ကိုရီးယားနိုင်ငံသို့ ရာသီချိန်လုပ်သားစေလွှတ်ရန်တင်ပြလာသည့် အေဂျင်စီ ၁၁ ခုရှိ

 754

ကျော်(NP News) - ဒီဇင်ဘာ ၁

ကိုရီးယားနိုင်ငံသို့ ရာသီချိန်လုပ်သားစေလွှတ်ရန်တင်ပြလာသည့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအကျိုးဆောင်အေဂျင်စီ(၁၁)ခုရှိကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

ထို့ပြင် ကျန်ရှိသည့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအကျိုးဆောင်အေဂျင်စီများအနေဖြင့်လည်း ကိုရီးယားနိုင်ငံသို့ ရာသီချိန်လုပ်သားစေလွှတ်လိုပါက သတ်မှတ်ချက်များနှင့်အညီ လာရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။

"သတ်မှတ်ချက်တွေနဲ့အညီလာလျှောက်လို့ စီစစ်ပြီးတဲ့အခါ မှန်ကန်မှုရှိတယ်ဆိုရင် ခွင့်ပြုပေးသွားမှာပါ"ဟု အလုပ်သမားဝန်ကြီးဌာနမှ အသိပေးပြောကြားထားသည်။

ထို့ကြောင့် အလုပ်သမားဝန်ကြီးဌာနမှ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများဖြင့် ကိုက်ညီကာ အချက်အလက်ပြည့်စုံသည် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအကျိုးဆောင်အေဂျင်စီများသည် ကိုရီးယားနိုင်ငံသို့ ရာသီချိန်လုပ်သားစေလွှတ်နိုင်ရေးအတွက် လျှောက်ထားနိုင်ကြောင်း သိရသည်။

ထိုသို့ ခွင့်ပြုပေးသွားမည်ဖြစ်သော်လည်း လက်ရှိအချိန်၌ ရာသီချိန်လုပ်သားအဖြစ် စေလွှတ်ခြင်းမရှိသေးကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

ရာသီချိန်လုပ်သားအဖြစ် စေလွှတ်ခြင်းမရှိသေးသော်လည်း မြန်မာနိုင်ငံရှိ အချို့သောကိုရီးယားအလုပ်အကိုင်သင်တန်းကျောင်းများမှ ရာသီချိန်လုပ်သားအဖြစ်စေလွှတ်မည်ဟုပြောဆိုကာ တရားမဝင်လူစုဆောင်းခြင်း၊ ဝန်ဆောင်ခငွေအားအရစ်ကျသွင်းခိုင်းစေခြင်းများရှိနေကြောင်း သိရသည်။

လက်ရှိအချိန်၌ ကိုရီးယားနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်လိုသည့် မြန်မာနိုင်ငံသားများအား EPS စနစ်ဖြင့်သာ စေလွှတ်ခြင်းများရှိသည်ဟု သိရသည်။

"ကိုရီးယားနိုင်ငံကို ရာသီချိန်အလုပ်သမားစေလွှတ်ဖို့ မြန်မာနိုင်ငံဘက်က သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေရှိသလို၊ ကိုရီးယားနိုင်ငံဘက်က သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေလည်းရှိတယ်။ ဒီလိုသတ်မှတ်ထားတဲ့ နှစ်နိုင်ငံ စည်းမျဉ်းစည်းကမ်းတွေကို လုပ်သားစေလွှတ်လိုတဲ့ မြန်မာနိုင်ငံက ပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီတွေလည်းသိရှိထားပြီးဖြစ်ပါတယ်"ဟု အလုပ်သမားဝန်ကြီးဌာနက ပြောဆိုထားသည်။

မြန်မာနိုင်ငံ၌ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်အထိ ပြည်ပအလုပ်အကိုင်အကျိုး ဆောင်လိုင်စင်ရအေဂျင်စီ(၄၈၇)ခု နှင့် (ထိုင်း)လိုင်စင်ရ အေဂျင်စီ (၁၄၇)ခုတို့က လုပ်သားစေလွှတ်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများအနေဖြင့် ပြည်ပသို့အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များအား ထုတ်ပြန်ထားသည့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်၍ အလုပ်ရှင်၊ အလုပ်သမားပြဿနာများကို အချိန်နှင့်တစ်ပြေးညီပြေလည်အောင်ဖြေရှင်းရန် အလုပ်သမားဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထား သည်။

zawgyi version
ကိုရီးယားႏိုင္ငံသို႔ ရာသီခ်ိန္လုပ္သားေစလႊတ္ရန္တင္ျပလာသည့္ ေအဂ်င္စီ ၁၁ ခုရွိ

ေက်ာ္(NP News) - ဒီဇင္ဘာ ၁

ကိုရီးယားႏိုင္ငံသို႔ ရာသီခ်ိန္လုပ္သားေစလႊတ္ရန္တင္ျပလာသည့္ ျပည္ပအလုပ္အကိုင္ရွာေဖြေရးအက်ိဳးေဆာင္ေအဂ်င္စီ(၁၁)ခုရွိေၾကာင္း အလုပ္သမားဝန္ႀကီးဌာနမွ သိရသည္။

ထို႔ျပင္ က်န္ရွိသည့္ ျပည္ပအလုပ္အကိုင္ရွာေဖြေရးအက်ိဳးေဆာင္ေအဂ်င္စီမ်ားအေနျဖင့္လည္း ကိုရီးယားႏိုင္ငံသို႔ ရာသီခ်ိန္လုပ္သားေစလႊတ္လိုပါက သတ္မွတ္ခ်က္မ်ားႏွင့္အညီ လာေရာက္ေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။

"သတ္မွတ္ခ်က္ေတြနဲ႔အညီလာေလွ်ာက္လို႔ စီစစ္ၿပီးတဲ့အခါ မွန္ကန္မႈရွိတယ္ဆိုရင္ ခြင့္ျပဳေပးသြားမွာပါ"ဟု အလုပ္သမားဝန္ႀကီးဌာနမွ အသိေပးေျပာၾကားထားသည္။

ထို႔ေၾကာင့္ အလုပ္သမားဝန္ႀကီးဌာနမွ သတ္မွတ္ထားေသာ စည္းမ်ဥ္းစည္းကမ္းမ်ားျဖင့္ ကိုက္ညီကာ အခ်က္အလက္ျပည့္စုံသည္ ျပည္ပအလုပ္အကိုင္ရွာေဖြေရးအက်ိဳးေဆာင္ေအဂ်င္စီမ်ားသည္ ကိုရီးယားႏိုင္ငံသို႔ ရာသီခ်ိန္လုပ္သားေစလႊတ္ႏိုင္ေရးအတြက္ ေလွ်ာက္ ထားႏိုင္ေၾကာင္း သိရသည္။

ထိုသို႔ ခြင့္ျပဳေပးသြားမည္ျဖစ္ေသာ္လည္း လက္ရွိအခ်ိန္၌ ရာသီခ်ိန္လုပ္သားအျဖစ္ ေစလႊတ္ျခင္းမရွိေသးေၾကာင္း အလုပ္သမားဝန္ႀကီးဌာနမွ သိရသည္။

ရာသီခ်ိန္လုပ္သားအျဖစ္ ေစလႊတ္ျခင္းမရွိေသးေသာ္လည္း ျမန္မာႏိုင္ငံရွိ အခ်ိဳ႕ေသာကိုရီးယားအလုပ္အကိုင္သင္တန္းေက်ာင္းမ်ားမွ ရာသီခ်ိန္လုပ္သားအျဖစ္ေစလႊတ္မည္ဟုေျပာဆိုကာ တရားမဝင္လူစုေဆာင္းျခင္း၊ ဝန္ေဆာင္ခေငြအားအရစ္က်သြင္းခိုင္းေစျခင္းမ်ားရွိေနေၾကာင္း သိရသည္။

လက္ရွိအခ်ိန္၌ ကိုရီးယားႏိုင္ငံတြင္ သြားေရာက္အလုပ္လုပ္ကိုင္လိုသည့္ ျမန္မာႏိုင္ငံသားမ်ားအား EPS စနစ္ျဖင့္သာ ေစလႊတ္ျခင္းမ်ားရွိသည္ဟု သိရသည္။

"ကိုရီးယားႏိုင္ငံကို ရာသီခ်ိန္အလုပ္သမားေစလႊတ္ဖို႔ ျမန္မာႏိုင္ငံဘက္က သတ္မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြရွိသလို၊ ကိုရီးယားႏိုင္ငံဘက္က သတ္မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြလည္းရွိတယ္။ ဒီလိုသတ္မွတ္ထားတဲ့ ႏွစ္ႏိုင္ငံ စည္းမ်ဥ္းစည္းကမ္းေတြကို လုပ္သားေစလႊတ္လိုတဲ့ ျမန္မာႏိုင္ငံက ျပည္ပအလုပ္အကိုင္အက်ိဳးေဆာင္ေအဂ်င္စီေတြလည္းသိရွိထားၿပီးျဖစ္ပါတယ္"ဟု အလုပ္သမားဝန္ႀကီးဌာနက ေျပာဆိုထားသည္။

ျမန္မာႏိုင္ငံ၌ ၂၀၂၃ ခုႏွစ္ ေအာက္တိုဘာလ ၃၁ ရက္အထိ ျပည္ပအလုပ္အကိုင္အက်ိဳး ေဆာင္လိုင္စင္ရေအဂ်င္စီ(၄၈၇)ခု ႏွင့္ (ထိုင္း)လိုင္စင္ရ ေအဂ်င္စီ (၁၄၇)ခုတို႔က လုပ္သားေစလႊတ္ျခင္းမ်ားကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

အဆိုပါ ျပည္ပအလုပ္အကိုင္အက်ိဳးေဆာင္လိုင္စင္ရေအဂ်င္စီမ်ားအေနျဖင့္ ျပည္ပသို႔အလုပ္သမားေစလႊတ္ေရးလုပ္ငန္းစဥ္မ်ားအား ထုတ္ျပန္ထားသည့္ ဥပေဒ၊ စည္းမ်ဥ္း၊ စည္းကမ္း၊ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီေဆာင္႐ြက္၍ အလုပ္ရွင္၊ အလုပ္သမားျပႆနာမ်ားကို အခ်ိန္ႏွင့္တစ္ေျပးညီေျပလည္ေအာင္ေျဖရွင္းရန္ အလုပ္သမားဝန္ႀကီးဌာနက အသိေပးထုတ္ျပန္ထား သည္။

Related news

© 2021. All rights reserved.