အရအသုံးခန့်မှန်းခြေငွေစာရင်းများ ကြိုတင်စိစစ်ရေးကော်မတီကို နစကဖွဲ့စည်း၊ ၎င်းကော်မတီကို နစကဥက္ကဋ္ဌ၏အကြံပေး ဦးဆောင်မည်

3793
မျိုးကြီး (NP News) - နိုဝင်ဘာ ၂၉
ပြည်ထောင်စု နှင့် တိုင်း သို့မဟုတ် ပြည်နယ်များ၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများ ကြိုတင်စိစစ်ရေးကော်မတီကို နစကမှဖွဲ့စည်းခဲ့ပြီး ယင်းကော်မတီကို နစကဥက္ကဋ္ဌ၏ အကြံပေးက ဦးဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြီးခဲ့သော လကုန်ပိုင်း၌ ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း နစက၏ သတင်းအချက်အလက်များတွင် ဖော်ပြထားသည်။
ဘဏ္ဍာရေးဆိုင်ရာကော်မရှင်၏ လုပ်ငန်းတာဝန်များကို အထောက်အကူဖြစ်စေရန်အတွက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများ ကြိုတင်စိစစ်ရေးကော်မတီကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။
၎င်းကော်မတီတွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အကြံပေးဖြစ်သူ နစကအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးညိုစောက ဥက္ကဋ္ဌအဖြစ် ဦးဆောင်မည်ဖြစ်ပြီး ဒုဥက္ကဋ္ဌအဖြစ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးဝင်းရှိန်က တာဝန်ယူမည်ဖြစ်ကြောင်း သိရသည်။
အရအသုံးခန့်မှန်းခြေငွေစာရင်းများ ကြိုတင်စိစစ်ရေးကော်မတီကို ဒုတိယဗိုလ်ချုပ်ကြီးညိုစော အပါအဝင် အဖွဲ့ဝင် (၁၃)ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
နိုင်ငံတော်၏မူဝါဒအရ ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းစီမံကိန်းများနှင့် ဆောင်ရွက်ဆဲလုပ်ငန်းစီမံကိန်းများအား ဦးစားပေးထည့်သွင်းရေးဆွဲခြင်း ရှိ၊ မရှိကို အထက်ပါကော်မတီအနေဖြင့် စိစစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အရအသုံးခန့်မှန်းခြေငွေစာရင်းတွင် ပါဝင်သည့် နိုင်ငံခြားသုံးငွေဖြင့် သုံးစွဲမည့်အသုံး စရိတ်များကိုလည်း စိစစ်သွားမည့်အပြင် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရန် ထိရောက်သော အသုံး စရိတ်များဖြစ်စေရေးအတွက်လည်း စိစစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု၏အသုံးစရိတ်အနေဖြင့် ငွေကျပ် (၃၃၁၇၅) ဘီလျံကျော် သုံးစွဲရန်ခန့်မှန်းထားပြီး ပြည်ထောင်စု၏ရငွေအနေဖြင့် ငွေကျပ် (၂၅၃၆၄)ဘီလျံကျော် ရရှိရန် ခန့်မှန်းထားကြောင်း သိရသည်။
zawgyi version
အရအသုံးခန႔္မွန္းေျခေငြစာရင္းမ်ား ႀကိဳတင္စိစစ္ေရးေကာ္မတီကို နစကဖြဲ႕စည္း၊ ၎ေကာ္မတီကို နစကဥကၠ႒၏အႀကံေပး ဦးေဆာင္မည္
မ်ိဳးႀကီး (NP News) - ႏိုဝင္ဘာ ၂၉
ျပည္ေထာင္စု ႏွင့္ တိုင္း သို႔မဟုတ္ ျပည္နယ္မ်ား၏ အရအသုံးခန႔္မွန္းေျခေငြစာရင္းမ်ား ႀကိဳတင္စိစစ္ေရးေကာ္မတီကို နစကမွဖြဲ႕စည္းခဲ့ၿပီး ယင္းေကာ္မတီကို နစကဥကၠ႒၏ အႀကံေပးက ဦးေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါေကာ္မတီကို ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက ၿပီးခဲ့ေသာ လကုန္ပိုင္း၌ ဖြဲ႕စည္းလိုက္ျခင္းျဖစ္ေၾကာင္း နစက၏ သတင္းအခ်က္အလက္မ်ားတြင္ ေဖာ္ျပထားသည္။
ဘ႑ာေရးဆိုင္ရာေကာ္မရွင္၏ လုပ္ငန္းတာဝန္မ်ားကို အေထာက္အကူျဖစ္ေစရန္အတြက္ ျပည္ေထာင္စုႏွင့္ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္မ်ား၏ အရအသုံးခန႔္မွန္းေျခေငြစာရင္းမ်ား ႀကိဳတင္စိစစ္ေရးေကာ္မတီကို ဖြဲ႕စည္းလိုက္ျခင္းျဖစ္သည္။
၎ေကာ္မတီတြင္ နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္၏ အႀကံေပးျဖစ္သူ နစကအဖြဲ႕ဝင္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးညိဳေစာက ဥကၠ႒အျဖစ္ ဦးေဆာင္မည္ျဖစ္ၿပီး ဒုဥကၠ႒အျဖစ္ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဦးဝင္းရွိန္က တာဝန္ယူမည္ျဖစ္ေၾကာင္း သိရသည္။
အရအသုံးခန႔္မွန္းေျခေငြစာရင္းမ်ား ႀကိဳတင္စိစစ္ေရးေကာ္မတီကို ဒုတိယဗိုလ္ခ်ဳပ္ႀကီးညိဳေစာ အပါအဝင္ အဖြဲ႕ဝင္ (၁၃)ဦးျဖင့္ ဖြဲ႕စည္းထားျခင္းျဖစ္သည္။
ႏိုင္ငံေတာ္၏မူဝါဒအရ ဦးစားေပးေဆာင္႐ြက္ရမည့္ လုပ္ငန္းစီမံကိန္းမ်ားႏွင့္ ေဆာင္႐ြက္ဆဲလုပ္ငန္းစီမံကိန္းမ်ားအား ဦးစားေပးထည့္သြင္းေရးဆြဲျခင္း ရွိ၊ မရွိကို အထက္ပါေကာ္မတီအေနျဖင့္ စိစစ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ အရအသုံးခန႔္မွန္းေျခေငြစာရင္းတြင္ ပါဝင္သည့္ ႏိုင္ငံျခားသုံးေငြျဖင့္ သုံးစြဲမည့္အသုံး စရိတ္မ်ားကိုလည္း စိစစ္သြားမည့္အျပင္ ႏိုင္ငံ့စီးပြားျမႇင့္တင္ႏိုင္ရန္ ထိေရာက္ေသာ အသုံး စရိတ္မ်ားျဖစ္ေစေရးအတြက္လည္း စိစစ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ယခု ၂၀၂၃-၂၀၂၄ ဘ႑ာႏွစ္တြင္ ျပည္ေထာင္စု၏အသုံးစရိတ္အေနျဖင့္ ေငြက်ပ္ (၃၃၁၇၅) ဘီလ်ံေက်ာ္ သုံးစြဲရန္ခန႔္မွန္းထားၿပီး ျပည္ေထာင္စု၏ရေငြအေနျဖင့္ ေငြက်ပ္ (၂၅၃၆၄)ဘီလ်ံေက်ာ္ ရရွိရန္ ခန႔္မွန္းထားေၾကာင္း သိရသည္။