ကလေးမြို့၌ ငွေကျပ်သိန်း(၈ဝဝဝ)နီးပါးတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

 1120

သန့်ဇင် (NP News) - ဒီဇင်ဘာ ၃

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ငွေကျပ်သိန်း(၈ဝဝဝ)နီးပါးတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ပြီးခဲ့သော(နိုဝင်ဘာ ၂၈ ရက်)၊ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် ကလေးမြို့၊ လှိုင်သာယာရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် အထက်ပါကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါရပ်ကွက်ရှိ ဒိုကိပ်လျန်၏ နေအိမ်မှ ပေါင်ရှင်းလာလ်၊ မဒိဒ်ရှင်းဟွဲ့ နှင့် မကျိန်ရှင်းဟွဲ့တို့နှင့်အတူ ငွေကျပ်သိန်း (၇၇ဝဝ)တန်ဖိုးရှိ ဘိန်းဖြူ ၁၅ ဒသမ ၄ ကီလိုကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်း ပါဝင်သူ ဒိုကိပ်လျန်အား ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း သိရသည်။

ထို့နောက် စစ်ဆေးချက်အရ ဖမ်းဆီးရမိခဲ့သည့် ဘိန်းဖြူများအား ကလေးမြို့မှ တီးတိန်မြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ၎င်းတို့အား ကလေးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သောဆေးဝါးများဆိုင်ရာဥပဒေအရ အမူဖွင့်အရေးယူထားပြီး ကွင်းဆက်များအား စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Zawgyi Version;
ကေလးၿမိဳ႕၌ ေငြက်ပ္သိန္း(၈ဝဝဝ)နီးပါးတန္ဖိုးရွိ ဘိန္းျဖဴမ်ား ဖမ္းဆီးရမိ
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၃

စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕တြင္ ေငြက်ပ္သိန္း(၈ဝဝဝ)နီးပါးတန္ဖိုးရွိ ဘိန္းျဖဴမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က ၿပီးခဲ့ေသာ(ႏိုဝင္ဘာ ၂၈ ရက္)၊ မြန္းလြဲ ၂ နာရီအခ်ိန္ခန႔္တြင္ ကေလးၿမိဳ႕၊ လႈိင္သာယာရပ္ကြက္ရွိ ေနအိမ္တစ္လုံးတြင္ အထက္ပါကဲ့သို႔ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါရပ္ကြက္ရွိ ဒိုကိပ္လ်န္၏ ေနအိမ္မွ ေပါင္ရွင္းလာလ္၊ မဒိဒ္ရွင္းဟြဲ႕ ႏွင့္ မက်ိန္ရွင္းဟြဲ႕တို႔ႏွင့္အတူ ေငြက်ပ္သိန္း (၇၇ဝဝ)တန္ဖိုးရွိ ဘိန္းျဖဴ ၁၅ ဒသမ ၄ ကီလိုကိုဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ အဆိုပါဖမ္းဆီးရမိခဲ့သည့္ မူးယစ္ေဆးဝါးမ်ား သယ္ေဆာင္ေရာင္းဝယ္ရာတြင္ ပူးေပါင္း ပါဝင္သူ ဒိုကိပ္လ်န္အား ဖမ္းဆီးရမိျခင္းမရွိေသးေၾကာင္း သိရသည္။

ထို႔ေနာက္ စစ္ေဆးခ်က္အရ ဖမ္းဆီးရမိခဲ့သည့္ ဘိန္းျဖဴမ်ားအား ကေလးၿမိဳ႕မွ တီးတိန္ၿမိဳ႕သို႔ သယ္ေဆာင္ေရာင္းဝယ္ျခင္းမ်ား ျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ၎တို႔အား ကေလးၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစႏိုင္ေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အမူဖြင့္အေရးယူထားၿပီး ကြင္းဆက္မ်ားအား စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.