အစ္စရေးနိုင်ငံသားပိုင်သင်္ဘောကို ဖမ်းဆီးဖို့ ကြိုးပမ်းခဲ့တဲ့ သေနတ်သမားအုပ်စုကို အမေရိကန်ရေတပ် ဖမ်းဆီး

4197

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၈
အမေရိကန်ရေတပ်တပ်ဖွဲ့ဟာ ယီမင်ကမ်းလွန်မှာအစ္စရေးနိုင်ငံနဲ့ ဆက်နွယ်တဲ့ ကုန်စည်သင်္ဘောတစ်စီးကို ဖမ်းဆီး ဖို့ကြိုးပမ်းတဲ့ လက်နက်ကိုင်အုပ်စုတွေကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။
လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဟာ အစ္စရေးနိုင်ငံပိုင်တဲ့ ကုန်စည်သင်္ဘောကို ဖမ်းဆီးဖို့ ကြိုးပမ်းလာချိန်မှာ အမေရိကန် ရေတပ်က ကြးဝင်ကယ်တင်ပေးခဲ့ပြီး စပီဘုတ်နဲ့ထွက်ပြေးဖို့ ကြိုးပမ်းတဲ့ လက်နက်ကိုင်အုပ်စုကို လိုက်လံဖမ်းဆီးခဲ့ ရကြောင်း သိရပါတယ်။
အမေရိကန်စစ်ဌာနချုပ်က ကုန်စည်သင်္ဘောကို ဖမ်းဆီးဖို့ ကြိုးပမ်းသူတွေဟာ ဆိုမာလီ ပင်လယ်ဓါးပြအုပ်စုတွေ ဖြစ်ပြီး၊ ဟူသီလက်နက်ကိုင်အဖွဲ့ဝင်တွေ မဟုတ်ကြောင်း ဆိုပါတယ်။ အဆိုပါလက်နက်ကိုင်အုပ်စုတွေဟာ သင်္ဘောတွေကို ရော့ကတ်ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် ထိမှန်ခြင်းမျိုးမရှိခဲ့ကြောင်း သိရပါတယ်။
ပင်တဂွန်စစ်ဌာနချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပတ်ရိုင်ဒါက "အစ္စရေးနိုင်ငံပိုင်သင်္ဘောကို ဖမ်းဆီးဖို့ ကြိုးပမ်းခဲ့သူတွေ ဟာ ဟူသီလက်နက်ကိုင်အုပ်စုတွေမဟုတ်ဘူး" လို့ ပြောပါတယ်။ အမေရိကန်စစ်တပ်ရဲ ဗဟိုအမိန့်ပေးကွပ်ကဲရေး ဌာနက အေဒင်ပင်လယ်ကွေ့အတွင်းရှိ အမေရိကန် နဲ့ မဟာမိတ်နိုင်ငံတွေရဲ့ ရေတပ်သင်္ဘောတွေဟာ ကုန်စည် သင်္ဘောကို ဖမ်းဆီးဖို့ကြိုးပမ်းသူတွေကို တုံ့ပြန်ခဲ့ကြောင်း ပြောပါတယ်။
အမေရိကန်စစ်တပ်က "သေနတ်သမားတွေဟာ သင်္ဘောပေါ်ကနေ စပိဘုတ်လှေတွေနဲ့ ထွက်ပြေးသွားခဲ့တယ်။ သေနတ်သမားငါးဦး ပါဝင်တယ်။ အဲဒီသေနတ်သမားတွေကို အမေရိကန်ဖျက်သင်္ဘော USS Mason က လိုက်လံ ဖြိုခွင်းဖမ်းဆီးခဲ့တယ်။ နောက်ပိုင်းမှာ သေနတ်သမားတွေဟာ အဖမ်းခံခဲ့တယ်" လို့ ပြောပါတယ်။

Zawgyi Version;
အစၥေရးႏိုင္ငံသားပိုင္သေဘၤာကို ဖမ္းဆီးဖို႔ ႀကိဳးပမ္းခဲ့တဲ့ ေသနတ္သမားအုပ္စုကို အေမရိကန္ေရတပ္ ဖမ္းဆီး
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၈
အေမရိကန္ေရတပ္တပ္ဖြဲ႕ဟာ ယီမင္ကမ္းလြန္မွာအစၥေရးႏိုင္ငံနဲ႔ ဆက္ႏြယ္တဲ့ ကုန္စည္သေဘၤာတစ္စီးကို ဖမ္းဆီး ဖို႔ႀကိဳးပမ္းတဲ့ လက္နက္ကိုင္အုပ္စုေတြကို ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း သိရပါတယ္။
လက္နက္ကိုင္အဖြဲ႕တစ္ဖြဲ႕ဟာ အစၥေရးႏိုင္ငံပိုင္တဲ့ ကုန္စည္သေဘၤာကို ဖမ္းဆီးဖို႔ ႀကိဳးပမ္းလာခ်ိန္မွာ အေမရိကန္ ေရတပ္က ၾကးဝင္ကယ္တင္ေပးခဲ့ၿပီး စပီဘုတ္နဲ႔ထြက္ေျပးဖို႔ ႀကိဳးပမ္းတဲ့ လက္နက္ကိုင္အုပ္စုကို လိုက္လံဖမ္းဆီးခဲ့ ရေၾကာင္း သိရပါတယ္။
အေမရိကန္စစ္ဌာနခ်ဳပ္က ကုန္စည္သေဘၤာကို ဖမ္းဆီးဖို႔ ႀကိဳးပမ္းသူေတြဟာ ဆိုမာလီ ပင္လယ္ဓါးျပအုပ္စုေတြ ျဖစ္ၿပီး၊ ဟူသီလက္နက္ကိုင္အဖြဲ႕ဝင္ေတြ မဟုတ္ေၾကာင္း ဆိုပါတယ္။ အဆိုပါလက္နက္ကိုင္အုပ္စုေတြဟာ သေဘၤာေတြကို ေရာ့ကတ္ဒုံးက်ည္ေတြနဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့ေပမယ့္ ထိမွန္ျခင္းမ်ိဳးမရွိခဲ့ေၾကာင္း သိရပါတယ္။
ပင္တဂြန္စစ္ဌာနခ်ဳပ္ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ပတ္႐ိုင္ဒါက "အစၥေရးႏိုင္ငံပိုင္သေဘၤာကို ဖမ္းဆီးဖို႔ ႀကိဳးပမ္းခဲ့သူေတြ ဟာ ဟူသီလက္နက္ကိုင္အုပ္စုေတြမဟုတ္ဘူး" လို႔ ေျပာပါတယ္။ အေမရိကန္စစ္တပ္ရဲ ဗဟိုအမိန႔္ေပးကြပ္ကဲေရး ဌာနက ေအဒင္ပင္လယ္ေကြ႕အတြင္းရွိ အေမရိကန္ နဲ႔ မဟာမိတ္ႏိုင္ငံေတြရဲ႕ ေရတပ္သေဘၤာေတြဟာ ကုန္စည္ သေဘၤာကို ဖမ္းဆီးဖို႔ႀကိဳးပမ္းသူေတြကို တုံ႔ျပန္ခဲ့ေၾကာင္း ေျပာပါတယ္။
အေမရိကန္စစ္တပ္က "ေသနတ္သမားေတြဟာ သေဘၤာေပၚကေန စပိဘုတ္ေလွေတြနဲ႔ ထြက္ေျပးသြားခဲ့တယ္။ ေသနတ္သမားငါးဦး ပါဝင္တယ္။ အဲဒီေသနတ္သမားေတြကို အေမရိကန္ဖ်က္သေဘၤာ USS Mason က လိုက္လံ ၿဖိဳခြင္းဖမ္းဆီးခဲ့တယ္။ ေနာက္ပိုင္းမွာ ေသနတ္သမားေတြဟာ အဖမ္းခံခဲ့တယ္" လို႔ ေျပာပါတယ္။