ဂွါတီမာလာကမ်းရိုးတန်းရှိ ပစိဖိတ်သမုဒ္ဒရာကြမ်းပြင်မှာ ကမ္ဘာ့အမြင့်ဆုံးပင်လယ်တောင် ရှာဖွေတွေ့ရှိ

1702

ရောင်နီ (NP News) - ဒီဇင်ဘာ ၄
ဂွါတီမာလာကမ်းရိုးတန်းရှိ ပစိဖိတ်သမုဒ္ဒရာကြမ်းပြင်မှာ ဧရာမပင်လယ်တောင်တန်းကြီးတစ်ခု ရှာဖွေတွေ့ရှိခဲ့ပြီး အဆိုပါတောင်တန်းကြီးဟာ ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံထက် နှစ်ဆနီးပါးမြင့်တယ်လို့ သိရပါတယ်။
အမျိုးသားသမုဒ္ဒရာနဲ့ လေထုစီမံခန့်ခွဲရေး တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ဖက်ဒရယ်အစီအစဉ်တစ်ခု NOAA Ocean Exploration ရဲ့အဆိုအရ ပင်လယ်တောင်ဟာ မီးသေလုဆဲဆဲ မီးတောင်ရဲ့အကြွင်းအကျန် ဖြစ်နိုင်ခြေရှိတယ်လို့ ယူဆထားပြီး အမြင့် ၁၆ဝဝ မီတာ (၅၂၄၉ ပေ) ရှိကာ ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံဖြစ်တဲ့ ဒူဘိုင်းမြို့ ဘာဂ်ျကာလ်ဖာရဲ့ အမြင့်ထက် နှစ်ဆနီးပါး မြင့်တယ်လို့ ဆိုပါတယ်။
အကျယ်အဝန်းအနေနဲ့ ၁၄ စတုရန်းကီလိုမီတာ (၅.၄ စတုရန်းမိုင်) ကျယ်ဝန်းပြီး ပင်လယ်ရေမျက်နှာပြင်အောက် ၂၄ဝဝ မီတာ (၇၈၇၄ ပေ) မှာ တည်ရှိပါတယ်။ ဒီပင်လယ်ရေအောက် တောင်တန်းကြီးဟာ ဂွါတီမာလာ ပင်လယ် သီးသန့်စီးပွားရေးဇုန် အပြင်ဘက် ရေမိုင် ၈၄ မိုင်အကွာမှာ တည်ရှိပါတယ်။
အဆိုပါလေ့လာရေးမှာ Falkor (ခေါ်) သုတေသနသင်္ဘောကို အသုံးပြုပြီး ပန်ကာပုံစံ သမုဒ္ဒရာကြမ်းပြင်ကို အသံလှိုင်းပေးပို့တဲ့ multibeam echoounder ကို အသုံးပြုကာ တောင်တန်းရဲ့အမြင့်နဲ့ ပုံစံကို ဖော်ထုတ်ခဲ့ခြင်း ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ ၁ဝဝဝ မီတာ (၃,၂၈ဝ ပေ) ထက်မြင့်တဲ့ ပင်လယ်တောင်တန်း ၁ဝဝဝဝဝ ကျော်ထိရှိတယ်လို့ သိရပါတယ်။

Zawgyi Version;
ဂြါတီမာလာကမ္း႐ိုးတန္းရွိ ပစိဖိတ္သမုဒၵရာၾကမ္းျပင္မွာ ကမာၻ႔အျမင့္ဆုံးပင္လယ္ေတာင္ ရွာေဖြေတြ႕ရွိ
ေရာင္နီ (NP News) - ဒီဇင္ဘာ ၄
ဂြါတီမာလာကမ္း႐ိုးတန္းရွိ ပစိဖိတ္သမုဒၵရာၾကမ္းျပင္မွာ ဧရာမပင္လယ္ေတာင္တန္းႀကီးတစ္ခု ရွာေဖြေတြ႕ရွိခဲ့ၿပီး အဆိုပါေတာင္တန္းႀကီးဟာ ကမာၻ႔အျမင့္ဆုံး အေဆာက္အအုံထက္ ႏွစ္ဆနီးပါးျမင့္တယ္လို႔ သိရပါတယ္။
အမ်ိဳးသားသမုဒၵရာနဲ႔ ေလထုစီမံခန႔္ခြဲေရး တစ္စိတ္တစ္ပိုင္းျဖစ္တဲ့ ဖက္ဒရယ္အစီအစဥ္တစ္ခု NOAA Ocean Exploration ရဲ႕အဆိုအရ ပင္လယ္ေတာင္ဟာ မီးေသလုဆဲဆဲ မီးေတာင္ရဲ႕အႂကြင္းအက်န္ ျဖစ္ႏိုင္ေျခရွိတယ္လို႔ ယူဆထားၿပီး အျမင့္ ၁၆ဝဝ မီတာ (၅၂၄၉ ေပ) ရွိကာ ကမာၻ႔အျမင့္ဆုံး အေဆာက္အအုံျဖစ္တဲ့ ဒူဘိုင္းၿမိဳ႕ ဘာဂ္်ကာလ္ဖာရဲ႕ အျမင့္ထက္ ႏွစ္ဆနီးပါး ျမင့္တယ္လို႔ ဆိုပါတယ္။
အက်ယ္အဝန္းအေနနဲ႔ ၁၄ စတုရန္းကီလိုမီတာ (၅.၄ စတုရန္းမိုင္) က်ယ္ဝန္းၿပီး ပင္လယ္ေရမ်က္ႏွာျပင္ေအာက္ ၂၄ဝဝ မီတာ (၇၈၇၄ ေပ) မွာ တည္ရွိပါတယ္။ ဒီပင္လယ္ေရေအာက္ ေတာင္တန္းႀကီးဟာ ဂြါတီမာလာ ပင္လယ္ သီးသန႔္စီးပြားေရးဇုန္ အျပင္ဘက္ ေရမိုင္ ၈၄ မိုင္အကြာမွာ တည္ရွိပါတယ္။
အဆိုပါေလ့လာေရးမွာ Falkor (ေခၚ) သုေတသနသေဘၤာကို အသုံးျပဳၿပီး ပန္ကာပုံစံ သမုဒၵရာၾကမ္းျပင္ကို အသံလႈိင္းေပးပို႔တဲ့ multibeam echoounder ကို အသုံးျပဳကာ ေတာင္တန္းရဲ႕အျမင့္နဲ႔ ပုံစံကို ေဖာ္ထုတ္ခဲ့ျခင္း ျဖစ္ပါတယ္။
ကမာၻေပၚမွာ ၁ဝဝဝ မီတာ (၃,၂၈ဝ ေပ) ထက္ျမင့္တဲ့ ပင္လယ္ေတာင္တန္း ၁ဝဝဝဝဝ ေက်ာ္ထိရွိတယ္လို႔ သိရပါတယ္။