အမေရိကန်နိုင်ငံတွင် ပါလက်စတိုင်းကျောင်းသား(၃)ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သော အမျိုးသားကို လူသတ်ရန် ကြိုးပမ်းမှုဖြင့် စွဲချက်တင်

4372

Pika (NP News) - နိုဝင်ဘာ ၂၈
အမေရိကန်နိုင်ငံ ဗားမောင့်ပြည်နယ်တွင် ပါလက်စတိုင်းအမျိုးသား(၃)ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သော အမေရိကန်နိုင်ငံသားတစ်ဦးကို လူသတ်ရန်ကြိုးပမ်းမှုဖြင့် နိုဝင်ဘာလ(၂၇)ရက်တွင် စွဲချက်တင်ခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
အာဏာပိုင်များက အဆိုပါရာဇဝတ်မှုကို အမုန်းတရားကြောင့်ဖြစ်ပေါ်လာသည့် ရာဇဝတ်မှုတစ်ခုဖြစ်ကြောင်း ပြောခဲ့သည်။ အဆိုပါ အမေရိကန်နိုင်ငံသားမှာ အသက်(၄၈)နှစ်အရွယ် Jason Eaton ဆိုသည့် အမျိုးသားဖြစ်ပြီး ၎င်းကို စွဲချက်တင်ထားသော အမုန်းတရား ရာဇဝတ်မှုကို ပိုမိုမြှင့်တင်ရန်အတွက် လုံလောက်သော သက်သေ အထောက်အထားများမရှိသေးကြောင်း ဗားမောင့်ပြည်နယ်ရှေ့နေ Sarah George က ပြောခဲ့သည်။
Sarah George က "ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်မ ရှင်းရှင်းလင်းလင်း သိချင်ပါတယ်။ ဒါဟာအမုန်းတရားနဲ့ ပတ်သက်တဲ့လုပ်ရပ်တစ်ခုဆိုတဲ့ မေးခွန်းမျိုးမရှိသေးပါဘူး" ဟု ပြောခဲ့သည်။
နိုဝင်ဘာလ(၂၅)ရက်တွင် အဆိုပါသေနတ်သမားသည် ၎င်း၏အိမ်ရှေ့ဝရန်တာမှဆင်းလာပြီးနောက် လမ်းအတူတူ လျှောက်လာသော ကောလိပ်ကျောင်းသားသုံးဦးကို စိတ်ဆိုးဒေါသဖြစ်သည့် ပုံစံမျိုးမရှိဘဲ သေနတ်ဖြင့် ပစ်ခတ်ခဲ့ ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အစ္စရေး-ဟားမက်စစ်ပွဲနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံမှာ တင်းမာမှုများပိုမိုမြင့်တက်လာနေချိန်တွင် အဆိုပါ တိုက်ခိုက်မှုထွက်ပေါ်လာခြင်းဖြစ်သည်။ ထို့အပြင် အမေရိကန်နိုင်ငံတစ်ဝှမ်းရှိ ကောလိပ်ကျောင်းများနှင့် အခြား နေရာများတွင် အစ္စလာမ်မစ်ဆန့်ကျင်ရေး နှင့် ဂျူးဆန့်ကျင်ရေးများ အပါအဝင် ခြိမ်းခြောက်မှုများ နှင့် အကြမ်းဖက် မှုများ ပိုမိုတိုးလာသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။

Zawgyi Version;
အေမရိကန္ႏိုင္ငံတြင္ ပါလက္စတိုင္းေက်ာင္းသား(၃)ဦးကို ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ေသာ အမ်ိဳးသားကို လူသတ္ရန္ ႀကိဳးပမ္းမႈျဖင့္ စြဲခ်က္တင္
Pika (NP News) - ႏိုဝင္ဘာ ၂၈
အေမရိကန္ႏိုင္ငံ ဗားေမာင့္ျပည္နယ္တြင္ ပါလက္စတိုင္းအမ်ိဳးသား(၃)ဦးကို ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ေသာ အေမရိကန္ႏိုင္ငံသားတစ္ဦးကို လူသတ္ရန္ႀကိဳးပမ္းမႈျဖင့္ ႏိုဝင္ဘာလ(၂၇)ရက္တြင္ စြဲခ်က္တင္ခဲ့ေၾကာင္း အာဏာပိုင္မ်ားက ေျပာၾကားခဲ့သည္။
အာဏာပိုင္မ်ားက အဆိုပါရာဇဝတ္မႈကို အမုန္းတရားေၾကာင့္ျဖစ္ေပၚလာသည့္ ရာဇဝတ္မႈတစ္ခုျဖစ္ေၾကာင္း ေျပာခဲ့သည္။ အဆိုပါ အေမရိကန္ႏိုင္ငံသားမွာ အသက္(၄၈)ႏွစ္အ႐ြယ္ Jason Eaton ဆိုသည့္ အမ်ိဳးသားျဖစ္ၿပီး ၎ကို စြဲခ်က္တင္ထားေသာ အမုန္းတရား ရာဇဝတ္မႈကို ပိုမိုျမႇင့္တင္ရန္အတြက္ လုံေလာက္ေသာ သက္ေသ အေထာက္အထားမ်ားမရွိေသးေၾကာင္း ဗားေမာင့္ျပည္နယ္ေရွ႕ေန Sarah George က ေျပာခဲ့သည္။
Sarah George က "ဒီကိစၥနဲ႔ပတ္သက္ၿပီး ကြၽန္မ ရွင္းရွင္းလင္းလင္း သိခ်င္ပါတယ္။ ဒါဟာအမုန္းတရားနဲ႔ ပတ္သက္တဲ့လုပ္ရပ္တစ္ခုဆိုတဲ့ ေမးခြန္းမ်ိဳးမရွိေသးပါဘူး" ဟု ေျပာခဲ့သည္။
ႏိုဝင္ဘာလ(၂၅)ရက္တြင္ အဆိုပါေသနတ္သမားသည္ ၎၏အိမ္ေရွ႕ဝရန္တာမွဆင္းလာၿပီးေနာက္ လမ္းအတူတူ ေလွ်ာက္လာေသာ ေကာလိပ္ေက်ာင္းသားသုံးဦးကို စိတ္ဆိုးေဒါသျဖစ္သည့္ ပုံစံမ်ိဳးမရွိဘဲ ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့သည္။
အစၥေရး-ဟားမက္စစ္ပြဲႏွင့္ပတ္သက္ၿပီး အေမရိကန္ႏိုင္ငံမွာ တင္းမာမႈမ်ားပိုမိုျမင့္တက္လာေနခ်ိန္တြင္ အဆိုပါ တိုက္ခိုက္မႈထြက္ေပၚလာျခင္းျဖစ္သည္။ ထို႔အျပင္ အေမရိကန္ႏိုင္ငံတစ္ဝွမ္းရွိ ေကာလိပ္ေက်ာင္းမ်ားႏွင့္ အျခား ေနရာမ်ားတြင္ အစၥလာမ္မစ္ဆန႔္က်င္ေရး ႏွင့္ ဂ်ဴးဆန႔္က်င္ေရးမ်ား အပါအဝင္ ၿခိမ္းေျခာက္မႈမ်ား ႏွင့္ အၾကမ္းဖက္ မႈမ်ား ပိုမိုတိုးလာသည္ကိုလည္း ေတြ႕ျမင္ခဲ့ရသည္။