မြန်မာနိုင်ငံ၏ လက်ရှိပဋိပက္ခ၌ အနောက်နိုင်ငံများ နှင့် အပေါင်းအပါများသည် ထဲထဲဝင်ဝင်ဝင် ဝင်ရောက်ပတ်သက်နေပြီးဟု နစကပြောခွင့်ရဆို

 9420

မြူနစ် (NP News) - နိုဝင်ဘာ ၂၈

မြန်မာနိုင်ငံ၏ လက်ရှိပဋိပက္ခ၌ အနောက်နိုင်ငံများ နှင့် အပေါင်းအပါများသည် ထဲထဲဝင်ဝင် ဝင်ရောက်ပတ်သက်နေပြီးဖြစ်ကြောင်း နစကပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

လက်ရှိတွင် အမေရိကန်အစိုးရက ကျောထောက်နောက်ခံပြုထားသည့် USIP(United State Institute of Peace) အဖွဲ့အစည်း၏ သုတေသနစာတမ်းများကို အမှီပြုကာ အနောက်နိုင်ငံမီဒီယာများမှ ဝါဒဖြန့်လျက်ရှိကြောင်း နစကမှ ဆိုသည်။

“အဓိကအချက်ကတော့ ဒီထဲမှာ ယခုလက်ရှိ မြန်မာနိုင်ငံဖြစ်ပေါ်နေတဲ့ အခြေအနေကြောင့်မလို့ ဒီအခြေအနေများကို ပိုပြီးဆိုးရွားသွားအောင် သုံးသပ်တင်ပြ၊ ဦးတည်တင်ပြတာတွေပဲ လုပ်ဆောင်တာမျိုးဖြစ်ပါတယ်။ အရေးကြီးတဲ့သုံးသပ်ချက်ကတော့ လက်နက်စွဲကိုင်ပြီး ပဋိပက္ခဖြစ်အောင်လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ၊ ဒီအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေဟာ စစ်ဘုရင်ဝါဒလိုဟာမျိုး ဖြစ်မှာမဟုတ်ဘူး။ ဓားပြဆန်ဆန်အဖွဲ့အစည်းမျိုးတွေ ဖြစ်မလာနိုင်ဘူး။ တစ်စုတစ်စည်းတည်းရှိတယ်ဆိုတဲ့ဟာမျိုးနဲ့ ပဋိပက္ခကြီးထွားလာအောင် မီးထိုးပေးတဲ့သဘောပဲဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ထိုသို့ မီးမောင်းထိုးပေးနေခြင်းသည် မြန်မာနိုင်ငံအရေးကို ပေါ်ပေါ်ထင်ထင် ဝင်ရောက်စွက်ဖက် နှောင့်ယှက်လာခြင်းသာဖြစ်ကြောင်း နစကမှ ပြန်လည်တုံ့ပြန်ထားသည်။

“ဒါကဘာလဲဆိုတော့ မြန်မာနိုင်ငံအရေးကို ပေါ်ပေါ်ထင်ထင်ဝင်ရောက်စွက်ဖက် နှောင့်ယှက်လာတာဖြစ်ပါတယ်။ လုပ် လည်းလုပ်နေတာဖြစ်ပါတယ်။ ထပ်ပြီးတော့မှ လုပ်လာနိုင်တဲ့ အရိပ်အယောင်မျိုးကိုပြသခြင်းဖြစ်ပါတယ်။ ဒီအနောက်နိုင်ငံ များနဲ့ ဆက်စပ်အဖွဲ့များအနေနဲ့ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လာပြီး ပိုပြီးတော့ ဝင်ရောက်စွက်ဖက်နှောင့်ယှက်မယ့် အရိပ်အယောင်နဲ့ ပြသခြင်းဖြစ်ပါတယ်” ဟု နစကပြောခွင့်ရ ဆိုသည်။

လက်ရှိမြေပြင်အခြေအနေတွင် လက်နက်ကိုင်အဖွဲ့အစည်းများ အတွင်း၌ သွေးကွဲမှု၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ တိုက်ခိုက်မှုများ ရှိနေ သည့်အပြင် NUG၊ CRPH အဖွဲ့များကို တစ်ချို့လက်နက်ကိုင်အဖွဲ့များက လက်မခံသည့်ကြေညာချက်များကို တွေ့ရှိရသည်ဟု နစကဘက်က ဆိုသည်။

ဆက်လက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက “စစ်ကိုင်းဘက်မှာဆိုရင် ဒီPDF အမည်ခံအကြမ်းဖက်အဖွဲ့တစ်ဖွဲ့ရဲ့ အမျိုးသမီး တစ်ယောက်ကို လပေါင်းများစွာ ဖမ်းဆီးချုပ်နှောင်ပြီး အကြိမ်ကြိမ် မုဒိမ်းကျင့်ခဲ့တဲ့လုပ်ရပ် ဟိုးလေးတကြော်ကြော်ဖြစ်လာ မှ အရေးယူမယ်ဆိုတဲ့ ပုံစံမျိုးပြောပြီးကာမှ ဘာမှအရေးမယူတဲ့အပြင် အဲဒီအဖွဲ့တွေကပါ လွတ်မြောက်သွားတဲ့ကိစ္စတွေ၊ တရားမဲ့ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်နေတဲ့ဟာတွေ၊ အမြင်မတူတဲ့ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတဲ့ဟာတွေ၊ ဒါတွေ ဟာ လက်တွေ့တွေ့ရမှာဖြစ်ပါတယ်” ဟု ပြောသည်။

ထို့ပြင် လက်ရှိတိုက်ပွဲများ ဖော်ဆောင်နေသည့် MNDAA အဖွဲ့၏ စီးပွားရေးလုပ်ငန်းသည် ဘိန်းမှောင်ခိုကူးခြင်းဖြစ်ပြီး ၎င်းရရှိလာသော ငွေကြေးများဖြင့် လက်နက်များဝယ်ယူစုဆောင်းကာ လက်နက်ကိုင်အဖွဲ့အစည်းအဖြစ် ထူထောင်သောအဖွဲ့ဖြစ်ကြောင်း နစကမှ ပြောသည်။

“ဒီလိုသမိုင်းကြောင်းတွေ၊ ဒီလိုထင်ရှားရှိတဲ့ဟာတွေကို မျက်ကွယ်ပြုပြီး အခုလိုသုံးသပ်ပြီး မီးထိုးပေးနေခြင်းသည် ဒီပဋိပက္ခမှာ အနောက်နိုင်ငံတွေ နဲ့ အပေါင်းအပါများ ထဲထဲဝင်ဝင် ဝင်ရောက်ပတ်သက်နေပြီဆိုတာကိုသိနိုင်ကြောင်း အသိပေးပြောကြားလိုပါတယ်။ ဒါတွေကို ကျွန်တော်တို့ပြည်သူလူထုအားလုံး၊ အိမ်နီးချင်းနိုင်ငံများနဲ့အားလုံးက ဂရုစိုက်သတိပြုရမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်”ဟု ၎င်းက ထပ်မံပြောသည်။

အမေရိကန်နိုင်ငံအပါအဝင် ၎င်းနှင့်အပေါင်းအပါများသည် လက်နက်ကိုင်အဖွဲ့အစည်းများကို ငွေကြေးထောက်ပံ့ပေးကာ မြန်မာနိုင်ငံအား ရန်သူသဖွယ်သဘောထားနေကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ပြီးခဲ့သောလပိုင်းအတွင်း၌ ပြောကြားခဲ့ဖူးသည်။

နိုင်ငံအတွင်းရှိ ရှမ်း၊ ကချင်၊ ကရင်၊ ရခိုင်၊ ချင်း၊ ကယား နှင့် စစ်ကိုင်းတို့၌ တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့အစည်းများကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

zawgyi version
ျမန္မာႏိုင္ငံ၏ လက္ရွိပဋိပကၡ၌ အေနာက္ႏိုင္ငံမ်ား ႏွင့္ အေပါင္းအပါမ်ားသည္ ထဲထဲဝင္ဝင္ဝင္ ဝင္ေရာက္ပတ္သက္ေနၿပီးဟု နစကေျပာခြင့္ရဆို
ျမဴနစ္ (NP News) - ႏိုဝင္ဘာ ၂၈

ျမန္မာႏိုင္ငံ၏ လက္ရွိပဋိပကၡ၌ အေနာက္ႏိုင္ငံမ်ား ႏွင့္ အေပါင္းအပါမ်ားသည္ ထဲထဲဝင္ဝင္ ဝင္ေရာက္ပတ္သက္ေနၿပီးျဖစ္ေၾကာင္း နစကေျပာခြင့္ရဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

လက္ရွိတြင္ အေမရိကန္အစိုးရက ေက်ာေထာက္ေနာက္ခံျပဳထားသည့္ USIP(United State Institute of Peace) အဖြဲ႕အစည္း၏ သုေတသနစာတမ္းမ်ားကို အမွီျပဳကာ အေနာက္ႏိုင္ငံမီဒီယာမ်ားမွ ဝါဒျဖန႔္လ်က္ရွိေၾကာင္း နစကမွ ဆိုသည္။

“အဓိကအခ်က္ကေတာ့ ဒီထဲမွာ ယခုလက္ရွိ ျမန္မာႏိုင္ငံျဖစ္ေပၚေနတဲ့ အေျခအေနေၾကာင့္မလို႔ ဒီအေျခအေနမ်ားကို ပိုၿပီးဆိုး႐ြားသြားေအာင္ သုံးသပ္တင္ျပ၊ ဦးတည္တင္ျပတာေတြပဲ လုပ္ေဆာင္တာမ်ိဳးျဖစ္ပါတယ္။ အေရးႀကီးတဲ့သုံးသပ္ခ်က္ကေတာ့ လက္နက္စြဲကိုင္ၿပီး ပဋိပကၡျဖစ္ေအာင္လုပ္ေဆာင္ေနတဲ့ အဖြဲ႕အစည္းေတြ၊ လူပုဂၢိဳလ္ေတြ၊ ဒီအဖြဲ႕အစည္းေတြ၊ လူပုဂၢိဳလ္ေတြဟာ စစ္ဘုရင္ဝါဒလိုဟာမ်ိဳး ျဖစ္မွာမဟုတ္ဘူး။ ဓားျပဆန္ဆန္အဖြဲ႕အစည္းမ်ိဳးေတြ ျဖစ္မလာႏိုင္ဘူး။ တစ္စုတစ္စည္းတည္းရွိတယ္ဆိုတဲ့ဟာမ်ိဳးနဲ႔ ပဋိပကၡႀကီးထြားလာေအာင္ မီးထိုးေပးတဲ့သေဘာပဲျဖစ္ပါတယ္”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

ထိုသို႔ မီးေမာင္းထိုးေပးေနျခင္းသည္ ျမန္မာႏိုင္ငံအေရးကို ေပၚေပၚထင္ထင္ ဝင္ေရာက္စြက္ဖက္ ေႏွာင့္ယွက္လာျခင္းသာျဖစ္ေၾကာင္း နစကမွ ျပန္လည္တုံ႔ျပန္ထားသည္။

“ဒါကဘာလဲဆိုေတာ့ ျမန္မာႏိုင္ငံအေရးကို ေပၚေပၚထင္ထင္ဝင္ေရာက္စြက္ဖက္ ေႏွာင့္ယွက္လာတာျဖစ္ပါတယ္။ လုပ္ လည္းလုပ္ေနတာျဖစ္ပါတယ္။ ထပ္ၿပီးေတာ့မွ လုပ္လာႏိုင္တဲ့ အရိပ္အေယာင္မ်ိဳးကိုျပသျခင္းျဖစ္ပါတယ္။ ဒီအေနာက္ႏိုင္ငံ မ်ားနဲ႔ ဆက္စပ္အဖြဲ႕မ်ားအေနနဲ႔ ျမန္မာႏိုင္ငံအေရးနဲ႔ပတ္သက္လာၿပီး ပိုၿပီးေတာ့ ဝင္ေရာက္စြက္ဖက္ေႏွာင့္ယွက္မယ့္ အရိပ္အေယာင္နဲ႔ ျပသျခင္းျဖစ္ပါတယ္” ဟု နစကေျပာခြင့္ရ ဆိုသည္။

လက္ရွိေျမျပင္အေျခအေနတြင္ လက္နက္ကိုင္အဖြဲ႕အစည္းမ်ား အတြင္း၌ ေသြးကြဲမႈ၊ တစ္ဖြဲ႕ႏွင့္တစ္ဖြဲ႕ တိုက္ခိုက္မႈမ်ား ရွိေန သည့္အျပင္ NUG၊ CRPH အဖြဲ႕မ်ားကို တစ္ခ်ိဳ႕လက္နက္ကိုင္အဖြဲ႕မ်ားက လက္မခံသည့္ေၾကညာခ်က္မ်ားကို ေတြ႕ရွိရသည္ဟု နစကဘက္က ဆိုသည္။

ဆက္လက္ၿပီး ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက “စစ္ကိုင္းဘက္မွာဆိုရင္ ဒီPDF အမည္ခံအၾကမ္းဖက္အဖြဲ႕တစ္ဖြဲ႕ရဲ႕ အမ်ိဳးသမီး တစ္ေယာက္ကို လေပါင္းမ်ားစြာ ဖမ္းဆီးခ်ဳပ္ေႏွာင္ၿပီး အႀကိမ္ႀကိမ္ မုဒိမ္းက်င့္ခဲ့တဲ့လုပ္ရပ္ ဟိုးေလးတေၾကာ္ေၾကာ္ျဖစ္လာ မွ အေရးယူမယ္ဆိုတဲ့ ပုံစံမ်ိဳးေျပာၿပီးကာမွ ဘာမွအေရးမယူတဲ့အျပင္ အဲဒီအဖြဲ႕ေတြကပါ လြတ္ေျမာက္သြားတဲ့ကိစၥေတြ၊ တရားမဲ့ဖမ္းဆီးေခၚေဆာင္ သတ္ျဖတ္ေနတဲ့ဟာေတြ၊ အျမင္မတူတဲ့ေက်း႐ြာေတြကို မီးရႈိ႕ဖ်က္ဆီးေနတဲ့ဟာေတြ၊ ဒါေတြ ဟာ လက္ေတြ႕ေတြ႕ရမွာျဖစ္ပါတယ္” ဟု ေျပာသည္။

ထို႔ျပင္ လက္ရွိတိုက္ပြဲမ်ား ေဖာ္ေဆာင္ေနသည့္ MNDAA အဖြဲ႕၏ စီးပြားေရးလုပ္ငန္းသည္ ဘိန္းေမွာင္ခိုကူးျခင္းျဖစ္ၿပီး ၎ရရွိလာေသာ ေငြေၾကးမ်ားျဖင့္ လက္နက္မ်ားဝယ္ယူစုေဆာင္းကာ လက္နက္ကိုင္အဖြဲ႕အစည္းအျဖစ္ ထူေထာင္ေသာအဖြဲ႕ျဖစ္ေၾကာင္း နစကမွ ေျပာသည္။

“ဒီလိုသမိုင္းေၾကာင္းေတြ၊ ဒီလိုထင္ရွားရွိတဲ့ဟာေတြကို မ်က္ကြယ္ျပဳၿပီး အခုလိုသုံးသပ္ၿပီး မီးထိုးေပးေနျခင္းသည္ ဒီပဋိပကၡမွာ အေနာက္ႏိုင္ငံေတြ နဲ႔ အေပါင္းအပါမ်ား ထဲထဲဝင္ဝင္ ဝင္ေရာက္ပတ္သက္ေနၿပီဆိုတာကိုသိႏိုင္ေၾကာင္း အသိေပးေျပာၾကားလိုပါတယ္။ ဒါေတြကို ကြၽန္ေတာ္တို႔ျပည္သူလူထုအားလုံး၊ အိမ္နီးခ်င္းႏိုင္ငံမ်ားနဲ႔အားလုံးက ဂ႐ုစိုက္သတိျပဳရမွာျဖစ္ေၾကာင္း ေျပာၾကားလိုပါတယ္”ဟု ၎က ထပ္မံေျပာသည္။

အေမရိကန္ႏိုင္ငံအပါအဝင္ ၎ႏွင့္အေပါင္းအပါမ်ားသည္ လက္နက္ကိုင္အဖြဲ႕အစည္းမ်ားကို ေငြေၾကးေထာက္ပံ့ေပးကာ ျမန္မာႏိုင္ငံအား ရန္သူသဖြယ္သေဘာထားေနေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္ လႈိင္က ၿပီးခဲ့ေသာလပိုင္းအတြင္း၌ ေျပာၾကားခဲ့ဖူးသည္။

ႏိုင္ငံအတြင္းရွိ ရွမ္း၊ ကခ်င္၊ ကရင္၊ ရခိုင္၊ ခ်င္း၊ ကယား ႏွင့္ စစ္ကိုင္းတို႔၌ တပ္မေတာ္ႏွင့္ လက္နက္ကိုင္အဖြဲ႕အစည္းမ်ားၾကား တိုက္ပြဲမ်ားျဖစ္ပြားလ်က္ရွိသည္။

Related news

© 2021. All rights reserved.