အမေရိကန်လေယာဉ်တင်သင်္ဘောအုပ်စုကို တိုက်ခိုက်ဖို့ ပျံသန်းလာတဲ့ဒရုန်းကို ပစ်ချခဲ့

 7922

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၃

အမေရိကန်လေယာဉ်တင်သင်္ဘောအုပ်စုဟာ အီရန်နိုင်ငံထုတ် ဒရုန်းတစ်စီးကို ဒီဇင်ဘာ ၂ ရက်က ကြားဖြတ် ပစ်ချနိုင်ခဲ့ကြောင်း အမေရိကန်စစ်ဘက်က သတင်းထုတ်ပြန်လိုက်ပါတယ်။

အီရန်နိုင်ငံထုတ်ဒရုန်းဟာ ပါရှင်ပင်လယ်ကွေ့နားမှာ ဖြန့်ကြတ်ချထားတဲ့ USS Dwight နဲ့ D. Eisenhower အမည် ရှိ အမေရိကန်လေယာဉ်တင်သင်္ဘောအုပ်စုနားကို ပျံသန်းလာခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဒရုန်းဟာ အမေရိကန်လေယာဉ်တင်သင်္ဘောအုပ်စုနားကို ပျံသန်းလာချိန်အတွင်း ပရော်ဖက်ရှင်နယ် မပီသတဲ့အပြုအမူတွေ ကြောင့် ပစ်ချခဲ့တာဖြစ်ကြောင်း အမေရိကန်စစ်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

အရှေ့အလယ်ပိုင်းဒေသ ရေကြောင်းလုံခြုံရေးနဲ့ တည်ငြိမ်ရေးတို့ကို ကူညီထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ အမေရိကန်ဟာ လေယာဉ်တင်သင်္ဘောနှစ်စီးကို မြေထဲပင်လယ်ထဲကို စေလွှတ်ထားကြောင်း သိရပါတယ်။

လေယာဉ်တင်သင်္ဘောအုပ်စုများ မြေထဲပင်လယ်နားကို ရောက်ရှိလာခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းဒေ သအတွင်းရှိ လက်နက်ကိုင်အဖွဲ့တွေဟာ အမေရိကန်တပ်ဖွဲ့တွေကို ခြိမ်းခြောက်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ရာ နိုဝင်ဘာ ၂၉ ရက်က ယီမင်နိုင်ငံ ဟူသီလက်နက်ကိုင်အုပ်စုက ပစ်ခတ်လိုက်တဲ့ ဒရုန်းတစ်စီးကို ပင်လယ်နီဒေသမှာ ပစ်ချခဲ့ရကြောင်း သိရပါတယ်။

အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်ဟာ စစ်ပွဲထဲကို တတိယအဖွဲ့အစည်းနိုင်ငံ ပါဝင်လာမှာကို စိုးရိမ်တဲ့အတွက် အရှေ့အလယ်ပိုင်းဒေသကို လေယာဉ်တင်သင်္ဘောအုပ်စုတွေ စေလွှတ်ခဲ့ကြောင်း သိရပါတယ်။

ဟူသီလက်နက်ကိုင်အဖွဲ့ဟာ အစ္စရေးနိုင်ငံသားပိုင်ဆိုင်တဲ့ သင်္ဘောတွေကို တိုက်ခိုက်၊ ဖမ်းဆီးမယ်လို့ သတင်းထုတ်ပြန်ခဲ့ပြီးနောက် အစ္စရေးနိုင်ငံသားသင်္ဘောကို ဖမ်းဆီးဖို့ကြိုးပမ်းခဲ့ရာ အမေရိကန်ရေတပ်တပ်ဖွဲ့က ကယ်တင်ပေးခဲ့ရကြောင်း သိရပါတယ်။

Zawgyi Version;
အေမရိကန္ေလယာဥ္တင္သေဘၤာအုပ္စုကို တိုက္ခိုက္ဖို႔ ပ်ံသန္းလာတဲ့ဒ႐ုန္းကို ပစ္ခ်ခဲ့
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၃

အေမရိကန္ေလယာဥ္တင္သေဘၤာအုပ္စုဟာ အီရန္ႏိုင္ငံထုတ္ ဒ႐ုန္းတစ္စီးကို ဒီဇင္ဘာ ၂ ရက္က ၾကားျဖတ္ ပစ္ခ်ႏိုင္ခဲ့ေၾကာင္း အေမရိကန္စစ္ဘက္က သတင္းထုတ္ျပန္လိုက္ပါတယ္။

အီရန္ႏိုင္ငံထုတ္ဒ႐ုန္းဟာ ပါရွင္ပင္လယ္ေကြ႕နားမွာ ျဖန႔္ၾကတ္ခ်ထားတဲ့ USS Dwight နဲ႔ D. Eisenhower အမည္ ရွိ အေမရိကန္ေလယာဥ္တင္သေဘၤာအုပ္စုနားကို ပ်ံသန္းလာခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။ ဒ႐ုန္းဟာ အေမရိကန္ေလယာဥ္တင္သေဘၤာအုပ္စုနားကို ပ်ံသန္းလာခ်ိန္အတြင္း ပေရာ္ဖက္ရွင္နယ္ မပီသတဲ့အျပဳအမူေတြ ေၾကာင့္ ပစ္ခ်ခဲ့တာျဖစ္ေၾကာင္း အေမရိကန္စစ္ဘက္က သတင္းထုတ္ျပန္ထားပါတယ္။

အေရွ႕အလယ္ပိုင္းေဒသ ေရေၾကာင္းလုံၿခဳံေရးနဲ႔ တည္ၿငိမ္ေရးတို႔ကို ကူညီေထာက္ပံ့ေပးႏိုင္ဖို႔ ရည္႐ြယ္ခ်က္နဲ႔ အေမရိကန္ဟာ ေလယာဥ္တင္သေဘၤာႏွစ္စီးကို ေျမထဲပင္လယ္ထဲကို ေစလႊတ္ထားေၾကာင္း သိရပါတယ္။

ေလယာဥ္တင္သေဘၤာအုပ္စုမ်ား ေျမထဲပင္လယ္နားကို ေရာက္ရွိလာခဲ့ၿပီးေနာက္ အေရွ႕အလယ္ပိုင္းေဒ သအတြင္းရွိ လက္နက္ကိုင္အဖြဲ႕ေတြဟာ အေမရိကန္တပ္ဖြဲ႕ေတြကို ၿခိမ္းေျခာက္တိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့ရာ ႏိုဝင္ဘာ ၂၉ ရက္က ယီမင္ႏိုင္ငံ ဟူသီလက္နက္ကိုင္အုပ္စုက ပစ္ခတ္လိုက္တဲ့ ဒ႐ုန္းတစ္စီးကို ပင္လယ္နီေဒသမွာ ပစ္ခ်ခဲ့ရေၾကာင္း သိရပါတယ္။

အစၥေရးနဲ႔ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကား စစ္ပြဲျဖစ္ပြားခဲ့ၿပီးေနာက္ အေမရိကန္ဟာ စစ္ပြဲထဲကို တတိယအဖြဲ႕အစည္းႏိုင္ငံ ပါဝင္လာမွာကို စိုးရိမ္တဲ့အတြက္ အေရွ႕အလယ္ပိုင္းေဒသကို ေလယာဥ္တင္သေဘၤာအုပ္စုေတြ ေစလႊတ္ခဲ့ေၾကာင္း သိရပါတယ္။

ဟူသီလက္နက္ကိုင္အဖြဲ႕ဟာ အစၥေရးႏိုင္ငံသားပိုင္ဆိုင္တဲ့ သေဘၤာေတြကို တိုက္ခိုက္၊ ဖမ္းဆီးမယ္လို႔ သတင္းထုတ္ျပန္ခဲ့ၿပီးေနာက္ အစၥေရးႏိုင္ငံသားသေဘၤာကို ဖမ္းဆီးဖို႔ႀကိဳးပမ္းခဲ့ရာ အေမရိကန္ေရတပ္တပ္ဖြဲ႕က ကယ္တင္ေပးခဲ့ရေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.