ဟားမက်လက်နက်ကိုင်အဖွဲ့နှင့်ဖြစ်ပွားနေသောစစ်ပွဲက အစ္စရေး၏ စီးပွားရေးအပေါ် ထိခိုက်မှုများရှိလာစေနိုင်

 783

Pika (NP News) - နိုဝင်ဘာ ၂၈

ပါလက်စတိုင်းလက်နက်အဖွဲ့ ဟားမက်နှင့်ဖြစ်ပွားနေသော စစ်ပွဲတွင် အစ္စရေးနိုင်ငံသည် တစ်ရက်လျှင် အနည်းဆုံး အမေရိကန်ဒေါ်လာ(၂၆၉)သန်း ကုန်ကျနေပြီး ယခင်ဖြစ်ပွားခဲ့သော ပဋိပက္ခများထက် နိုင်ငံ၏ စီးပွားရေးကို ပိုမိုဆိုးရွားစွာ ထိခိုက်နိုင်ဖွယ်ရှိနေကြောင်း အစ္စရေးဘဏ္ဍာရေးဝန်ကြီးဌာန၏ ခန့်မှန်းချက်များကို ကိုးကားပြီး အဆင့်သတ်မှတ်ရေးအေဂျင်စီ Moody’s က ဖော်ပြခဲ့သည်။

ထို့အပြင် အဆိုပါစစ်ပွဲ၏ အားလုံးပေါင်းကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ(၅၃ ဒသမ ၅) ဘီလျံထိ ကုန်ကျ နိုင်ပြီး နိုင်ငံ GDP ၏ (၁ဝ) ရာခိုင်နှုန်းနီးပါး ရှိနေကာ အစ္စရေးနိုင်ငံ၏ စီးပွားရေးအနာဂတ်ကို ခြိမ်းခြောက်နေ ကြောင်း Moody’s အစီရင်ခံစာတွင် ဖော်ပြထားသည်။

Moody’s အကြီးတန်းဒုဥက္ကဋ္ဌ Kathrin Muehlbronner က "စီးပွားရေးအပေါ် ထိခိုက်မှုမှန်သမျှဟာ စစ်ရေးပဋိပက္ခ ရဲ့ကြာမြင့်ချိန်ပေါ်သာမက အစ္စရေးပြည်တွင်းလုံခြုံရေး အခြေအနေတွေအတွက် ရေရှည်အလားအလာတွေ အပေါ်ကိုလည်း မူတည်နေပါတယ်" ဟု ပြောခဲ့သည်။

အစ္စရေးနိုင်ငံအတွက် စီးပွားရေးအရ တုန်လှုပ်ခြောက်ခြားမှုအများစုသည် ရင်းနှီးမြှုပ်နှံမှု လျော့ကျခြင်း၊ အလုပ်သမားဈေးကွက်ပျက်စီးမှုများ နှင့် ကုန်ထုတ်လုပ်မှု တိုးတက်မှုနှေးကွေးလာခြင်းတို့ကြောင့်ဖြစ်ကြောင်း စီးပွားရေးပညာရှင်များက သတိပေးပြောဆိုခဲ့သည်။

Kathrin Muehlbronner က "မသေချာမရေရာမှုတွေ အရမ်းမြင့်မားလာတဲ့အချိန်မှာ စီးပွားရေးအပေါ် အကျိုး သက်ရောက်မှုတွေဟာ စစ်ရေးပဋိပက္ခနဲ့အကြမ်းဖက်မှုတွေရဲ့အစောပိုင်းကာလထက် ပိုမိုပြင်းထန်လာမယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်" ဟု ပြောခဲ့သည်။

ထို့အပြင် လက်ရှိဖြစ်ပွားနေသော စစ်ပွဲနှင့်ပတ်သက်ပြီး အစ္စရေးအတွက် ဘဏ္ဍာရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးသည် ယခင်က လုပ်ဆောင်ခဲ့ဖူးသော စစ်ဆင်ရေးများဖြစ်သည့် ၂ဝ၁၄ ခုနှစ်က လုပ်ဆောင်ခဲ့သော Protective Edge စစ်ဆင်ရေး (သို့မဟုတ်) ၂ဝဝ၆ ခုနှစ်ကဖြစ်ပွားခဲ့သော လက်ဘနွန်စစ်ပွဲတို့ထက် များစွာပိုမိုမြင့်မားလာနိုင်ကြောင်း Moody’s က ဖော်ပြခဲ့သည်။

၂ဝဝ၆ ခုနှစ်တွင် အစ္စရေးနှင့်လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားခဲ့သော စစ်ပွဲသည် (၃၄) ရက်ကြာမြင့်ခဲ့ပြီး အမေရိကန်ဒေါ်လာ(၂ ဒသမ ၅) ဘီလျံခန့် ကုန်ကျခဲ့ကြောင်း သိရသည်။

Zawgyi Version;
ဟားမက္လက္နက္ကိုင္အဖြဲ႕ႏွင့္ျဖစ္ပြားေနေသာစစ္ပြဲက အစၥေရး၏ စီးပြားေရးအေပၚ ထိခိုက္မႈမ်ားရွိလာေစႏိုင္
Pika (NP News) - ႏိုဝင္ဘာ ၂၈

ပါလက္စတိုင္းလက္နက္အဖြဲ႕ ဟားမက္ႏွင့္ျဖစ္ပြားေနေသာ စစ္ပြဲတြင္ အစၥေရးႏိုင္ငံသည္ တစ္ရက္လွ်င္ အနည္းဆုံး အေမရိကန္ေဒၚလာ(၂၆၉)သန္း ကုန္က်ေနၿပီး ယခင္ျဖစ္ပြားခဲ့ေသာ ပဋိပကၡမ်ားထက္ ႏိုင္ငံ၏ စီးပြားေရးကို ပိုမိုဆိုး႐ြားစြာ ထိခိုက္ႏိုင္ဖြယ္ရွိေနေၾကာင္း အစၥေရးဘ႑ာေရးဝန္ႀကီးဌာန၏ ခန႔္မွန္းခ်က္မ်ားကို ကိုးကားၿပီး အဆင့္သတ္မွတ္ေရးေအဂ်င္စီ Moody’s က ေဖာ္ျပခဲ့သည္။

ထို႔အျပင္ အဆိုပါစစ္ပြဲ၏ အားလုံးေပါင္းကုန္က်စရိတ္သည္ အေမရိကန္ေဒၚလာ(၅၃ ဒသမ ၅) ဘီလ်ံထိ ကုန္က် ႏိုင္ၿပီး ႏိုင္ငံ GDP ၏ (၁ဝ) ရာခိုင္ႏႈန္းနီးပါး ရွိေနကာ အစၥေရးႏိုင္ငံ၏ စီးပြားေရးအနာဂတ္ကို ၿခိမ္းေျခာက္ေန ေၾကာင္း Moody’s အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။

Moody’s အႀကီးတန္းဒုဥကၠ႒ Kathrin Muehlbronner က "စီးပြားေရးအေပၚ ထိခိုက္မႈမွန္သမွ်ဟာ စစ္ေရးပဋိပကၡ ရဲ႕ၾကာျမင့္ခ်ိန္ေပၚသာမက အစၥေရးျပည္တြင္းလုံၿခဳံေရး အေျခအေနေတြအတြက္ ေရရွည္အလားအလာေတြ အေပၚကိုလည္း မူတည္ေနပါတယ္" ဟု ေျပာခဲ့သည္။

အစၥေရးႏိုင္ငံအတြက္ စီးပြားေရးအရ တုန္လႈပ္ေျခာက္ျခားမႈအမ်ားစုသည္ ရင္းႏွီးျမႇဳပ္ႏွံမႈ ေလ်ာ့က်ျခင္း၊ အလုပ္သမားေဈးကြက္ပ်က္စီးမႈမ်ား ႏွင့္ ကုန္ထုတ္လုပ္မႈ တိုးတက္မႈေႏွးေကြးလာျခင္းတို႔ေၾကာင့္ျဖစ္ေၾကာင္း စီးပြားေရးပညာရွင္မ်ားက သတိေပးေျပာဆိုခဲ့သည္။

Kathrin Muehlbronner က "မေသခ်ာမေရရာမႈေတြ အရမ္းျမင့္မားလာတဲ့အခ်ိန္မွာ စီးပြားေရးအေပၚ အက်ိဳး သက္ေရာက္မႈေတြဟာ စစ္ေရးပဋိပကၡနဲ႔အၾကမ္းဖက္မႈေတြရဲ႕အေစာပိုင္းကာလထက္ ပိုမိုျပင္းထန္လာမယ္လို႔ ကြၽန္မတို႔ ယုံၾကည္ပါတယ္" ဟု ေျပာခဲ့သည္။

ထို႔အျပင္ လက္ရွိျဖစ္ပြားေနေသာ စစ္ပြဲႏွင့္ပတ္သက္ၿပီး အစၥေရးအတြက္ ဘ႑ာေရးဆိုင္ရာ ဝန္ထုပ္ဝန္ပိုးသည္ ယခင္က လုပ္ေဆာင္ခဲ့ဖူးေသာ စစ္ဆင္ေရးမ်ားျဖစ္သည့္ ၂ဝ၁၄ ခုႏွစ္က လုပ္ေဆာင္ခဲ့ေသာ Protective Edge စစ္ဆင္ေရး (သို႔မဟုတ္) ၂ဝဝ၆ ခုႏွစ္ကျဖစ္ပြားခဲ့ေသာ လက္ဘႏြန္စစ္ပြဲတို႔ထက္ မ်ားစြာပိုမိုျမင့္မားလာႏိုင္ေၾကာင္း Moody’s က ေဖာ္ျပခဲ့သည္။

၂ဝဝ၆ ခုႏွစ္တြင္ အစၥေရးႏွင့္လက္ဘႏြန္အေျခစိုက္ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ၾကားျဖစ္ပြားခဲ့ေသာ စစ္ပြဲသည္ (၃၄) ရက္ၾကာျမင့္ခဲ့ၿပီး အေမရိကန္ေဒၚလာ(၂ ဒသမ ၅) ဘီလ်ံခန႔္ ကုန္က်ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.