(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်အနီး ဖြစ်ပွားနေသော တိုက်ပွဲကြောင့် အရပ်သားထိခိုက်သေဆုံးမှု မြင့်တက်၊ ဒေသခံ (၈၀)ရာခိုင်နှုန်းခန့်နေရပ်စွန့်ခွာ

 1603

မြူနစ် (NP News) - နိုဝင်ဘာ ၂၈

ရှမ်းပြည်နယ်၊ မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်အနီးဖြစ်ပွားနေသော တိုက်ပွဲကြောင့် အရပ်သားထိခိုက်သေဆုံးမှု မြင့်တက်လျက်ရှိပြီး ဒေသခံပြည်သူ (၈၀)ရာခိုင်နှုန်းခန့် နေရပ်စွန့်ခွာခဲ့ကြောင်း သိရသည်။

တအာင်းလက်နက်ကိုင် TNLA ပူးပေါင်းအဖွဲ့သည် ကုန်သွယ်ရေးဇုန်အနီးရှိ တပ်မတော်၏ (၁၀၅)မိုင်ဗျူဟာကုန်းစခန်းကို Drop ဗုံးအများအပြားအသုံးပြုကာ ပြီးခဲ့သောရက်ပိုင်းမှစ၍ တိုက်ခိုက်နေခြင်းဖြစ် သည်။

ထိုသို့ တိုက်ခိုက်နေမှုများကြောင့် ဗျူဟာကုန်းစခန်းအနီးရှိ မိုင်းယုကျေးရွာ နှင့် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်အတွင်းသို့ Drop ဗုံးအပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များ ကျရောက်ပေါက်ကွဲမှုများ ရှိခဲ့ကြောင်း သိရသည်။

“အခြေအနေက တော်တော်လေးကို ဆိုးနေတာပါ။ မနေ့ကတည်းက ဒုန်းတွေနဲ့ ဗုံးတွေ တအားပစ်တာ။ ကျွန်မတို့ မိုင်းယုရွာရဲ့ လမ်းဘေးမှာ ကုန်သွယ်ရေးဇုန်ရှိတယ်လေ။ ပြီးတော့ စစ်တပ်ကုန်းရှိတယ်လေ။ အရင်ရက်တွေတုန်းက တောက်လျှောက် ဒရုန်းတွေနဲ့ ဗုံးတွေ တအားပစ်တာပေါ့။ ဗုံးတွေက ကုန်သွယ် ရေးဇုန်ထဲကိုလည်း ကျတယ်။ ကုန်သွယ်ရေးဇုန်မှာလည်း မီးတွေ လောင်တယ်။ မနေ့ကလမ်းမှာ သွားတဲ့လူတွေလည်း သေနတ်တွေ ထိတယ်။ ဘယ်သူက ဘယ်လိုပစ်မှန်းမသိဘူး။ ကျွန်မရဲ့တူလေးလည်း ထိသွားလို့ အခုဆေးရုံရောက်နေတယ်”ဟု မူဆယ်မြို့ခံတစ်ဦးက NP News ကို ပြောသည်။

အဆိုပါတိုက်ပွဲများကြောင့် အရပ်သားထိခိုက်သေဆုံးနေမှုသည် မြင့်တက်လျက်ရှိပြီး မူဆယ်ပြည်သူ့ဆေးရုံးတွင်လည်း ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရောက်ရှိနေကြောင်း သိရသည်။

“လူတွေလည်း တအားပဲ ဆေးရုံကို ရောက်နေတာ။ ညကလည်း ရောက်တယ်။ ဆေးရုံရောက်မှ သေသွားတဲ့ လူတွေလည်း ရှိနေတယ်။ ဒီမနက်ဆိုရင်လည်း ဆေးရုံကို လူနာတွေ အများကြီးရောက်လာတယ်။ မနေ့ကဆိုရင်လည်း ကုန်သွယ်ရေးဇုန်နားမှာ ပွဲချင်းပြီး နှစ်ယောက်သေသွားတယ်။ ဆေးရုံရောက်တော့ နောက်တစ်ယောက် ထပ်သေတယ်။ ဒီလိုမျိုးသေနေတာတွေ့တော့ ရင်ထဲမှာ မကောင်းဘူးပေါ့။ ရင်ထဲမှာ ငိုချင်တာပါပဲ။ တစ်ယောက်နဲ့တစ်ယောက် သူတို့ရဲ့ အတ္တတွေ၊ လောဘတွေကြောင့် ပြည်သူတွေ မညှာမတာသေနေရတာ စိတ်မကောင်းဖြစ်တာပေါ့”ဟု မူဆယ်မြို့ခံက ဆက်လက်ပြောသည်။

လက်ရှိတွင် ကုန်သွယ်ရေးဇုန်အနီးရှိ မိုင်းယုကျေးရွာအတွင်းသို့ လက်နက်ကိုင်အဖွဲ့များ ဝင်ရောက်လာကာ မိုင်းထောင်သည်ဟု ယူဆရသည့်အပြုအမူများ ရှိနေကြောင်းလည်း ဒေသခံများကပြောသည်။

ထို့ပြင် ယခုကဲ့သို့ ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်အပါအဝင် အနီးနားရှိ ကျေးရွာများမှ ဒေသခံပြည်သူ (၈၀)ရာခိုင်နှုန်းခန့်သည် မူဆယ်မြို့သို့ လာရောက်ကာ နေရပ်စွန့်ခွာစစ်ဘေးရှောင်နေရကြောင်း သိရသည်။

“မနေ့ကတော့ (၅၀)(၆၀)ရာခိုင်နှုန်းလောက်တော့ မူဆယ်ကိုထပ်ပြီး ပြောင်းကြတယ်။ ဒီနေ့မှာတော့ တစ်ဖက်အဖွဲ့အစည်းတွေက ရွာနားအထိ ရောက်နေကြတော့ ကျန်တဲ့သူတွေလည်း ပြောင်းကြတယ်။ အကုန်လုံးဆိုရင်တော့ ၈၀ ရာခိုင်နှုန်းလောက် မူဆယ်ကိုပြောင်းရွှေ့သွားကြပါပြီ။ လူဦးရေပမာဏနဲ့ပြောရင်တော့ (၅၀၀၀)အထက်လောက်တော့ရှိပြီ။ စပြီး ဖြစ်ကတည်းက နည်းနည်းစီပြောင်းနေကြတာပေါ့။ တချို့အစောင့်လောက်ပဲကျန်ခဲ့ကြတာပေါ့။ ဗုံးခိုကျင်းတွေရှိတဲ့ အိမ်တွေ၊ RC ရှိတဲ့အိမ်တွေကတော့ မပြောင်းကြဘူး”ဟု မိုင်းယုကျေးရွာခံတစ်ဦးက NP News ကို ပြောသည်။

လက်ရှိတွင် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်အနီးတစ်ဝိုက်၌ တပ်မတော် နှင့် TNLA ပူးပေါင်းအဖွဲ့များကြားတွင် စစ်ရေးဆက်လက်တင်းမာလျက်ရှိကြောင်း ဒေသခံများက ပြောသည်။

zawgyi version
(၁၀၅)မိုင္ကုန္သြယ္ေရးဇုန္အနီး ျဖစ္ပြားေနေသာ တိုက္ပြဲေၾကာင့္ အရပ္သားထိခိုက္ေသဆုံးမႈ ျမင့္တက္၊ ေဒသခံ (၈၀)ရာခိုင္ႏႈန္းခန႔္ေနရပ္စြန႔္ခြာ
ျမဴနစ္ (NP News) - ႏိုဝင္ဘာ ၂၈

ရွမ္းျပည္နယ္၊ မူဆယ္ (၁၀၅)မိုင္ကုန္သြယ္ေရးဇုန္အနီးျဖစ္ပြားေနေသာ တိုက္ပြဲေၾကာင့္ အရပ္သားထိခိုက္ေသဆုံးမႈ ျမင့္တက္လ်က္ရွိၿပီး ေဒသခံျပည္သူ (၈၀)ရာခိုင္ႏႈန္းခန႔္ ေနရပ္စြန႔္ခြာခဲ့ေၾကာင္း သိရသည္။

တအာင္းလက္နက္ကိုင္ TNLA ပူးေပါင္းအဖြဲ႕သည္ ကုန္သြယ္ေရးဇုန္အနီးရွိ တပ္မေတာ္၏ (၁၀၅)မိုင္ဗ်ဴဟာကုန္းစခန္းကို Drop ဗုံးအမ်ားအျပားအသုံးျပဳကာ ၿပီးခဲ့ေသာရက္ပိုင္းမွစ၍ တိုက္ခိုက္ေနျခင္းျဖစ္ သည္။

ထိုသို႔ တိုက္ခိုက္ေနမႈမ်ားေၾကာင့္ ဗ်ဴဟာကုန္းစခန္းအနီးရွိ မိုင္းယုေက်း႐ြာ ႏွင့္ (၁၀၅)မိုင္ကုန္သြယ္ေရးဇုန္အတြင္းသို႔ Drop ဗုံးအပါအဝင္ လက္နက္ႀကီး၊ လက္နက္ငယ္မ်ား က်ေရာက္ေပါက္ကြဲမႈမ်ား ရွိခဲ့ေၾကာင္း သိရသည္။

“အေျခအေနက ေတာ္ေတာ္ေလးကို ဆိုးေနတာပါ။ မေန႔ကတည္းက ဒုန္းေတြနဲ႔ ဗုံးေတြ တအားပစ္တာ။ ကြၽန္မတို႔ မိုင္းယု႐ြာရဲ႕ လမ္းေဘးမွာ ကုန္သြယ္ေရးဇုန္ရွိတယ္ေလ။ ၿပီးေတာ့ စစ္တပ္ကုန္းရွိတယ္ေလ။ အရင္ရက္ေတြတုန္းက ေတာက္ေလွ်ာက္ ဒ႐ုန္းေတြနဲ႔ ဗုံးေတြ တအားပစ္တာေပါ့။ ဗုံးေတြက ကုန္သြယ္ ေရးဇုန္ထဲကိုလည္း က်တယ္။ ကုန္သြယ္ေရးဇုန္မွာလည္း မီးေတြ ေလာင္တယ္။ မေန႔ကလမ္းမွာ သြားတဲ့လူေတြလည္း ေသနတ္ေတြ ထိတယ္။ ဘယ္သူက ဘယ္လိုပစ္မွန္းမသိဘူး။ ကြၽန္မရဲ႕တူေလးလည္း ထိသြားလို႔ အခုေဆး႐ုံေရာက္ေနတယ္”ဟု မူဆယ္ၿမိဳ႕ခံတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါတိုက္ပြဲမ်ားေၾကာင့္ အရပ္သားထိခိုက္ေသဆုံးေနမႈသည္ ျမင့္တက္လ်က္ရွိၿပီး မူဆယ္ျပည္သူ႔ေဆး႐ုံးတြင္လည္း ထိခိုက္ဒဏ္ရာရရွိသူ အမ်ားအျပားေရာက္ရွိေနေၾကာင္း သိရသည္။

“လူေတြလည္း တအားပဲ ေဆး႐ုံကို ေရာက္ေနတာ။ ညကလည္း ေရာက္တယ္။ ေဆး႐ုံေရာက္မွ ေသသြားတဲ့ လူေတြလည္း ရွိေနတယ္။ ဒီမနက္ဆိုရင္လည္း ေဆး႐ုံကို လူနာေတြ အမ်ားႀကီးေရာက္လာတယ္။ မေန႔ကဆိုရင္လည္း ကုန္သြယ္ေရးဇုန္နားမွာ ပြဲခ်င္းၿပီး ႏွစ္ေယာက္ေသသြားတယ္။ ေဆး႐ုံေရာက္ေတာ့ ေနာက္တစ္ေယာက္ ထပ္ေသတယ္။ ဒီလိုမ်ိဳးေသေနတာေတြ႕ေတာ့ ရင္ထဲမွာ မေကာင္းဘူးေပါ့။ ရင္ထဲမွာ ငိုခ်င္တာပါပဲ။ တစ္ေယာက္နဲ႔တစ္ေယာက္ သူတို႔ရဲ႕ အတၱေတြ၊ ေလာဘေတြေၾကာင့္ ျပည္သူေတြ မညႇာမတာေသေနရတာ စိတ္မေကာင္းျဖစ္တာေပါ့”ဟု မူဆယ္ၿမိဳ႕ခံက ဆက္လက္ေျပာသည္။

လက္ရွိတြင္ ကုန္သြယ္ေရးဇုန္အနီးရွိ မိုင္းယုေက်း႐ြာအတြင္းသို႔ လက္နက္ကိုင္အဖြဲ႕မ်ား ဝင္ေရာက္လာကာ မိုင္းေထာင္သည္ဟု ယူဆရသည့္အျပဳအမူမ်ား ရွိေနေၾကာင္းလည္း ေဒသခံမ်ားကေျပာသည္။

ထို႔ျပင္ ယခုကဲ့သို႔ ျဖစ္ပြားေနသည့္တိုက္ပြဲမ်ားေၾကာင့္ မူဆယ္ (၁၀၅)မိုင္ကုန္သြယ္ေရးဇုန္အပါအဝင္ အနီးနားရွိ ေက်း႐ြာမ်ားမွ ေဒသခံျပည္သူ (၈၀)ရာခိုင္ႏႈန္းခန႔္သည္ မူဆယ္ၿမိဳ႕သို႔ လာေရာက္ကာ ေနရပ္စြန႔္ခြာစစ္ေဘးေရွာင္ေနရေၾကာင္း သိရသည္။

“မေန႔ကေတာ့ (၅၀)(၆၀)ရာခိုင္ႏႈန္းေလာက္ေတာ့ မူဆယ္ကိုထပ္ၿပီး ေျပာင္းၾကတယ္။ ဒီေန႔မွာေတာ့ တစ္ဖက္အဖြဲ႕အစည္းေတြက ႐ြာနားအထိ ေရာက္ေနၾကေတာ့ က်န္တဲ့သူေတြလည္း ေျပာင္းၾကတယ္။ အကုန္လုံးဆိုရင္ေတာ့ ၈၀ ရာခိုင္ႏႈန္းေလာက္ မူဆယ္ကိုေျပာင္းေ႐ႊ႕သြားၾကပါၿပီ။ လူဦးေရပမာဏနဲ႔ေျပာရင္ေတာ့ (၅၀၀၀)အထက္ေလာက္ေတာ့ရွိၿပီ။ စၿပီး ျဖစ္ကတည္းက နည္းနည္းစီေျပာင္းေနၾကတာေပါ့။ တခ်ိဳ႕အေစာင့္ေလာက္ပဲက်န္ခဲ့ၾကတာေပါ့။ ဗုံးခိုက်င္းေတြရွိတဲ့ အိမ္ေတြ၊ RC ရွိတဲ့အိမ္ေတြကေတာ့ မေျပာင္းၾကဘူး”ဟု မိုင္းယုေက်း႐ြာခံတစ္ဦးက NP News ကို ေျပာသည္။

လက္ရွိတြင္ (၁၀၅)မိုင္ကုန္သြယ္ေရးဇုန္အနီးတစ္ဝိုက္၌ တပ္မေတာ္ ႏွင့္ TNLA ပူးေပါင္းအဖြဲ႕မ်ားၾကားတြင္ စစ္ေရးဆက္လက္တင္းမာလ်က္ရွိေၾကာင္း ေဒသခံမ်ားက ေျပာသည္။

Picture

KO GYI KYAW

29/11/2023 19:10

ကိုေက်ာ္နုေရဦးမင္းေအာင္လိူင္ကိုအင္တာဗျူးေပးပါက္နက္ကိုင္ေတြကိုမရွင္းနိုင္ရင္ဆင္းေပးပါလို့

Related news

© 2021. All rights reserved.