ဟားမက်စ်အုပ်စုနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရရဲ့ဖိအားပေးမှုတွေကို တူရကီအစိုးရ ငြင်းဆန်ပယ်ချ

 1037

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၃

ဟားမက်စ်အုပ်စုနဲ့အဆက်ဆံမလုပ်ဖို့ အမေရိကန်အစိုးရရဲ့ဖိအားပေးတောင်းဆိုမှုတွေကို တူရကီအစိုးရက ငြင်းဆန်ပယ်ချလိုက်ကြောင်း သိရပါတယ်။

အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အုပ်စုကြားစစ်ပွဲ စတင်ခဲ့ပြီးနောက် အမေရိကန်အစိုးရဟာ တူရကီနိုင်ငံကို ဟားမက်စ်အုပ်စုနဲ့ ဆက်ဆံရေး ဖြတ်တောက်ဖို့ ဖိအားပေးခဲ့ကြောင်း သိရပါတယ်။ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့တာဝန်ရှိသူတစ်ဦးဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း တူရကီနိုင်ငံကို သွားရောက်ကာ ဟားမက်စ် လက်နက်ကိုင်အုပ်စုနဲ့ အဆက်ဆံမလုပ်ဖို့ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။

တူရကီသမ္မတက တူရကီနိုင်ငံဟာ ဟားမက်စ်လက်နက်ကိုင်အုပ်စုကို အမေရိကန်အစိုးရ သတ်မှတ်ထားသလို အကြမ်းဖက်အုပ်စုအဖြစ် ရှုမြင်မှုမရှိကြောင်း ပြောပါတယ်။
တူရကီသမ္မတအာဒိုဂမ်က "ဟားမက်အုပ်စုဟာ ပါလက်စတိုင်းလူမျိုးတွေဖြစ်တယ်။ ပါလက်စတိုင်းနိုင်ငံရေး ပါတီလည်း ဖြစ်ပါတယ်။ ဟားမက်စ်အုပ်စု နိုင်ငံရေးပါတီဟာ ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသလို အနိုင်ရခဲ့ဖူး ပါတယ်။ ကျွန်တော်တို့ တူရကီနိုင်ငံရဲ့နိုင်ငံခြားရေးမူဝါဒတွေကို ကိုယ်တိုင်ရေးဆွဲမယ်။ ကျွန်တော်တို့ ပြည်သူတွေရဲ့အကျိုးစီးပွား၊ မျှော်လင့်ချက်တွေအတိုင်း နိုင်ငံခြားရေးမူဝါဒကို လုပ်ဆောင်မယ်" လို့ ပြောပါတယ်။

တူရကီသမ္မတဟာ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အုပ်စုကြား စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း အစ္စရေးနိုင်ငံကို အပြင်းထန်ဆုံးဝေဖန်ခဲ့တဲ့ အစ္စလာမ်မစ်နိုင်ငံဖြစ်ပြီး အစ္စရေးနိုင်ငံကို စစ်ရာဇဝတ် တင်ဖို့ ဦးဆောင်တောင်းဆိုခဲ့တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။
ဂါဇာဒေသစစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း တူရကီရဲ့ဝေဖန်ပြစ်တင်မှုများကြောင့် အစ္စရေး နဲ့ တူရကီကြားဆက်ဆံရေးတင်းမာခဲ့ရာ သံတမန်တွေအပြန်အလှန်ပြန်ခေါ်ယူခဲ့ကြောင်း သိရပါတယ်။

Zawgyi Version;
ဟားမက္စ္အုပ္စုနဲ႔ပတ္သက္ၿပီး အေမရိကန္အစိုးရရဲ႕ဖိအားေပးမႈေတြကို တူရကီအစိုးရ ျငင္းဆန္ပယ္ခ်
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၃

ဟားမက္စ္အုပ္စုနဲ႔အဆက္ဆံမလုပ္ဖို႔ အေမရိကန္အစိုးရရဲ႕ဖိအားေပးေတာင္းဆိုမႈေတြကို တူရကီအစိုးရက ျငင္းဆန္ပယ္ခ်လိုက္ေၾကာင္း သိရပါတယ္။

အစၥေရးနဲ႔ ဟားမက္စ္လက္နက္ကိုင္အုပ္စုၾကားစစ္ပြဲ စတင္ခဲ့ၿပီးေနာက္ အေမရိကန္အစိုးရဟာ တူရကီႏိုင္ငံကို ဟားမက္စ္အုပ္စုနဲ႔ ဆက္ဆံေရး ျဖတ္ေတာက္ဖို႔ ဖိအားေပးခဲ့ေၾကာင္း သိရပါတယ္။ အေမရိကန္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနရဲ႕တာဝန္ရွိသူတစ္ဦးဟာ ၿပီးခဲ့တဲ့သီတင္းပတ္အတြင္း တူရကီႏိုင္ငံကို သြားေရာက္ကာ ဟားမက္စ္ လက္နက္ကိုင္အုပ္စုနဲ႔ အဆက္ဆံမလုပ္ဖို႔ ေတာင္းဆိုခဲ့ေၾကာင္း သိရပါတယ္။

တူရကီသမၼတက တူရကီႏိုင္ငံဟာ ဟားမက္စ္လက္နက္ကိုင္အုပ္စုကို အေမရိကန္အစိုးရ သတ္မွတ္ထားသလို အၾကမ္းဖက္အုပ္စုအျဖစ္ ရႈျမင္မႈမရွိေၾကာင္း ေျပာပါတယ္။
တူရကီသမၼတအာဒိုဂမ္က "ဟားမက္အုပ္စုဟာ ပါလက္စတိုင္းလူမ်ိဳးေတြျဖစ္တယ္။ ပါလက္စတိုင္းႏိုင္ငံေရး ပါတီလည္း ျဖစ္ပါတယ္။ ဟားမက္စ္အုပ္စု ႏိုင္ငံေရးပါတီဟာ ေ႐ြးေကာက္ပြဲ ပါဝင္ယွဥ္ၿပိဳင္ခဲ့ဖူးသလို အႏိုင္ရခဲ့ဖူး ပါတယ္။ ကြၽန္ေတာ္တို႔ တူရကီႏိုင္ငံရဲ႕ႏိုင္ငံျခားေရးမူဝါဒေတြကို ကိုယ္တိုင္ေရးဆြဲမယ္။ ကြၽန္ေတာ္တို႔ ျပည္သူေတြရဲ႕အက်ိဳးစီးပြား၊ ေမွ်ာ္လင့္ခ်က္ေတြအတိုင္း ႏိုင္ငံျခားေရးမူဝါဒကို လုပ္ေဆာင္မယ္" လို႔ ေျပာပါတယ္။

တူရကီသမၼတဟာ အစၥေရးနဲ႔ ဟားမက္စ္လက္နက္ကိုင္အုပ္စုၾကား စစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း အစၥေရးႏိုင္ငံကို အျပင္းထန္ဆုံးေဝဖန္ခဲ့တဲ့ အစၥလာမ္မစ္ႏိုင္ငံျဖစ္ၿပီး အစၥေရးႏိုင္ငံကို စစ္ရာဇဝတ္ တင္ဖို႔ ဦးေဆာင္ေတာင္းဆိုခဲ့တဲ့ ႏိုင္ငံလည္းျဖစ္ပါတယ္။
ဂါဇာေဒသစစ္ပြဲ စတင္ခဲ့ၿပီးေနာက္ပိုင္း တူရကီရဲ႕ေဝဖန္ျပစ္တင္မႈမ်ားေၾကာင့္ အစၥေရး နဲ႔ တူရကီၾကားဆက္ဆံေရးတင္းမာခဲ့ရာ သံတမန္ေတြအျပန္အလွန္ျပန္ေခၚယူခဲ့ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.