနေသူများ အသက်အန္တရာယ်ထိခိုက်နိုင်တဲ့အတွက် မြေကြီးကို အသေးစားစက်ပစ္စည်းတွေ အသုံးပြုကာ တူးဖော်ခြင်းများ လုပ်ဆောင်နေခဲ့ကြောင်း သိရပါတယ်။

ရှာဖွေကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်ဖြစ်သူ ဒီပတ်ပါတေးက "ကျွန်တော်တို့ တူးဖော်မှုတွေဟာ ပိတ်မိနေသူတွေ ရှိနေတဲ့နေရာနားကို ရောက်ရှိဖို့ ၇ မီတာလောက်ပဲ ကျန်တော့တယ်။ မကြာခင် အားလုံးကို ပြန်ကယ်တင်နိုင်တော့ မယ်" လို့ ပြောပါတယ်။
လိုဏ်ခေါင်းအတွင်း ပိတ်မိနေသူများဟာ ရက်ပေါင်းများစွာကြာ ပိတ်မိနေပေမယ့် အသက်ရှင်လျက်ရှိနေဆဲဖြစ်ကြောင်း သိရပါတယ်။

Zawgyi Version;
လိုဏ္ေခါင္းအတြင္း သီတင္းပတ္ေက်ာ္ၾကာပိတ္မိေနသူေတြကို ျပန္လည္ကယ္တင္ႏိုင္ေတာ့မယ္လို႔ အိႏၵိယအစိုးရေျပာ
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၈

အိႏၵိယကယ္ဆယ္ေရးသမားေတြဟာ ေျမေအာက္ဥမင္လိုဏ္ေခါင္းၿပိဳက်မႈေၾကာင့္ ပိတ္မိေနတဲ့ အိႏၵိယႏိုင္ငံသား ၄၁ ဦးကို ျပန္လည္ကယ္တင္ႏိုင္ဖို႔ အလြန္နီးစပ္ေနေၾကာင္း သိရပါတယ္။

အိႏၵိယႏိုင္ငံ Uttarakhand ျပည္နယ္ရွိ ကားလမ္းေအာက္က ေျမေအာက္ဥမင္လိုဏ္ေခါင္းဟာ ႏိုဝင္ဘာ ၁၂ ရက္ မွာ ၿပိဳက်သြားခဲ့ၿပီး လိုဏ္ေခါင္းထဲမွာ ဝန္ထမ္းေပါင္း ၄၁ ဦး ပိတ္မိေနခဲ့ေၾကာင္းသိရပါတယ္။
အဆိုပါ ဥမင္လိုဏ္ေခါင္းဟာ အရွည္ ၄ ဒသမ ၅ မီတာ အရွည္ရွိေနၿပီး အိႏၵိယႏိုင္ငံသား ၄၁ ဦးဟာ လိုဏ္ေခါင္းထဲ မွာ သီတင္းပတ္ႏွစ္ပတ္ေက်ာ္ၾကာ ပိတ္မိေနခဲ့ေၾကာင္း သိရပါတယ္။

အိႏၵိယအစိုးရနဲ႔ အိႏၵိယစစ္ဘက္ဟာ လိုဏ္ေခါင္းအတြင္း ပိတ္မိေနသူမ်ားကို ကယ္တင္ႏိုင္ဖို႔ နည္းလမ္းေပါင္းစုံ အသုံးျပဳကာ ႀကိဳးပမ္းေနၿပီး လက္ရွိအခ်ိန္မွာ လိုဏ္ေခါင္းကိုတူးေဖာ္မႈေတြ လုပ္ေဆာင္ေနေၾကာင္း သိရပါတယ္။ လိုဏ္ေခါင္းတူးေဖာ္မႈေတြဟာ ပိတ္မိေနသူမ်ားအနားေရာက္ရွိေနဖို႔ မီတာအနည္းငယ္သာ လိုအပ္ေနၿပီး ႏိုဝင္ဘာ ၂၈ ရက္မွာ ေရာက္ဖြယ္ရွိေနပါတယ္။

လိုဏ္ေခါင္းေဆာင္အတြင္း ပိတ္မိေနသူမ်ားကို ကယ္တင္ႏိုင္ဖို႔ စက္ႀကီးမ်ား အသုံးျပဳမယ္ဆိုရင္ ၿပိဳက်မႈေတြရွိလာႏိုင္ၿပီး ပိတ္မိေနသူမ်ား အသက္အႏၲရာယ္ထိခိုက္ႏိုင္တဲ့အတြက္ ေျမႀကီးကို အေသးစားစက္ပစၥည္းေတြ အသုံးျပဳကာ တူးေဖာ္ျခင္းမ်ား လုပ္ေဆာင္ေနခဲ့ေၾကာင္း သိရပါတယ္။

ရွာေဖြကယ္ဆယ္ေရးအဖြဲ႕ေခါင္းေဆာင္ျဖစ္သူ ဒီပတ္ပါေတးက "ကြၽန္ေတာ္တို႔ တူးေဖာ္မႈေတြဟာ ပိတ္မိေနသူေတြ ရွိေနတဲ့ေနရာနားကို ေရာက္ရွိဖို႔ ၇ မီတာေလာက္ပဲ က်န္ေတာ့တယ္။ မၾကာခင္ အားလုံးကို ျပန္ကယ္တင္ႏိုင္ေတာ့ မယ္" လို႔ ေျပာပါတယ္။
လိုဏ္ေခါင္းအတြင္း ပိတ္မိေနသူမ်ားဟာ ရက္ေပါင္းမ်ားစြာၾကာ ပိတ္မိေနေပမယ့္ အသက္ရွင္လ်က္ရွိေနဆဲျဖစ္ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.